HomeEntertainmentFilmMCU ထဲမှာ ထပ်မံမြင်တွေ့ရဦးမယ့် Agatha Harkness

MCU ထဲမှာ ထပ်မံမြင်တွေ့ရဦးမယ့် Agatha Harkness

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Marvel ဥက္ကဌဖြစ်သူ Kevin Feige ကတော့ Kathryn Hahn သရုပ်ဆောင်ထားတဲ့ Agatha Harkness ကို MCU ထဲမှာ ထပ်မံမြင်တွေ့ရဦးမယ်လို့ ပြောလိုက်ပါတယ်။ MCU ရဲ့ Phase 4 ကိုတော့ WandaVision ဇာတ်လမ်းတွဲနဲ့ စတင်ဖွင့်လှစ်ခဲ့ပြီး Agatha ကလည်း ဇာတ်ကောင်အသစ်အနေနဲ့ ပါဝင်ခဲ့ပါတယ်။

photo via screenrant

ဇာတ်လမ်းအစမှာတော့ သူမကို Wanda တို့ရဲ့ အိမ်နီးချင်း Agnes အနေနဲ့ ပြသခဲ့ပြီး ဇာတ်သိမ်းခါနီးမှသာ Agatha Harkness မှန်း သိခဲ့ရတာပါ။ ကောမစ်ထဲမှာတော့ Agatha Harkness ဟာ Wanda Maxioff ရဲ့ ဆရာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ နောက်ဆုံးမှာတော့ Agatha ဟာ ရှုံးနိမ့်သွားပေမယ့်လည်း Wanda ဟာ သူမကို မသတ်ခဲ့ပါဘူး။ ဒါကြောင့်ပဲ အသစ်ထွက်ရှိလာမယ့် MCU ဇာတ်လမ်းတွေထဲမှာတော့ Agatha ဟာ ပြန်လည် ပါဝင်လာနိုင်ပါသေးတယ်။

Rotten Tomatoes နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးထဲမှာတော့ Kathryn Hahn ဟာ Agatha အနေနဲ့ ပြန်လည် ပါဝင်လာဦးမယ်လို့ Kevin Feige က ပြောသွားပါတယ်။ ဒါပေမယ့်လည်း Agatha ဟာ ဘယ်ရုပ်ရှင်ထဲမှာ ပါဝင်လာမယ်လို့ အတိအကျ မပြောသွားဘဲ မကြာခင်လို့ပဲ ပြောသွားပါတယ်။ လောလောဆယ်မှာတော့ Kathryn ဟာ Knives Out 2 ကို ဂရိနိုင်ငံမှာ ရိုက်ကူးနေပြီး အဲ့ဒီရုပ်ရှင်ပြီးတာနဲ့ သူမဟာ အားလပ်နေပြီ ဖြစ်ပါတယ်။

photo via screenrant

ဖြစ်နိုင်ချေ ရှိတာကတော့ Agatha ဟာ အသစ်ထွက်ရှိလာမယ့် Doctor Strange in the Multiverse of Madness ထဲမှာ Wanda နဲ့အတူ ပါဝင်လာနိုင်ပါတယ်။ ဒါ့အပြင် Agatha ဟာ ၁၆၉၃ ခုနှစ်ကတည်းက အသက်ရှင်နေတာ ဖြစ်တာကြောင့် Eternals နဲ့ Shang-Chi and the Legend of Ten Rings တို့လို ရုပ်ရှင်တွေထဲမှာလည်း Cameo အနေနဲ့ ပါဝင်လာနိုင်ပါသေးတယ်။

ဒါ့အပြင် ထူးဆန်းတဲ့ အမျိုးသမီးကြီးဖြစ်တဲ့ Contessa Valentina Allegra De La Fontaine ကလည်း John Walker နဲ့ Yelena Belova တို့ကို Captain America နဲ့ Black Widow တို့ နေရာမှာ အစားထိုးဖို့ လာရောက်ခေါ်ယူခဲ့ပြီး Thunderbolts သို့မဟုတ် Dark Avengers အဖွဲ့ကို ဖွဲ့စည်းဖို့ စီစဉ်နေပါတယ်။ ဒါကြောင့်ပဲ အဲဒီအမျိုးသမီးကြီးဟာ Wanda ကို အစားထိုးတဲ့အနေနဲ့လည်း Agatha ကို လာရောက် ခေါ်ယူနိုင်ပါသေးတယ်။

Legos

Source: Screenrant

(Zawgyi Version)

Marvel ဥကၠဌျဖစ္သူ Kevin Feige ကေတာ့ Kathryn Hahn သ႐ုပ္ေဆာင္ထားတဲ့ Agatha Harkness ကို MCU ထဲမွာ ထပ္မံျမင္ေတြ႕ရဦးမယ္လို႔ ေျပာလိုက္ပါတယ္။ MCU ရဲ႕ Phase 4 ကိုေတာ့ WandaVision ဇာတ္လမ္းတြဲနဲ႔ စတင္ဖြင့္လွစ္ခဲ့ၿပီး Agatha ကလည္း ဇာတ္ေကာင္အသစ္အေနနဲ႔ ပါဝင္ခဲ့ပါတယ္။

photo via screenrant

ဇာတ္လမ္းအစမွာေတာ့ သူမကို Wanda တို႔ရဲ႕ အိမ္နီးခ်င္း Agnes အေနနဲ႔ ျပသခဲ့ၿပီး ဇာတ္သိမ္းခါနီးမွသာ Agatha Harkness မွန္း သိခဲ့ရတာပါ။ ေကာမစ္ထဲမွာေတာ့ Agatha Harkness ဟာ Wanda Maxioff ရဲ႕ ဆရာ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲရဲ႕ ေနာက္ဆုံးမွာေတာ့ Agatha ဟာ ရႈံးနိမ့္သြားေပမယ့္လည္း Wanda ဟာ သူမကို မသတ္ခဲ့ပါဘူး။ ဒါေၾကာင့္ပဲ အသစ္ထြက္ရွိလာမယ့္ MCU ဇာတ္လမ္းေတြထဲမွာေတာ့ Agatha ဟာ ျပန္လည္ ပါဝင္လာႏိုင္ပါေသးတယ္။

Rotten Tomatoes နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးထဲမွာေတာ့ Kathryn Hahn ဟာ Agatha အေနနဲ႔ ျပန္လည္ ပါဝင္လာဦးမယ္လို႔ Kevin Feige က ေျပာသြားပါတယ္။ ဒါေပမယ့္လည္း Agatha ဟာ ဘယ္႐ုပ္ရွင္ထဲမွာ ပါဝင္လာမယ္လို႔ အတိအက် မေျပာသြားဘဲ မၾကာခင္လို႔ပဲ ေျပာသြားပါတယ္။ ေလာေလာဆယ္မွာေတာ့ Kathryn ဟာ Knives Out 2 ကို ဂရိႏိုင္ငံမွာ ႐ိုက္ကူးေနၿပီး အဲ့ဒီ႐ုပ္ရွင္ၿပီးတာနဲ႔ သူမဟာ အားလပ္ေနၿပီ ျဖစ္ပါတယ္။

photo via screenrant

ျဖစ္ႏိုင္ေခ် ရွိတာကေတာ့ Agatha ဟာ အသစ္ထြက္ရွိလာမယ့္ Doctor Strange in the Multiverse of Madness ထဲမွာ Wanda နဲ႔အတူ ပါဝင္လာႏိုင္ပါတယ္။ ဒါ့အျပင္ Agatha ဟာ ၁၆၉၃ ခုႏွစ္ကတည္းက အသက္ရွင္ေနတာ ျဖစ္တာေၾကာင့္ Eternals နဲ႔ Shang-Chi and the Legend of Ten Rings တို႔လို ႐ုပ္ရွင္ေတြထဲမွာလည္း Cameo အေနနဲ႔ ပါဝင္လာႏိုင္ပါေသးတယ္။

ဒါ့အျပင္ ထူးဆန္းတဲ့ အမ်ိဳးသမီးႀကီးျဖစ္တဲ့ Contessa Valentina Allegra De La Fontaine ကလည္း John Walker နဲ႔ Yelena Belova တို႔ကို Captain America နဲ႔ Black Widow တို႔ ေနရာမွာ အစားထိုးဖို႔ လာေရာက္ေခၚယူခဲ့ၿပီး Thunderbolts သို႔မဟုတ္ Dark Avengers အဖြဲ႕ကို ဖြဲ႕စည္းဖို႔ စီစဥ္ေနပါတယ္။ ဒါေၾကာင့္ပဲ အဲဒီအမ်ိဳးသမီးႀကီးဟာ Wanda ကို အစားထိုးတဲ့အေနနဲ႔လည္း Agatha ကို လာေရာက္ ေခၚယူႏိုင္ပါေသးတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular