HomeEntertainmentFilmAlice in Wonderland ဇာတ်ကားရဲ့ ပိတ်ကားနောက်ကွယ်က စိတ်ဝင်စားစရာအချက်များ 

Alice in Wonderland ဇာတ်ကားရဲ့ ပိတ်ကားနောက်ကွယ်က စိတ်ဝင်စားစရာအချက်များ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Alice in Wonderland ဇာတ်ကားဟာ ကာတွန်းရုပ်ရှင် နှစ်သက်တဲ့ ပရိသတ်တွေကြားမှာ ဝက်ဝက်ကွဲ အောင်မြင်ခဲ့ပြီး ထူးခြားတဲ့ ကာတွန်းရုပ်ရှင်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ ၁၈၆၅ခုနှစ်မှာ Lewis Carroll ရေးသားထုတ်ဝေခဲ့တဲ့ ပုံပြင်စာအုပ်ကို အခြေခံပြီး Disney က ကာတွန်းဇာတ်ကောင်အဖြစ် ပြန်လည်ဖန်တီးကာ နောက်ပိုင်းမှာမှ live-action အဖြစ် ရိုက်ကူးထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ယခုဖော်ပြပေးမယ့် ပိတ်ကားနောက်ကွယ်က စိတ်ဝင်စားစရာအချက်တွေကတော့ ၂၀၁၀ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Alice in Wonderland ဇာတ်ကားရဲ့အကြောင်းပဲ ဖြစ်ပါတယ်။

Johnny Depp ရဲ့ ကာရိုက်တာပြင်ဆင်မှု
Photo via IMDb

မင်းသားကြီး Johnny Depp ဟာ သူသရုပ်ဆောင်ရမယ့် ဇာတ်ရုပ်တိုင်းကို သေသေချာချာ ကြိုတင်ပြင်ဆင်တတ်သူ ဖြစ်တာကြောင့် Mad Hatter ဇာတ်ရုပ်အတွက်ကိုလည်း ပြင်ဆင်မှုတွေ အသေးစိတ် ပြုလုပ်ခဲ့ပါတယ်။ Johnny ဟာ ရိုက်ကူးရေးတောင် မလုပ်ရသေးတဲ့အချိန်မှာ ဇာတ်ညွှန်းကိုပဲ တန်းဖတ်ပြီးရုံနဲ့ သူ့ကာရိုက်တာအတွက် သူ့ဘာသာ ကွင်းကွင်းကွက်ကွက် ပုံဖော်ဖို့ Mad Hatter ရဲ့ပုံရိပ်ကို ရေဆေးနဲ့ ပန်းချီဆွဲထားခဲ့သူ ဖြစ်ပါတယ်။ နောက်ပိုင်း ရိုက်ကူးရေး လုပ်တဲ့အချိန်မှ ဒါရိုက်တာ Tim Burton ပုံဖော်ထားတဲ့ Mad Hatter ပုံရိပ်နဲ့ သူ ကြိုဆွဲထားတဲ့ ရေဆေးပန်းချီတို့က တော်တော်လေး နီးစပ်နေတာကို တွေ့ခဲ့ရပါတယ်။

ဇာတ်ကောင်နဲ့ ပတ်သက်ရင်တော့ Mad Hatter ဟာ မာကျူရီအဆိပ်သင့်မှုကို ခံစားနေရတာကြောင့် စိတ်အခြေအနေတွေ မကြာခဏ ပြောင်းလဲနေသူ ဖြစ်ပါတယ်။ အဲ့ဒီ့ခေတ်အခါက ဦးထုပ်ပြုလုပ်သူတွေဟာ ဓာတုပစ္စည်းတွေကို အသုံးပြုတတ်ကြတာကြောင့် ဓာတုအဆိပ်သင့်မှုဟာ အဖြစ်များပါတယ်။ ဒါကို အကောင်းဆုံး ပုံဖော်နိုင်ဖို့အတွက် Johnny ဟာဒါရိုက်တာ Tim နဲ့ ပူးပေါင်းပြီး မိတ်ကပ်၊ အဝတ်အစားတွေနဲ့ ဇာတ်ကောင်ရဲ့ ရူးသွပ်တဲ့ စိတ်အခြေအနေကို ဖော်ပြဖို့ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

Red Queen ဖြစ်လာဖို့ ဖန်တီးမှုများ
Photo via IMDb

Red Queen နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Helena Bonham Carter ဟာ ရိုက်ကူးရေးအတွက် မိတ်ကပ်လိမ်းချိန်တင် တစ်နေ့ကို အနည်းဆုံး သုံးနာရီရှိခဲ့ပါတယ်။ သူမရဲ့ ခေါင်းအကြီးကြီးပုံစံကိုတော့ မိတ်ကပ်နဲ့ လုပ်ထားတာ မဟုတ်ဘဲ ကွန်ပျူတာ အထူးပြုလုပ်ချက်တွေနဲ့ ဖန်တီးထားတာပါ။ ဒါ့အပြင် သူမကို ရိုက်ကူးထားတဲ့ ကင်မရာကတော့ 4K အပြည့်ရှိတဲ့ အဆင့်မြင့်ကင်မရာနဲ့ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ special effect တွေသုံးပြီး ခေါင်းကို ချဲ့လိုက်တဲ့အခါ ရုပ်ထွက် အရည်အသွေး ကျမသွားဖို့အတွက် အဲ့ဒီ့အချိန်က ရုပ်ထွက်မြင့်တဲ့ ကင်မရာကို သုံးခဲ့တာ ဖြစ်ပါတယ်။

ရိုက်ကွင်းဆက်တင်နဲ့ တိရိစာ္ဆန်ကာရိုက်တာ ဖန်တီးမှုများ
Photo via IMDb

Alice in Wonderland ဟာ တစ်ကားလုံးနီးပါးကို green screen နဲ့ ရိုက်ကူးခဲ့တာဖြစ်ပြီး နောက်မှ ဒစ်ဂျစ်တယ်လ်နဲ့ နောက်ခံမြင်ကွင်းအားလုံးကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ တစ်ကားလုံးမှာ တကယ့်ဆက်တင်အစစ်နဲ့ ရိုက်ခဲ့တာဆိုလို့ Alice ယုန်တွင်းပေါက်ကနေ ကျသွားပြီး မျက်စိလည်နေတဲ့ ဟောခန်းမကြီးနဲ့ Red Queen ရဲ့ ရဲတိုက်ထဲက အကျဉ်းထောင်တို့သာ ပါဝင်ပါတယ်။ ဒါ့အပြင် ဒါရိုက်တာ Tim Burton ဟာ ဒီဇာတ်ကားကို 2D နဲ့ အရင်ရိုက်ကူးပြီးမှ တစ်ကားလုံးကို 3D ပြောင်းခဲ့တာ ဖြစ်ပါတယ်။

တိရိစာ္ဆန်ကာရိုက်တာတွေနဲ့ ပတ်သက်ရင်တော့ ဒါရိုက်တာ Tim Burton ဟာ ကာတွန်းရုပ်မဆန်ဘဲ တကယ့်အပြင်က တိရိစာ္ဆန်တွေရဲ့ ပုံစံနဲ့ အနီးစပ်ဆုံး တူညီတာကိုပဲ လိုချင်ခဲ့တာပါ။ ဒါကြောင့်ပဲ animator အဖွဲ့ဟာ White Rabbit ကာရိုက်တာကို မဖန်တီးခင် စွန့်ပစ်ယုန်လေးတွေကို ထိန်းသိမ်းထားတဲ့ ယုန်စခန်းတစ်ခုကို သွားရောက်ကာ ရှုထောင့်အမျိုးမျိုးကနေ ဓာတ်ပုံရိုက်ယူပြီး အသေးစိတ် လေ့လာပြီးမှ ဖန်တီးခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ခူကောင်ကို ဖန်တီးဖို့ကိုလည်း တကယ့်ခူကောင်တွေကို လိုက်ရှာကာ ဓာတ်ပုံရိုက်ပြီး အသေးစိတ်ကြည့်ပြီးတော့မှ ခူကောင်တွေရဲ့ ခန္ဓာကိုယ်မှာ အမွေးတွေရှိနေတာကို သိခဲ့ကြပြီး animation မှာလည်း ခူကောင်ကို အမွေးနဲ့ ဖန်တီးခဲ့ကြတာ ဖြစ်ပါတယ်။

Alice in Wonderland ဟာ၂၀၁၀ခုနှစ်ရဲ့ ဒုတိယဝင်ငွေအများဆုံး ရုပ်ရှင်ကား ဖြစ်ပါတယ်။
Photo via IMDb

Alice in Wonderland ဟာ Disney ရဲ့ မူလအစီအစဉ်အတိုင်းဆိုရင် ၂၀၀၉ခုနှစ်မှာ ထွက်ရှိရမှာ ဖြစ်ပါတယ်။ သို့ပေမယ့် ရုံတင်ရက်တွေ နောက်ရွှေ့ရင်းနဲ့ ၂၀၁၀ခုနှစ် မတ်လကျမှ ရုံတင်ခဲ့ရပါတယ်။ ရုံတင်ရက်တွေ နောက်ရွှေ့ခဲ့ပေမယ့် အောင်မြင်မှုကတော့ နောက်မရောက်ခဲ့ပါဘူး။ Alice in Wonderland ဟာ Toy Story 3 ရဲ့နောက်မှာ ဒုတိယလိုက်ပြီး box-office ဝင်ငွေ ဒေါ်လာ(၁.၀၂၅)ဘီလျံ ရရှိခဲ့ပါတယ်။ ဘတ်ဂျက်က ဒေါ်လာသန်း(၁၅၀)နဲ့ သန်း(၂၀၀)ကြားမှာ ရှိခဲ့တာကြောင့် သောက်သောက်လဲ မြတ်စွန်းခဲ့တယ်လို့ ပြောရမှာပါ။

Helena Bonham Carter နဲ့ ဒါရိုက်တာ Tim Burton တို့ဟာ အဲ့ဒီ့အချိန်က ဇနီးမောင်နှံတွေပါ။
Photo: wikimedia commons/ bonham.carter/ Instagram

Red Queen နေရာမှာ သရုပ်ဆောင်တဲ့ မင်းသမီး Helena Bonham Carter ဟာ ဒါရိုက်တာ Tim Burton ရဲ့ ဇနီး ဖြစ်ပါတယ်။ “သူက ကျွန်မနဲ့ အလုပ်လုပ်ချင်တယ်ဆို ကျွန်မမှာ အမြဲခံစားရတယ်။ ဒါပေမယ့် ဒီတစ်ခါကျတော့ ကျွန်မ မပါလို့ မရဘူးတဲ့။ ကျွန်မကို တစ်ခါတည်း ထည့်ပြီး ဇာတ်ညွှန်းရေးထားတာလို့ ပြောတယ်။ အဲ့လိုနဲ့ပဲ ခေါင်းကြီးကြီး၊ စိတ်တိုနေတဲ့ မျက်ခုံးမွေးနဲ့ Red Queen ကို သူဖန်တီးလိုက်တာပါပဲ… ” လို့ Helena က အင်တာဗျူးတစ်ခုမှာ ပြောခဲ့ဖူးပါတယ်။

သူတို့နှစ်ယောက်ဟာ အိမ်ထောင်သက်(၁၃)နှစ်ကြာ ပေါင်းသင်းခဲ့ပြီး ၂၀၁၃ခုနှစ်မှာ လမ်းခွဲခဲ့ကြတာ ဖြစ်ပါတယ်။ Helena နဲ့ Tim တို့ဟာ အတူတူ လက်တွဲပြီး ရုပ်ရှင်ခြောက်ကား ရိုက်ကူးခဲ့ဖူးသလို ကလေးနှစ်ယောက်လည်း ထွန်းကားထားပါတယ်။ သို့ပေမယ့် သူတို့နှစ်ယောက်ဟာ တရားဝင် လက်ထပ်တာမျိုးတော့ မရှိခဲ့ပါဘူး။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Alice in Wonderland ဇာတ္ကားဟာ ကာတြန္း႐ုပ္ရွင္ ႏွစ္သက္တဲ့ ပရိသတ္ေတြၾကားမွာ ဝက္ဝက္ကြဲ ေအာင္ျမင္ခဲ့ၿပီး ထူးျခားတဲ့ ကာတြန္း႐ုပ္ရွင္တစ္ခုလည္း ျဖစ္ပါတယ္။ ဒီဇာတ္လမ္းဟာ ၁၈၆၅ခုႏွစ္မွာ Lewis Carroll ေရးသားထုတ္ေဝခဲ့တဲ့ ပုံျပင္စာအုပ္ကို အေျခခံၿပီး Disney က ကာတြန္းဇာတ္ေကာင္အျဖစ္ ျပန္လည္ဖန္တီးကာ ေနာက္ပိုင္းမွာမွ live-action အျဖစ္ ႐ိုက္ကူးထုတ္လုပ္ခဲ့တာ ျဖစ္ပါတယ္။ ယခုေဖာ္ျပေပးမယ့္ ပိတ္ကားေနာက္ကြယ္က စိတ္ဝင္စားစရာအခ်က္ေတြကေတာ့ ၂၀၁၀ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Alice in Wonderland ဇာတ္ကားရဲ႕အေၾကာင္းပဲ ျဖစ္ပါတယ္။

Johnny Depp ရဲ႕ ကာ႐ိုက္တာျပင္ဆင္မႈ
Photo via IMDb

မင္းသားႀကီး Johnny Depp ဟာ သူသ႐ုပ္ေဆာင္ရမယ့္ ဇာတ္႐ုပ္တိုင္းကို ေသေသခ်ာခ်ာ ႀကိဳတင္ျပင္ဆင္တတ္သူ ျဖစ္တာေၾကာင့္ Mad Hatter ဇာတ္႐ုပ္အတြက္ကိုလည္း ျပင္ဆင္မႈေတြ အေသးစိတ္ ျပဳလုပ္ခဲ့ပါတယ္။ Johnny ဟာ ႐ိုက္ကူးေရးေတာင္ မလုပ္ရေသးတဲ့အခ်ိန္မွာ ဇာတ္ၫႊန္းကိုပဲ တန္းဖတ္ၿပီး႐ုံနဲ႔ သူ႔ကာ႐ိုက္တာအတြက္ သူ႔ဘာသာ ကြင္းကြင္းကြက္ကြက္ ပုံေဖာ္ဖို႔ Mad Hatter ရဲ႕ပုံရိပ္ကို ေရေဆးနဲ႔ ပန္းခ်ီဆြဲထားခဲ့သူ ျဖစ္ပါတယ္။ ေနာက္ပိုင္း ႐ိုက္ကူးေရး လုပ္တဲ့အခ်ိန္မွ ဒါ႐ိုက္တာ Tim Burton ပုံေဖာ္ထားတဲ့ Mad Hatter ပုံရိပ္နဲ႔ သူ ႀကိဳဆြဲထားတဲ့ ေရေဆးပန္းခ်ီတို႔က ေတာ္ေတာ္ေလး နီးစပ္ေနတာကို ေတြ႕ခဲ့ရပါတယ္။

ဇာတ္ေကာင္နဲ႔ ပတ္သက္ရင္ေတာ့ Mad Hatter ဟာ မာက်ဴရီအဆိပ္သင့္မႈကို ခံစားေနရတာေၾကာင့္ စိတ္အေျခအေနေတြ မၾကာခဏ ေျပာင္းလဲေနသူ ျဖစ္ပါတယ္။ အဲ့ဒီ့ေခတ္အခါက ဦးထုပ္ျပဳလုပ္သူေတြဟာ ဓာတုပစၥည္းေတြကို အသုံးျပဳတတ္ၾကတာေၾကာင့္ ဓာတုအဆိပ္သင့္မႈဟာ အျဖစ္မ်ားပါတယ္။ ဒါကို အေကာင္းဆုံး ပုံေဖာ္ႏိုင္ဖို႔အတြက္ Johnny ဟာဒါ႐ိုက္တာ Tim နဲ႔ ပူးေပါင္းၿပီး မိတ္ကပ္၊ အဝတ္အစားေတြနဲ႔ ဇာတ္ေကာင္ရဲ႕ ႐ူးသြပ္တဲ့ စိတ္အေျခအေနကို ေဖာ္ျပဖို႔ ဖန္တီးခဲ့တာ ျဖစ္ပါတယ္။

Red Queen ျဖစ္လာဖို႔ ဖန္တီးမႈမ်ား
Photo via IMDb

Red Queen ေနရာမွာ သ႐ုပ္ေဆာင္ခဲ့တဲ့ မင္းသမီး Helena Bonham Carter ဟာ ႐ိုက္ကူးေရးအတြက္ မိတ္ကပ္လိမ္းခ်ိန္တင္ တစ္ေန႔ကို အနည္းဆုံး သုံးနာရီရွိခဲ့ပါတယ္။ သူမရဲ႕ ေခါင္းအႀကီးႀကီးပုံစံကိုေတာ့ မိတ္ကပ္နဲ႔ လုပ္ထားတာ မဟုတ္ဘဲ ကြန္ပ်ဴတာ အထူးျပဳလုပ္ခ်က္ေတြနဲ႔ ဖန္တီးထားတာပါ။ ဒါ့အျပင္ သူမကို ႐ိုက္ကူးထားတဲ့ ကင္မရာကေတာ့ 4K အျပည့္ရွိတဲ့ အဆင့္ျမင့္ကင္မရာနဲ႔ ႐ိုက္ကူးခဲ့တာ ျဖစ္ပါတယ္။ special effect ေတြသုံးၿပီး ေခါင္းကို ခ်ဲ႕လိုက္တဲ့အခါ ႐ုပ္ထြက္ အရည္အေသြး က်မသြားဖို႔အတြက္ အဲ့ဒီ့အခ်ိန္က ႐ုပ္ထြက္ျမင့္တဲ့ ကင္မရာကို သုံးခဲ့တာ ျဖစ္ပါတယ္။

႐ိုက္ကြင္းဆက္တင္နဲ႔ တိရိစာၦန္ကာ႐ိုက္တာ ဖန္တီးမႈမ်ား
Photo via IMDb

Alice in Wonderland ဟာ တစ္ကားလုံးနီးပါးကို green screen နဲ႔ ႐ိုက္ကူးခဲ့တာျဖစ္ၿပီး ေနာက္မွ ဒစ္ဂ်စ္တယ္လ္နဲ႔ ေနာက္ခံျမင္ကြင္းအားလုံးကို ဖန္တီးခဲ့တာ ျဖစ္ပါတယ္။ တစ္ကားလုံးမွာ တကယ့္ဆက္တင္အစစ္နဲ႔ ႐ိုက္ခဲ့တာဆိုလို႔ Alice ယုန္တြင္းေပါက္ကေန က်သြားၿပီး မ်က္စိလည္ေနတဲ့ ေဟာခန္းမႀကီးနဲ႔ Red Queen ရဲ႕ ရဲတိုက္ထဲက အက်ဥ္းေထာင္တို႔သာ ပါဝင္ပါတယ္။ ဒါ့အျပင္ ဒါ႐ိုက္တာ Tim Burton ဟာ ဒီဇာတ္ကားကို 2D နဲ႔ အရင္႐ိုက္ကူးၿပီးမွ တစ္ကားလုံးကို 3D ေျပာင္းခဲ့တာ ျဖစ္ပါတယ္။

တိရိစာၦန္ကာ႐ိုက္တာေတြနဲ႔ ပတ္သက္ရင္ေတာ့ ဒါ႐ိုက္တာ Tim Burton ဟာ ကာတြန္း႐ုပ္မဆန္ဘဲ တကယ့္အျပင္က တိရိစာၦန္ေတြရဲ႕ ပုံစံနဲ႔ အနီးစပ္ဆုံး တူညီတာကိုပဲ လိုခ်င္ခဲ့တာပါ။ ဒါေၾကာင့္ပဲ animator အဖြဲ႕ဟာ White Rabbit ကာ႐ိုက္တာကို မဖန္တီးခင္ စြန႔္ပစ္ယုန္ေလးေတြကို ထိန္းသိမ္းထားတဲ့ ယုန္စခန္းတစ္ခုကို သြားေရာက္ကာ ရႈေထာင့္အမ်ိဳးမ်ိဳးကေန ဓာတ္ပုံ႐ိုက္ယူၿပီး အေသးစိတ္ ေလ့လာၿပီးမွ ဖန္တီးခဲ့ၾကတာ ျဖစ္ပါတယ္။

ဒါ့အျပင္ ခူေကာင္ကို ဖန္တီးဖို႔ကိုလည္း တကယ့္ခူေကာင္ေတြကို လိုက္ရွာကာ ဓာတ္ပုံ႐ိုက္ၿပီး အေသးစိတ္ၾကည့္ၿပီးေတာ့မွ ခူေကာင္ေတြရဲ႕ ခႏၶာကိုယ္မွာ အေမြးေတြရွိေနတာကို သိခဲ့ၾကၿပီး animation မွာလည္း ခူေကာင္ကို အေမြးနဲ႔ ဖန္တီးခဲ့ၾကတာ ျဖစ္ပါတယ္။

Alice in Wonderland ဟာ၂၀၁၀ခုႏွစ္ရဲ႕ ဒုတိယဝင္ေငြအမ်ားဆုံး ႐ုပ္ရွင္ကား ျဖစ္ပါတယ္။
Photo via IMDb

Alice in Wonderland ဟာ Disney ရဲ႕ မူလအစီအစဥ္အတိုင္းဆိုရင္ ၂၀၀၉ခုႏွစ္မွာ ထြက္ရွိရမွာ ျဖစ္ပါတယ္။ သို႔ေပမယ့္ ႐ုံတင္ရက္ေတြ ေနာက္ေ႐ႊ႕ရင္းနဲ႔ ၂၀၁၀ခုႏွစ္ မတ္လက်မွ ႐ုံတင္ခဲ့ရပါတယ္။ ႐ုံတင္ရက္ေတြ ေနာက္ေ႐ႊ႕ခဲ့ေပမယ့္ ေအာင္ျမင္မႈကေတာ့ ေနာက္မေရာက္ခဲ့ပါဘူး။ Alice in Wonderland ဟာ Toy Story 3 ရဲ႕ေနာက္မွာ ဒုတိယလိုက္ၿပီး box-office ဝင္ေငြ ေဒၚလာ(၁.၀၂၅)ဘီလ်ံ ရရွိခဲ့ပါတယ္။ ဘတ္ဂ်က္က ေဒၚလာသန္း(၁၅၀)နဲ႔ သန္း(၂၀၀)ၾကားမွာ ရွိခဲ့တာေၾကာင့္ ေသာက္ေသာက္လဲ ျမတ္စြန္းခဲ့တယ္လို႔ ေျပာရမွာပါ။

Helena Bonham Carter နဲ႔ ဒါ႐ိုက္တာ Tim Burton တို႔ဟာ အဲ့ဒီ့အခ်ိန္က ဇနီးေမာင္ႏွံေတြပါ။
Photo: wikimedia commons/ bonham.carter/ Instagram

Red Queen ေနရာမွာ သ႐ုပ္ေဆာင္တဲ့ မင္းသမီး Helena Bonham Carter ဟာ ဒါ႐ိုက္တာ Tim Burton ရဲ႕ ဇနီး ျဖစ္ပါတယ္။ “သူက ကြၽန္မနဲ႔ အလုပ္လုပ္ခ်င္တယ္ဆို ကြၽန္မမွာ အၿမဲခံစားရတယ္။ ဒါေပမယ့္ ဒီတစ္ခါက်ေတာ့ ကြၽန္မ မပါလို႔ မရဘူးတဲ့။ ကြၽန္မကို တစ္ခါတည္း ထည့္ၿပီး ဇာတ္ၫႊန္းေရးထားတာလို႔ ေျပာတယ္။ အဲ့လိုနဲ႔ပဲ ေခါင္းႀကီးႀကီး၊ စိတ္တိုေနတဲ့ မ်က္ခုံးေမြးနဲ႔ Red Queen ကို သူဖန္တီးလိုက္တာပါပဲ… ” လို႔ Helena က အင္တာဗ်ဴးတစ္ခုမွာ ေျပာခဲ့ဖူးပါတယ္။

သူတို႔ႏွစ္ေယာက္ဟာ အိမ္ေထာင္သက္(၁၃)ႏွစ္ၾကာ ေပါင္းသင္းခဲ့ၿပီး ၂၀၁၃ခုႏွစ္မွာ လမ္းခြဲခဲ့ၾကတာ ျဖစ္ပါတယ္။ Helena နဲ႔ Tim တို႔ဟာ အတူတူ လက္တြဲၿပီး ႐ုပ္ရွင္ေျခာက္ကား ႐ိုက္ကူးခဲ့ဖူးသလို ကေလးႏွစ္ေယာက္လည္း ထြန္းကားထားပါတယ္။ သို႔ေပမယ့္ သူတို႔ႏွစ္ေယာက္ဟာ တရားဝင္ လက္ထပ္တာမ်ိဳးေတာ့ မရွိခဲ့ပါဘူး။

Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular