HomeBiographyဖခင်ရဲ့ခြေရာအတိုင်း အောင်မြင်လာဦးမယ့် The Rock ရဲ့သမီးလေး Simone Johnson 

ဖခင်ရဲ့ခြေရာအတိုင်း အောင်မြင်လာဦးမယ့် The Rock ရဲ့သမီးလေး Simone Johnson 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Simone Johnson ဟာ WWE (၁၀)ထပ်ကွမ်း ချန်ပီယံ တစ်ဖြစ်လည်း၊ နာမည်ကျော် မင်းသားကြီး Dwayne Johnson ရဲ့ အကြီးဆုံးသမီး ဖြစ်ပါတယ်။ Simone ဟာ အောင်မြင်ကျော်ကြားတဲ့ မိဘတွေက မွေးဖွားလာသူဖြစ်ပေမယ့် မိဘတွေရဲ့ အရှိန်အဝါကြောင့် ကျော်ကြားသူဆိုတာထက် သူမရဲ့သမိုင်းကို သူမဘာသာ ကြိုးစားပြီး ရေးသားသွားမယ့် မိန်းကလေးတစ်ယောက်လည်း ဖြစ်ပါတယ်။

Simone ဟာ Dwayne Johnson (ခေါ်) The Rock ရဲ့ ပထမအိမ်ထောင်က မွေးဖွားခဲ့တဲ့ သမီးလေး ဖြစ်ပါတယ်။ သူမဟာ အသက်(၁၆)နှစ်အရွယ်တည်းက WWE ချန်ပီယံပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် လေ့ကျင့်မှုတွေ ပြုလုပ်နေခဲ့တာဖြစ်ပြီး အထက်တန်းကျောင်းပြီးတဲ့အရွယ် အသက်(၁၈)နှစ်မှာတော့ WWE နဲ့ တရားဝင် စာချုပ်ချုပ်ဆိုထားသူ ဖြစ်ပါတယ်။  ဒါကြောင့်လည်း WWE ရဲ့သမိုင်းကြောင်းမှာ လေးဆက်မြောက် မျိုးဆက်ရဲ့ ပထမဆုံး WWE စူပါစတားအဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။

Photo: simonegjohnson/ Instagram

Simone ဟာ မိသားစုရဲ့ မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့တဲ့ WWE စူပါစတားဆိုတဲ့ သမိုင်းနဲ့ အောင်မြင်မှုတွေကို သူမ လက်ထက်မှာလည်း အကောင်အထည်ဖော်သွားမယ့်သူ ဖြစ်ပါတယ်။ Simone ရဲ့ဖခင် Dwayne Johnson ဟာ The Rock ဆိုတဲ့နာမည်နဲ့ WWE လောကမှာ အလွန်အောင်မြင်ကျော်ကြားခဲ့သူ ဖြစ်ပြီး ဆယ်ထပ်ကွမ်းချန်ပီယံတစ်ယောက်လည်း ဖြစ်ပါတယ်။ အလားတူပဲ သူမရဲ့အဘိုးဖြစ်သူဟာလည်း နာမည်ကြီး နပန်းအားကစားသမားဖြစ်ပြီး WWE ရဲ့နာမည်ကြီး အားကစားသမားကြီး Rocky Johnson ဖြစ်ပါတယ်။

သူမဟာ အခုလို ပရော်ဖက်ရှင်နယ် WWE အားကစားသမားတစ်ယောက် ဖြစ်လာဖို့ WWE နဲ့ စာချုပ်ချုပ်ပြီးတည်းက Performance Center မှာ အပြင်းအထန် လေ့ကျင့်ရေးဆင်းနေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ နာမည်ကြီး ရုပ်ရှင်ထူးချွန်ဆုတစ်ခုဖြစ်တဲ့ ရွှေကမ္ဘာလုံးဆုကြီးရဲ့ တရားဝင် Miss တစ်ယောက်ဖြစ်ခဲ့ပြီး ပထမဦးဆုံး Golden Globe Ambassador ဖြစ်လာသူလည်း ဖြစ်ပါတယ်။

Photo: simonegjohnson/ Instagram

ဒါတင်မက သူမဟာ Global Girl ဆိုတဲ့ အဖွဲ့အစည်းမှာလည်း ပါဝင်လှုပ်ရှားနေပြီး ကံမကောင်း အကြောင်းမလှတဲ့ လူ့အဖွဲ့အစည်းတွေမှာ နယ်ပယ်အလိုက် အောင်မြင်ဖို့ ကြိုးစားနေရတဲ့ အမျိုးသမီးငယ်လေးတွေကို ကူညီထောက်ပံ့ပေးနေတာလည်း ဖြစ်ပါတယ်။

Simone ရဲ့ပုဂ္ဂိုလ်ရေးဘဝနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကတော့ …

  • သူမဟာ ၂၀၀၁ခုနှစ် ဩဂုတ်လ(၁၄)ရက်နေ့က ဖလော်ရီဒါပြည်နယ်မှာ မွေးဖွားခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် အခုဆိုရင်တော့ အသက်(၁၉)နှစ် ရှိနေပါပြီ။
  • သူမဟာ နာမည်ကြီးမိသားစုက ဆင်းသက်လာသူ ဖြစ်ပါတယ်။ သူမရဲ့ဖခင်ဟာ နာမည်ကျော်မင်းသားကြီး Dwayne Johnson ဖြစ်ရုံသာမက သူမရဲ့မိခင် Dany Garcia ဟာလည်း Seven Bucks Production ဆိုတဲ့ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကို ဖခင် Dwayne နဲ့အတူ ပူးတွဲတည်ထောင်ထားသူ ဖြစ်ပါတယ်။ Dwayne နဲ့ Dany တို့ဟာ ၂၀၀၈ခုနှစ်မှာ ကွာရှင်းခဲ့ကြပေမယ့် Dany ဟာ ခင်ပွန်းဟောင်းဖြစ်သူရဲ့ မန်နေဂျာအဖြစ် ဆက်လက်လုပ်ကိုင်ပေးနေခဲ့ပြီး The Garcia Company ဆိုတဲ့ talent ကုမ္ပဏီတစ်ခုကိုလည်း စီမံခန့်ခွဲနေပါသေးတယ်။
Photo: simonegjohnson/ Instagram
  • Simone ဟာ မော်ဒယ်လ်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမဟာ Gigi Hadid တို့လို နာမည်ကြီးမော်ဒယ်လ်တွေကို စာချုပ်ချုပ်ထားတဲ့ IMG Models အေဂျင်စီနဲ့ စာချုပ်ချုပ်ဆိုခဲ့ဖူးပြီး သူမရဲ့မော်ဒယ်လ်အလုပ်က ဓာတ်ပုံတွေကို အလျဉ်းသင့်ရင် သင့်သလို IG မှာ တင်တတ်ပါသေးတယ်။
  • သူမဟာ Fifth Harmony အဖွဲ့နဲ့ အလွန်ခင်မင်ရင်းနှီးသူ ဖြစ်ပါတယ်။ Fifth Harmony အဖွဲ့ဝင် Dinah Jane နဲ့ဆိုရင် တကယ့် BFF တွေဖြစ်ကြပြီး ကျန်တဲ့အဖွဲ့ဝင်တွေနဲ့လည်း အတော်လေး ခင်မင်ရင်းနှီးသူ ဖြစ်ပါတယ်။

အခုလို တောက်ပတဲ့ အနာဂတ်နဲ့ အားသွန်ခွန်စိုက် ကြိုးစားနေတဲ့ သမီးဖြစ်သူကိုကြည့်ပြီး ဖခင်ဖြစ်သူ Dwayne Johnson ကတော့ ဂုဏ်ယူမဆုံး ဖြစ်နေပါတယ်။ Dwayne ဟာ သမီးဖြစ်သူနဲ့ ပတ်သက်လို့ ဘယ်လောက် ဝမ်းသာဂုဏ်ယူနေတယ်ဆိုတာကို Jimmy Fallon နဲ့ အင်တာဗျူးမှာတုန်းက ထုတ်ပြောသွားခဲ့ပါတယ်။

Photo: simonegjohnson/ Instagram

“သမီးက WWE နဲ့ စာချုပ်ချုပ်လိုက်တာသိတော့ ကျွန်တော် အံ့အားသင့်ခဲ့ရတယ်။ ပထမဆုံးပြောရရင်တော့ ကျွန်တော့်သမီးလေးက ကျွန်တော့်ခြေရာအတိုင်း လိုက်လာတာ တကယ့်ဂုဏ်ယူစရာပါပ‌ဲ။ ဒါပေမယ့် ကျွန်တော့်ခြေရာအတိုင်း လိုက်နင်းတယ်ဆိုတာက ရှေးရိုးဆန်ပါတယ်။ အဲ့ထက်ပိုပြီး အရေးကြီးတာက သူလျှောက်မယ့်လမ်းကို သူ့ဘာသာ ခင်းသွားနိုင်တယ်ဆိုတာပါပဲ။ အခုဆို WWE ရဲ့သမိုင်းမှာ အသက်ငယ်ဆုံး စာချုပ်ချုပ်နိုင်သူ ဖြစ်နေပြီ။ ပြီးတော့ သူ အရမ်းလည်း ကြိုးစားနေတယ်။ ဒဏ်ရာတွေ၊ ပွန်းရာပဲ့ရာတွေ ဗရပွနဲ့ လေ့ကျင့်ရေးဆင်းနေတာ။ ကျွန်တော်တော့ သမီးလေးအတွက် သိပ်ကိုဂုဏ်ယူပါတယ်…” လို့ Dwayne က ဆိုထားပါတယ်။

Glasgow

Source: popsugar, indiantoday

(Zawgyi Version)

Simone Johnson ဟာ WWE (၁၀)ထပ္ကြမ္း ခ်န္ပီယံ တစ္ျဖစ္လည္း၊ နာမည္ေက်ာ္ မင္းသားႀကီး Dwayne Johnson ရဲ႕ အႀကီးဆုံးသမီး ျဖစ္ပါတယ္။ Simone ဟာ ေအာင္ျမင္ေက်ာ္ၾကားတဲ့ မိဘေတြက ေမြးဖြားလာသူျဖစ္ေပမယ့္ မိဘေတြရဲ႕ အရွိန္အဝါေၾကာင့္ ေက်ာ္ၾကားသူဆိုတာထက္ သူမရဲ႕သမိုင္းကို သူမဘာသာ ႀကိဳးစားၿပီး ေရးသားသြားမယ့္ မိန္းကေလးတစ္ေယာက္လည္း ျဖစ္ပါတယ္။

Simone ဟာ Dwayne Johnson (ေခၚ) The Rock ရဲ႕ ပထမအိမ္ေထာင္က ေမြးဖြားခဲ့တဲ့ သမီးေလး ျဖစ္ပါတယ္။ သူမဟာ အသက္(၁၆)ႏွစ္အ႐ြယ္တည္းက WWE ခ်န္ပီယံၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ဖို႔အတြက္ ေလ့က်င့္မႈေတြ ျပဳလုပ္ေနခဲ့တာျဖစ္ၿပီး အထက္တန္းေက်ာင္းၿပီးတဲ့အ႐ြယ္ အသက္(၁၈)ႏွစ္မွာေတာ့ WWE နဲ႔ တရားဝင္ စာခ်ဳပ္ခ်ဳပ္ဆိုထားသူ ျဖစ္ပါတယ္။  ဒါေၾကာင့္လည္း WWE ရဲ႕သမိုင္းေၾကာင္းမွာ ေလးဆက္ေျမာက္ မ်ိဳးဆက္ရဲ႕ ပထမဆုံး WWE စူပါစတားအျဖစ္ သတ္မွတ္ခံထားရသူလည္း ျဖစ္ပါတယ္။

Photo: simonegjohnson/ Instagram

Simone ဟာ မိသားစုရဲ႕ မ်ိဳးဆက္တစ္ခုၿပီးတစ္ခု လက္ဆင့္ကမ္း ထိန္းသိမ္းလာခဲ့တဲ့ WWE စူပါစတားဆိုတဲ့ သမိုင္းနဲ႔ ေအာင္ျမင္မႈေတြကို သူမ လက္ထက္မွာလည္း အေကာင္အထည္ေဖာ္သြားမယ့္သူ ျဖစ္ပါတယ္။ Simone ရဲ႕ဖခင္ Dwayne Johnson ဟာ The Rock ဆိုတဲ့နာမည္နဲ႔ WWE ေလာကမွာ အလြန္ေအာင္ျမင္ေက်ာ္ၾကားခဲ့သူ ျဖစ္ၿပီး ဆယ္ထပ္ကြမ္းခ်န္ပီယံတစ္ေယာက္လည္း ျဖစ္ပါတယ္။ အလားတူပဲ သူမရဲ႕အဘိုးျဖစ္သူဟာလည္း နာမည္ႀကီး နပန္းအားကစားသမားျဖစ္ၿပီး WWE ရဲ႕နာမည္ႀကီး အားကစားသမားႀကီး Rocky Johnson ျဖစ္ပါတယ္။

သူမဟာ အခုလို ပေရာ္ဖက္ရွင္နယ္ WWE အားကစားသမားတစ္ေယာက္ ျဖစ္လာဖို႔ WWE နဲ႔ စာခ်ဳပ္ခ်ဳပ္ၿပီးတည္းက Performance Center မွာ အျပင္းအထန္ ေလ့က်င့္ေရးဆင္းေနရတာ ျဖစ္ပါတယ္။ ဒါ့အျပင္ သူမဟာ နာမည္ႀကီး ႐ုပ္ရွင္ထူးခြၽန္ဆုတစ္ခုျဖစ္တဲ့ ေ႐ႊကမာၻလုံးဆုႀကီးရဲ႕ တရားဝင္ Miss တစ္ေယာက္ျဖစ္ခဲ့ၿပီး ပထမဦးဆုံး Golden Globe Ambassador ျဖစ္လာသူလည္း ျဖစ္ပါတယ္။

Photo: simonegjohnson/ Instagram

ဒါတင္မက သူမဟာ Global Girl ဆိုတဲ့ အဖြဲ႕အစည္းမွာလည္း ပါဝင္လႈပ္ရွားေနၿပီး ကံမေကာင္း အေၾကာင္းမလွတဲ့ လူ႔အဖြဲ႕အစည္းေတြမွာ နယ္ပယ္အလိုက္ ေအာင္ျမင္ဖို႔ ႀကိဳးစားေနရတဲ့ အမ်ိဳးသမီးငယ္ေလးေတြကို ကူညီေထာက္ပံ့ေပးေနတာလည္း ျဖစ္ပါတယ္။

Simone ရဲ႕ပုဂၢိဳလ္ေရးဘဝနဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြကေတာ့ …

  • သူမဟာ ၂၀၀၁ခုႏွစ္ ဩဂုတ္လ(၁၄)ရက္ေန႔က ဖေလာ္ရီဒါျပည္နယ္မွာ ေမြးဖြားခဲ့သူ ျဖစ္ပါတယ္။ ဒါေၾကာင့္ အခုဆိုရင္ေတာ့ အသက္(၁၉)ႏွစ္ ရွိေနပါၿပီ။
  • သူမဟာ နာမည္ႀကီးမိသားစုက ဆင္းသက္လာသူ ျဖစ္ပါတယ္။ သူမရဲ႕ဖခင္ဟာ နာမည္ေက်ာ္မင္းသားႀကီး Dwayne Johnson ျဖစ္႐ုံသာမက သူမရဲ႕မိခင္ Dany Garcia ဟာလည္း Seven Bucks Production ဆိုတဲ့ ႐ုပ္ရွင္ထုတ္လုပ္ေရးကုမၸဏီကို ဖခင္ Dwayne နဲ႔အတူ ပူးတြဲတည္ေထာင္ထားသူ ျဖစ္ပါတယ္။ Dwayne နဲ႔ Dany တို႔ဟာ ၂၀၀၈ခုႏွစ္မွာ ကြာရွင္းခဲ့ၾကေပမယ့္ Dany ဟာ ခင္ပြန္းေဟာင္းျဖစ္သူရဲ႕ မန္ေနဂ်ာအျဖစ္ ဆက္လက္လုပ္ကိုင္ေပးေနခဲ့ၿပီး The Garcia Company ဆိုတဲ့ talent ကုမၸဏီတစ္ခုကိုလည္း စီမံခန႔္ခြဲေနပါေသးတယ္။
Photo: simonegjohnson/ Instagram
  • Simone ဟာ ေမာ္ဒယ္လ္တစ္ေယာက္လည္း ျဖစ္ပါတယ္။ သူမဟာ Gigi Hadid တို႔လို နာမည္ႀကီးေမာ္ဒယ္လ္ေတြကို စာခ်ဳပ္ခ်ဳပ္ထားတဲ့ IMG Models ေအဂ်င္စီနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ဖူးၿပီး သူမရဲ႕ေမာ္ဒယ္လ္အလုပ္က ဓာတ္ပုံေတြကို အလ်ဥ္းသင့္ရင္ သင့္သလို IG မွာ တင္တတ္ပါေသးတယ္။
  • သူမဟာ Fifth Harmony အဖြဲ႕နဲ႔ အလြန္ခင္မင္ရင္းႏွီးသူ ျဖစ္ပါတယ္။ Fifth Harmony အဖြဲ႕ဝင္ Dinah Jane နဲ႔ဆိုရင္ တကယ့္ BFF ေတြျဖစ္ၾကၿပီး က်န္တဲ့အဖြဲ႕ဝင္ေတြနဲ႔လည္း အေတာ္ေလး ခင္မင္ရင္းႏွီးသူ ျဖစ္ပါတယ္။

အခုလို ေတာက္ပတဲ့ အနာဂတ္နဲ႔ အားသြန္ခြန္စိုက္ ႀကိဳးစားေနတဲ့ သမီးျဖစ္သူကိုၾကည့္ၿပီး ဖခင္ျဖစ္သူ Dwayne Johnson ကေတာ့ ဂုဏ္ယူမဆုံး ျဖစ္ေနပါတယ္။ Dwayne ဟာ သမီးျဖစ္သူနဲ႔ ပတ္သက္လို႔ ဘယ္ေလာက္ ဝမ္းသာဂုဏ္ယူေနတယ္ဆိုတာကို Jimmy Fallon နဲ႔ အင္တာဗ်ဴးမွာတုန္းက ထုတ္ေျပာသြားခဲ့ပါတယ္။

Photo: simonegjohnson/ Instagram

“သမီးက WWE နဲ႔ စာခ်ဳပ္ခ်ဳပ္လိုက္တာသိေတာ့ ကြၽန္ေတာ္ အံ့အားသင့္ခဲ့ရတယ္။ ပထမဆုံးေျပာရရင္ေတာ့ ကြၽန္ေတာ့္သမီးေလးက ကြၽန္ေတာ့္ေျခရာအတိုင္း လိုက္လာတာ တကယ့္ဂုဏ္ယူစရာပါပ‌ဲ။ ဒါေပမယ့္ ကြၽန္ေတာ့္ေျခရာအတိုင္း လိုက္နင္းတယ္ဆိုတာက ေရွး႐ိုးဆန္ပါတယ္။ အဲ့ထက္ပိုၿပီး အေရးႀကီးတာက သူေလွ်ာက္မယ့္လမ္းကို သူ႔ဘာသာ ခင္းသြားႏိုင္တယ္ဆိုတာပါပဲ။ အခုဆို WWE ရဲ႕သမိုင္းမွာ အသက္ငယ္ဆုံး စာခ်ဳပ္ခ်ဳပ္ႏိုင္သူ ျဖစ္ေနၿပီ။ ၿပီးေတာ့ သူ အရမ္းလည္း ႀကိဳးစားေနတယ္။ ဒဏ္ရာေတြ၊ ပြန္းရာပဲ့ရာေတြ ဗရပြနဲ႔ ေလ့က်င့္ေရးဆင္းေနတာ။ ကြၽန္ေတာ္ေတာ့ သမီးေလးအတြက္ သိပ္ကိုဂုဏ္ယူပါတယ္…” လို႔ Dwayne က ဆိုထားပါတယ္။

Glasgow

Source: popsugar, indiantoday

RELATED ARTICLES

Most Popular