HomeEntertainmentFilmရုပ်ရှင်တစ်ကားတည်းမှာ character တစ်ခုထက်ပိုပြီး သရုပ်ဆောင်ခဲ့ကြသူများ

ရုပ်ရှင်တစ်ကားတည်းမှာ character တစ်ခုထက်ပိုပြီး သရုပ်ဆောင်ခဲ့ကြသူများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

သရုပ်ဆောင်တွေဟာ သူတို့ရဲ့ဘဝတစ်လျှောက်မှာ ရုပ်ရှင်တေွများစွာနဲ့ ဇာတ်ကောင်တွေများစွာ နေရာမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးကြပါတယ်။ ဒါပေမယ့်လည်း တစ်ချို့ရုပ်ရှင်တွေမှာတော့ ဇာတ်လမ်းအရ သရုပ်ဆောင်တစ်ယောက်တည်းဟာ ဇာတ်ကောင်အများကြီးကို သရုပ်ဆောင်ခဲ့ရတာတွေလည်း ရှိပါသေးတယ်။ ဒီလိုအခြေအနေတွေမှာတော့ အဲ့ဒီသရုပ်ဆောင်တွေဟာ လူစားထိုးခြင်း ၊ မိတ်ကပ် ၊ ဝတ်စုံတွေနဲ့ အထူးပြုလုပ်ချက်တွေရဲ့ အကူအညီကို အသုံးပြုပြီး သရုပ်ဆောင်ကြပါတယ်။ အဲ့ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ရုပ်ရှင်တစ်ကားထဲမှာ ဇာတ်ကောင် တစ်ယောက်ထက် ပိုပြီး သရုပ်ဆောင်ခဲ့ကြတဲ့ သရုပ်ဆောင် အနည်းငယ်ကို ဖော်ပြပေးချင်ပါတယ်။

(1) Lupita Nyong’o – Us
photo via screenrant

၂၀၁၉ ခုနှစ်မှာ ထွက်ခဲ့တဲ့ horror ရုပ်ရှင်တစ်ကားဖြစ်တဲ့ Us ဟာ IMDb (6.8) ရရှိထားပါတယ်။ ဇာတ်လမ်းထဲမှာတော့ ကမ္ဘာပေါ်မှာ နေထိုင်ကြတဲ့သူတွေနဲ့ တစ်ပုံစံတည်း တူညီကြတဲ့သူတွေကလည်း ကမ္ဘာရဲ့အောက်ခြေထဲမှာ နေထိုင်နေကြပါတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ရဲ့ အဓိကသရုပ်ဆောင်ဖြစ်တဲ့ Lupita Nyong’o ကလည်း ဇာတ်ကောင် နှစ်ယောက်နေရာမှာ သရုပ်ဆောင်ခဲ့ရပါတယ်။ Lupita သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်နှစ်ယောက်ကတော့ Red နဲ့ Adelaide တို့ပဲ ဖြစ်ပါတယ်။

(2) Christian Bale – The Prestige
photo via screenrant

၂၀၀၆ ခုနှစ်မှာ ထွက်ခဲ့တဲ့ The Prestige ကလည်း IMDb (8.5) ရရှိထားပါတယ်။ ဒီရုပ်ရှင်ထဲက အဓိကဇာတ်ကောင်တွေကတော့ မျက်လှည့်ပညာနဲ့ ပတ်သက်ပြီး အလွန်အမင်း စွဲလမ်းနေကြပါတယ်။ အဓိကသရုပ်ဆောင်တွေဖြစ်တဲ့ Christian Bale နဲ့ Hugh Jackman တို့ နှစ်ယောက်လုံးဟာ အဓိကဇာတ်ကောင်တွေအပြင် တစ်ခြားဇာတ်ကောင်တွေ နေရာမှာ ပါဝင်သရုပ်ဆောင်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း Christian Bale ရဲ့ ဇာတ်ကောင်တွေကတော့ ပိုပြီးတော့ ရှုပ်ထွေးတာကြောင့် Christian Bale ကိုပဲ ဖော်ပြထားတာ ဖြစ်ပါတယ်။

 (3) Cate Blanchett – Manifesto
photo via screenrant

၂၀၁၅ ခုနှစ်မှာ ထွက်ခဲ့တဲ့ Manifesto ကတော့ IMDb (6.6) ရရှိထားပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ မတူညီတဲ့ ဇာတ်ကောင် (၁၃) ယောက်လောက် ပါဝင်ပြီး အဲ့ဒီဇာတ်ကောင်တွေ အကုန်လုံးကို Cate Blanchett တစ်ယောက်တည်းက သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ရုပ်ရှင်အမျိူးအစားကိုတော့ Experimental drama လို့ သတ်မှတ်ထားပြီး Cate Blanchett ကို ကျွန်တော်တို့ မြင်နေကျ ပုံစံလို မဟုတ်ဘဲ မြင်တွေ့ရမှာပါ။ ဒါကြောင့် မကြည့်ရသေးရင်တော့ ကြည့်ဖို့ တိုက်တွန်းချင်တယ်။

(4) Michael J. Fox – Back To The Future Trilogy
photo via screenrant

Back To The Future Trilogy ထဲမှာတော့ သရုပ်ဆောင်တွေဟာ ဇာတ်ကောင်တစ်ယောက်တည်းရဲ့ တစ်ခြား timeline က ဗားရှင်းတွေနဲ့ တစ်ခြားဇာတ်ကောင်တွေကိုလည်း သရုပ်ဆောင်ခဲ့ရပါတယ်။ Michael J. Fox ကတော့ Back To The Future II ထဲမှာ အနာဂတ်သူ့ကိုယ်တိုင် ၊ အနာဂတ်က သူ့ရဲ့သားဖြစ်သူ Marty Jr. နဲ့ အနာဂတ်က သူ့ရဲ့သမီးဖြစ်သူ Marlene တို့နေရာမှာ သရုပ်ဆောင်ခဲ့ပါတယ်။ Back To The Future III ထဲမှာလည်း Michael ဟာ သူ့ရဲ့ ဘိုးဘေးဖြစ်သူ Seamus Mcfly နေရာမှာ သရုပ်ဆောင်ခဲ့ပါသေးတယ်။

(5) James McAvoy – Split & Glass
photo via screenrant

၂၀၁၆ ခုနှစ်မှာ ထွက်ခဲ့တဲ့ thriller-horror ရုပ်ရှင်ဖြစ်တဲ့ Split ကတော့ IMDb (7.3) ရရှိထားပြီး အတော်လေး အောင်မြင်ခဲ့ပါတယ်။ ဝတ်စုံဒီဇိုင်း ပြောင်းလဲမှု အနည်းငယ်နဲ့ James McAvoy ဟာ ဒီရုပ်ရှင်ထဲမှာတော့ စိတ်ပေါင်း (၂၃) ယောက် ကွဲထွက်နေတဲ့ လူတစ်ယောက်နေရာမှာ သရုပ်ဆောင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ James ရဲ့ သရုပ်ဆောင်ကောင်းပုံတွေကို မြင်တွေ့ရမှာ ဖြစ်ပြီး ကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

သ႐ုပ္ေဆာင္ေတြဟာ သူတို႔ရဲ႕ဘဝတစ္ေလွ်ာက္မွာ ႐ုပ္ရွင္ေတြမ်ားစြာနဲ႔ ဇာတ္ေကာင္ေတြမ်ားစြာ ေနရာမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ဖူးၾကပါတယ္။ ဒါေပမယ့္လည္း တစ္ခ်ိဳ႕႐ုပ္ရွင္ေတြမွာေတာ့ ဇာတ္လမ္းအရ သ႐ုပ္ေဆာင္တစ္ေယာက္တည္းဟာ ဇာတ္ေကာင္အမ်ားႀကီးကို သ႐ုပ္ေဆာင္ခဲ့ရတာေတြလည္း ရွိပါေသးတယ္။ ဒီလိုအေျခအေနေတြမွာေတာ့ အဲ့ဒီသ႐ုပ္ေဆာင္ေတြဟာ လူစားထိုးျခင္း ၊ မိတ္ကပ္ ၊ ဝတ္စုံေတြနဲ႔ အထူးျပဳလုပ္ခ်က္ေတြရဲ႕ အကူအညီကို အသုံးျပဳၿပီး သ႐ုပ္ေဆာင္ၾကပါတယ္။ အဲ့ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ ႐ုပ္ရွင္တစ္ကားထဲမွာ ဇာတ္ေကာင္ တစ္ေယာက္ထက္ ပိုၿပီး သ႐ုပ္ေဆာင္ခဲ့ၾကတဲ့ သ႐ုပ္ေဆာင္ အနည္းငယ္ကို ေဖာ္ျပေပးခ်င္ပါတယ္။

(1) Lupita Nyong’o – Us
photo via screenrant

၂၀၁၉ ခုႏွစ္မွာ ထြက္ခဲ့တဲ့ horror ႐ုပ္ရွင္တစ္ကားျဖစ္တဲ့ Us ဟာ IMDb (6.8) ရရွိထားပါတယ္။ ဇာတ္လမ္းထဲမွာေတာ့ ကမာၻေပၚမွာ ေနထိုင္ၾကတဲ့သူေတြနဲ႔ တစ္ပုံစံတည္း တူညီၾကတဲ့သူေတြကလည္း ကမာၻရဲ႕ေအာက္ေျခထဲမွာ ေနထိုင္ေနၾကပါတယ္။ ဒါေၾကာင့္ပဲ ဒီ႐ုပ္ရွင္ရဲ႕ အဓိကသ႐ုပ္ေဆာင္ျဖစ္တဲ့ Lupita Nyong’o ကလည္း ဇာတ္ေကာင္ ႏွစ္ေယာက္ေနရာမွာ သ႐ုပ္ေဆာင္ခဲ့ရပါတယ္။ Lupita သ႐ုပ္ေဆာင္ခဲ့တဲ့ ဇာတ္ေကာင္ႏွစ္ေယာက္ကေတာ့ Red နဲ႔ Adelaide တို႔ပဲ ျဖစ္ပါတယ္။

(2) Christian Bale – The Prestige
photo via screenrant

၂၀၀၆ ခုႏွစ္မွာ ထြက္ခဲ့တဲ့ The Prestige ကလည္း IMDb (8.5) ရရွိထားပါတယ္။ ဒီ႐ုပ္ရွင္ထဲက အဓိကဇာတ္ေကာင္ေတြကေတာ့ မ်က္လွည့္ပညာနဲ႔ ပတ္သက္ၿပီး အလြန္အမင္း စြဲလမ္းေနၾကပါတယ္။ အဓိကသ႐ုပ္ေဆာင္ေတြျဖစ္တဲ့ Christian Bale နဲ႔ Hugh Jackman တို႔ ႏွစ္ေယာက္လုံးဟာ အဓိကဇာတ္ေကာင္ေတြအျပင္ တစ္ျခားဇာတ္ေကာင္ေတြ ေနရာမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း Christian Bale ရဲ႕ ဇာတ္ေကာင္ေတြကေတာ့ ပိုၿပီးေတာ့ ရႈပ္ေထြးတာေၾကာင့္ Christian Bale ကိုပဲ ေဖာ္ျပထားတာ ျဖစ္ပါတယ္။

(3) Cate Blanchett – Manifesto
photo via screenrant

၂၀၁၅ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Manifesto ကေတာ့ IMDb (6.6) ရရွိထားပါတယ္။ ဒီဇာတ္လမ္းထဲမွာေတာ့ မတူညီတဲ့ ဇာတ္ေကာင္ (၁၃) ေယာက္ေလာက္ ပါဝင္ၿပီး အဲ့ဒီဇာတ္ေကာင္ေတြ အကုန္လုံးကို Cate Blanchett တစ္ေယာက္တည္းက သ႐ုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။ ႐ုပ္ရွင္အမ်ိဴးအစားကိုေတာ့ Experimental drama လို႔ သတ္မွတ္ထားၿပီး Cate Blanchett ကို ကြၽန္ေတာ္တို႔ ျမင္ေနက် ပုံစံလို မဟုတ္ဘဲ ျမင္ေတြ႕ရမွာပါ။ ဒါေၾကာင့္ မၾကည့္ရေသးရင္ေတာ့ ၾကည့္ဖို႔ တိုက္တြန္းခ်င္တယ္။

(4) Michael J. Fox – Back To The Future Trilogy
photo via screenrant

Back To The Future Trilogy ထဲမွာေတာ့ သ႐ုပ္ေဆာင္ေတြဟာ ဇာတ္ေကာင္တစ္ေယာက္တည္းရဲ႕ တစ္ျခား timeline က ဗားရွင္းေတြနဲ႔ တစ္ျခားဇာတ္ေကာင္ေတြကိုလည္း သ႐ုပ္ေဆာင္ခဲ့ရပါတယ္။ Michael J. Fox ကေတာ့ Back To The Future II ထဲမွာ အနာဂတ္သူ႔ကိုယ္တိုင္ ၊ အနာဂတ္က သူ႔ရဲ႕သားျဖစ္သူ Marty Jr. နဲ႔ အနာဂတ္က သူ႔ရဲ႕သမီးျဖစ္သူ Marlene တို႔ေနရာမွာ သ႐ုပ္ေဆာင္ခဲ့ပါတယ္။ Back To The Future III ထဲမွာလည္း Michael ဟာ သူ႔ရဲ႕ ဘိုးေဘးျဖစ္သူ Seamus Mcfly ေနရာမွာ သ႐ုပ္ေဆာင္ခဲ့ပါေသးတယ္။

(5) James McAvoy – Split & Glass
photo via screenrant

၂၀၁၆ ခုႏွစ္မွာ ထြက္ခဲ့တဲ့ thriller-horror ႐ုပ္ရွင္ျဖစ္တဲ့ Split ကေတာ့ IMDb (7.3) ရရွိထားၿပီး အေတာ္ေလး ေအာင္ျမင္ခဲ့ပါတယ္။ ဝတ္စုံဒီဇိုင္း ေျပာင္းလဲမႈ အနည္းငယ္နဲ႔ James McAvoy ဟာ ဒီ႐ုပ္ရွင္ထဲမွာေတာ့ စိတ္ေပါင္း (၂၃) ေယာက္ ကြဲထြက္ေနတဲ့ လူတစ္ေယာက္ေနရာမွာ သ႐ုပ္ေဆာင္ခဲ့ပါတယ္။ ဒီ႐ုပ္ရွင္ထဲမွာေတာ့ James ရဲ႕ သ႐ုပ္ေဆာင္ေကာင္းပုံေတြကို ျမင္ေတြ႕ရမွာ ျဖစ္ၿပီး ၾကည့္သင့္တဲ့ ႐ုပ္ရွင္တစ္ကား ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular