HomeCelebs Update NewsKoreaတစ်ခါကအဖြစ်အပျက်တစ်ခုကြောင့် ဘီကီနီဘယ်တော့မှ မဝတ်တော့ဘူးဆိုတဲ့ Seo Ye Ji 

တစ်ခါကအဖြစ်အပျက်တစ်ခုကြောင့် ဘီကီနီဘယ်တော့မှ မဝတ်တော့ဘူးဆိုတဲ့ Seo Ye Ji 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသမီးချောလေး Seo Ye Ji ဟာ ယခုလက်ရှိ ခေတ်စားနေတဲ့ It’s Okay To Not Be Okay ဆိုတဲ့ ဒရာမာထဲက သူမရဲ့ ကျက်သရေရှိတဲ့ ဖက်ရှင်တွေနဲ့ သွယ်လျတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းလေးကြောင့် ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို ထပ်မံရရှိနေပါတယ်။

ဒါ့အပြင် မကြာသေးခင်က ထွက်ရှိပြီးတဲ့ အပိုင်းထဲမှာတော့ သူမရဲ့ ခါးသေးသေးလေးကြောင့် ပရိသတ်တွေရဲ့ အံ့အားသင့်မှုကို ရရှိလိုက်ပါသေးတယ်။ Seo Ye Ji ဟာ အရပ်(၁၆၉)စင်တီမီတာရှိပြီး (၄၃)ကီလိုဂရမ် ကိုယ်အလေးချိန် ရှိတဲ့ မင်းသမီးတစ်လက်ဖြစ်တာကြောင့် ဘီကီနီသာ ဝတ်လိုက်မယ်ဆိုရင် တကယ့်ကို သွယ်လျတဲ့အလှနဲ့ ဆွဲဆောင်မှုရှိနေမှာ အမှန်ပါပဲ။

Photo Courtesy: tvN/ Netflix

သို့ပေမယ့် သူမဟာ ရေကူးကန်လို နေရာမျိုးကို သွားရင်တောင် ဘီကီနီမဝတ်ဘူးလို့ ဆိုပါတယ်။ လှပတဲ့ခန္ဓာကိုယ်ကို ကြွားဖို့နေနေသာ ရေကူးကန်မှာတောင် ဘီကီနီဝတ်ဖို့ ဒီလိုငြင်းဆန်နေရတာဟာ တကယ်တော့ အတိတ်က ဖြစ်ခဲ့ဖူးတဲ့ ဖြစ်ရပ်တစ်ခုကြောင့် ဖြစ်ပါတယ်။

JTBC ရဲ့ Knowing Bros အစီအစဉ်ကို သူမ လာရောက်ခဲ့ဖူးတုန်းက ဘီကီနီ ဘယ်တော့မှ ဝတ်မှာမဟုတ်တော့တဲ့အကြောင်းကို ပြောပြခဲ့ဖူးပါတယ်။ ဖြစ်ပုံကတော့ Seo Ye Ji တစ်ယောက် စပိန်နိုင်ငံမှာ သွားရောက်ပြီး ကျောင်းတက်ခဲ့တုန်းက သူမနဲ့အတူနေတဲ့ အဘွားတစ်ယောက်ဟာ ရေကူးကန်ကို သွားဖို့တိုက်တွန်းခဲ့ပါတယ်။ သို့ပေမယ့် ရေကူးဝတ်စုံ မရှိတဲ့ Ye Ji ဟာ မသွားဘူးလို့ ငြင်းဆိုခဲ့ပါသတဲ့။

Photo Courtesy: tvN/ Netflix

ဒီမှာတင် အဘွားဟာ ရှိတဲ့အတွင်းခံကိုပဲ ရေကူးဝတ်စုံလို့ သဘောထားပြီး သွားကူးဖို့ အဆိုပြုပါသတဲ့။ ရေကူးကန်မှာကလည်း တစ်ခြားဘယ်သူမှ မရှိတာကြောင့် Ye Ji လည်း အရဲစွန့်ကာ အတွင်းခံနဲ့ပဲ ရေသွားကူးလိုက်ပါတယ်။ ဒါပေမယ့် ကံဆိုးချင်တော့ စပိန်အမျိုးသားတစ်သိုက်ဟာ ရုတ်တရက်ကြီး ရေကူးကန်နားကို ရောက်လာကြပါတယ်။

ရေကူးဝတ်စုံအစား အတွင်းခံနဲ့ ရေကူးနေတဲ့ Ye Ji ကို အဘွားက လှမ်းစတဲ့အခါ ကျန်တဲ့စပိန်အမျိုးသားတွေကပါ ဝိုင်းစကြပါတော့တယ်။ ဒီမှာတင် အရှက်ကြီး ရှက်သွားတဲ့ Ye Ji လေးဟာ အဲ့ဒီ့နောက်ပိုင်းမှာ လုံးဝ ဘီကီနီမဝတ်တော့ပါဘူးတဲ့။

Photo: seoyejinews/ Instagram

မျက်နှာလေးရော၊ ခန္ဓာကိုယ်လေးကပါ လှပပြီး ဆွဲဆောင်မှုရှိလွန်းတဲ့ Seo Ye Ji ဟာ ဘီကီနီလို ခပ်ဟော့ဟော့ အဝတ်တွေ မဝတ်လည်း ညို့ဓာတ်အပြည့်နဲ့ လှပနေပြီးသားပါလို့ ဆိုလိုက်ရင်း … ။

LaNina

Source: koreaboo

(Zawgyi Version)

မင္းသမီးေခ်ာေလး Seo Ye Ji ဟာ ယခုလက္ရွိ ေခတ္စားေနတဲ့ It’s Okay To Not Be Okay ဆိုတဲ့ ဒရာမာထဲက သူမရဲ႕ က်က္သေရရွိတဲ့ ဖက္ရွင္ေတြနဲ႔ သြယ္လ်တဲ့ ခႏၶာကိုယ္ေကာက္ေၾကာင္းေလးေၾကာင့္ ပရိသတ္ရဲ႕ စိတ္ဝင္စားမႈကို ထပ္မံရရွိေနပါတယ္။

ဒါ့အျပင္ မၾကာေသးခင္က ထြက္ရွိၿပီးတဲ့ အပိုင္းထဲမွာေတာ့ သူမရဲ႕ ခါးေသးေသးေလးေၾကာင့္ ပရိသတ္ေတြရဲ႕ အံ့အားသင့္မႈကို ရရွိလိုက္ပါေသးတယ္။ Seo Ye Ji ဟာ အရပ္(၁၆၉)စင္တီမီတာရွိၿပီး (၄၃)ကီလိုဂရမ္ ကိုယ္အေလးခ်ိန္ ရွိတဲ့ မင္းသမီးတစ္လက္ျဖစ္တာေၾကာင့္ ဘီကီနီသာ ဝတ္လိုက္မယ္ဆိုရင္ တကယ့္ကို သြယ္လ်တဲ့အလွနဲ႔ ဆြဲေဆာင္မႈရွိေနမွာ အမွန္ပါပဲ။

Photo Courtesy: tvN/ Netflix

သို႔ေပမယ့္ သူမဟာ ေရကူးကန္လို ေနရာမ်ိဳးကို သြားရင္ေတာင္ ဘီကီနီမဝတ္ဘူးလို႔ ဆိုပါတယ္။ လွပတဲ့ခႏၶာကိုယ္ကို ႂကြားဖို႔ေနေနသာ ေရကူးကန္မွာေတာင္ ဘီကီနီဝတ္ဖို႔ ဒီလိုျငင္းဆန္ေနရတာဟာ တကယ္ေတာ့ အတိတ္က ျဖစ္ခဲ့ဖူးတဲ့ ျဖစ္ရပ္တစ္ခုေၾကာင့္ ျဖစ္ပါတယ္။

JTBC ရဲ႕ Knowing Bros အစီအစဥ္ကို သူမ လာေရာက္ခဲ့ဖူးတုန္းက ဘီကီနီ ဘယ္ေတာ့မွ ဝတ္မွာမဟုတ္ေတာ့တဲ့အေၾကာင္းကို ေျပာျပခဲ့ဖူးပါတယ္။ ျဖစ္ပုံကေတာ့ Seo Ye Ji တစ္ေယာက္ စပိန္ႏိုင္ငံမွာ သြားေရာက္ၿပီး ေက်ာင္းတက္ခဲ့တုန္းက သူမနဲ႔အတူေနတဲ့ အဘြားတစ္ေယာက္ဟာ ေရကူးကန္ကို သြားဖို႔တိုက္တြန္းခဲ့ပါတယ္။ သို႔ေပမယ့္ ေရကူးဝတ္စုံ မရွိတဲ့ Ye Ji ဟာ မသြားဘူးလို႔ ျငင္းဆိုခဲ့ပါသတဲ့။

Photo Courtesy: tvN/ Netflix

ဒီမွာတင္ အဘြားဟာ ရွိတဲ့အတြင္းခံကိုပဲ ေရကူးဝတ္စုံလို႔ သေဘာထားၿပီး သြားကူးဖို႔ အဆိုျပဳပါသတဲ့။ ေရကူးကန္မွာကလည္း တစ္ျခားဘယ္သူမွ မရွိတာေၾကာင့္ Ye Ji လည္း အရဲစြန႔္ကာ အတြင္းခံနဲ႔ပဲ ေရသြားကူးလိုက္ပါတယ္။ ဒါေပမယ့္ ကံဆိုးခ်င္ေတာ့ စပိန္အမ်ိဳးသားတစ္သိုက္ဟာ ႐ုတ္တရက္ႀကီး ေရကူးကန္နားကို ေရာက္လာၾကပါတယ္။

ေရကူးဝတ္စုံအစား အတြင္းခံနဲ႔ ေရကူးေနတဲ့ Ye Ji ကို အဘြားက လွမ္းစတဲ့အခါ က်န္တဲ့စပိန္အမ်ိဳးသားေတြကပါ ဝိုင္းစၾကပါေတာ့တယ္။ ဒီမွာတင္ အရွက္ႀကီး ရွက္သြားတဲ့ Ye Ji ေလးဟာ အဲ့ဒီ့ေနာက္ပိုင္းမွာ လုံးဝ ဘီကီနီမဝတ္ေတာ့ပါဘူးတဲ့။

Photo: seoyejinews/ Instagram

မ်က္ႏွာေလးေရာ၊ ခႏၶာကိုယ္ေလးကပါ လွပၿပီး ဆြဲေဆာင္မႈရွိလြန္းတဲ့ Seo Ye Ji ဟာ ဘီကီနီလို ခပ္ေဟာ့ေဟာ့ အဝတ္ေတြ မဝတ္လည္း ညိဳ႕ဓာတ္အျပည့္နဲ႔ လွပေနၿပီးသားပါလို႔ ဆိုလိုက္ရင္း … ။

LaNina

Source: koreaboo

RELATED ARTICLES

Most Popular