HomeCelebs Update NewsInternationalSpider-Man မှာ Tobey Maguire နဲ့ သရုပ်ဆောင်ကြေး မိုးနဲ့မြေလိုကွာဟခဲ့တယ်ဆိုတဲ့ Kirsten Dunst

Spider-Man မှာ Tobey Maguire နဲ့ သရုပ်ဆောင်ကြေး မိုးနဲ့မြေလိုကွာဟခဲ့တယ်ဆိုတဲ့ Kirsten Dunst

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသမီး Kirsten Dunst ဟာ Spider-Man ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့ရစဉ်က သရုပ်ဆောင်ဖက် Tobey Maguire နဲ့ များစွာကွာဟတဲ့ သရုပ်ဆောင်ကြေးကို ရရှိခဲ့တယ်လို့ ပြောပြလာပါတယ်။

Kirsten ဟာ Tobey Maguire သရုပ်ဆောင်ထားတဲ့ Spider-Man ဇာတ်ကားသုံးကားမှာ Mary Jane Watson နေရာက သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ သူမဟာ Spider-Man 2 မှာဆိုရင် ရုပ်ရှင်ပိုစတာထဲမှာတောင် Spider-Man နဲ့အတူ ဖော်ပြခံခဲ့ရပေမယ့် သရုပ်ဆောင်ကြေးမှာတော့ Tobey ထက် များစွာလျော့နည်းပြီး ရရှိခဲ့တယ်လို့ ဆိုပါတယ်။

၂၀၀၂ ခုနှစ်မှာ စတင်ထွက်ရှိခဲ့တဲ့ ပထမဆုံး Spider-Man ဇာတ်ကားကတော့ box-office ဝင်ငွေမှာ ဒေါ်လာ(၈၂၁)သန်းကျော် ရရှိခဲ့ပြီး ဒုတိယမြောက်ဇာတ်ကား Spider-Man 2 မှာတော့‌ ဒေါ်လာ(၇၈၉)သန်းကျော် ရရှိခဲ့ပါတယ်။ နောက်ဆုံးဇာတ်ကား ဖြစ်တဲ့ Spider-Man 3 ကတော့ ဒေါ်လာ(၈၉၄)သန်းကျော် ရရှိခဲ့တာ ဖြစ်ပေမယ့် သူမရဲ့ သရုပ်ဆောင်ကြေးဟာ Tobey ရရှိခဲ့တဲ့ သရုပ်ဆောင်ကြေးထက် အဆပေါင်းများစွာ ကွာဟတယ်လို့ Kirsten က ဆိုပါတယ်။

Photo: kirstendunst/ Instagram

“Spider-Man နဲ့ ကျွန်မရဲ့ သရုပ်ဆောင်ကြေး ကွာဟမှုက အတော်လေး ကြီးမားပါတယ်။ အဲဒီတုန်းကတော့ ဒီလိုတောင် မတွေးမိခဲ့ပါဘူး။ ဪ … Tobey က Spider-Man နေရာမှာ သရုပ်ဆောင်ရတာလေလို့ပဲ တွေးခဲ့တာပါ။ ဒါပေမယ့် ရှင်တို့သိတဲ့အတိုင်းပဲ Spider-Man ဒုတိယဇာတ်ကားရဲ့ ပိုစတာပေါ်မှာ ဘယ်သူပါလာတာလဲ။ Spider-Man နဲ့ ကျွန်မနဲ့လေ … ” လို့ မကြာသေးခင်က Variety နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အသက်(၃၉)နှစ်အရွယ် Kirsten က ပြောသွားတာ ဖြစ်ပါတယ်။

ဒါတင်မက အဲဒီအချိန်တုန်းက အသက်(၁၉)နှစ်ဝန်းကျင်သာ ရှိသေးတဲ့ Kirsten ကို Spider-Man ရဲ့ producer က သွားတွေ ပြုပြင်ခိုင်းဖို့ ကြိုးစားခဲ့သေးတယ်လို့ သိရပါတယ်။ Kirsten ဟာ သွားဆေးခန်းရှေ့ကို ကားရောက်တဲ့အချိန်မှသာ သူမရဲ့ သွားတွေကို ပြုပြင်ဖို့ စီစဉ်ထားမှန်း သိခဲ့ရတယ်လို့လည်း ဆိုပါတယ်။ သို့သော်လည်း သူမဘက်ကတော့ ဒါကို လက်မခံခဲ့ဘူးလို့ ဆိုပါတယ်။

“ကျွန်မကတော့ သိတယ်မှတ်လား။ ဪ ကျေးဇူးပဲနော်။ ဒါပေမယ့် ကျွန်မသွားတွေကို ကျွန်မ သဘောကျပြီးသားပါ … ” လို့ တုံ့ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

Photo Credit: Sony Pictures

Spider-Man ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့ရတာဟာ မင်းသားထက် များစွာလျော့နည်းတဲ့ သရုပ်ဆောင်ကြေးကို ရရှိခဲ့ပေမယ့် သူမအနေနဲ့ကတော့ Mary Jane Watson နေရာမှာ ပြန်လည်သရုပ်ဆောင်ဖို့ ဆန္ဒရှိသေးတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကိုတော့ မကြာသေးခင်ကမှ ပြုလုပ်သွားတဲ့ သူမရဲ့ ရုပ်ရှင်အသစ် Power of the Dog အထူးပွဲမှာတော့ (၁၄)နှစ်ကြာပြီးမှ Mary Jane ဇာတ်ရုပ်ကို ပြန်လာဖို့ ဆန္ဒရှိပါသေးတယ်လို့ ပြောသွားတာ ဖြစ်ပါတယ်။

“ကျွန်မကို ကမ်းလှမ်းလာရင် လုပ်ဦးမှာပါ။ ဘာဖြစ်လို့ ငြင်းစရာအကြောင်းရှိလဲ။ ဒါက ပျော်စရာကြီးလေ။ ဒီလိုဟာမျိုးကို ကျွန်မ ဘယ်တော့မှ ငြင်းမှာ မဟုတ်ဘူး။ အခု ပြန်သရုပ်ဆောင်မယ်ဆိုရင်တော့ ကျွန်မက Spidey ကလေးပေါက်စနလေးတွေနဲ့ အသက်ကြီးသွားတဲ့ MJ လိုပုံစံမျိုး ဖြစ်မှာပေါ့ … ” လို့ Kirsten က ဆိုထားပါတယ်။

Glasgow

Source: hollywoodlife

(Zawgyi Version)

မင္းသမီး Kirsten Dunst ဟာ Spider-Man ဇာတ္ကားမွာ သ႐ုပ္ေဆာင္ခဲ့ရစဥ္က သ႐ုပ္ေဆာင္ဖက္ Tobey Maguire နဲ႔ မ်ားစြာကြာဟတဲ့ သ႐ုပ္ေဆာင္ေၾကးကို ရရွိခဲ့တယ္လို႔ ေျပာျပလာပါတယ္။

Kirsten ဟာ Tobey Maguire သ႐ုပ္ေဆာင္ထားတဲ့ Spider-Man ဇာတ္ကားသုံးကားမွာ Mary Jane Watson ေနရာက သ႐ုပ္ေဆာင္ခဲ့သူ ျဖစ္ပါတယ္။ သူမဟာ Spider-Man 2 မွာဆိုရင္ ႐ုပ္ရွင္ပိုစတာထဲမွာေတာင္ Spider-Man နဲ႔အတူ ေဖာ္ျပခံခဲ့ရေပမယ့္ သ႐ုပ္ေဆာင္ေၾကးမွာေတာ့ Tobey ထက္ မ်ားစြာေလ်ာ့နည္းၿပီး ရရွိခဲ့တယ္လို႔ ဆိုပါတယ္။

၂၀၀၂ ခုႏွစ္မွာ စတင္ထြက္ရွိခဲ့တဲ့ ပထမဆုံး Spider-Man ဇာတ္ကားကေတာ့ box-office ဝင္ေငြမွာ ေဒၚလာ(၈၂၁)သန္းေက်ာ္ ရရွိခဲ့ၿပီး ဒုတိယေျမာက္ဇာတ္ကား Spider-Man 2 မွာေတာ့‌ ေဒၚလာ(၇၈၉)သန္းေက်ာ္ ရရွိခဲ့ပါတယ္။ ေနာက္ဆုံးဇာတ္ကား ျဖစ္တဲ့ Spider-Man 3 ကေတာ့ ေဒၚလာ(၈၉၄)သန္းေက်ာ္ ရရွိခဲ့တာ ျဖစ္ေပမယ့္ သူမရဲ့ သ႐ုပ္ေဆာင္ေၾကးဟာ Tobey ရရွိခဲ့တဲ့ သ႐ုပ္ေဆာင္ေၾကးထက္ အဆေပါင္းမ်ားစြာ ကြာဟတယ္လို႔ Kirsten က ဆိုပါတယ္။

Photo: kirstendunst/ Instagram

“Spider-Man နဲ႔ ကၽြန္မရဲ့ သ႐ုပ္ေဆာင္ေၾကး ကြာဟမွုက အေတာ္ေလး ႀကီးမားပါတယ္။ အဲဒီတုန္းကေတာ့ ဒီလိုေတာင္ မေတြးမိခဲ့ပါဘူး။ ဪ … Tobey က Spider-Man ေနရာမွာ သ႐ုပ္ေဆာင္ရတာေလလို႔ပဲ ေတြးခဲ့တာပါ။ ဒါေပမယ့္ ရွင္တို႔သိတဲ့အတိုင္းပဲ Spider-Man ဒုတိယဇာတ္ကားရဲ့ ပိုစတာေပၚမွာ ဘယ္သူပါလာတာလဲ။ Spider-Man နဲ႔ ကၽြန္မနဲ႔ေလ … ” လို႔ မၾကာေသးခင္က Variety နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ အသက္(၃၉)ႏွစ္အရြယ္ Kirsten က ေျပာသြားတာ ျဖစ္ပါတယ္။

ဒါတင္မက အဲဒီအခ်ိန္တုန္းက အသက္(၁၉)ႏွစ္ဝန္းက်င္သာ ရွိေသးတဲ့ Kirsten ကို Spider-Man ရဲ့ producer က သြားေတြ ျပဳျပင္ခိုင္းဖို႔ ႀကိဳးစားခဲ့ေသးတယ္လို႔ သိရပါတယ္။ Kirsten ဟာ သြားေဆးခန္းေရွ႕ကို ကားေရာက္တဲ့အခ်ိန္မွသာ သူမရဲ့ သြားေတြကို ျပဳျပင္ဖို႔ စီစဥ္ထားမွန္း သိခဲ့ရတယ္လို႔လည္း ဆိုပါတယ္။ သို႔ေသာ္လည္း သူမဘက္ကေတာ့ ဒါကို လက္မခံခဲ့ဘူးလို႔ ဆိုပါတယ္။

“ကၽြန္မကေတာ့ သိတယ္မွတ္လား။ ဪ ေက်းဇူးပဲေနာ္။ ဒါေပမယ့္ ကၽြန္မသြားေတြကို ကၽြန္မ သေဘာက်ၿပီးသားပါ … ” လို႔ တုံ႔ျပန္ခဲ့တယ္လို႔ ဆိုပါတယ္။

Photo Credit: Sony Pictures

Spider-Man ဇာတ္ကားမွာ သ႐ုပ္ေဆာင္ခဲ့ရတာဟာ မင္းသားထက္ မ်ားစြာေလ်ာ့နည္းတဲ့ သ႐ုပ္ေဆာင္ေၾကးကို ရရွိခဲ့ေပမယ့္ သူမအေနနဲ႔ကေတာ့ Mary Jane Watson ေနရာမွာ ျပန္လည္သ႐ုပ္ေဆာင္ဖို႔ ဆႏၵရွိေသးတယ္လို႔ ဆိုပါတယ္။ ဒီအေၾကာင္းကိုေတာ့ မၾကာေသးခင္ကမွ ျပဳလုပ္သြားတဲ့ သူမရဲ့ ႐ုပ္ရွင္အသစ္ Power of the Dog အထူးပြဲမွာေတာ့ (၁၄)ႏွစ္ၾကာၿပီးမွ Mary Jane ဇာတ္႐ုပ္ကို ျပန္လာဖို႔ ဆႏၵရွိပါေသးတယ္လို႔ ေျပာသြားတာ ျဖစ္ပါတယ္။

“ကၽြန္မကို ကမ္းလွမ္းလာရင္ လုပ္ဦးမွာပါ။ ဘာျဖစ္လို႔ ျငင္းစရာအေၾကာင္းရွိလဲ။ ဒါက ေပ်ာ္စရာႀကီးေလ။ ဒီလိုဟာမ်ိဳးကို ကၽြန္မ ဘယ္ေတာ့မွ ျငင္းမွာ မဟုတ္ဘူး။ အခု ျပန္သ႐ုပ္ေဆာင္မယ္ဆိုရင္ေတာ့ ကၽြန္မက Spidey ကေလးေပါက္စနေလးေတြနဲ႔ အသက္ႀကီးသြားတဲ့ MJ လိုပုံစံမ်ိဳး ျဖစ္မွာေပါ့ … ” လို႔ Kirsten က ဆိုထားပါတယ္။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular