HomeCelebs Update NewsKoreaကင္ဆာေရာဂါသည္ကေလးေတြအတြက္ ၀မ္သန္းတစ္ရာ လွဴဒါန္းလိုက္တဲ့ SUGA

ကင္ဆာေရာဂါသည္ကေလးေတြအတြက္ ၀မ္သန္းတစ္ရာ လွဴဒါန္းလိုက္တဲ့ SUGA

(အောက်တွင် Unicode ဖြင့် ဖတ်ရှုပါ။)

ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းစြဲ ကိုရီးယား boy band တစ္ခုျဖစ္တဲ့ BTS အဖြဲ႔က SUGA ဟာ မတ္လ (၉)ရက္ေန႔မွာ က်ေရာက္တဲ့ သူ႔ရဲ႕ေမြးေန႔အထိမ္းအမွတ္အေနနဲ႔ အေမရိကန္ေဒၚလာ (၈၈၀၀၀)နဲ႔ ညီမွ်တဲ့ ကိုရီးယား၀မ္ သန္း(၁၀၀)ကို ကိုရီးယားကေလးအထူးကုေဖာင္ေဒးရွင္းဆီသို႔ သူ႔ရဲ႕ခ်စ္လွစြာေသာ ARMY ေတြရဲ႕နာမည္နဲ႔ လွဴဒါန္းခဲ့ပါတယ္။

Photo: pinterest

ယခုလွဴဒါန္းမႈဟာ သူ႔ရဲ႕ ARMY ေတြဆီက ရရိွတဲ့ ခ်စ္ျခင္းေမတၱာေတြကို ျပန္လည္ေပးဆပ္ျခင္းပါပဲလို႔လည္း ေျပာထားပါေသးတယ္။ ဒါ့အျပင္ SUGA ဟာ သူကိုယ္တိုင္ ပါ၀င္ဒီဇိုင္းထုတ္ထားတဲ့ အရုပ္ေပါင္း (၃၂၉)ရုပ္ကိုပါ ထည့္သြင္းလွဴဒါန္းခဲ့တာပါ။ ကိုရီးယားကေလးအထူးကု ေဖာင္ေဒးရွင္းဟာ ကင္ဆာေရာဂါသည္ ကေလးငယ္ေတြနဲ႔ ေသြးကင္ဆာေရာဂါသည္ရိွတဲ့ က်ပ္တည္းတဲ့မိသားစုေတြဆီကို ေဆးရုံစရိတ္နဲ႔ ခြဲစိတ္ကုသဖို႔အတြက္ ရန္ပုံေငြေတြ ေထာက္ပ့ံေပးအပ္ေနတဲ့ အဖြဲ႔အစည္းတစ္ခု ျဖစ္ပါတယ္။

Photo: pinterest

Photo: pinterest

SUGA ရဲ႕ ပရိသတ္ေတြကေတာ့ ေအာင္ျမင္ေက်ာ္ၾကားမႈက ရရိွလာတဲ့ ေငြေၾကးေတြကို အခုလို လိုအပ္ေနတဲ့ ေနရာေတြမွာ လွဴဒါန္းတဲ့အတြက္ တကယ္ကို ၀မ္းသာဂုဏ္ယူေနၾကပါတယ္။

Source: allkpop

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ကိုရီးယား boy band တစ်ခုဖြစ်တဲ့ BTS အဖွဲ့က SUGA ဟာ မတ်လ (၉)ရက်နေ့မှာ ကျရောက်တဲ့ သူ့ရဲ့မွေးနေ့အထိမ်းအမှတ်အနေနဲ့ အမေရိကန်ဒေါ်လာ (၈၈၀၀၀)နဲ့ ညီမျှတဲ့ ကိုရီးယားဝမ် သန်း(၁၀၀)ကို ကိုရီးယားကလေးအထူးကုဖောင်ဒေးရှင်းဆီသို့ သူ့ရဲ့ချစ်လှစွာသော ARMY တွေရဲ့နာမည်နဲ့ လှူဒါန်းခဲ့ပါတယ်။

Photo: pinterest

ယခုလှူဒါန်းမှုဟာ သူ့ရဲ့ ARMY တွေဆီက ရရှိတဲ့ ချစ်ခြင်းမေတ္တာတွေကို ပြန်လည်ပေးဆပ်ခြင်းပါပဲလို့လည်း ပြောထားပါသေးတယ်။ ဒါ့အပြင် SUGA ဟာ သူကိုယ်တိုင် ပါဝင်ဒီဇိုင်းထုတ်ထားတဲ့ အရုပ်ပေါင်း (၃၂၉)ရုပ်ကိုပါ ထည့်သွင်းလှူဒါန်းခဲ့တာပါ။ ကိုရီးယားကလေးအထူးကု ဖောင်ဒေးရှင်းဟာ ကင်ဆာရောဂါသည် ကလေးငယ်တွေနဲ့ သွေးကင်ဆာရောဂါသည်ရှိတဲ့ ကျပ်တည်းတဲ့မိသားစုတွေဆီကို ဆေးရုံစရိတ်နဲ့ ခွဲစိတ်ကုသဖို့အတွက် ရန်ပုံငွေတွေ ထောက်ပံ့ပေးအပ်နေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

Photo: pinterest

Photo: pinterest

SUGA ရဲ့ ပရိသတ်တွေကတော့ အောင်မြင်ကျော်ကြားမှုက ရရှိလာတဲ့ ငွေကြေးတွေကို အခုလို လိုအပ်နေတဲ့ နေရာတွေမှာ လှူဒါန်းတဲ့အတွက် တကယ်ကို ဝမ်းသာဂုဏ်ယူနေကြပါတယ်။

Source: allkpop

RELATED ARTICLES

Most Popular