HomeCelebs Update NewsInternationalစံကာတင်ဝင်ထားပေမယ့် American Music Awards ကို တက်ရောက်မှာမဟုတ်တဲ့ Taylor Swift 

စံကာတင်ဝင်ထားပေမယ့် American Music Awards ကို တက်ရောက်မှာမဟုတ်တဲ့ Taylor Swift 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Taylor Swift ကတော့ လာမယ့် နိုဝင်ဘာလ (၂၁)ရက်နေ့မှာ ပြုလုပ်ကျင်းပမယ့် American Music Awards (AMA)ဆုပေးပွဲကို စံကာတင်စာရင်းဝင်ထားပေမယ့် ပွဲတက်ရောက်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

Taylor ဟာ ယခုနှစ်ရဲ့ AMA ဆုပေးပွဲအတွက် စံကာတင် သုံးဆုဝင်ထားပေမယ့် Red (Taylor’s Version)ကို အောင်မြင်စွာ ထွက်ရှိနိုင်ခဲ့တာကြောင့် အနားယူတဲ့အနေနဲ့ ဒီဆုပေးပွဲကို တက်ရောက်တော့မှာ မဟုတ်ဘူးလို့ အတွင်းသတင်းတစ်ခုက Hollywood Life သတင်းဌာနကို ပြောကြားထားကြောင်း သိရပါတယ်။

Taylor ဟာ ယခုရက်ပိုင်းအတွင်းမှာတင် Saturday Night Live (SNL) အပါအဝင် late night show အချို့မှာလည်း ဧည့်သည်အဖြစ် တက်ရောက်ခဲ့ရသလို သူမရဲ့ ဇာတ်လမ်းတို All Too Well ရဲ့ အထူးပွဲကိုလည်း နယူးယော့ခ်မြို့မှာ တက်ရောက်ခဲ့ရပါသေးတယ်။ အခုလို ပွဲဆက်တွေ ဆက်တိုက် တက်ရောက်ခဲ့ရတဲ့အတွက် AMA ကိုတော့ လက်ရှောင်ပြီး အနားယူမယ်လို့ ဆုံးဖြတ်ထားပုံ ရပါတယ်။

Photo: taylorswift/ Instagram

“Taylor ကတော့ American Music Awards ကို တက်ရောက်နိုင်မှာ မဟုတ်ပါဘူး။ အကြောင်းကတော့ SNL မှာ သူ ပါဝင်ထားရပြီး သူ့ရဲ့ ဖျော်ဖြေမှုတွေကို record လုပ်ရတာတွေလည်း ရှိလို့ပါ။ အဲဒီဟာကလည်း ပြီးသွားတာမှ တစ်ပတ်တောင် မရှိသေးဘူးလေ ….”

“Taylor က AMA ပွဲကို တကယ်သဘောကျတဲ့သူပါ။ ဒါပေမယ့် ပရိသတ်ရှေ့ ထွက်ပြတဲ့ သူ့ရဲ့ appearance နဲ့ ဖျော်ဖြေမှုတွေကို ပိုပြီးတော့ ထင်ရှားစေချင်တာကြောင့် အခုလို ပွဲကို ခြားလိုက်တဲ့ သဘောပါ။ နောင်လာမယ့် နှစ်တွေမှာတော့ AMA ရဲ့ စင်မြင့်ပေါ်ကို သူ ပြန်တက်ရောက်ဖို့ ယုံကြည်ချက်အပြည့် ရှိနေပါတယ်။ ဒါပေမယ့် ဒီနှစ်ကတော့ သူ အနားယူလိုက်မှာ ဖြစ်ပါတယ် … ”

Photo: taylorswiift.zone/ Instagram

“ဒီပွဲကို မတက်ရောက်ရတဲ့ တခြားအကြောင်းအရာ၊ စိတ်ဆန္ဒရယ်လို့ ထွေထွေထူးထူး မရှိပါဘူး။ သူ့ရဲ့ အချိန်ဇယားတွေကိုက ပြည့်ကျပ်နေတာလည်း ပါတာကြောင့် ခဏတဖြုတ်လောက် အနားယူပြီး သူ့ဘာသာ အေးအေးဆေးဆေး နေမယ့် သဘောပါ … ” လို့ Taylor နဲ့ နီးစပ်တဲ့ အတွင်းသတင်းက ပြောထားပါတယ်။

Taylor ဟာ ယခုနှစ်ရဲ့ AMA ပွဲကို လူကိုယ်တိုင် တက်ရောက်မှာ မဟုတ်ပေမယ့်လည်း သူမရဲ့ အရေးပါမှုကတော့ ယုတ်လျော့သွားမှာ မဟုတ်ပါဘူး။ ၂၀၂၀ ခုနှစ်က ထွက်ရှိထားတဲ့ သူမရဲ့ Evermore အယ်လ်ဘမ်ဟာ Favorite Pop/Rock Album ၊ Artist of the Year နဲ့ Favorite Pop/Rock Female Artist ဆိုတဲ့ category သုံးခုမှာ စံကာတင်ဝင်ထားတာကြောင့် တစ်ခုမဟုတ်၊ တစ်ခုကတော့ ဆွတ်ခူးသွားနိုင်ပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကလည်း Taylor ဟာ Folklore အယ်လ်ဘမ်နဲ့ AMA မှာ စံကာတင်လေးဆု ဝင်ခဲ့ပြီး သုံးဆုကို ဆွတ်ခူးသွားခဲ့ပါသေးတယ်။

Glasgow

Source: hollywoodlife

(Zawgyi Version)

Taylor Swift ကေတာ့ လာမယ့္ နိုဝင္ဘာလ (၂၁)ရက္ေန႔မွာ ျပဳလုပ္က်င္းပမယ့္ American Music Awards (AMA)ဆုေပးပြဲကို စံကာတင္စာရင္းဝင္ထားေပမယ့္ ပြဲတက္ေရာက္မွာ မဟုတ္ဘူးလို႔ သိရပါတယ္။

Taylor ဟာ ယခုႏွစ္ရဲ့ AMA ဆုေပးပြဲအတြက္ စံကာတင္ သုံးဆုဝင္ထားေပမယ့္ Red (Taylor’s Version)ကို ေအာင္ျမင္စြာ ထြက္ရွိနိုင္ခဲ့တာေၾကာင့္ အနားယူတဲ့အေနနဲ႔ ဒီဆုေပးပြဲကို တက္ေရာက္ေတာ့မွာ မဟုတ္ဘူးလို႔ အတြင္းသတင္းတစ္ခုက Hollywood Life သတင္းဌာနကို ေျပာၾကားထားေၾကာင္း သိရပါတယ္။

Taylor ဟာ ယခုရက္ပိုင္းအတြင္းမွာတင္ Saturday Night Live (SNL) အပါအဝင္ late night show အခ်ိဳ႕မွာလည္း ဧည့္သည္အျဖစ္ တက္ေရာက္ခဲ့ရသလို သူမရဲ့ ဇာတ္လမ္းတို All Too Well ရဲ့ အထူးပြဲကိုလည္း နယူးေယာ့ခ္ၿမိဳ႕မွာ တက္ေရာက္ခဲ့ရပါေသးတယ္။ အခုလို ပြဲဆက္ေတြ ဆက္တိုက္ တက္ေရာက္ခဲ့ရတဲ့အတြက္ AMA ကိုေတာ့ လက္ေရွာင္ၿပီး အနားယူမယ္လို႔ ဆုံးျဖတ္ထားပုံ ရပါတယ္။

Photo: taylorswift/ Instagram

“Taylor ကေတာ့ American Music Awards ကို တက္ေရာက္နိုင္မွာ မဟုတ္ပါဘူး။ အေၾကာင္းကေတာ့ SNL မွာ သူ ပါဝင္ထားရၿပီး သူ႔ရဲ့ ေဖ်ာ္ေျဖမွုေတြကို record လုပ္ရတာေတြလည္း ရွိလို႔ပါ။ အဲဒီဟာကလည္း ၿပီးသြားတာမွ တစ္ပတ္ေတာင္ မရွိေသးဘူးေလ ….”

“Taylor က AMA ပြဲကို တကယ္သေဘာက်တဲ့သူပါ။ ဒါေပမယ့္ ပရိသတ္ေရွ႕ ထြက္ျပတဲ့ သူ႔ရဲ့ appearance နဲ႔ ေဖ်ာ္ေျဖမွုေတြကို ပိုၿပီးေတာ့ ထင္ရွားေစခ်င္တာေၾကာင့္ အခုလို ပြဲကို ျခားလိုက္တဲ့ သေဘာပါ။ ေနာင္လာမယ့္ ႏွစ္ေတြမွာေတာ့ AMA ရဲ့ စင္ျမင့္ေပၚကို သူ ျပန္တက္ေရာက္ဖို႔ ယုံၾကည္ခ်က္အျပည့္ ရွိေနပါတယ္။ ဒါေပမယ့္ ဒီႏွစ္ကေတာ့ သူ အနားယူလိုက္မွာ ျဖစ္ပါတယ္ … ”

Photo: taylorswiift.zone/ Instagram

“ဒီပြဲကို မတက္ေရာက္ရတဲ့ တျခားအေၾကာင္းအရာ၊ စိတ္ဆႏၵရယ္လို႔ ေထြေထြထူးထူး မရွိပါဘူး။ သူ႔ရဲ့ အခ်ိန္ဇယားေတြကိုက ျပည့္က်ပ္ေနတာလည္း ပါတာေၾကာင့္ ခဏတျဖဳတ္ေလာက္ အနားယူၿပီး သူ႔ဘာသာ ေအးေအးေဆးေဆး ေနမယ့္ သေဘာပါ … ” လို႔ Taylor နဲ႔ နီးစပ္တဲ့ အတြင္းသတင္းက ေျပာထားပါတယ္။

Taylor ဟာ ယခုႏွစ္ရဲ့ AMA ပြဲကို လူကိုယ္တိုင္ တက္ေရာက္မွာ မဟုတ္ေပမယ့္လည္း သူမရဲ့ အေရးပါမွုကေတာ့ ယုတ္ေလ်ာ့သြားမွာ မဟုတ္ပါဘူး။ ၂၀၂၀ ခုႏွစ္က ထြက္ရွိထားတဲ့ သူမရဲ့ Evermore အယ္လ္ဘမ္ဟာ Favorite Pop/Rock Album ၊ Artist of the Year နဲ႔ Favorite Pop/Rock Female Artist ဆိုတဲ့ category သုံးခုမွာ စံကာတင္ဝင္ထားတာေၾကာင့္ တစ္ခုမဟုတ္၊ တစ္ခုကေတာ့ ဆြတ္ခူးသြားနိုင္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္တုန္းကလည္း Taylor ဟာ Folklore အယ္လ္ဘမ္နဲ႔ AMA မွာ စံကာတင္ေလးဆု ဝင္ခဲ့ၿပီး သုံးဆုကို ဆြတ္ခူးသြားခဲ့ပါေသးတယ္။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular