HomeCelebs Update NewsKoreaလက္ရိွ ဒရာမာေလာကမွာ ေဟာ့ျဖစ္ေနတဲ့ ၈၈ခုႏွစ္ဖြား ကိုရီးယားမင္းသားေခ်ာ(၅)ေယာက္

လက္ရိွ ဒရာမာေလာကမွာ ေဟာ့ျဖစ္ေနတဲ့ ၈၈ခုႏွစ္ဖြား ကိုရီးယားမင္းသားေခ်ာ(၅)ေယာက္

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

ေကေပါ့ပ္က ႏိုင္ငံတကာကို အရိွန္အဟုန္နဲ႔ ထိုးေဖာက္လာတာနဲ႔အမွ် ေနာက္က ထပ္ၾကပ္မကြာ လိုက္လာတာကေတာ့ k-drama ေတြပဲ ျဖစ္ပါတယ္။ စိတ္၀င္စားစရာ ဇာတ္လမ္းေတြ၊ လိုက္ဖက္လြန္းတဲ့ ဇာတ္၀င္သီခ်င္းေတြနဲ႔ ေခ်ာေမာလြန္းတဲ့ သရုပ္ေဆာင္ေတြရဲ႕ ရုပ္ရည္ေတြနဲ႔ သရုပ္ေဆာင္မႈေတြေၾကာင့္ ကိုရီးယားဇာတ္လမ္းတြဲေတြကို လူေတြ အသညး္စြဲ ႀကိဳက္ၾကပါတယ္။ လက္ရိွ ဒရာမာေလာကထဲမွာ နာမည္ေက်ာ္ၾကားသူ အေျမာက္အမ်ား ရိွတဲ့အထဲက ထုတ္လုပ္သူေတြ တန္းစီေနၾကတဲ့ အေဟာ့ဆုံးမင္းသား(၅)ေယာက္ ရိွေနပါတယ္။ သူတို႔ငါးေယာက္ရဲ႕ တူညီခ်က္တစ္ခုကေတာ့ အားလုံးဟာ ၁၉၈၈ခုႏွစ္မွာ ေမြးဖြားၾကတဲ့ အသက္(၃၀)၀န္းက်င္ အမ်ိဳးသားေတြ ျဖစ္ေနတာပါပဲ။

(၁) Kim Soo Hyun

https://www.instagram.com/p/BKFSKwygCi9/

https://www.instagram.com/p/BKFSUg4Apsh/

မင္းသား Kim Soo Hyun ကေတာ့ ၂၀၁၉ခုႏွစ္ ဇူလိုင္လထဲမွာ စစ္မႈထမ္းကေန ျပန္လာၿပီ ျဖစ္တာေၾကာင့္ မၾကာခင္မွာပဲ ရိုက္ကူးေရးေတြ ျပန္လည္လက္ခံသြားေတာ့မယ္လို႔ သိရပါတယ္။ ေဖေဖာ္၀ါရီ (၁၆)ရက္ ၁၉၈၈ခုႏွစ္မွာ ေမြးဖြားတဲ့ မင္းသားဟာ အခုဆိုရင္ေတာ့ အသက္(၃၁)ႏွစ္အရြယ္ ေရာက္ေနပါၿပီ။ My Love From The StarThe Producers ဇာတ္လမ္းတြဲေတြနဲ႔ ပရိသတ္ရဲ႕ အားေပးမႈကို တစ္ခဲနက္ ရရိွထားတဲ့ Kim Soo Hyun ဟာ ကိုရီးယား ဒရာမာေလာကရဲ႕ ထိပ္တန္းမင္းသားတစ္လက္လည္း ျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ ထုတ္လုပ္သူေတြကေရာ ပရိသတ္ေတြကပါ Kim Soo Hyun ရဲ႕ ပုံရိပ္ေတြကို ဖန္သားျပင္ထက္မွာ ျပန္လည္ျမင္ေတြ႕ရဖို႔ စိတ္အားထက္သန္ေနၾကပါတယ္။

(၂) Jung Hae In

https://www.instagram.com/p/ByEgIYwJHa5/

https://www.instagram.com/p/Bx7b_MIptnB/

မင္းသား Jung Hae In  ကေတာ့ သူ႔ရဲ႕ထိပ္တန္း ေကဒရာမာေတြျဖစ္တဲ့ Something in the Rain နဲ႔ One Spring Night  တို႔ေၾကာင့္ အာရွတစ္ခြင္မွာသာမက ကမာၻ႕ရုပ္ရွင္၊ ဇာတ္လမ္းတြဲမ်ားစုစည္းရာ Netflix မွာပါ ေက်ာ္ၾကားတဲ့ မင္းသားတစ္လက္ ျဖစ္လို႔ေနပါၿပီ။ သူ႔ရဲ႕ ေယာက္်ားပီသၿပီး ဆြဲေဆာင္မႈရိွလြန္းတဲ့ ရုပ္ရည္ေၾကာင့္လည္း ဒရာမာပရိသတ္ေတြရဲ႕ ေရြးခ်ယ္မႈကို ရရိွေနသူ ျဖစ္ပါတယ္။ Jung Hae In ဟာ ဧၿပီလ (၁)ရက္ေန႔ ၁၉၈၈ခုႏွစ္မွာ ေမြးဖြားခဲ့တာေၾကာင့္ အခုဆိုရင္ေတာ့ (၃၁)ႏွစ္အရြယ္ ရိွၿပီျဖစ္ပါတယ္။ မၾကာေသးခင္ကပဲ သူ႔ရဲ႕မန္ေနဂ်ာအတြက္ ေစ်းအႀကီးဆုံး လက္ေဆာင္တစ္ခုကို ေပးခဲ့ေသးတာေၾကာင့္ သူ႔ရဲ႕ေပးကမ္းရက္ေရာတတ္တဲ့ သဘာ၀ေလးကိုလည္း ပရိသတ္ေတြက ေၾကြေနၾကရျပန္ပါတယ္။

(၃) Lee Ji Hoon
Photo: koreaboo

မင္းသား Lee Ji Hoon ကေတာ့ လတ္တေလာ ေခတ္စားေနတဲ့ Rookie Historian Goo Hae Ryung စီးရီးနဲ႔ ပရိသတ္အခ်စ္ေတာ္ ျဖစ္ေနၿပီး သူဟာလည္း ၁၉၈၈ခုႏွစ္ဖြားတစ္ေယာက္ ျဖစ္ပါတယ္။ သူ႔ရဲ႕ ေမြးေန႔သကၠရာဇ္ကေတာ့ ေအာက္တိုဘာလ(၂၉)ရက္ ၁၉၈၈ခုႏွစ္ ျဖစ္ၿပီး အသက္(၃၀) ရိွပါၿပီ။ Lee Ji Hoon ဟာ School 2013 ဆိုတဲ့ ေက်ာင္းသားဒရာမာစီးရီးမွာ ဇာတ္ပုိ႔ေနရာက ပါ၀င္ၿပီး သရုပ္ေဆာင္ေလာကထဲကို ၀င္ေရာက္လာခဲ့သူပါ။ သူ သရုပ္ေဆာင္ထားသမွ် ဇာတ္လမ္းတြဲေတြကို ျပန္လည္ၾကည့္ရႈလိုက္ရင္ မေခတဲ့ သရုပ္ေဆာင္စြမ္းရည္ကို ေတြ႕ရမွာ ျဖစ္ပါတယ္။ ဇာတ္ပို႔ေနရာကေန အဓိကဇာတ္ရုပ္ေတြ ရလာတဲ့အထိ ေဖာက္ထြက္ေအာင္ျမင္လာသူတစ္ေယာက္လည္း ျဖစ္ပါတယ္။

(၄) Im Si Wan

https://www.instagram.com/p/BwtBLjFpP1o/

https://www.instagram.com/p/BwYps90FqyX/

Idol ဘ၀ကေန သရုပ္ေဆာင္အျဖစ္ ကူးေျပာငး္လာတဲ့ Im Si Wan ဟာ သရုပ္ေဆာင္ေလာကထဲ ၀င္လာတဲ့ Idol ေတြထဲမွာ အေအာင္ျမင္ဆုံးစာရင္းက ပါ၀င္ေနပါတယ္။ Moon Embracing The Sun Misaeng တို႔လို စီးရီးေတြေၾကာင့္လည္း သူ႔ရဲ႕အ့ံမခန္း သရုပ္ေဆာင္စြမ္းရည္ေတြကို အသိအမွတ္ျပဳမႈ၊ ခ်ီးက်ဴးေထာပနာျပဳမႈေတြ တစ္ခဲနက္ ရရိွထားသူပါ။ Im Si Wan ဟာ ၁၉၈၈ခုႏွစ္ ဒီဇင္ဘာလ(၁)ရက္ေန႔မွာ ေမြးဖြားသူျဖစ္ၿပီး အသက္(၃၀)အရြယ္ ရိွပါၿပီ။ ဒရာမာပရိသတ္ေတြကေတာ့ ၂၀၁၉ႏွစ္ကုန္ပိုင္းမွာ လႊင့္ထုတ္ေတာ့မယ့္ Im Si Wan နဲ႔ Lee Dong Wook တို႔ရဲ႕ Hell is Other People ဆိုတဲ့ စီးရီးအသစ္ကို ေစာင့္ေမွ်ာ္ေနၾကပါၿပီ။

(၅) Park Seo Joon

https://www.instagram.com/p/Bq9xEpfh4mM/

https://www.instagram.com/p/BkkU-ttFu0n/

မင္းသား Park Seo Joon ကေတာ့ ေခ်ာေမာတဲ့ရုပ္ရည္နဲ႔ သရုပ္ေဆာင္စြမ္းရည္တို႔ေၾကာင့္ ကိုရီးယားျပည္သူတို႔ရဲ႕ အသည္းစြဲတစ္ေယာက္ပါ။ ၁၉၈၈ခုႏွစ္ ဒီဇင္ဘာလ(၁၆)ရက္ေန႔ ေမြးဖြားတဲ့ Park Seo Joon ဟာ အသက္(၃၀)အရြယ္ ရိွပါၿပီ။ လတ္တေလာမွာေတာ့ The Divine Fury ရုပ္ရွင္ဇာတ္ကားနဲ႔ ၀က္၀က္ကြဲ ေအာင္ျမင္မႈေတြ ရရိွေနပါတယ္။ Park Seo Joon ဟာ ရိုက္ကူးေရးအလုပ္ေတြနဲ႔ မအားလပ္သလို ေတာင့္တင္းတဲ့ ခႏၶာကိုယ္အတြက္ ေလ့က်င့္ခန္းေတြကို ႀကိဳးစားလုပ္ေနသူလည္း ျဖစ္ပါတယ္။ ႏႈတ္ခမ္းနီမေလးေတြ မျငင္းဆန္ႏိုင္တဲ့ ရုပ္ရည္မွာ ေတာင့္တင္းတဲ့ ဗလၾကြက္သားေတြ ေပါင္းထည့္လိုက္မယ္ဆိုရင္ ဒရာမာေလာကကို ဆက္လက္မင္းမူသြားဦးမယ္ဆိုတာ အေသအခ်ာပါပဲ။

ဒါကေတာ့ ကိုရီးယားဒရာမာေလာကမွာ လတ္တေလာ ေဟာ့ျဖစ္ေနတဲ့ ၁၉၈၈ခုႏွစ္ဖြား မင္းသားငါးေယာက္ ျဖစ္ပါတယ္။ ဘယ္မင္းသားရဲ႕ ဇာတ္ကားေတြကို ႀကိဳက္ႏွစ္သက္တယ္ဆိုတာလည္း ေျပာခဲ့ေပးပါဦး။

Xei

Ref: koreaboo

(Unicode Version)

ကေပေါ့ပ်က နိုင်ငံတကာကို အရှိန်အဟုန်နဲ့ ထိုးဖောက်လာတာနဲ့အမျှ နောက်က ထပ်ကြပ်မကွာ လိုက်လာတာကတော့ k-drama တွေပဲ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာ ဇာတ်လမ်းတွေ၊ လိုက်ဖက်လွန်းတဲ့ ဇာတ်ဝင်သီချင်းတွေနဲ့ ချောမောလွန်းတဲ့ သရုပ်ဆောင်တွေရဲ့ ရုပ်ရည်တွေနဲ့ သရုပ်ဆောင်မှုတွေကြောင့် ကိုရီးယားဇာတ်လမ်းတွဲတွေကို လူတွေ အသည်းစွဲ ကြိုက်ကြပါတယ်။ လက်ရှိ ဒရာမာလောကထဲမှာ နာမည်ကျော်ကြားသူ အမြောက်အများ ရှိတဲ့အထဲက ထုတ်လုပ်သူတွေ တန်းစီနေကြတဲ့ အဟော့ဆုံးမင်းသား(၅)ယောက် ရှိနေပါတယ်။ သူတို့ငါးယောက်ရဲ့ တူညီချက်တစ်ခုကတော့ အားလုံးဟာ ၁၉၈၈ခုနှစ်မှာ မွေးဖွားကြတဲ့ အသက်(၃၀)ဝန်းကျင် အမျိုးသားတွေ ဖြစ်နေတာပါပဲ။

(၁) Kim Soo Hyun

https://www.instagram.com/p/BKFSKwygCi9/

https://www.instagram.com/p/BKFSUg4Apsh/

မင်းသား Kim Soo Hyun ကတော့ ၂၀၁၉ခုနှစ် ဇူလိုင်လထဲမှာ စစ်မှုထမ်းကနေ ပြန်လာပြီ ဖြစ်တာကြောင့် မကြာခင်မှာပဲ ရိုက်ကူးရေးတွေ ပြန်လည်လက်ခံသွားတော့မယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ (၁၆)ရက် ၁၉၈၈ခုနှစ်မှာ မွေးဖွားတဲ့ မင်းသားဟာ အခုဆိုရင်တော့ အသက်(၃၁)နှစ်အရွယ် ရောက်နေပါပြီ။ My Love From The Star ၊ The Producers ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်ရဲ့ အားပေးမှုကို တစ်ခဲနက် ရရှိထားတဲ့ Kim Soo Hyun ဟာ ကိုရီးယား ဒရာမာလောကရဲ့ ထိပ်တန်းမင်းသားတစ်လက်လည်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ ထုတ်လုပ်သူတွေကရော ပရိသတ်တွေကပါ Kim Soo Hyun ရဲ့ ပုံရိပ်တွေကို ဖန်သားပြင်ထက်မှာ ပြန်လည်မြင်တွေ့ရဖို့ စိတ်အားထက်သန်နေကြပါတယ်။

(၂) Jung Hae In

https://www.instagram.com/p/ByEgIYwJHa5/

https://www.instagram.com/p/Bx7b_MIptnB/

မင်းသား Jung Hae In  ကတော့ သူ့ရဲ့ထိပ်တန်း ကေဒရာမာတွေဖြစ်တဲ့ Something in the Rain နဲ့ One Spring Night  တို့ကြောင့် အာရှတစ်ခွင်မှာသာမက ကမ္ဘာ့ရုပ်ရှင်၊ ဇာတ်လမ်းတွဲများစုစည်းရာ Netflix မှာပါ ကျော်ကြားတဲ့ မင်းသားတစ်လက် ဖြစ်လို့နေပါပြီ။ သူ့ရဲ့ ယောက်ျားပီသပြီး ဆွဲဆောင်မှုရှိလွန်းတဲ့ ရုပ်ရည်ကြောင့်လည်း ဒရာမာပရိသတ်တွေရဲ့ ရွေးချယ်မှုကို ရရှိနေသူ ဖြစ်ပါတယ်။ Jung Hae In ဟာ ဧပြီလ (၁)ရက်နေ့ ၁၉၈၈ခုနှစ်မှာ မွေးဖွားခဲ့တာကြောင့် အခုဆိုရင်တော့ (၃၁)နှစ်အရွယ် ရှိပြီဖြစ်ပါတယ်။ မကြာသေးခင်ကပဲ သူ့ရဲ့မန်နေဂျာအတွက် ဈေးအကြီးဆုံး လက်ဆောင်တစ်ခုကို ပေးခဲ့သေးတာကြောင့် သူ့ရဲ့ပေးကမ်းရက်ရောတတ်တဲ့ သဘာဝလေးကိုလည်း ပရိသတ်တွေက ကြွေနေကြရပြန်ပါတယ်။

(၃) Lee Ji Hoon
Photo: koreaboo

မင်းသား Lee Ji Hoon ကတော့ လတ်တလော ခေတ်စားနေတဲ့ Rookie Historian Goo Hae Ryung စီးရီးနဲ့ ပရိသတ်အချစ်တော် ဖြစ်နေပြီး သူဟာလည်း ၁၉၈၈ခုနှစ်ဖွားတစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့သက္ကရာဇ်ကတော့ အောက်တိုဘာလ(၂၉)ရက် ၁၉၈၈ခုနှစ် ဖြစ်ပြီး အသက်(၃၀) ရှိပါပြီ။ Lee Ji Hoon ဟာ School 2013 ဆိုတဲ့ ကျောင်းသားဒရာမာစီးရီးမှာ ဇာတ်ပို့နေရာက ပါဝင်ပြီး သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာခဲ့သူပါ။ သူ သရုပ်ဆောင်ထားသမျှ ဇာတ်လမ်းတွဲတွေကို ပြန်လည်ကြည့်ရှုလိုက်ရင် မခေတဲ့ သရုပ်ဆောင်စွမ်းရည်ကို တွေ့ရမှာ ဖြစ်ပါတယ်။ ဇာတ်ပို့နေရာကနေ အဓိကဇာတ်ရုပ်တွေ ရလာတဲ့အထိ ဖောက်ထွက်အောင်မြင်လာသူတစ်ယောက်လည်း ဖြစ်ပါတယ်။

(၄) Im Si Wan

https://www.instagram.com/p/BwtBLjFpP1o/

https://www.instagram.com/p/BwYps90FqyX/

Idol ဘဝကနေ သရုပ်ဆောင်အဖြစ် ကူးပြောင်းလာတဲ့ Im Si Wan ဟာ သရုပ်ဆောင်လောကထဲ ဝင်လာတဲ့ Idol တွေထဲမှာ အအောင်မြင်ဆုံးစာရင်းက ပါဝင်နေပါတယ်။ Moon Embracing The Sun ၊ Misaeng တို့လို စီးရီးတွေကြောင့်လည်း သူ့ရဲ့အံ့မခန်း သရုပ်ဆောင်စွမ်းရည်တွေကို အသိအမှတ်ပြုမှု၊ ချီးကျူးထောပနာပြုမှုတွေ တစ်ခဲနက် ရရှိထားသူပါ။ Im Si Wan ဟာ ၁၉၈၈ခုနှစ် ဒီဇင်ဘာလ(၁)ရက်နေ့မှာ မွေးဖွားသူဖြစ်ပြီး အသက်(၃၀)အရွယ် ရှိပါပြီ။ ဒရာမာပရိသတ်တွေကတော့ ၂၀၁၉နှစ်ကုန်ပိုင်းမှာ လွှင့်ထုတ်တော့မယ့် Im Si Wan နဲ့ Lee Dong Wook တို့ရဲ့ Hell is Other People ဆိုတဲ့ စီးရီးအသစ်ကို စောင့်မျှော်နေကြပါပြီ။

(၅) Park Seo Joon

https://www.instagram.com/p/Bq9xEpfh4mM/

https://www.instagram.com/p/BkkU-ttFu0n/

မင်းသား Park Seo Joon ကတော့ ချောမောတဲ့ရုပ်ရည်နဲ့ သရုပ်ဆောင်စွမ်းရည်တို့ကြောင့် ကိုရီးယားပြည်သူတို့ရဲ့ အသည်းစွဲတစ်ယောက်ပါ။ ၁၉၈၈ခုနှစ် ဒီဇင်ဘာလ(၁၆)ရက်နေ့ မွေးဖွားတဲ့ Park Seo Joon ဟာ အသက်(၃၀)အရွယ် ရှိပါပြီ။ လတ်တလောမှာတော့ The Divine Fury ရုပ်ရှင်ဇာတ်ကားနဲ့ ဝက်ဝက်ကွဲ အောင်မြင်မှုတွေ ရရှိနေပါတယ်။ Park Seo Joon ဟာ ရိုက်ကူးရေးအလုပ်တွေနဲ့ မအားလပ်သလို တောင့်တင်းတဲ့ ခန္ဓာကိုယ်အတွက် လေ့ကျင့်ခန်းတွေကို ကြိုးစားလုပ်နေသူလည်း ဖြစ်ပါတယ်။ နှုတ်ခမ်းနီမလေးတွေ မငြင်းဆန်နိုင်တဲ့ ရုပ်ရည်မှာ တောင့်တင်းတဲ့ ဗလကြွက်သားတွေ ပေါင်းထည့်လိုက်မယ်ဆိုရင် ဒရာမာလောကကို ဆက်လက်မင်းမူသွားဦးမယ်ဆိုတာ အသေအချာပါပဲ။

ဒါကတော့ ကိုရီးယားဒရာမာလောကမှာ လတ်တလော ဟော့ဖြစ်နေတဲ့ ၁၉၈၈ခုနှစ်ဖွား မင်းသားငါးယောက် ဖြစ်ပါတယ်။ ဘယ်မင်းသားရဲ့ ဇာတ်ကားတွေကို ကြိုက်နှစ်သက်တယ်ဆိုတာလည်း ပြောခဲ့ပေးပါဦး။

Xei

Ref: koreaboo

 

RELATED ARTICLES

Most Popular