HomeEntertainmentFilmMartian Manhunter ဇာတ်ဝင်ခန်း ပါဝင်ထားတဲ့ Justice League Snyder Cut

Martian Manhunter ဇာတ်ဝင်ခန်း ပါဝင်ထားတဲ့ Justice League Snyder Cut

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Justice League Snyder Cut ထဲမှာ Martian Manhunter အနေနဲ့ ရိုက်ကူးခဲ့ရပါတယ် ဆိုပြီး Henry Lennix က ပြောခဲ့ပါတယ်။ အခုချိန်မှာတော့ Justice League ရုပ်ရှင်ဟာ ထွက်ရှိခဲ့တာ သုံးနှစ်ကျော်ပြီ ဖြစ်ပြီး ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ Snyder Cut ကလည်း လအနည်းငယ်ကြာရင် ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ Snyder Cut ကတော့ အပိုင်းလေးပိုင်း ပါဝင်တဲ့ မီနီစီရီးအနေနဲ့ HBO Max မှာ ထွက်ရှိလာမှာ ဖြစ်ပြီး Snyder Cut ရဲ့ နှစ်နာရီခွဲစာလောက်က ပရိသတ်တွေအတွက် အသစ်ပါလို့လည်း သိရပါတယ်။

photo via screenrant

Snyder Cut တကယ် ထွက်လာပါမယ် ဆိုပြီး ကြေညာပြီးကတည်းက Snyder ဟာ သူ့ရဲ့ဗားရှင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပြောပြခဲ့ပါတယ်။ အဲ့ဒီထဲက ပရိသတ်တွေကို စိတ်လှုပ်ရှားသွားစေတဲ့ အချက်တစ်ခုကတော့ Martian Manhunter ပါဝင်လာမယ် ဆိုတာပဲ ဖြစ်ပါတယ်။ Man of Steel နဲ့ Batman v Superman: Dawn of Justice ထဲမှာ ပါဝင်ခဲ့တဲ့ ဗိုလ်မှူး Swanwick ဟာ တကယ်တော့ Martian Manhunter ဖြစ်ပါတယ်ဆိုတဲ့ သီအိုရီကို အတည်ပြုဖို့အတွက် Snyder ဟာ အရင်ကတည်းက စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂၀၁၇ တုန်းက ထွက်ခဲ့တဲ့ Justice League မှာတော့ Snyder က ထွက်သွားတာကြောင့် အဲ့ဒီသီအိုရီကိုလည်း အတည်မပြုခဲ့ရပါဘူး။

Collider သတင်းဌာနနဲ့ အင်တာဗျူးမှာတော့ Henry ဟာ Snyder Cut ထဲမှာ ဇာတ်ဝင်ခန်းတွေ ပါဝင်ရိုက်ကူးခဲ့လား ဆိုပြီး မေးခံခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာတော့ Henry ဟာ နောက်ဆုံးမှာတော့ သူနဲ့ Snyder တို့ အဲ့ဒီဇာတ်ဝင်ခန်းကို ရိုက်ကူးခွင့်ရခဲ့ပါတယ် ဆိုပြီး ပြန်လည်ဖြေခဲ့ပါတယ်။ Henry ဟာ green screen ရှေ့မှာပဲ Snyder နဲ့ တစ်ခြားရုပ်ရှင်အဖွဲ့သား အနည်းငယ်နဲ့အတူ ရိုက်ကူးခဲ့ပါတယ်လို့လည်း ပြောခဲ့ပါတယ်။

photo via screenrant

အခုလိုမျိူး Snyder Cut ထဲမှာ Martian Manhunter ပါဝင်လာမယ် ဆိုတဲ့ သတင်းကတော့ သိပ်ပြီး အံ့ဩစရာတော့ မကောင်းပါဘူး။ အကြောင်းကတော့ Snyder ကိုယ်တိုင်က မကြာခဏ Martian Manhunter နဲ့ ပတ်သတ်တဲ့ အချက်တွေကို အရိပ်အမြွက် ပြောပြခဲ့လို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Snyder ဟာ Jared Leto ရဲ့ Joker နဲ့လည်း ဇာတ်ဝင်ခန်းအသစ် တစ်ချို့ကို ရိုက်ကူးခဲ့ပြီး Joe Manganiello ရဲ့ Deathstroke လည်း ပြန်လည်ပါဝင်လာဦးမယ်လို့ သိရပါတယ်။ ဒါကြောင့်ပဲ မကြာခင်မှာ ထွက်ရှိလာတော့မယ့် Justice League Snyder Cut ဟာ ပရိသတ်တွေအတွက် အံ့ဩစရာတွေနဲ့ ပြည့်နှက်နေမယ်လို့ ယူဆလို့ ရပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

Justice League Snyder Cut ထဲမွာ Martian Manhunter အေနနဲ႔ ႐ိုက္ကူးခဲ့ရပါတယ္ ဆိုၿပီး Henry Lennix က ေျပာခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ Justice League ႐ုပ္ရွင္ဟာ ထြက္ရွိခဲ့တာ သုံးႏွစ္ေက်ာ္ၿပီ ျဖစ္ၿပီး ပရိသတ္ေတြ ေစာင့္ေမွ်ာ္ေနၾကတဲ့ Snyder Cut ကလည္း လအနည္းငယ္ၾကာရင္ ထြက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။ Snyder Cut ကေတာ့ အပိုင္းေလးပိုင္း ပါဝင္တဲ့ မီနီစီရီးအေနနဲ႔ HBO Max မွာ ထြက္ရွိလာမွာ ျဖစ္ၿပီး Snyder Cut ရဲ႕ ႏွစ္နာရီခြဲစာေလာက္က ပရိသတ္ေတြအတြက္ အသစ္ပါလို႔လည္း သိရပါတယ္။

photo via screenrant

Snyder Cut တကယ္ ထြက္လာပါမယ္ ဆိုၿပီး ေၾကညာၿပီးကတည္းက Snyder ဟာ သူ႔ရဲ႕ဗားရွင္းနဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြကို ေျပာျပခဲ့ပါတယ္။ အဲ့ဒီထဲက ပရိသတ္ေတြကို စိတ္လႈပ္ရွားသြားေစတဲ့ အခ်က္တစ္ခုကေတာ့ Martian Manhunter ပါဝင္လာမယ္ ဆိုတာပဲ ျဖစ္ပါတယ္။ Man of Steel နဲ႔ Batman v Superman: Dawn of Justice ထဲမွာ ပါဝင္ခဲ့တဲ့ ဗိုလ္မႉး Swanwick ဟာ တကယ္ေတာ့ Martian Manhunter ျဖစ္ပါတယ္ဆိုတဲ့ သီအိုရီကို အတည္ျပဳဖို႔အတြက္ Snyder ဟာ အရင္ကတည္းက စီစဥ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ၂၀၁၇ တုန္းက ထြက္ခဲ့တဲ့ Justice League မွာေတာ့ Snyder က ထြက္သြားတာေၾကာင့္ အဲ့ဒီသီအိုရီကိုလည္း အတည္မျပဳခဲ့ရပါဘူး။

Collider သတင္းဌာနနဲ႔ အင္တာဗ်ဴးမွာေတာ့ Henry ဟာ Snyder Cut ထဲမွာ ဇာတ္ဝင္ခန္းေတြ ပါဝင္႐ိုက္ကူးခဲ့လား ဆိုၿပီး ေမးခံခဲ့ရပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Henry ဟာ ေနာက္ဆုံးမွာေတာ့ သူနဲ႔ Snyder တို႔ အဲ့ဒီဇာတ္ဝင္ခန္းကို ႐ိုက္ကူးခြင့္ရခဲ့ပါတယ္ ဆိုၿပီး ျပန္လည္ေျဖခဲ့ပါတယ္။ Henry ဟာ green screen ေရွ႕မွာပဲ Snyder နဲ႔ တစ္ျခား႐ုပ္ရွင္အဖြဲ႕သား အနည္းငယ္နဲ႔အတူ ႐ိုက္ကူးခဲ့ပါတယ္လို႔လည္း ေျပာခဲ့ပါတယ္။

photo via screenrant

အခုလိုမ်ိဴး Snyder Cut ထဲမွာ Martian Manhunter ပါဝင္လာမယ္ ဆိုတဲ့ သတင္းကေတာ့ သိပ္ၿပီး အံ့ဩစရာေတာ့ မေကာင္းပါဘူး။ အေၾကာင္းကေတာ့ Snyder ကိုယ္တိုင္က မၾကာခဏ Martian Manhunter နဲ႔ ပတ္သတ္တဲ့ အခ်က္ေတြကို အရိပ္အႁမြက္ ေျပာျပခဲ့လို႔ပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ Snyder ဟာ Jared Leto ရဲ႕ Joker နဲ႔လည္း ဇာတ္ဝင္ခန္းအသစ္ တစ္ခ်ိဳ႕ကို ႐ိုက္ကူးခဲ့ၿပီး Joe Manganiello ရဲ႕ Deathstroke လည္း ျပန္လည္ပါဝင္လာဦးမယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ပဲ မၾကာခင္မွာ ထြက္ရွိလာေတာ့မယ့္ Justice League Snyder Cut ဟာ ပရိသတ္ေတြအတြက္ အံ့ဩစရာေတြနဲ႔ ျပည့္ႏွက္ေနမယ္လို႔ ယူဆလို႔ ရပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular