HomeEntertainmentFilmSeason 4 အပြီးမှာ Cancel သွားပြီဖြစ်တဲ့ CW ရဲ့ Legacies ဇာတ်လမ်းတွဲ

Season 4 အပြီးမှာ Cancel သွားပြီဖြစ်တဲ့ CW ရဲ့ Legacies ဇာတ်လမ်းတွဲ

Vampire Diaries ဇာတ်လမ်းတွဲရဲ့ Spin-Off ဇာတ်လမ်းတွဲ ဖြစ်တဲ့ Legacies ဇာတ်လမ်းတွဲကိုတော့ Season 4 အပြီးမှာ CW ရုပ်သံလိုင်းက Cancel လိုက်ပြီလို့ သိရပါတယ်။ ဒီ Franchise ကိုတော့ Vampire Diaries ဇာတ်လမ်းတွဲနဲ့ စတင်ခဲ့ပြီး ၂၀၀၉ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ထုတ်လွှင့်ပြသခဲ့ပါတယ်၊ Spin-Off ဖြစ်တဲ့ The Originals ဇာတ်လမ်းတွဲကတော့ ၂၀၁၃ ခုနှစ်မှာ စတင်ပြသခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ အဆုံးသတ်သွားပါတယ်။ နောက်ထပ် Spin-Off ဖြစ်တဲ့ Legacies ဇာတ်လမ်းတွဲကတော့ ၂၀၁၈ ခုနှစ်မှာ စတင်ပြခဲ့ပြီး ယခုအချိန်မှာတော့ Cancel သွားပြီပဲ ဖြစ်ပါတယ်။

photo via screenrant

Legacies ဇာတ်လမ်းတွဲကတော့ The Originals ဇာတ်လမ်းအဆုံးသတ်နဲ့ ချိတ်ဆက်ထားပြီး Klaus Mikaelson နဲ့ Hayley Marshall တို့ရဲ့ သမီးဖြစ်သူ Hope Mikaelson အကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Hope Mikaelson ကတော့ သွေးစုပ်ဖုတ်ကောင်နဲ့ သမန်းဝံပုလွေတို့ ပေါင်းစပ်ထားရုံတင် မဟုတ်ဘဲ Klaus တို့ မျိူးရိုးမှာ စုန်းသွေးလည်း ပါဝင်နေတာကြောင့် သူမဟာ သွေးစုပ်ဖုတ်ကောင်၊ သမန်းဝံပုလွေနဲ့ စုန်းတို့ ပေါင်းစပ်ထားတဲ့ သုံးမျိူးစပ် ဖြစ်လာခဲ့ပါတယ်။

The Hollywood Reporter သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒီဇာတ်လမ်းတွဲဟာ Season 4 မှာတင် အဆုံးသတ်သွားပြီ ဖြစ်ပြီး CW ရုပ်သံလိုင်းကလည်း ဒီဇာတ်လမ်းတွဲရဲ့ Season 5 ထွက်ရှိလာမှာ မဟုတ်တော့ပါဘူးလို့ ကြေညာလိုက်ပါတယ်။ ဒါကြောင့်ပဲ (၁၃)နှစ်ကြာ ထုတ်လွှင့်ပြသခဲ့တဲ့ Vampire Diaries Franchise ကတော့ ယခုအချိန်မှာ အဆုံးသတ်သွားပြီ ဖြစ်ပါတယ်။

photo via screenrantA

ယခုလက်ရှိမှာတော့ CW ရုပ်သံလိုင်းဟာ ဇာတ်လမ်းတွဲတွေ အများအပြားကို Cancel ပြုလုပ်နေပြီး Arrowverse ထဲက Legend of the Tomorrow ၊ Batwoman နဲ့ Naomi တို့လို ဇာတ်လမ်းတွဲတွေဟာလည်း Cancel ခံခဲ့ရပါတယ်။ CW ရုပ်သံလိုင်းကိုတော့ Warner Bros. စတူဒီယိုနဲ့ Paramount တို့က ပူးတွဲပိုင်ဆိုင်ထားတာ ဖြစ်ပြီး ယခုအချိန်မှာ‌တော့ သူတို့ဟာ ဒီရုပ်သံလိုင်းကို ရောင်းချဖို့ ပြင်ဆင်နေတာကြောင့် ယခုလိုမျိူး ကမောက်ကမ အဖြစ်အပျက်တွေ ဖြစ်နေရတာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular