HomeEntertainmentFilmThor ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ရဖို့ နီးစပ်ခဲ့သူများ 

Thor ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ရဖို့ နီးစပ်ခဲ့သူများ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အခုချိန်မှာ စူပါဟီးရိုးရုပ်ရှင်တွေဟာ အလွန် နာမည်ကြီး၊ အောင်မြင်လာပြီး MCU ကလည်း စူပါဟီးရိုးရုပ်ရှင်တွေရဲ့ အဓိကကျတဲ့နေရာမှာ ပါဝင်လာပါတယ်။ ဒီလိုအောင်မြင်လာတာနဲ့အမျှ စူပါဟီးရိုးဇာတ်ကောင်တွေ နေရာမှာ သရုပ်ဆောင်ခဲ့သူတွေကလည်း ပိုပြီးတော့ ကျယ်ပြန့်တဲ့ အောင်မြင်မှုတွေ ရရှိလာကြပါတယ်။ ဒါပေမယ့်လည်း တစ်ခြားသော ရုပ်ရှင်တွေလိုပဲ နာမည်ကြီး စူပါဟီးရိုးဇာတ်ကောင်တွေနေရာမှာ သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံခဲ့ရပေမယ့်လည်း သရုပ်မဆောင်ဘဲ ငြင်းပယ်ခဲ့သူတွေလည်း ရှိပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ Thor နေရာမှာ သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံခဲ့ရသူတွေနဲ့ စဉ်းစားခံခဲ့ရသူတွေကို ဖော်ပြပေးချင်ပါတယ်။

Tom Hiddleston
photo via screenrant

Tom ကတော့ Loki အနေနဲ့ လူသိများကြပေမယ့်လည်း တကယ်တော့ မူလက သူဟာ Thor နေရာမှာ သရုပ်ဆောင်ချင်ခဲ့တာ ဖြစ်ပါတယ်။ Thor နေရာအတွက် ပထမဆုံး အစမ်းသရုပ်ဆောင်ကြည့်တဲ့အချိန်မှာတော့ သရုပ်ဆောင်ရွေးချယ်သူတွေက သူ့ရဲ့ပုံစံဟာ Loki နဲ့ဆိုရင် ပိုပြီးလိုက်ဖက်မယ်လို့ ယူဆခဲ့ကြပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ Loki ဖြစ်လာပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိခဲ့တာ ဖြစ်ပါတယ်။

Brad Pitt
photo via screenrant

Thor ဇာတ်ကားကို စတင်ရိုက်ကူးဖို့ စီစဉ်ခဲ့တဲ့ အချိန်တုန်းက Marvel ဟာ Brad Pitt ကို Thor နေရာမှာ သရုပ်ဆောင်စေချင်ခဲ့တာ ဖြစ်ပါတယ်။ Brad Pitt ဟာ ဟောလိဝုဒ်ရဲ့ နာမည်အကြီးဆုံး သရုပ်ဆောင်တွေထဲက တစ်ယောက်ဖြစ်တာကြောင့် သူနဲ့သာဆိုရင် ပိုပြီးတော့ အောင်မြင်လိမ့်မယ်လို့ မျှော်လင့်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Brad Pitt ဟာ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပါတယ်။ Brad Pitt ဟာ အခုလို နာမည်ကြီးဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ဖို့အတွက် အခွင့်အရေးရခဲ့ပေမယ့်လည်း ငြင်းဆိုခဲ့ပြီး Deadpool 2 ထဲမှာတော့ Vanisher အဖြစ်နဲ့ cameo ပါဝင်ခဲ့ပါတယ်။

Channing Tatum
photo via screenrant

Channing ကတော့ Thor နေရာမှာရော၊ Captain America နေရာမှာပါ သရုပ်ဆောင်ဖို့ စဉ်းစားခံခဲ့ရသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Marvel ဟာ အကြောင်းအမျိူးမျိူးကြောင့် သူ့ကို မကမ်းလှမ်း ဖြစ်ခဲ့ပါဘူး။ သူဟာ ဒီဇာတ်ကောင်တွေကို သရုပ်ဆောင်ခွင့် မရခဲ့ပေမယ့်လည်း X-Men ဇာတ်ကောင်တစ်ယောက် ဖြစ်တဲ့ Gambit နေရာမှာတော့ သရုပ်ဆောင်ခဲ့ဖူးပါတယ်။

Charlie Hunnam
photo via screenrant

Charlie ဟာလည်း Thor နေရာမှာ သရုပ်ဆောင်ဖို့အတွက် အတော်လေးကို နီးစပ်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သူဟာ Thor အနေနဲ့ အစမ်းသရုပ်ဆောင်တဲ့ အဆင့်ထိတောင် လုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း သူ သရုပ်ဆောင်ခဲ့တဲ့ Sons of Anarchy ဆိုတဲ့ ဇာတ်လမ်းတွဲကြောင့် အချိန်မအားတော့လို့ Thor ဇာတ်ကောင်ကို ငြင်းလိုက်ရပါတယ်။

Daniel Craig
photo via screenrant

Marvel ဟာ Thor နေရာမှာ သရုပ်ဆောင်ဖို့ ပထမဆုံး မျက်စိကျခဲ့သူကတော့ Daniel ဖြစ်ပါတယ်။ သို့ပေမယ့် သူဟာ James Bond ဇာတ်လမ်းတွေ ရိုက်ကူးနေရတာကြောင့် Thor ဇာတ်ကောင်ကို ငြင်းပယ်ခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ Marvel ဟာ ဒီဇာတ်ကောင်နဲ့ လိုက်ဖက်တဲ့ တစ်ခြားသူတွေကို လိုက်ရှာရင်းနဲ့ နောက်ဆုံးမှာတော့ Chris Hemsworth ဆီ ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

ဒါကတော့ Thor ဇာတ်ကောင်အဖြစ် မြင်ရဖို့ နီးစပ်ခဲ့တဲ့ သရုပ်ဆောင်တွေပဲ ဖြစ်ပါတယ်။ ဘယ်သူက Thor အဖြစ် ပိုပြီးလိုက်ဖက်မလည်းဆိုတာ စာဖတ်သူတို့ရဲ့ အမြင်ကိုလည်း မျှဝေခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

အခုခ်ိန္မွာ စူပါဟီး႐ိုး႐ုပ္ရွင္ေတြဟာ အလြန္ နာမည္ႀကီး၊ ေအာင္ျမင္လာၿပီး MCU ကလည္း စူပါဟီး႐ိုး႐ုပ္ရွင္ေတြရဲ႕ အဓိကက်တဲ့ေနရာမွာ ပါဝင္လာပါတယ္။ ဒီလိုေအာင္ျမင္လာတာနဲ႔အမွ် စူပါဟီး႐ိုးဇာတ္ေကာင္ေတြ ေနရာမွာ သ႐ုပ္ေဆာင္ခဲ့သူေတြကလည္း ပိုၿပီးေတာ့ က်ယ္ျပန႔္တဲ့ ေအာင္ျမင္မႈေတြ ရရွိလာၾကပါတယ္။ ဒါေပမယ့္လည္း တစ္ျခားေသာ ႐ုပ္ရွင္ေတြလိုပဲ နာမည္ႀကီး စူပါဟီး႐ိုးဇာတ္ေကာင္ေတြေနရာမွာ သ႐ုပ္ေဆာင္ဖို႔ ကမ္းလွမ္းခံခဲ့ရေပမယ့္လည္း သ႐ုပ္မေဆာင္ဘဲ ျငင္းပယ္ခဲ့သူေတြလည္း ရွိပါတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ Thor ေနရာမွာ သ႐ုပ္ေဆာင္ဖို႔ ကမ္းလွမ္းခံခဲ့ရသူေတြနဲ႔ စဥ္းစားခံခဲ့ရသူေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

Tom Hiddleston
photo via screenrant

Tom ကေတာ့ Loki အေနနဲ႔ လူသိမ်ားၾကေပမယ့္လည္း တကယ္ေတာ့ မူလက သူဟာ Thor ေနရာမွာ သ႐ုပ္ေဆာင္ခ်င္ခဲ့တာ ျဖစ္ပါတယ္။ Thor ေနရာအတြက္ ပထမဆုံး အစမ္းသ႐ုပ္ေဆာင္ၾကည့္တဲ့အခ်ိန္မွာေတာ့ သ႐ုပ္ေဆာင္ေ႐ြးခ်ယ္သူေတြက သူ႔ရဲ႕ပုံစံဟာ Loki နဲ႔ဆိုရင္ ပိုၿပီးလိုက္ဖက္မယ္လို႔ ယူဆခဲ့ၾကပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာ Loki ျဖစ္လာၿပီး ပရိသတ္ေတြရဲ႕ အားေပးမႈေတြကို ရရွိခဲ့တာ ျဖစ္ပါတယ္။

Brad Pitt
photo via screenrant

Thor ဇာတ္ကားကို စတင္႐ိုက္ကူးဖို႔ စီစဥ္ခဲ့တဲ့ အခ်ိန္တုန္းက Marvel ဟာ Brad Pitt ကို Thor ေနရာမွာ သ႐ုပ္ေဆာင္ေစခ်င္ခဲ့တာ ျဖစ္ပါတယ္။ Brad Pitt ဟာ ေဟာလိဝုဒ္ရဲ႕ နာမည္အႀကီးဆုံး သ႐ုပ္ေဆာင္ေတြထဲက တစ္ေယာက္ျဖစ္တာေၾကာင့္ သူနဲ႔သာဆိုရင္ ပိုၿပီးေတာ့ ေအာင္ျမင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း Brad Pitt ဟာ ကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့ပါတယ္။ Brad Pitt ဟာ အခုလို နာမည္ႀကီးဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ဖို႔အတြက္ အခြင့္အေရးရခဲ့ေပမယ့္လည္း ျငင္းဆိုခဲ့ၿပီး Deadpool 2 ထဲမွာေတာ့ Vanisher အျဖစ္နဲ႔ cameo ပါဝင္ခဲ့ပါတယ္။

Channing Tatum
photo via screenrant

Channing ကေတာ့ Thor ေနရာမွာေရာ၊ Captain America ေနရာမွာပါ သ႐ုပ္ေဆာင္ဖို႔ စဥ္းစားခံခဲ့ရသူ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း Marvel ဟာ အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ သူ႔ကို မကမ္းလွမ္း ျဖစ္ခဲ့ပါဘူး။ သူဟာ ဒီဇာတ္ေကာင္ေတြကို သ႐ုပ္ေဆာင္ခြင့္ မရခဲ့ေပမယ့္လည္း X-Men ဇာတ္ေကာင္တစ္ေယာက္ ျဖစ္တဲ့ Gambit ေနရာမွာေတာ့ သ႐ုပ္ေဆာင္ခဲ့ဖူးပါတယ္။

Charlie Hunnam
photo via screenrant

Charlie ဟာလည္း Thor ေနရာမွာ သ႐ုပ္ေဆာင္ဖို႔အတြက္ အေတာ္ေလးကို နီးစပ္ခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ သူဟာ Thor အေနနဲ႔ အစမ္းသ႐ုပ္ေဆာင္တဲ့ အဆင့္ထိေတာင္ လုပ္ခဲ့ပါေသးတယ္။ ဒါေပမယ့္လည္း သူ သ႐ုပ္ေဆာင္ခဲ့တဲ့ Sons of Anarchy ဆိုတဲ့ ဇာတ္လမ္းတြဲေၾကာင့္ အခ်ိန္မအားေတာ့လို႔ Thor ဇာတ္ေကာင္ကို ျငင္းလိုက္ရပါတယ္။

Daniel Craig
photo via screenrant

Marvel ဟာ Thor ေနရာမွာ သ႐ုပ္ေဆာင္ဖို႔ ပထမဆုံး မ်က္စိက်ခဲ့သူကေတာ့ Daniel ျဖစ္ပါတယ္။ သို႔ေပမယ့္ သူဟာ James Bond ဇာတ္လမ္းေတြ ႐ိုက္ကူးေနရတာေၾကာင့္ Thor ဇာတ္ေကာင္ကို ျငင္းပယ္ခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Marvel ဟာ ဒီဇာတ္ေကာင္နဲ႔ လိုက္ဖက္တဲ့ တစ္ျခားသူေတြကို လိုက္ရွာရင္းနဲ႔ ေနာက္ဆုံးမွာေတာ့ Chris Hemsworth ဆီ ေရာက္သြားခဲ့တာ ျဖစ္ပါတယ္။

ဒါကေတာ့ Thor ဇာတ္ေကာင္အျဖစ္ ျမင္ရဖို႔ နီးစပ္ခဲ့တဲ့ သ႐ုပ္ေဆာင္ေတြပဲ ျဖစ္ပါတယ္။ ဘယ္သူက Thor အျဖစ္ ပိုၿပီးလိုက္ဖက္မလည္းဆိုတာ စာဖတ္သူတို႔ရဲ႕ အျမင္ကိုလည္း မွ်ေဝခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular