HomeBiographyArya Stark အဖြစ် လူသိများတဲ့ Maisie Williams ရဲ့ ဘဝပုံရိပ်လွှာ

Arya Stark အဖြစ် လူသိများတဲ့ Maisie Williams ရဲ့ ဘဝပုံရိပ်လွှာ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

HBO ရဲ့ နာမည်ကြီးရုပ်သံစီးရီးတစ်ခုဖြစ်တဲ့ “Game of Thrones” ဇာတ်လမ်းတွဲဟာ တစ်ကမ္ဘာလုံးမှာ ပရိသတ်အခိုင်အမာ ရရှိထားတဲ့ ထိပ်တန်းစီးရီးတစ်ခု ဖြစ်ပါတယ်။ ဒီထဲမှာ ပါဝင်ထားတဲ့ ဇာတ်ကောင်တွေဟာလည်း ပရိသတ်တွေရဲ့ ချစ်ခင်လေးစားခြင်းကို ခံစားကြရသူတွေ ဖြစ်ပါတယ်။ လူကြိုက်အများဆုံး ဇာတ်ကောင်တွေထဲက တစ်ယောက်ဖြစ်တဲ့ Arya Stark နေရာမှာ သရုပ်ဆောင်ထားတဲ့ Maisie Williams ဟာလည်း ပရိသတ်အချစ်တော်တစ်ဦးပါပဲ။ ဒါကြောင့်ပဲ Maisie နဲ့ ပတ်သက်လို့ လူသိပ်မသိသေးတဲ့ အချက်လေးတွေကို လက်လှမ်းမီသလောက် ဖော်ပြပေးလိုက်ပါတယ်။

Game of Thrones ဟာ သူမရဲ့ခြေလှမ်းအစ ဖြစ်ပါတယ်။

Arya Stark (သို့မဟုတ်) No one ဟာ Maisie ရဲ့ ပွဲဦးထွက် သရုပ်ဆောင်ရတဲ့ ကာရိုက်တာ ဖြစ်ပါတယ်။ ၂၀၁၁ခုနှစ်မှာ စီးရီး စရိုက်တော့ သူမ အသက်ဟာ (၁၄)နှစ်ပဲ ရှိပါသေးတယ်။

©HBO
Arya ဇာတ်ကောင်အတွက် ဘယ်သန်ဖြစ်အောင် လေ့ကျင့်ခဲ့ရပါတယ်။

Arya Stark ရဲ့ ဇာတ်ကောင်ပုံစံကို စာအုပ်ထဲမှာတော့ ဘယ်သန်လို့ ပုံဖော်ထားပါတယ်။ မူရင်းဇာတ်ကောင်စရိုက်နဲ့ တူနိုင်သမျှ အတူဆုံး သရုပ်ဆောင်လိုတဲ့ Maisie ဟာ သူမကိုယ်သူမ ဘယ်သန်တစ်ယောက်နီးပါး ကျွမ်းကျင်လာအောင် အချိန်ပေး လေ့ကျင့်ခဲ့ပါတယ်။

အကဟာ သူမရဲ့ဝါသနာပါ။

ဘရာဗို့စ်ဓားသိုင်းဟာ အကနဲ့ တူတယ်လို့ မခံစားမိခဲ့ပါဘူးလား။ ဒါကြောင့်ပဲ Maisie ဟာ ဇာတ်ကောင်နဲ့ အံဝင်ခွင်ကျ ဖြစ်တယ်ဆိုတာ ငြင်းမရပါဘူး။

Photo: maisiewilliams/ Instagram
သူမဟာ GoT ထဲက သွေးထွက်သံယိုတွေကို မုန်းတီးသူ ဖြစ်ပါတယ်။

Maisie ဟာ အကြမ်းဖက်မှုတွေ၊ အပြင်းစားဇာတ်ဝင်ခန်းတွေနဲ့ သွေးထွက်သံယိုတွေကို မုန်းတီးပါသတဲ့။ ဒါကြောင့်ပဲ A Song of Ice and Fire စာအုပ်တွေကိုလည်း မဖတ်ဖြစ်သေးပါဘူးလို့ ဆိုပါတယ်။

Maisie ဟာ အသက်(၁၄)နှစ်မှာ ကျောင်းထွက်ခဲ့ပါတယ်။

Game of Thrones ရိုက်ကွင်းအတွက် အချိန်ဇယားတွေဟာ သူမအတွက် ကျောင်းဆက်တက်ပြီး စာမေးပွဲဖြေဖို့ အချိန်မလုံမလောက် ဖြစ်စေခဲ့ပါတယ်။ ရိုက်ကွင်းနေရာတွေကလည်း မော်ရိုကို၊ မောလ်တာ၊ ခရိုအေးရှားစတဲ့ ဝေးလံတဲ့ နေရာတွေမှာချည်း ဖြစ်နေခဲ့လို့ Maisie နဲ့ သူမရဲ့အမေဟာ နှစ်ဦးသဘောတူ ဒီဆုံးဖြတ်ချက်ကို ချခဲ့ကြတာ ဖြစ်ပါတယ်။

အံ့အားသင့်လောက်စရာ အခွင့်အရေးကြီးက ရှေ့မှာရောက်နေတဲ့အချိန်မှာ စာကိုပဲလုပ်ရမယ်လို့ တစ်သမတ်တည်း တွန်းအားမပေးလိုတဲ့ မိခင်ဖြစ်သူက အခုလို ခွင့်ပြုပေးခဲ့တာပါ။ ကျော်ကြားမှုရယ်၊ ပိုက်ဆံရယ် ရှိနေတဲ့အခါ Maisie လိုချင်တဲ့ ပညာရေးကို ပြီးတော့မှ ပြန်သင်ကြားကြဖို့ သားအမိနှစ်ယောက် သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။ တကယ်လို့ သူမအနေနဲ့ GCSEs စာမေးပွဲကို ဝင်ဖြေခဲ့မယ်ဆိုရင်လည်း ထိပ်တန်းအဆင့်ကနေ အောင်နိုင်တဲ့ အနေအထားမှာ ရှိတယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာတော့ သူမဟာ Bath Dance College မှာ Performing Arts ဘာသာရပ်ကို တက်ရောက်သင်ကြားခဲ့ပါတယ်။

Photo: maisiewilliams/ Instagram
သူမဟာ GoT သရုပ်ဆောင်ရွေးပွဲထက် ဝက်မွေးမြူရေးခြံဆီသွားမယ့် ကျောင်းလေ့လာရေးခရီးကို သွားချင်ခဲ့တာပါ။

တစ်ကမ္ဘာလုံးက သန်းနဲ့ချီတဲ့ ပရိသတ်တွေနဲ့ အောင်မြင်တဲ့ စီးရီးကြီးမရိုက်ကူးခင် နှစ်အနည်းငယ် အလိုတည်းက ရိုက်ကူးရေးအဖွဲ့တွေဟာ ဝတ္ထုထဲက ဇာတ်ကောင်တွေနဲ့ တစ်ထေရာတည်း အံဝင်ခွင်ကျဖြစ်မယ့်သူတွေကို လိုက်လံရှာဖွေနေခဲ့တာပါ။

Maisie တို့နေထိုင်တဲ့ မြို့ငယ်လေးမှာ လူရွေးပွဲ လာရောက်ကျင်းပတဲ့ရက်မှာတော့ သူမရဲ့ကျောင်းလေ့လာရေးခရီးအဖြစ် ဝက်မွေးမြူရေးခြံဆီကို သွားရောက်လည်ပတ်ရမယ့်နေ့နဲ့ တစ်ရက်တည်း ကိုက်နေပါတယ်။ ဒီအခါမှာ အသက်(၁၂)နှစ်အရွယ်ပဲ ရှိသေးတဲ့ Maisie ဟာ လူရွေးပွဲထက် ဝက်မွေးမြူရေးခြံဆီကို ပိုသွားချင်နေခဲ့တာပါ။ ဒါပေမယ့်လည်း သူမအမေရဲ့ ဖေးမမှုနဲ့ လူရွေးပွဲဆီ ရောက်ခဲ့ပြီး တစ်ဘဝလုံး ပြောင်းလဲသွားမယ့် အခွင့်အရေးနဲ့ တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

Photo: maisiewilliams/ Instagram
သူမရဲ့ ချမ်းသာကြွယ်ဝမှုဟာ ဒေါ်လာ(၆)သန်းခန့် ရှိနေပါပြီ။

GoT မှာ ပါဝင်သရုပ်ဆောင်ရတဲ့ အပိုင်းတစ်ပိုင်းစီတိုင်းအတွက် အနည်းဆုံး ဒေါ်လာတစ်သိန်းနဲ့အထက်ကို ရရှိခဲ့ပါတယ်။ ဒါကြောင့် လက်ရှိအချိန်အထိ သူမရဲ့ ချမ်းသာကြွယ်ဝမှုဟာ အနည်းဆုံး ဒေါ်လာ(၆)သန်းခန့် ရှိတယ်လို့ ဖော်ပြထားကြပါတယ်။

သူမဟာ အင်တာနက် စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

Daisie လို့ အမည်ရတဲ့ ဆိုရှယ်မီဒီယာ အက်ပလီကေးရှင်းတစ်ခုကိုလည်း Dom Santry ဆိုတဲ့လူနဲ့ ပူးပေါင်းပြီး ထုတ်ထားပါသေးတယ်။ စာပေ၊ ရုပ်ရှင်၊ ဓာတ်ပုံ၊ ဖက်ရှင်အစရှိတဲ့ အနုပညာရပ်တွေကို အဲ့ဒီ့ Daisie ပလက်ဖောင်းပေါ်မှာ ဝေမျှလို့ ရမှာဖြစ်ပါတယ်။ ဒါ့အပြင် Daisy Chain Productions ဆိုတဲ့နာမည်နဲ့ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုကိုလည်း တည်ထောင်ထားပါသေးတယ်။

Photo: maisiewilliams/ Instagram
Tedx Talks မှာလည်း စကားတက်ပြောခဲ့ပါသေးတယ်။

“အောင်မြင်ကျော်ကြားဖို့ မကြိုးစားပါနဲ့။ အရည်အချင်းရှိအောင်သာ ကြိုးစားပါ”ဆိုတဲ့ ခေါင်းစဉ်နဲ့ Maisie ဟာ သူမရဲ့ဘဝအကြောင်း၊ ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲတွေနဲ့ အတွေ့အကြုံတွေကို ပရော်ဖက်ရှင်နယ်ကျကျ ပြောပြထားတာ ဖြစ်ပါတယ်။

ဒါကတော့ ပရိသတ်အချစ်တော် Arya Stark နေရာမှာ သရုပ်ဆောင်ထားတဲ့ Maisie Williams ရဲ့အကြောင်းလေးတွေပါပဲ။ စာဖတ်သူတို့ သိထားတဲ့ အခြားအချက်လေးတွေကိုလည်း comment မှာ ပြန်လည်ဝေမျှပေးသွားပါဦး။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

HBO ရဲ႕ နာမည္ႀကီး႐ုပ္သံစီးရီးတစ္ခုျဖစ္တဲ့ “Game of Thrones” ဇာတ္လမ္းတြဲဟာ တစ္ကမာၻလုံးမွာ ပရိသတ္အခိုင္အမာ ရရွိထားတဲ့ ထိပ္တန္းစီးရီးတစ္ခု ျဖစ္ပါတယ္။ ဒီထဲမွာ ပါဝင္ထားတဲ့ ဇာတ္ေကာင္ေတြဟာလည္း ပရိသတ္ေတြရဲ႕ ခ်စ္ခင္ေလးစားျခင္းကို ခံစားၾကရသူေတြ ျဖစ္ပါတယ္။ လူႀကိဳက္အမ်ားဆုံး ဇာတ္ေကာင္ေတြထဲက တစ္ေယာက္ျဖစ္တဲ့ Arya Stark ေနရာမွာ သ႐ုပ္ေဆာင္ထားတဲ့ Maisie Williams ဟာလည္း ပရိသတ္အခ်စ္ေတာ္တစ္ဦးပါပဲ။ ဒါေၾကာင့္ပဲ Maisie နဲ႔ ပတ္သက္လို႔ လူသိပ္မသိေသးတဲ့ အခ်က္ေလးေတြကို လက္လွမ္းမီသေလာက္ ေဖာ္ျပေပးလိုက္ပါတယ္။

Game of Thrones ဟာ သူမရဲ႕ေျခလွမ္းအစ ျဖစ္ပါတယ္။

Arya Stark (သို႔မဟုတ္) No one ဟာ Maisie ရဲ႕ ပြဲဦးထြက္ သ႐ုပ္ေဆာင္ရတဲ့ ကာ႐ိုက္တာ ျဖစ္ပါတယ္။ ၂၀၁၁ခုႏွစ္မွာ စီးရီး စ႐ိုက္ေတာ့ သူမ အသက္ဟာ (၁၄)ႏွစ္ပဲ ရွိပါေသးတယ္။

©HBO
Arya ဇာတ္ေကာင္အတြက္ ဘယ္သန္ျဖစ္ေအာင္ ေလ့က်င့္ခဲ့ရပါတယ္။

Arya Stark ရဲ႕ ဇာတ္ေကာင္ပုံစံကို စာအုပ္ထဲမွာေတာ့ ဘယ္သန္လို႔ ပုံေဖာ္ထားပါတယ္။ မူရင္းဇာတ္ေကာင္စ႐ိုက္နဲ႔ တူႏိုင္သမွ် အတူဆုံး သ႐ုပ္ေဆာင္လိုတဲ့ Maisie ဟာ သူမကိုယ္သူမ ဘယ္သန္တစ္ေယာက္နီးပါး ကြၽမ္းက်င္လာေအာင္ အခ်ိန္ေပး ေလ့က်င့္ခဲ့ပါတယ္။

အကဟာ သူမရဲ႕ဝါသနာပါ။

ဘရာဗို႔စ္ဓားသိုင္းဟာ အကနဲ႔ တူတယ္လို႔ မခံစားမိခဲ့ပါဘူးလား။ ဒါေၾကာင့္ပဲ Maisie ဟာ ဇာတ္ေကာင္နဲ႔ အံဝင္ခြင္က် ျဖစ္တယ္ဆိုတာ ျငင္းမရပါဘူး။

Photo: maisiewilliams/ Instagram
သူမဟာ GoT ထဲက ေသြးထြက္သံယိုေတြကို မုန္းတီးသူ ျဖစ္ပါတယ္။

Maisie ဟာ အၾကမ္းဖက္မႈေတြ၊ အျပင္းစားဇာတ္ဝင္ခန္းေတြနဲ႔ ေသြးထြက္သံယိုေတြကို မုန္းတီးပါသတဲ့။ ဒါေၾကာင့္ပဲ A Song of Ice and Fire စာအုပ္ေတြကိုလည္း မဖတ္ျဖစ္ေသးပါဘူးလို႔ ဆိုပါတယ္။

Maisie ဟာ အသက္(၁၄)ႏွစ္မွာ ေက်ာင္းထြက္ခဲ့ပါတယ္။

Game of Thrones ႐ိုက္ကြင္းအတြက္ အခ်ိန္ဇယားေတြဟာ သူမအတြက္ ေက်ာင္းဆက္တက္ၿပီး စာေမးပြဲေျဖဖို႔ အခ်ိန္မလုံမေလာက္ ျဖစ္ေစခဲ့ပါတယ္။ ႐ိုက္ကြင္းေနရာေတြကလည္း ေမာ္႐ိုကို၊ ေမာလ္တာ၊ ခ႐ိုေအးရွားစတဲ့ ေဝးလံတဲ့ ေနရာေတြမွာခ်ည္း ျဖစ္ေနခဲ့လို႔ Maisie နဲ႔ သူမရဲ႕အေမဟာ ႏွစ္ဦးသေဘာတူ ဒီဆုံးျဖတ္ခ်က္ကို ခ်ခဲ့ၾကတာ ျဖစ္ပါတယ္။

အံ့အားသင့္ေလာက္စရာ အခြင့္အေရးႀကီးက ေရွ႕မွာေရာက္ေနတဲ့အခ်ိန္မွာ စာကိုပဲလုပ္ရမယ္လို႔ တစ္သမတ္တည္း တြန္းအားမေပးလိုတဲ့ မိခင္ျဖစ္သူက အခုလို ခြင့္ျပဳေပးခဲ့တာပါ။ ေက်ာ္ၾကားမႈရယ္၊ ပိုက္ဆံရယ္ ရွိေနတဲ့အခါ Maisie လိုခ်င္တဲ့ ပညာေရးကို ၿပီးေတာ့မွ ျပန္သင္ၾကားၾကဖို႔ သားအမိႏွစ္ေယာက္ သေဘာတူခဲ့ၾကတာ ျဖစ္ပါတယ္။ တကယ္လို႔ သူမအေနနဲ႔ GCSEs စာေမးပြဲကို ဝင္ေျဖခဲ့မယ္ဆိုရင္လည္း ထိပ္တန္းအဆင့္ကေန ေအာင္ႏိုင္တဲ့ အေနအထားမွာ ရွိတယ္လို႔ သိရပါတယ္။ ေနာက္ပိုင္းမွာေတာ့ သူမဟာ Bath Dance College မွာ Performing Arts ဘာသာရပ္ကို တက္ေရာက္သင္ၾကားခဲ့ပါတယ္။

Photo: maisiewilliams/ Instagram
သူမဟာ GoT သ႐ုပ္ေဆာင္ေ႐ြးပြဲထက္ ဝက္ေမြးျမဴေရးၿခံဆီသြားမယ့္ ေက်ာင္းေလ့လာေရးခရီးကို သြားခ်င္ခဲ့တာပါ။

တစ္ကမာၻလုံးက သန္းနဲ႔ခ်ီတဲ့ ပရိသတ္ေတြနဲ႔ ေအာင္ျမင္တဲ့ စီးရီးႀကီးမ႐ိုက္ကူးခင္ ႏွစ္အနည္းငယ္ အလိုတည္းက ႐ိုက္ကူးေရးအဖြဲ႕ေတြဟာ ဝတၳဳထဲက ဇာတ္ေကာင္ေတြနဲ႔ တစ္ေထရာတည္း အံဝင္ခြင္က်ျဖစ္မယ့္သူေတြကို လိုက္လံရွာေဖြေနခဲ့တာပါ။

Maisie တို႔ေနထိုင္တဲ့ ၿမိဳ႕ငယ္ေလးမွာ လူေ႐ြးပြဲ လာေရာက္က်င္းပတဲ့ရက္မွာေတာ့ သူမရဲ႕ေက်ာင္းေလ့လာေရးခရီးအျဖစ္ ဝက္ေမြးျမဴေရးၿခံဆီကို သြားေရာက္လည္ပတ္ရမယ့္ေန႔နဲ႔ တစ္ရက္တည္း ကိုက္ေနပါတယ္။ ဒီအခါမွာ အသက္(၁၂)ႏွစ္အ႐ြယ္ပဲ ရွိေသးတဲ့ Maisie ဟာ လူေ႐ြးပြဲထက္ ဝက္ေမြးျမဴေရးၿခံဆီကို ပိုသြားခ်င္ေနခဲ့တာပါ။ ဒါေပမယ့္လည္း သူမအေမရဲ႕ ေဖးမမႈနဲ႔ လူေ႐ြးပြဲဆီ ေရာက္ခဲ့ၿပီး တစ္ဘဝလုံး ေျပာင္းလဲသြားမယ့္ အခြင့္အေရးနဲ႔ ေတြ႕ရွိခဲ့ရတာ ျဖစ္ပါတယ္။

Photo: maisiewilliams/ Instagram
သူမရဲ႕ ခ်မ္းသာႂကြယ္ဝမႈဟာ ေဒၚလာ(၆)သန္းခန႔္ ရွိေနပါၿပီ။

GoT မွာ ပါဝင္သ႐ုပ္ေဆာင္ရတဲ့ အပိုင္းတစ္ပိုင္းစီတိုင္းအတြက္ အနည္းဆုံး ေဒၚလာတစ္သိန္းနဲ႔အထက္ကို ရရွိခဲ့ပါတယ္။ ဒါေၾကာင့္ လက္ရွိအခ်ိန္အထိ သူမရဲ႕ ခ်မ္းသာႂကြယ္ဝမႈဟာ အနည္းဆုံး ေဒၚလာ(၆)သန္းခန႔္ ရွိတယ္လို႔ ေဖာ္ျပထားၾကပါတယ္။

သူမဟာ အင္တာနက္ စြန႔္ဦးတီထြင္ လုပ္ငန္းရွင္တစ္ဦးလည္း ျဖစ္ပါတယ္။

Daisie လို႔ အမည္ရတဲ့ ဆိုရွယ္မီဒီယာ အက္ပလီေကးရွင္းတစ္ခုကိုလည္း Dom Santry ဆိုတဲ့လူနဲ႔ ပူးေပါင္းၿပီး ထုတ္ထားပါေသးတယ္။ စာေပ၊ ႐ုပ္ရွင္၊ ဓာတ္ပုံ၊ ဖက္ရွင္အစရွိတဲ့ အႏုပညာရပ္ေတြကို အဲ့ဒီ့ Daisie ပလက္ေဖာင္းေပၚမွာ ေဝမွ်လို႔ ရမွာျဖစ္ပါတယ္။ ဒါ့အျပင္ Daisy Chain Productions ဆိုတဲ့နာမည္နဲ႔ ႐ုပ္ရွင္ထုတ္လုပ္ေရးကုမၸဏီတစ္ခုကိုလည္း တည္ေထာင္ထားပါေသးတယ္။

Photo: maisiewilliams/ Instagram
Tedx Talks မွာလည္း စကားတက္ေျပာခဲ့ပါေသးတယ္။

“ေအာင္ျမင္ေက်ာ္ၾကားဖို႔ မႀကိဳးစားပါနဲ႔။ အရည္အခ်င္းရွိေအာင္သာ ႀကိဳးစားပါ”ဆိုတဲ့ ေခါင္းစဥ္နဲ႔ Maisie ဟာ သူမရဲ႕ဘဝအေၾကာင္း၊ ျဖတ္သန္းခဲ့ရတဲ့ အခက္အခဲေတြနဲ႔ အေတြ႕အႀကဳံေတြကို ပေရာ္ဖက္ရွင္နယ္က်က် ေျပာျပထားတာ ျဖစ္ပါတယ္။

ဒါကေတာ့ ပရိသတ္အခ်စ္ေတာ္ Arya Stark ေနရာမွာ သ႐ုပ္ေဆာင္ထားတဲ့ Maisie Williams ရဲ႕အေၾကာင္းေလးေတြပါပဲ။ စာဖတ္သူတို႔ သိထားတဲ့ အျခားအခ်က္ေလးေတြကိုလည္း comment မွာ ျပန္လည္ေဝမွ်ေပးသြားပါဦး။

Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular