HomeEntertainmentFilmSquid Game Season 2 နဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

Squid Game Season 2 နဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

၂၀၂၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Squid Game ဇာတ်လမ်းတွဲကတော့ တစ်ကမ္ဘာလုံးမှာ အောင်မြင်မှုတွေ ရရှိသွားခဲ့ပြီး ပရိသတ်များစွာကလည်း Season 2 ကို တောင်းဆိုနေကြပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ Netflix က ဖန်တီးခဲ့တာ ဖြစ်ပြီး ထွက်ရှိလာပြီး သိပ်မကြာခင်မှာပဲ Netflix ရဲ့ လူကြည့်အများဆုံး Original ဇာတ်လမ်းတွဲတစ်ခု ဖြစ်လာပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ဒီဇာတ်လမ်းတွဲရဲ့ Season 2 နဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

photo via screenrant

ဒီဇာတ်လမ်းတွဲရဲ့ ဖန်တီးသူဖြစ်တဲ့ Hwang Dong-hyuk ကတော့ Season 2 ကို ဖန်တီးဖို့ ပြင်ဆင်မှုတွေ စတင်နေပြီလို့ အတည်ပြုပေးထားပါတယ်။ ဒါ့အပြင် Season 2 ထဲမှာတော့ ပိုကြောက်စရာကောင်းသလို ပိုရက်စက်တဲ့ ဂိမ်းကစားနည်းတွေကို မြင်တွေ့ရမယ်လို့လည်း ပြောပါတယ်။ ဒါတင်မကသေးဘဲ Season 1 နဲ့ မတူဘဲ ကွဲပြားမယ့် အချက်ကတော့ Season 2 ထဲက ဇာတ်ကောင်တွေဟာ အနိုင်ရရှိဖို့အတွက် အတူတကွ ကြိုးစားကြတာကို မြင်တွေ့ရမယ်လို့ ဆိုပါတယ်။ သို့ပေမယ့်လည်း လောလောဆယ်မှာတော့ ရိုက်ကူးရေးတောင် မစတင်ရသေးတာကြောင့် ဇာတ်လမ်းအကျဉ်းကိုတော့ မသိရသေးပါဘူး။

ယခုအချိန် Season 2 မှာ ပြန်လည်ပါဝင်လာဖို့ အတည်ပြုထားတဲ့ သရုပ်ဆောင်တွေကတော့ Gihan နေရာမှာ သရုပ်ဆောင်ထားတဲ့ Lee Jung-jae နဲ့ ဗီလိန်ဖြစ်တဲ့ Lee Byung-hun တို့နှစ်ယောက်ပဲ ရှိပါသေးတယ်။ Season 1 ထဲမှာတော့ ဇာတ်ကောင်အများစုဟာ သေဆုံးသွားကြတာကြောင့် Season 2 ထဲမှာတော့ ဇာတ်ကောင်အသစ်တွေကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း ဖန်တီးသူ Hwang Dong-hyuk ဟာ Season 2 ထဲမှာလည်း နောက်ကြောင်းပြန်တဲ့ ပုံစံမျိူးနဲ့ဖြစ်ဖြစ် သေဆုံးသွားတဲ့ ဇာတ်ကောင်တွေကို ပြန်လည် မြင်တွေ့ရနိုင်သေးတယ်လို့ ဆိုပါတယ်။

photo via screenrant

Season 2 အတွက်ကတော့ ရိုက်ကူးရေးတောင် မစတင်ရသေးတာကြောင့် ထွက်ရှိလာမယ့် ရက်အတိအကျကိုတော့ မသိရသေးပါဘူး။ ဒါရိုက်တာ Hwang Dong-hyuk ကတော့ Season 2 ကို ဖန်တီးဖို့ သေချာအချိန်ယူသွားမယ်လို့ ပရိသတ်တွေကို ပြောထားပြီး အနည်းဆုံးတော့ ပရိသတ်တွေဟာ Season 2 ကို ကြည့်ရှုဖို့အတွက် ၂၀၂၄ ခုနှစ်လောက်အထိ စောင့်ဆိုင်းရမယ်လို့ ဆိုထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular