HomeFoodစူပါမားကတ္ေတြ ေရာက္တဲ့အခါ လုံး၀မ၀ယ္သင့္တဲ့ အစားအစာ(၇)မ်ိဳး

စူပါမားကတ္ေတြ ေရာက္တဲ့အခါ လုံး၀မ၀ယ္သင့္တဲ့ အစားအစာ(၇)မ်ိဳး

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ရှုပါ။

စူပါမားကတ္ေတြကို လူေတြ ႀကိဳက္ရတဲ့ အေၾကာင္းရင္းကေတာ့ သန္႔ရွင္းသပ္ရပ္ၿပီး ေအးေအးလူလူနဲ႔ စမတ္က်က် ေစ်း၀ယ္ႏိုင္လို႔ပါပဲ။ ဒါေပမယ့္ အစားအစာနဲ႔ ပတ္သက္တဲ့အခါ စနစ္တက်နဲ႔ လွလွပပ ထုပ္ပိုးထားရုံနဲ႔ က်န္းမာေရးနဲ႔ ကိုက္ညီတယ္၊ သန္႔ရွင္းတယ္လို႔ ယူဆလို႔ မရပါဘူး။ စူပါမားကတ္ေတြမွာ ေစ်း၀ယ္တဲ့အခါ မ၀ယ္သင့္တဲ့ ကုန္ပစၥည္း(၇)မ်ိဳး ရိွပါတယ္။ အဲ့ဒါေတြကေတာ့ …

အသင့္စား အရြက္သုပ္မ်ား

ဘက္တီးရီးယားပညာရွင္မ်ားရဲ႕ အဆိုအရ စူပါမားကတ္ေတြက အသင့္လွီးျဖတ္ျပင္ဆင္ၿပီးထုပ္ပိုးထားတဲ့ အရြက္သုပ္ (Salad)ေတြဟာ အႏၱရာယ္အမ်ားဆုံး အစားအစာလို႔ သိရပါတယ္။ စားခ်င္စရာ ထုပ္ပိုးမႈနဲ႔ ျဖစ္ေနေပမယ့္ အူလမ္းေၾကာင္းေရာဂါေတြကို ျဖစ္ေစႏိုင္တဲ့ အႏၱရာယ္ရိွ ဘက္တီးရီးယားေတြ ခိုေအာင္းေနႏိုင္တယ္လို႔ ဆိုထားပါတယ္။ အသီးအရြက္ေတြ ခူးခ်ိန္မွာ ေျမႀကီးထဲက ပါလာတဲ့ ဘက္တီးရီးယားေတြဟာ အသီးအရြက္ေတြထဲမွာ ၀င္ေရာက္ ခိုေအာင္းေနႏိုင္တာေၾကာင့္ ဘယ္က၀ယ္တဲ့ ဟင္းသီးဟင္းရြက္ေတြပဲျဖစ္ျဖစ္ မစားခင္မွာ ေရနဲ႔ အထပ္ထပ္ အခါခါ ေဆးၿပီးမွသာ စားသင့္ပါတယ္။

Photo: pixabay
Sausage

ကမာၻ႕က်န္းမာေရးအဖြဲ႕ႀကီးရဲ႕ ေဖာ္ျပခ်က္အရ Sausage လို႔ေခၚတဲ့ ၀က္အူေခ်ာင္း၊ ၾကက္အူေခ်ာင္းေတြနဲ႔ ၀က္ေပါင္ေျခာက္ အစရိွတဲ့ အသင့္စား အသားေတြဟာ ကင္ဆာေရာဂါ ျဖစ္ေစႏိုင္တယ္လို႔ သိရပါတယ္။ Processed Meat လို႔ေခၚတဲ့ တာရွည္ခံေအာင္ စီမံျပဳလုပ္ထားတဲ့ အသားေတြမွာ Nitrites ဓာတ္ေတြ ပါ၀င္ၿပီး Nitrosamines လို႔ေခၚတဲ့ ဓာတ္တစ္မ်ိဳးအျဖစ္ ေျပာင္းလဲသြားတတ္ကာ ဗိုက္ထဲေရာက္တဲ့အခါ ကင္ဆာျဖစ္ေစႏိုင္တဲ့ ကာဆီႏိုဂ်င္ဓာတ္ (Carcinogen)ေတြ ထုတ္ေပးတယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ ကင္ထားတဲ့ အသားေတြမွာလည္း benzopyrene လို႔ေခၚတဲ့ ကင္ဆာျဖစ္ေစတဲ့ ဓာတ္တစ္မ်ိဳး ပါ၀င္ပါေသးတယ္။ အေကာင္းဆုံးကေတာ့ အသားလတ္လတ္ဆတ္ဆတ္ကို ၀ယ္ၿပီး အိမ္ေရာက္မွ က်က္ေအာင္ ခ်က္စားတာက က်န္းမာေရးအတြက္ ပိုၿပီးေကာင္းမြန္ပါတယ္။

အသင့္ေသာက္ Green Tea မ်ား

မၾကာေသးခင္က ရွာေဖြေတြ႕ရိွခဲ့တဲ့ စမ္းသပ္စစ္ေဆးမႈေတြအရ စူပါမားကတ္ေတြမွာ ေရာင္းတဲ့ အသင့္ေသာက္ Green Tea ေတြမွာ တကယ့္ Green Tea အာနိသင္ မပါ၀င္ဘူးလို႔ သိရပါတယ္။ Green Tea ဟာ ကင္ဆာအစရိွတဲ့ ေရာဂါေတြကို ကာကြယ္ေပးႏိုင္တဲ့ အန္တီေအာက္ဆီးဒင့္ဓာတ္ေတြ ၾကြယ္၀တာေၾကာင့္ က်န္းမာေရး လိုက္စားသူမ်ားက ေသာက္သုံးေလ့ ရိွၾကပါတယ္။ အဆိုပါ အသင့္ေသာက္ Green Tea ပုလင္းေတြမွာ တကယ္ပါ၀င္တာကေတာ့ ေရနဲ႔ သၾကားေတြသာ ျဖစ္တယ္လို႔လည္း သိရပါတယ္။ သို႔ေပမယ့္ အသင့္ေသာက္ Green Tea ဆယ္ပုလင္းနဲ႔ ကိုယ့္ဘာသာ အိမ္မွာ စိမ္ေသာက္တဲ့ Green Tea တစ္ပုလင္းရဲ႕ အာနိသင္ဟာ ဘယ္လိုမွ ယွဥ္လို႔ရႏိုင္မွာ မဟုတ္ပါဘူး။

Photo: pixabay
သစ္သီးဌာပနာပါတဲ့ အစားအစာမ်ား

စေတာ္ဘယ္ရီေပါင္မုန္႔၊ ငွက္ေပ်ာသီးေပါင္မုန္႔ အစရိွတဲ့ ေပါင္မုန္႔ေတြထဲက ဌာပနာထည့္ထားတဲ့ ယိုေတြထဲမွာ တကယ္တမ္း အသီးစစ္စစ္ ပါ၀င္မႈႏႈန္းက ရာခိုင္ႏႈန္း အေတာ္ေလး နည္းပါးပါတယ္။ ထုတ္လုပ္သူေတြ ကိုယ္တိုင္ကလည္း ပါ၀င္ပစၥည္းေတြေနရာမွာ တကယ့္အသီးအစစ္ရဲ႕ ပါ၀င္မႈႏႈန္းကို ေဖာ္ျပထားတတ္ပါတယ္။ ဥပမာ – အသီးပါ၀င္မႈႏႈန္း ၂၀%မွ ၄၀%လို႔ ဆိုၾကပါစို႔။ ဒါဆိုရင္ က်န္တဲ့ပါ၀င္ပစၥည္းေတြဟာ ၾကာရွည္ခံဓာတုပစၥည္းမ်ား၊ အနံ႔အရသာထည့္ထားတဲ့ ဓာတုပစၥည္းမ်ား အစရိွတာေတြသာ ျဖစ္ေနတတ္ပါတယ္။ ဒါေၾကာင့္ ေပါင္မုန္႔စားခ်င္ရင္ ေပါင္မုန္႔ခ်ည္းသပ္သပ္ လတ္လတ္ဆတ္ဆတ္ကိုသာ စားၿပီး အသီးဌာပနာေလးနဲ႔မွ စားခ်င္တယ္ဆိုရင္ေတာ့ အိမ္မွာ လုပ္စားတာသာ အေကာင္းဆုံးပါ။

မေယာနိစ့္ (Mayonnaise)

မေယာနိစ့္ကို ၾကက္ဥ၊ ဗင္နီဂါ၊ ဟင္းရြက္ဆီ၊ ဟင္းခတ္အေမႊးအႀကိဳင္ေတြနဲ႔ ျပဳလုပ္ပါတယ္။ စူပါမားကတ္ေတြမွာ ၀ယ္ယူေလ့ရိွၾကတဲ့ ရယ္ဒီမိတ္ပုလင္းေတြထဲမွာေတာ့ ေဖာ္ျပထားတဲ့ သဘာ၀ပစၥည္းေတြအျပင္ ၾကာရွည္ခံဓာတုပစၥည္းမ်ား၊ ဆိုးေဆးမ်ား ပါ၀င္ပါတယ္။ ဒါ့အျပင္ သူ႔ရဲ႕ အရသာနဲ႔ အပ်စ္အက်ဲကို ထိန္းထားဖို႔အတြက္ သၾကားနဲ႔ ေကာ္မႈန္႔ေတြလည္း ထပ္ေပါင္းထည့္ထားႏိုင္ပါေသးတယ္။

Photo: pixabay
ႀကိတ္ၿပီးသား ဟင္းခတ္အေမႊးအႀကိဳင္မ်ား

စူပါမားကတ္ေတြ သြားတဲ့အခါ လူေတြ အလြယ္တကူ ၀ယ္တတ္တဲ့ အစားအေသာက္ေတြထဲမွာ အသင့္ႀကိတ္ၿပီးသား ဟင္းခတ္အေမႊးအႀကိဳင္ ပုလင္းေလးေတြလည္း ထိပ္ဆုံးက ပါ၀င္ပါတယ္။ မ၀ယ္သင့္တဲ့ အေၾကာင္းကေတာ့ အမ်ားစုဟာ ေစ်းေပါတဲ့ အျခားဟင္းခတ္ အေမႊးအႀကိဳင္ေတြနဲ႔ ေရာေႏွာထားတတ္လို႔ပါပဲ။ အာနိသင္အျပည့္အ၀ မရရိွႏိုင္တဲ့အတြက္ မႀကိတ္ရေသးတာကို ၀ယ္ၿပီး အိမ္မွာ ကိုယ္တိုင္ႀကိတ္တာက စိတ္အခ်ရဆုံးပါပဲ။

Coke

က်န္းမာေရးနဲ႔ မသင့္ေတာ္ဘူးဆိုတာ သိေပမယ့္ လူအမ်ားစုဟာ Coke ကေလး ငုံလိုက္ရတာကို အရသာေတြ႕တတ္ၾကပါတယ္။ စူပါမားကတ္ေတြ သြားတိုင္း အမ်ားဆုံး ၀ယ္တတ္တာကလည္း Coke ေတြပါပဲ။ Coke ေတြထဲမွာ ကဖင္းဓာတ္၊ သၾကားအေျမာက္အမ်ား၊ phenylalanine စတဲ့ က်န္းမာေရးအတြက္ မေကာင္းတာေတြသာ ပါ၀င္ပါတယ္။ အမ်ားအျပား ေသာက္သုံးမိမယ္ဆိုရင္ ဆီးခ်ိဳ၊ေသြးခ်ိဳေရာဂါ၊ ကိုယ္တြင္းေရဓာတ္ခန္းေျခာက္ျခင္းေတြ ျဖစ္ေစႏိုင္ရုံသာမက ေဆး၀ါးေတြ ေသာက္သုံးတဲ့အခါ ေဆးမတိုးတာ၊ ဒါမွမဟုတ္ ေဆးရဲ႕အာနိသင္ေတြကို ပိုျပင္းထန္ေစတာေတြပါ ျဖစ္ေစႏိုင္ပါေသးတယ္။

Xei

Ref: newsreforms

(Unicode Version)

စူပါမားကတ်တွေကို လူတွေ ကြိုက်ရတဲ့ အကြောင်းရင်းကတော့ သန့်ရှင်းသပ်ရပ်ပြီး အေးအေးလူလူနဲ့ စမတ်ကျကျ ဈေးဝယ်နိုင်လို့ပါပဲ။ ဒါပေမယ့် အစားအစာနဲ့ ပတ်သက်တဲ့အခါ စနစ်တကျနဲ့ လှလှပပ ထုပ်ပိုးထားရုံနဲ့ ကျန်းမာရေးနဲ့ ကိုက်ညီတယ်၊ သန့်ရှင်းတယ်လို့ ယူဆလို့ မရပါဘူး။ စူပါမားကတ်တွေမှာ ဈေးဝယ်တဲ့အခါ မဝယ်သင့်တဲ့ ကုန်ပစ္စည်း(၇)မျိုး ရှိပါတယ်။ အဲ့ဒါတွေကတော့ …

အသင့်စား အရွက်သုပ်များ

ဘက်တီးရီးယားပညာရှင်များရဲ့ အဆိုအရ စူပါမားကတ်တွေက အသင့်လှီးဖြတ်ပြင်ဆင်ပြီးထုပ်ပိုးထားတဲ့ အရွက်သုပ် (Salad)တွေဟာ အန္တရာယ်အများဆုံး အစားအစာလို့ သိရပါတယ်။ စားချင်စရာ ထုပ်ပိုးမှုနဲ့ ဖြစ်နေပေမယ့် အူလမ်းကြောင်းရောဂါတွေကို ဖြစ်စေနိုင်တဲ့ အန္တရာယ်ရှိ ဘက်တီးရီးယားတွေ ခိုအောင်းနေနိုင်တယ်လို့ ဆိုထားပါတယ်။ အသီးအရွက်တွေ ခူးချိန်မှာ မြေကြီးထဲက ပါလာတဲ့ ဘက်တီးရီးယားတွေဟာ အသီးအရွက်တွေထဲမှာ ဝင်ရောက် ခိုအောင်းနေနိုင်တာကြောင့် ဘယ်ကဝယ်တဲ့ ဟင်းသီးဟင်းရွက်တွေပဲဖြစ်ဖြစ် မစားခင်မှာ ရေနဲ့ အထပ်ထပ် အခါခါ ဆေးပြီးမှသာ စားသင့်ပါတယ်။

Photo: pixabay
Sausage

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ဖော်ပြချက်အရ Sausage လို့ခေါ်တဲ့ ဝက်အူချောင်း၊ ကြက်အူချောင်းတွေနဲ့ ဝက်ပေါင်ခြောက် အစရှိတဲ့ အသင့်စား အသားတွေဟာ ကင်ဆာရောဂါ ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ Processed Meat လို့ခေါ်တဲ့ တာရှည်ခံအောင် စီမံပြုလုပ်ထားတဲ့ အသားတွေမှာ Nitrites ဓာတ်တွေ ပါဝင်ပြီး Nitrosamines လို့ခေါ်တဲ့ ဓာတ်တစ်မျိုးအဖြစ် ပြောင်းလဲသွားတတ်ကာ ဗိုက်ထဲရောက်တဲ့အခါ ကင်ဆာဖြစ်စေနိုင်တဲ့ ကာဆီနိုဂျင်ဓာတ် (Carcinogen)တွေ ထုတ်ပေးတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကင်ထားတဲ့ အသားတွေမှာလည်း benzopyrene လို့ခေါ်တဲ့ ကင်ဆာဖြစ်စေတဲ့ ဓာတ်တစ်မျိုး ပါဝင်ပါသေးတယ်။ အကောင်းဆုံးကတော့ အသားလတ်လတ်ဆတ်ဆတ်ကို ဝယ်ပြီး အိမ်ရောက်မှ ကျက်အောင် ချက်စားတာက ကျန်းမာရေးအတွက် ပိုပြီးကောင်းမွန်ပါတယ်။

အသင့်သောက် Green Tea များ

မကြာသေးခင်က ရှာဖွေတွေ့ရှိခဲ့တဲ့ စမ်းသပ်စစ်ဆေးမှုတွေအရ စူပါမားကတ်တွေမှာ ရောင်းတဲ့ အသင့်သောက် Green Tea တွေမှာ တကယ့် Green Tea အာနိသင် မပါဝင်ဘူးလို့ သိရပါတယ်။ Green Tea ဟာ ကင်ဆာအစရှိတဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ အန်တီအောက်ဆီးဒင့်ဓာတ်တွေ ကြွယ်ဝတာကြောင့် ကျန်းမာရေး လိုက်စားသူများက သောက်သုံးလေ့ ရှိကြပါတယ်။ အဆိုပါ အသင့်သောက် Green Tea ပုလင်းတွေမှာ တကယ်ပါဝင်တာကတော့ ရေနဲ့ သကြားတွေသာ ဖြစ်တယ်လို့လည်း သိရပါတယ်။ သို့ပေမယ့် အသင့်သောက် Green Tea ဆယ်ပုလင်းနဲ့ ကိုယ့်ဘာသာ အိမ်မှာ စိမ်သောက်တဲ့ Green Tea တစ်ပုလင်းရဲ့ အာနိသင်ဟာ ဘယ်လိုမှ ယှဉ်လို့ရနိုင်မှာ မဟုတ်ပါဘူး။

Photo: pixabay
သစ်သီးဌာပနာပါတဲ့ အစားအစာများ

စတော်ဘယ်ရီပေါင်မုန့်၊ ငှက်ပျောသီးပေါင်မုန့် အစရှိတဲ့ ပေါင်မုန့်တွေထဲက ဌာပနာထည့်ထားတဲ့ ယိုတွေထဲမှာ တကယ်တမ်း အသီးစစ်စစ် ပါဝင်မှုနှုန်းက ရာခိုင်နှုန်း အတော်လေး နည်းပါးပါတယ်။ ထုတ်လုပ်သူတွေ ကိုယ်တိုင်ကလည်း ပါဝင်ပစ္စည်းတွေနေရာမှာ တကယ့်အသီးအစစ်ရဲ့ ပါဝင်မှုနှုန်းကို ဖော်ပြထားတတ်ပါတယ်။ ဥပမာ – အသီးပါဝင်မှုနှုန်း ၂၀%မှ ၄၀%လို့ ဆိုကြပါစို့။ ဒါဆိုရင် ကျန်တဲ့ပါဝင်ပစ္စည်းတွေဟာ ကြာရှည်ခံဓာတုပစ္စည်းများ၊ အနံ့အရသာထည့်ထားတဲ့ ဓာတုပစ္စည်းများ အစရှိတာတွေသာ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ပေါင်မုန့်စားချင်ရင် ပေါင်မုန့်ချည်းသပ်သပ် လတ်လတ်ဆတ်ဆတ်ကိုသာ စားပြီး အသီးဌာပနာလေးနဲ့မှ စားချင်တယ်ဆိုရင်တော့ အိမ်မှာ လုပ်စားတာသာ အကောင်းဆုံးပါ။

မယောနိစ့် (Mayonnaise)

မယောနိစ့်ကို ကြက်ဥ၊ ဗင်နီဂါ၊ ဟင်းရွက်ဆီ၊ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ပြုလုပ်ပါတယ်။ စူပါမားကတ်တွေမှာ ဝယ်ယူလေ့ရှိကြတဲ့ ရယ်ဒီမိတ်ပုလင်းတွေထဲမှာတော့ ဖော်ပြထားတဲ့ သဘာဝပစ္စည်းတွေအပြင် ကြာရှည်ခံဓာတုပစ္စည်းများ၊ ဆိုးဆေးများ ပါဝင်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ အရသာနဲ့ အပျစ်အကျဲကို ထိန်းထားဖို့အတွက် သကြားနဲ့ ကော်မှုန့်တွေလည်း ထပ်ပေါင်းထည့်ထားနိုင်ပါသေးတယ်။

Photo: pixabay
ကြိတ်ပြီးသား ဟင်းခတ်အမွှေးအကြိုင်များ

စူပါမားကတ်တွေ သွားတဲ့အခါ လူတွေ အလွယ်တကူ ဝယ်တတ်တဲ့ အစားအသောက်တွေထဲမှာ အသင့်ကြိတ်ပြီးသား ဟင်းခတ်အမွှေးအကြိုင် ပုလင်းလေးတွေလည်း ထိပ်ဆုံးက ပါဝင်ပါတယ်။ မဝယ်သင့်တဲ့ အကြောင်းကတော့ အများစုဟာ ဈေးပေါတဲ့ အခြားဟင်းခတ် အမွှေးအကြိုင်တွေနဲ့ ရောနှောထားတတ်လို့ပါပဲ။ အာနိသင်အပြည့်အ၀ မရရှိနိုင်တဲ့အတွက် မကြိတ်ရသေးတာကို ဝယ်ပြီး အိမ်မှာ ကိုယ်တိုင်ကြိတ်တာက စိတ်အချရဆုံးပါပဲ။

Coke

ကျန်းမာရေးနဲ့ မသင့်တော်ဘူးဆိုတာ သိပေမယ့် လူအများစုဟာ Coke ကလေး ငုံလိုက်ရတာကို အရသာတွေ့တတ်ကြပါတယ်။ စူပါမားကတ်တွေ သွားတိုင်း အများဆုံး ဝယ်တတ်တာကလည်း Coke တွေပါပဲ။ Coke တွေထဲမှာ ကဖင်းဓာတ်၊ သကြားအမြောက်အများ၊ phenylalanine စတဲ့ ကျန်းမာရေးအတွက် မကောင်းတာတွေသာ ပါဝင်ပါတယ်။ အများအပြား သောက်သုံးမိမယ်ဆိုရင် ဆီးချို၊သွေးချိုရောဂါ၊ ကိုယ်တွင်းရေဓာတ်ခန်းခြောက်ခြင်းတွေ ဖြစ်စေနိုင်ရုံသာမက ဆေးဝါးတွေ သောက်သုံးတဲ့အခါ ဆေးမတိုးတာ၊ ဒါမှမဟုတ် ဆေးရဲ့အာနိသင်တွေကို ပိုပြင်းထန်စေတာတွေပါ ဖြစ်စေနိုင်ပါသေးတယ်။

Xei

Ref: newsreforms

RELATED ARTICLES

Most Popular