HomeEntertainmentFilm၂၀၂၁ခုနှစ်မှာ ထွက်ရှိလာမယ့် Marvel ရဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ဇာတ်လမ်းတွဲများ

၂၀၂၁ခုနှစ်မှာ ထွက်ရှိလာမယ့် Marvel ရဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ဇာတ်လမ်းတွဲများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

၂၀၂၀ ခုနှစ်မှာတော့ ကိုဗစ်ကြောင့် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာဟာ ရုံတင်ရက် ရွှေ့ပြောင်းခဲ့ရပါတယ်။ Marvel ကတော့ ယခင်တုန်းက တစ်နှစ်ကို အနည်းဆုံး ရုပ်ရှင်တစ်ကားလောက် ထုတ်ခဲ့ပေမယ့်လည်း ၂၀၂၀ မှာတော့ ရုပ်ရှင်တစ်ကားမှ ထွက်မလာနိုင်ခဲ့ပါဘူး။ အဲ့ဒါကြောင့်ပဲ ၂၀၂၀ မှာ ထွက်ရမယ့် ရုပ်ရှင်တွေဟာ ၂၀၂၁ ကို ပြောင်းရွှေ့သွားခဲ့ပြီး ဒီနှစ်ထဲမှာတော့ Marvel ရဲ့ ရုပ်ရှင်တွေအများကြီးကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Disney+ ကလည်း အခုချိန်မှာ ဇာတ်လမ်းတွဲတွေကိုပါ ထပ်မံပြသသွားမှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ ၂၀၂၁ ခုနှစ်မှာ ထွက်ရှိလာမယ့် Marvel ရဲ့ ရုပ်ရှင်တွေနဲ့ ဇာတ်လမ်းတွဲတွေကို ဖော်ပြပေးချင်ပါတယ်။

(1) WandaVision
photo via screenrant

၂၀၂၁ ခုနှစ်မှာ ပထမဆုံး ထွက်ရှိလာမယ့် Marvel ရဲ့ ဇာတ်လမ်းတွဲကတော့ WandaVision ပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Elizabeth Olsen နဲ့ Paul Bettany တို့ဟာ Wanda နဲ့ Vision အဖြစ် ပြန်လည်ပါဝင်လာမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ သူတို့နှစ်ယောက် နေထိုင်နေတဲ့ တစ်ခြား reality တစ်ခုအကြောင်းကို မြင်တွေ့ရမှာပါ။ ဒါ့အပြင် ဒီဇာတ်လမ်းဟာ House of M ကောမစ်ကို အခြေခံထားတာ ဖြစ်နိုင်ပြီး MCU ရဲ့ X-Men တွေအတွက်လည်း လမ်းစတစ်ခု ဖြစ်နေနိုင်ပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ Disney+ ကနေ ဇန်နဝါရီလ (၁၅)ရက်နေ့မှာ စတင်ပြသသွားမှာ ဖြစ်ပါတယ်။

(2) Morbius
photo via screenrant

ဒီရုပ်ရှင်ထဲမှာတော့ Jared Leto ဟာ Morbius ဆိုတဲ့ သွေးစုပ်ဖုတ်ကောင်နေရာမှာ ပါဝင်လာမှာ ဖြစ်ပြီး Adria Arjona ၊ Matt Smith နဲ့ Jared Harris တို့လည်း ပါဝင်ထားပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းဟာ Spider-Man ရုပ်ရှင်တွေနဲ့ ဆက်စပ်နေနိုင်ပြီး Michael Keaton ရဲ့ Vulture ကလည်း cameo အနေနဲ့ ပါဝင်လာမယ်လို့ သိရပါတယ်။ မူလတုန်းက ဒီရုပ်ရှင်ဟာ ၂၀၂၀ နွေရာသီမှာ ထွက်လာဖို့ စီစဉ်ထားပေမယ့်လည်း ကိုဗစ်ကြောင့် ရက်ရွှေ့ခဲ့ရပြီး ယခုနှစ် မတ်လ (၁၉)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

(3) The Falcon and The Winter Soldier
photo via screenrant

မူလတုန်းကတော့ ဒီဇာတ်လမ်းဟာ ပထမဆုံး ထွက်ရှိလာမယ့် ဇာတ်လမ်းတွဲဖြစ်ပေမယ့်လည်း အကြောင်းအမျိူးမျိူးကြောင့် နောက်ကျခဲ့ရပါတယ်။ Anthony Mackie နဲ့ Sebastian Stan တို့ကလည်း Sam Wilson နဲ့ Bucky Barnes တို့အနေနဲ့ ပြန်လည်ပါဝင်လာမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ Endgame တုန်းက Cap ပေးခဲ့တဲ့ ဒိုင်းနဲ့ Cap ရဲ့ အမွေအနှစ်တွေိနဲ့ ပတ်သက်ပြီး တွေ့ကြုံရတဲ့ ပြဿနာတွေကို မြင်တွေ့ရမှာပါ။ ဒီဇာတ်လမ်းတွဲကိုတော့ Disney+ ကနေ မတ်လ (၁၉)ရက်နေ့မှာ စတင်ပြသသွားမှာ ဖြစ်ပါတယ်။

(4) Black Widow
photo via screenrant

Natasha Romanoff ကတော့ ၂၀၂၁ ခုနှစ်မှာ သူမရဲ့ ပထမဆုံး ဆိုလိုရုပ်ရှင်နဲ့ ပရိသတ်ရှေ့ကို ပြန်လည် ထွက်လာတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ Civil War နဲ့ Infinity War တို့ရဲ့ ကြားထဲက ကာလမှာ ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် Yelena Belova ၊ Red Guardian နဲ့ Taskmaster တို့လို ဇာတ်ကောင်အသစ်တွေကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ မူလက ၂၀၂၀ နွေရာသီကတည်းက ထွက်ဖို့ စီစဉ်ခဲ့ပေမယ့်လည်း အခုချိန်မှာတော့ မေလ (၇)ရက်နေ့မှာ ထွက်ရှိလာမယ်လို့ သိရပါတယ်။

(5) Loki
photo via screenrant

ဒီဇာတ်လမ်းတွဲထဲမှာတော့ Tom Hiddleston ဟာ Loki အနေနဲ့ ပြန်လည်ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းတွဲဟာ MCU ရဲ့ အဓိက timeline မဟုတ်ဘဲ တစ်ခြား timeline တွေကို မြင်တွေ့ရမယ့် ပထမဆုံး ဇာတ်လမ်းလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Endgame ထဲမှာ Space Stone နဲ့ လွတ်မြောက်သွားတဲ့ Loki ကို မြင်တွေ့ရမှာပါ။ ဒီဇာတ်လမ်းတွဲကိုတော့ မေလထဲမှာပဲ Disney+ ကနေ ပြသသွားမှာပါ။

(6) Marvel’s What If?
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ အားလုံးထဲမှာ တစ်ခုတည်းသော animation ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ကျွန်တော်တို့  သိထားတဲ့ MCU အကြောင်းတွေဟာ ပြောင်းလဲသွားတာကို မြင်တွေ့ရမှာပါ။ ဒီထဲက အတည်ပြုထားတဲ့ ဇာတ်လမ်းတွေကတော့ Peggy Carter ဟာ Captain Britain ဖြစ်လာပြီး T’Challa ကတော့ Star-Lord ဖြစ်လာတာကို မြင်တွေ့ရမှာပါ။ ဒါ့အပြင် ဇွန်ဘီဖြစ်နေတဲ့ Captain America ကိုလည်း မြင်တွေ့ခဲ့ရပြီး MCU သရုပ်ဆောင် အများစုဟာ သူတို့ရဲ့ဇာတ်ကောင်တွေအတွက် ပါဝင် အသံသရုပ်ဆောင်ထားကြပါတယ်။ ဒီဇာတ်လမ်းတွဲကိုလည်း Disney+ ကနေ ၂၀၂၁ ခုနှစ် နွေရာသီမှာ ပြသသွားမှာ ဖြစ်ပါတယ်။

(7) Venom: Let There Be Carnage
photo via screenrant

ဒီရုပ်ရှင်ထဲမှာတော့ Tom Hardy ဟာ Eddie Brook အနေနဲ့ ပြန်လည်ပါဝင်လာမှာ ဖြစ်ပြီး Woody Harrelson ကတော့ အဓိကဗီလိန်ဖြစ်တဲ့ Carnage နေရာက ပါဝင်လာမှာ ဖြစ်ပါတယ်။ Venom ဇာတ်လမ်းထဲမှာ Carnage ပါဝင်လာမယ်ဆိုတဲ့ အကြောင်းကို ပထမဇာတ်ကားရဲ့ credit scene ထဲမှာ ပြသသွားပါတယ်။ ဒီဇာတ်လမ်းနဲ့ ပတ်သက်ပြီး တစ်ခြားအသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ Tom Holland ကလည်း Spider-Man အဖြစ်နဲ့ cameo ပါဝင်လာမယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်နေပါတယ်။ ဒီရုပ်ရှင်ကိုတော့ ဇွန်လ (၂၅)ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

(8) Shang-Chi and The Legend of The Ten Rings
photo via screenrant

Marvel ရဲ့ ပထမဦးဆုံး အာရှ အဓိကဇာတ်ကောင် ပါဝင်တဲ့ ရုပ်ရှင်ကလည်း ၂၀၂၁ မှာပဲ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ Shang-Chi နေရာမှာတော့ Simu Liu က ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ထူးခြားချက်ကတော့ အဓိကဇာတ်ကောင်ကလည်း အသစ်ဖြစ်သလို ဒီဇာတ်လမ်းထဲမှာ ပါဝင်လာမယ့် ဇာတ်ကောင်အများစုကလည်း အသစ်တွေပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုတော့ မသိရသေးဘဲ ဒီရုပ်ရှင်ဟာ ဇူလိုင်လ (၉)ရက်နေ့မှာ ရုံတင်သွားမယ်လို့ သိရပါတယ်။

(9) Hawkeye
photo via screenrant

ဒီဇာတ်လမ်းတွဲကိုတော့ ၂၀၂၅ ခုနှစ်မှာ ဇာတ်အိမ်တည်သွားမှာ ဖြစ်ပြီး Clint ဟာ MCU ရဲ့ Hawkeye အသစ် ဖြစ်လာမယ့် Kate Bishop ကို လေ့ကျင့်ပေးနေတာကို မြင်တွေ့ရမှာပါ။ သို့ပေမယ့် ဇာတ်လမ်းရဲ့ အသေးစိတ်အချက်တွေကိုတော့ မသိရသေးပါဘူး။ ဒီဇာတ်လမ်းတွဲထဲမှာလည်း Echo နဲ့ Swordsman တို့လို ဇာတ်ကောင်အသစ်တွေ ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Black Widow ထဲက Yelena Belova လည်း ပါဝင်လာမယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ Disney+ ကနေ ‌ဆောင်းဦးရာသီလောက်မှာ ပြသသွားမှာ ဖြစ်ပါတယ်။

(10) Eternals
photo via screenrant

ဒီရုပ်ရှင်ထဲမှာတော့ Angelina Jolie ၊ Salma Hayek ၊ Richard Madden ၊ Kumail Nanjiani ၊ Gemma Chan ၊ Kit Harington ၊ Barry Keoghan ၊ Lauren Ridloff ၊ Brian Tyree Henry ၊ Don Lee နဲ့ Lia McHugh တို့လို နာမည်ကြီး သရုပ်ဆောင်တွေ ပါဝင်သွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ Celestial တွေ ဖန်တီးခဲ့တဲ့ Etenal တွေကို မြင်တွေ့ရမှာပါ။ သူတို့တွေဟာ တစ်ကွဲတစ်ပြားစီ ဖြစ်နေပေမယ့်လည်း လူသားတွေကို Deviant တွေလက်ထဲက ကာကွယ်ဖို့အတွက် ပြန်လည်ဆုံစည်းကြမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ နိုဝင်ဘာလ (၅)ရက်နေ့မှာ ရုံတင်သွားမယ်လို့ သိရပါတယ်။

(11) Ms. Marvel
photo via screenrant

ဒီဇာတ်လမ်းတွဲမှာတော့ ဇာတ်ကောင်သစ်ဖြစ်တဲ့ Kamala Khan ကို ပထမဆုံး မြင်တွေ့ရမှာပါ။ Ms. Marvel ကတော့ ကောမစ်ထဲမှာ အတော်လေး ရေပန်းစားတဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်ပါတယ်။ Kamala Khan ကတော့ New Jersey မြို့မှာ နေထိုင်တဲ့ မူစလင်-အမေရိကန် ဖြစ်ပြီး သူမရဲ့ Inhuman မျိူးရိုးဗီဇကြောင့် အခုလိုစွမ်းအားတွေ ရရှိလာတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ Avengers အဖွဲ့ရဲ့ အမာခံ ပရိသတ်တစ်ယောက် ဖြစ်ပြီး အထူးသဖြင့် Captain Marvel ကို လေးစားအားကျသူ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ ၂၀၂၁ နှစ်ကုန်ပိုင်းလောက်မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

(12) Spider-Man: Home Coming 3
photo via screenrant

ဒီရုပ်ရှင်ကတော့ MCU ပရိသတ်တွေ အများစု စောင့်မျှော်နေကြတဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ Tom Holland ဟာ Spider-Man အနေနဲ့ ပြန်လည်ပါဝင်လာမှာ ဖြစ်ပြီး MJ ၊ Aunt May တို့လို့ ဇာတ်ကောင်တွေနဲ့ တစ်ခြားသရုပ်ဆောင်တွေလည်း ပြန်လည်ပါဝင်လာဦးမှာပါ။ ဒီရုပ်ရှင်ထဲမှာတော့ Multiverse တွေကို ပြသသွားနိုင်ချေရှိပြီး Doctor Strange လည်း ပါဝင်လာမယ်လို့ သိရပါတယ်။ ဒါ့အပြင် Tobey Maguire နဲ့ Andrew Garfield ရဲ့ Spider-Man တွေလည်း ပြန်လည်ပါဝင်လာမယ်လို့ သတင်းထွက်နေပါသေးတယ်။ ဒီရုပ်ရှင်ကိုတော့ ဒီဇင်ဘာလ (၁၇)ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

ဒါကတော့ ၂၀၂၁ခုနှစ်အတွင်းမှာ ကြည့်ရှုရတော့မယ့် Marvel ရဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ဇာတ်လမ်းတွဲတွေ ဖြစ်ပါတယ်။ ဒီလိုရုပ်ရှင်နဲ့ ပတ်သက်တဲ့ သတင်းတွေနဲ့ စိတ်ဝင်စားစရာ ဆောင်းပါးတွေ ဖတ်ရှုနိုင်ဖို့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

၂၀၂၀ ခုႏွစ္မွာေတာ့ ကိုဗစ္ေၾကာင့္ ႐ုပ္ရွင္ဇာတ္ကားေပါင္းမ်ားစြာဟာ ႐ုံတင္ရက္ ေ႐ႊ႕ေျပာင္းခဲ့ရပါတယ္။ Marvel ကေတာ့ ယခင္တုန္းက တစ္ႏွစ္ကို အနည္းဆုံး ႐ုပ္ရွင္တစ္ကားေလာက္ ထုတ္ခဲ့ေပမယ့္လည္း ၂၀၂၀ မွာေတာ့ ႐ုပ္ရွင္တစ္ကားမွ ထြက္မလာႏိုင္ခဲ့ပါဘူး။ အဲ့ဒါေၾကာင့္ပဲ ၂၀၂၀ မွာ ထြက္ရမယ့္ ႐ုပ္ရွင္ေတြဟာ ၂၀၂၁ ကို ေျပာင္းေ႐ႊ႕သြားခဲ့ၿပီး ဒီႏွစ္ထဲမွာေတာ့ Marvel ရဲ႕ ႐ုပ္ရွင္ေတြအမ်ားႀကီးကို ၾကည့္ရႈရမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Disney+ ကလည္း အခုခ်ိန္မွာ ဇာတ္လမ္းတြဲေတြကိုပါ ထပ္မံျပသသြားမွာ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ ၂၀၂၁ ခုႏွစ္မွာ ထြက္ရွိလာမယ့္ Marvel ရဲ႕ ႐ုပ္ရွင္ေတြနဲ႔ ဇာတ္လမ္းတြဲေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(1) WandaVision
photo via screenrant

၂၀၂၁ ခုႏွစ္မွာ ပထမဆုံး ထြက္ရွိလာမယ့္ Marvel ရဲ႕ ဇာတ္လမ္းတြဲကေတာ့ WandaVision ပဲ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲထဲမွာေတာ့ Elizabeth Olsen နဲ႔ Paul Bettany တို႔ဟာ Wanda နဲ႔ Vision အျဖစ္ ျပန္လည္ပါဝင္လာမွာ ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ သူတို႔ႏွစ္ေယာက္ ေနထိုင္ေနတဲ့ တစ္ျခား reality တစ္ခုအေၾကာင္းကို ျမင္ေတြ႕ရမွာပါ။ ဒါ့အျပင္ ဒီဇာတ္လမ္းဟာ House of M ေကာမစ္ကို အေျခခံထားတာ ျဖစ္ႏိုင္ၿပီး MCU ရဲ႕ X-Men ေတြအတြက္လည္း လမ္းစတစ္ခု ျဖစ္ေနႏိုင္ပါတယ္။ ဒီဇာတ္လမ္းတြဲကိုေတာ့ Disney+ ကေန ဇန္နဝါရီလ (၁၅)ရက္ေန႔မွာ စတင္ျပသသြားမွာ ျဖစ္ပါတယ္။

(2) Morbius
photo via screenrant

ဒီ႐ုပ္ရွင္ထဲမွာေတာ့ Jared Leto ဟာ Morbius ဆိုတဲ့ ေသြးစုပ္ဖုတ္ေကာင္ေနရာမွာ ပါဝင္လာမွာ ျဖစ္ၿပီး Adria Arjona ၊ Matt Smith နဲ႔ Jared Harris တို႔လည္း ပါဝင္ထားပါတယ္။ ဒါ့အျပင္ ဒီဇာတ္လမ္းဟာ Spider-Man ႐ုပ္ရွင္ေတြနဲ႔ ဆက္စပ္ေနႏိုင္ၿပီး Michael Keaton ရဲ႕ Vulture ကလည္း cameo အေနနဲ႔ ပါဝင္လာမယ္လို႔ သိရပါတယ္။ မူလတုန္းက ဒီ႐ုပ္ရွင္ဟာ ၂၀၂၀ ေႏြရာသီမွာ ထြက္လာဖို႔ စီစဥ္ထားေပမယ့္လည္း ကိုဗစ္ေၾကာင့္ ရက္ေ႐ႊ႕ခဲ့ရၿပီး ယခုႏွစ္ မတ္လ (၁၉)ရက္ေန႔မွာ ထြက္ရွိလာမွာ ျဖစ္ပါတယ္။

(3) The Falcon and The Winter Soldier
photo via screenrant

မူလတုန္းကေတာ့ ဒီဇာတ္လမ္းဟာ ပထမဆုံး ထြက္ရွိလာမယ့္ ဇာတ္လမ္းတြဲျဖစ္ေပမယ့္လည္း အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ ေနာက္က်ခဲ့ရပါတယ္။ Anthony Mackie နဲ႔ Sebastian Stan တို႔ကလည္း Sam Wilson နဲ႔ Bucky Barnes တို႔အေနနဲ႔ ျပန္လည္ပါဝင္လာမွာ ျဖစ္ပါတယ္။ ဇာတ္လမ္းထဲမွာေတာ့ Endgame တုန္းက Cap ေပးခဲ့တဲ့ ဒိုင္းနဲ႔ Cap ရဲ႕ အေမြအႏွစ္ေတြိနဲ႔ ပတ္သက္ၿပီး ေတြ႕ႀကဳံရတဲ့ ျပႆနာေတြကို ျမင္ေတြ႕ရမွာပါ။ ဒီဇာတ္လမ္းတြဲကိုေတာ့ Disney+ ကေန မတ္လ (၁၉)ရက္ေန႔မွာ စတင္ျပသသြားမွာ ျဖစ္ပါတယ္။

(4) Black Widow
photo via screenrant

Natasha Romanoff ကေတာ့ ၂၀၂၁ ခုႏွစ္မွာ သူမရဲ႕ ပထမဆုံး ဆိုလို႐ုပ္ရွင္နဲ႔ ပရိသတ္ေရွ႕ကို ျပန္လည္ ထြက္လာေတာ့မွာ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းဟာ Civil War နဲ႔ Infinity War တို႔ရဲ႕ ၾကားထဲက ကာလမွာ ဇာတ္အိမ္တည္ထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ Yelena Belova ၊ Red Guardian နဲ႔ Taskmaster တို႔လို ဇာတ္ေကာင္အသစ္ေတြကိုလည္း ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကိုေတာ့ မူလက ၂၀၂၀ ေႏြရာသီကတည္းက ထြက္ဖို႔ စီစဥ္ခဲ့ေပမယ့္လည္း အခုခ်ိန္မွာေတာ့ ေမလ (၇)ရက္ေန႔မွာ ထြက္ရွိလာမယ္လို႔ သိရပါတယ္။

(5) Loki
photo via screenrant

ဒီဇာတ္လမ္းတြဲထဲမွာေတာ့ Tom Hiddleston ဟာ Loki အေနနဲ႔ ျပန္လည္ပါဝင္လာမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီဇာတ္လမ္းတြဲဟာ MCU ရဲ႕ အဓိက timeline မဟုတ္ဘဲ တစ္ျခား timeline ေတြကို ျမင္ေတြ႕ရမယ့္ ပထမဆုံး ဇာတ္လမ္းလည္း ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ Endgame ထဲမွာ Space Stone နဲ႔ လြတ္ေျမာက္သြားတဲ့ Loki ကို ျမင္ေတြ႕ရမွာပါ။ ဒီဇာတ္လမ္းတြဲကိုေတာ့ ေမလထဲမွာပဲ Disney+ ကေန ျပသသြားမွာပါ။

(6) Marvel’s What If?
photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ အားလုံးထဲမွာ တစ္ခုတည္းေသာ animation ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ ကြၽန္ေတာ္တို႔  သိထားတဲ့ MCU အေၾကာင္းေတြဟာ ေျပာင္းလဲသြားတာကို ျမင္ေတြ႕ရမွာပါ။ ဒီထဲက အတည္ျပဳထားတဲ့ ဇာတ္လမ္းေတြကေတာ့ Peggy Carter ဟာ Captain Britain ျဖစ္လာၿပီး T’Challa ကေတာ့ Star-Lord ျဖစ္လာတာကို ျမင္ေတြ႕ရမွာပါ။ ဒါ့အျပင္ ဇြန္ဘီျဖစ္ေနတဲ့ Captain America ကိုလည္း ျမင္ေတြ႕ခဲ့ရၿပီး MCU သ႐ုပ္ေဆာင္ အမ်ားစုဟာ သူတို႔ရဲ႕ဇာတ္ေကာင္ေတြအတြက္ ပါဝင္ အသံသ႐ုပ္ေဆာင္ထားၾကပါတယ္။ ဒီဇာတ္လမ္းတြဲကိုလည္း Disney+ ကေန ၂၀၂၁ ခုႏွစ္ ေႏြရာသီမွာ ျပသသြားမွာ ျဖစ္ပါတယ္။

(7) Venom: Let There Be Carnage
photo via screenrant

ဒီ႐ုပ္ရွင္ထဲမွာေတာ့ Tom Hardy ဟာ Eddie Brook အေနနဲ႔ ျပန္လည္ပါဝင္လာမွာ ျဖစ္ၿပီး Woody Harrelson ကေတာ့ အဓိကဗီလိန္ျဖစ္တဲ့ Carnage ေနရာက ပါဝင္လာမွာ ျဖစ္ပါတယ္။ Venom ဇာတ္လမ္းထဲမွာ Carnage ပါဝင္လာမယ္ဆိုတဲ့ အေၾကာင္းကို ပထမဇာတ္ကားရဲ႕ credit scene ထဲမွာ ျပသသြားပါတယ္။ ဒီဇာတ္လမ္းနဲ႔ ပတ္သက္ၿပီး တစ္ျခားအေသးစိတ္ အခ်က္အလက္ေတြကိုေတာ့ မသိရေသးပါဘူး။ Tom Holland ကလည္း Spider-Man အျဖစ္နဲ႔ cameo ပါဝင္လာမယ္ဆိုတဲ့ ေကာလာဟလေတြလည္း ထြက္ေနပါတယ္။ ဒီ႐ုပ္ရွင္ကိုေတာ့ ဇြန္လ (၂၅)ရက္ေန႔မွာ ႐ုံတင္ျပသသြားမယ္လို႔ သိရပါတယ္။

(8) Shang-Chi and The Legend of The Ten Rings
photo via screenrant

Marvel ရဲ႕ ပထမဦးဆုံး အာရွ အဓိကဇာတ္ေကာင္ ပါဝင္တဲ့ ႐ုပ္ရွင္ကလည္း ၂၀၂၁ မွာပဲ ထြက္ရွိလာမွာ ျဖစ္ပါတယ္။ Shang-Chi ေနရာမွာေတာ့ Simu Liu က ပါဝင္လာမွာ ျဖစ္ပါတယ္။ ဒီဇာတ္ကားရဲ႕ ထူးျခားခ်က္ကေတာ့ အဓိကဇာတ္ေကာင္ကလည္း အသစ္ျဖစ္သလို ဒီဇာတ္လမ္းထဲမွာ ပါဝင္လာမယ့္ ဇာတ္ေကာင္အမ်ားစုကလည္း အသစ္ေတြပဲ ျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကိုေတာ့ မသိရေသးဘဲ ဒီ႐ုပ္ရွင္ဟာ ဇူလိုင္လ (၉)ရက္ေန႔မွာ ႐ုံတင္သြားမယ္လို႔ သိရပါတယ္။

(9) Hawkeye
photo via screenrant

ဒီဇာတ္လမ္းတြဲကိုေတာ့ ၂၀၂၅ ခုႏွစ္မွာ ဇာတ္အိမ္တည္သြားမွာ ျဖစ္ၿပီး Clint ဟာ MCU ရဲ႕ Hawkeye အသစ္ ျဖစ္လာမယ့္ Kate Bishop ကို ေလ့က်င့္ေပးေနတာကို ျမင္ေတြ႕ရမွာပါ။ သို႔ေပမယ့္ ဇာတ္လမ္းရဲ႕ အေသးစိတ္အခ်က္ေတြကိုေတာ့ မသိရေသးပါဘူး။ ဒီဇာတ္လမ္းတြဲထဲမွာလည္း Echo နဲ႔ Swordsman တို႔လို ဇာတ္ေကာင္အသစ္ေတြ ပါဝင္လာမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Black Widow ထဲက Yelena Belova လည္း ပါဝင္လာမယ္လို႔ သိရပါတယ္။ ဒီဇာတ္လမ္းတြဲကေတာ့ Disney+ ကေန ‌ေဆာင္းဦးရာသီေလာက္မွာ ျပသသြားမွာ ျဖစ္ပါတယ္။

(10) Eternals
photo via screenrant

ဒီ႐ုပ္ရွင္ထဲမွာေတာ့ Angelina Jolie ၊ Salma Hayek ၊ Richard Madden ၊ Kumail Nanjiani ၊ Gemma Chan ၊ Kit Harington ၊ Barry Keoghan ၊ Lauren Ridloff ၊ Brian Tyree Henry ၊ Don Lee နဲ႔ Lia McHugh တို႔လို နာမည္ႀကီး သ႐ုပ္ေဆာင္ေတြ ပါဝင္သြားမွာ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းထဲမွာေတာ့ Celestial ေတြ ဖန္တီးခဲ့တဲ့ Etenal ေတြကို ျမင္ေတြ႕ရမွာပါ။ သူတို႔ေတြဟာ တစ္ကြဲတစ္ျပားစီ ျဖစ္ေနေပမယ့္လည္း လူသားေတြကို Deviant ေတြလက္ထဲက ကာကြယ္ဖို႔အတြက္ ျပန္လည္ဆုံစည္းၾကမွာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကေတာ့ ႏိုဝင္ဘာလ (၅)ရက္ေန႔မွာ ႐ုံတင္သြားမယ္လို႔ သိရပါတယ္။

(11) Ms. Marvel
photo via screenrant

ဒီဇာတ္လမ္းတြဲမွာေတာ့ ဇာတ္ေကာင္သစ္ျဖစ္တဲ့ Kamala Khan ကို ပထမဆုံး ျမင္ေတြ႕ရမွာပါ။ Ms. Marvel ကေတာ့ ေကာမစ္ထဲမွာ အေတာ္ေလး ေရပန္းစားတဲ့ ဇာတ္ေကာင္တစ္ေယာက္ ျဖစ္ပါတယ္။ Kamala Khan ကေတာ့ New Jersey ၿမိဳ႕မွာ ေနထိုင္တဲ့ မူစလင္-အေမရိကန္ ျဖစ္ၿပီး သူမရဲ႕ Inhuman မ်ိဴး႐ိုးဗီဇေၾကာင့္ အခုလိုစြမ္းအားေတြ ရရွိလာတာ ျဖစ္ပါတယ္။ ဒါ့အျပင္ သူမဟာ Avengers အဖြဲ႕ရဲ႕ အမာခံ ပရိသတ္တစ္ေယာက္ ျဖစ္ၿပီး အထူးသျဖင့္ Captain Marvel ကို ေလးစားအားက်သူ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၂၁ ႏွစ္ကုန္ပိုင္းေလာက္မွာ ထြက္ရွိလာမွာ ျဖစ္ပါတယ္။

(12) Spider-Man: Home Coming 3
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ MCU ပရိသတ္ေတြ အမ်ားစု ေစာင့္ေမွ်ာ္ေနၾကတဲ့ ႐ုပ္ရွင္တစ္ကား ျဖစ္ပါတယ္။ ဒီကားထဲမွာေတာ့ Tom Holland ဟာ Spider-Man အေနနဲ႔ ျပန္လည္ပါဝင္လာမွာ ျဖစ္ၿပီး MJ ၊ Aunt May တို႔လို႔ ဇာတ္ေကာင္ေတြနဲ႔ တစ္ျခားသ႐ုပ္ေဆာင္ေတြလည္း ျပန္လည္ပါဝင္လာဦးမွာပါ။ ဒီ႐ုပ္ရွင္ထဲမွာေတာ့ Multiverse ေတြကို ျပသသြားႏိုင္ေခ်ရွိၿပီး Doctor Strange လည္း ပါဝင္လာမယ္လို႔ သိရပါတယ္။ ဒါ့အျပင္ Tobey Maguire နဲ႔ Andrew Garfield ရဲ႕ Spider-Man ေတြလည္း ျပန္လည္ပါဝင္လာမယ္လို႔ သတင္းထြက္ေနပါေသးတယ္။ ဒီ႐ုပ္ရွင္ကိုေတာ့ ဒီဇင္ဘာလ (၁၇)ရက္ေန႔မွာ ႐ုံတင္ျပသသြားမွာ ျဖစ္ပါတယ္။

ဒါကေတာ့ ၂၀၂၁ခုႏွစ္အတြင္းမွာ ၾကည့္ရႈရေတာ့မယ့္ Marvel ရဲ႕ ႐ုပ္ရွင္ဇာတ္ကားေတြနဲ႔ ဇာတ္လမ္းတြဲေတြ ျဖစ္ပါတယ္။ ဒီလို႐ုပ္ရွင္နဲ႔ ပတ္သက္တဲ့ သတင္းေတြနဲ႔ စိတ္ဝင္စားစရာ ေဆာင္းပါးေတြ ဖတ္ရႈႏိုင္ဖို႔ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & Follow လုပ္ေပးထားပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular