HomeEntertainmentFilmသရုပ်ဆောင် ပြောင်မြောက်လွန်းတာကြောင့် ဇာတ်ကောင်နဲ့ ခွဲမရဖြစ်နေတဲ့ သရုပ်ဆောင်များ

သရုပ်ဆောင် ပြောင်မြောက်လွန်းတာကြောင့် ဇာတ်ကောင်နဲ့ ခွဲမရဖြစ်နေတဲ့ သရုပ်ဆောင်များ

သရုပ်ဆောင်တွေဟာ သူတို့ရဲ့ ဘဝတလျှောက်လုံးမှာ ဇာတ်ကောင်တွေများစွာအဖြစ် သရုပ်ဆောင်ခဲ့ကြပေမယ့်လည်း တချို့သရုပ်ဆောင်တွေကတော့ သူတို့ကို မြင်လိုက်တာနဲ့ ဇာတ်ကောင်တစ်ယောက်နဲ့ တွဲပြီး မြင်နေတာမျိူး ရှိကြပါတယ်။ ဥပမာပြောရရင် Daniel Radcliffe ကို မြင်လိုက်တာနဲ့ လူအများစုဟာ Harry Potter လို့ မြင်နေကြတာမျိူးပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ သရုပ်ဆောင် ပြောင်မြောက်လွန်းတာကြောင့် ဇာတ်ကောင်နဲ့ ခွဲမရဖြစ်နေတဲ့ သရုပ်ဆောင် (၁၀)ယောက်ကို ဖော်ပြပေးချင်ပါတယ်။

Mark Hamill နဲ့ Carrie Fisher (Luke နဲ့ Leia – Star Wars)

photo via screenrant

Mark Hamill နဲ့ Carrie Fisher တို့ဟာ ၁၉၇၀ ကျော်မှာ စတင်ထွက်ရှိခဲ့တဲ့ Star Wars Trilogy ထဲမှာ Luke နဲ့ Leia တို့အဖြစ် ပါဝင်ခဲ့ကြပါတယ်။ သူတို့နှစ်ယောက်လုံးဟာ ဒီ Trilogy အပြီးမှာတော့ ပိုမိုအောင်မြင်တဲ့ သရုပ်ဆောင်တွေ ဖြစ်လာကြပေမယ့်လည်း ပရိသတ်တွေကတော့ သူတို့နှစ်ယောက်လုံးကို Luke နဲ့ Leia တို့အဖြစ်ပဲ မြင်နေကြပါတယ်။

Daniel Radcliffe (Harry Potter – Harry Potter)

photo via screenrant

Daniel Radcliffe ကတော့ Harry Potter ရုပ်ရှင် (၈)ကားလုံးမှာ အဓိကသရုပ်ဆောင်အဖြစ် ကလေးဘဝထဲက ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ Harry Potter Franchise ကတော့ ၂၀၀၁ ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ ပြီးဆုံးခဲ့ပါတယ်။ Daniel ကတော့ ဒီဇာတ်ကောင်နေရာမှာ ဆယ်နှစ်တာ သရုပ်ဆောင်ခဲ့တာကြောင့် ပရိသတ်တွေကတော့ ယခုအချိန်ထိ သူ့ကို Harry Potter ဇာတ်ကောင်အဖြစ် မြင်နေကြဆဲ ဖြစ်ပါတယ်။

Robert Downey Jr. (Tony Stark – MCU)

photo via screenrant

Robert Downey Jr. ဟာ ၂၀၀၈ ခုနှစ် မတိုင်ခင်ကတည်းက လူသိများတဲ့ သရုပ်ဆောင် ဖြစ်ပေမယ့်လည်း Marvel Cinematic Universe ထဲမှာ Tony Stark အဖြစ် သရုပ်ဆောင်အပြီးမှာတော့ သူ့ရဲ့အောင်မြင်မှုတွေဟာ ပိုမိုတိုးတက်လာခဲ့ပါတယ်။ Robert ကတော့ Tony Stark အဖြစ်နဲ့ MCU ထဲက ရုပ်ရှင် (၁၀)ကားလောက်နီးပါးမှာ ပါဝင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ အမြင်မှာတော့ Robert Downey Jr. ဟာ Tony Stark ဖြစ်နေဆဲပါပဲ။

Jack Gleeson (Joffrey Baratheon – Games of Thrones)

photo via screenrant

သင်သာ Game of Thrones ပရိသတ်တစ်ယောက် ဆိုရင်တော့ သေချာပေါက် Joffrey ကို မုန်းတီးနေမှာပါ။ Joffrey နေရာမှာတော့ Jack Gleeson က ပါဝင်သရုပ်ဆောင်ခဲ့ပြီး သရုပ်ဆောင်ကောင်းလွန်းတာကြောင့် လူတိုင်းမုန်းကြတဲ့ ဗီလိန်ဇာတ်ကောင်ကို ပြီးပြည့်စုံစွာ ဖန်တီးနိုင်ခဲ့ပါတယ်။ Jack နဲ့ Joffrey တို့ဟာ ခွဲခြားမရလောက်အောင် ဖြစ်သွားတာကြောင့် သူ့ရဲ့ ပုဂ္ဂိုလ်ရေးဘဝမှာပါ ခြိမ်းခြောက်ခံရတာမျိူးတွေ ရှိခဲ့ပါတယ်။

Ryan Reynolds (Deadpool – Deadpool)

photo via screenrant

ပရိသတ်တွေဟာ Robert Downey Jr. လိုပဲ Ryan Reynolds ကိုလည်း Deadpool အဖြစ်ပဲ မြင်နေကြပါတယ်။ Ryan ကတော့ သူ့ရဲ့ Personality ကိုက Deadpool လိုမျိူး ရွှတ်နောက်နောက်ပုံစံ ဖြစ်နေတာကြောင့်လည်း ဒီဇာတ်ကောင်နဲ့ အလွန်လိုက်ဖက်နေတာ ဖြစ်ပါတယ်။ သူဟာ Deadpool အဖြစ် ရုပ်ရှင်နှစ်ကားထဲမှာပဲ ပါဝင်ရသေးပြီး Deadpool 3 လည်း ဆက်လက် ထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။

Elijah Wood (Frodo – The Lord of the Rings)

photo via screenrant

Elijah Wood ကတော့ ကလေးသရုပ်ဆောင်ဘဝကနေ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်လာတာပါ။ သူဟာ ကလေးသရုပ်ဆောင် ဖြစ်တာကြောင့် ငယ်ဘဝကတည်းက အောင်မြင်မှုတွေ ရရှိခဲ့ပေမယ့်လည်း The Lord of the Rings ထဲမှာ Frodo အဖြစ် ပါဝင်ခဲ့ပြီး နောက်မှာတော့ ပိုမိုအောင်မြင်လာခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ဒီဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခဲ့တာ ဆယ်နှစ်လောက် ကြာမြင့်ခဲ့တာတောင်မှ ပရိသတ်တွေက Frodo အဖြစ် မြင်နေကြဆဲ ဖြစ်ပါတယ်။

Aaron Paul (Jesse Pinkman – Breaking Bad)

photo via screenrant

Breaking Bad ဇာတ်လမ်းတွဲကတော့ ထွက်ခဲ့ဖူးသမျှ ဇာတ်လမ်းတွွဲတွေထဲက အကောင်းဆုံး ဇာတ်လမ်းတွဲတစ်ခုပဲ ဖြစ်ပါတယ်။ Breaking Bad ဇာတ်လမ်းတွဲကတော့ Season ငါးခုရှိပြီး IMDb (9.5) တောင် ရရှိထားပါတယ်။ Aaron Paul ကတော့ BoJack Horseman နဲ့ Westworld တို့မှာ ပါဝင်ထားသေးပေမယ့်လည်း ပရိသတ်တွေကတော့ ယခုအချိန်ထိ သူ့ကို Jesse အဖြစ် မြင်နေကြဆဲ ဖြစ်ပါတယ်။

Hugh Jackman (Logan – X-Men)

photo via screenrant

Hugh Jackman ကတော့ Logan အနေနဲ့ ဆယ်နှစ်လောက် သရုပ်ဆောင်ခဲ့ပြီး ယခုအချိန်မှာတော့ ပရိသတ်တွေအနေနဲ့ Hugh Jackman နဲ့ Logan တို့ကို ခွဲခြားပြီး မမြင်နိုင်တော့ပါဘူး။ Hugh Jackman နဲ့ ဒီဇာတ်ကောင်ဟာ ပြီးပြည့်စုံလောက်အောင် ကွက်တိကျနေတာကြောင့် ပရိသတ်တွေဟာ MCU က ဖန်တီးသွားမယ့် သရုပ်ဆောင်အသစ်နဲ့ Logan ထက် Hugh Jackman ကိုပဲ ဒီဇာတ်ကောင်နေရာမှာ ပြန်လည် မြင်တွေ့ချင်နေကြပါတယ်။

Rowan Atkinson (Mr. Bean – Mr. Bean)

photo via screenrant

Mr. Bean လို့ ပြောလိုက်ရင်တော့ ကလေးအစ လူကြီးအဆုံး မသိတဲ့သူ မရှိကြပါဘူး။ Rowan Atkinson ကို တခြားရုပ်ရှင်ကားထဲမှာ မြင်တွေ့ရရင်တောင် လူအများစုဟာ “Mr. Bean ပဲ” ဆိုပြီး ပြောဆိုလေ့ ရှိကြပါတယ်။ Comedy လောကမှာတော့ Mr. Bean ဇာတ်ကောင်ဟာ အအောင်မြင်ဆုံးလို့တောင် ပြောလို့ရပြီး ပရိသတ်တွေအတွက် Rowan Atkinson ဆိုတာတောင် သိပ်မသိကြတော့ဘဲ Mr. Bean လို့ပဲ မြင်နေကြပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular