HomeCelebs Update NewsInternationalJohnny Depp ရဲ့အိပ်ရာထဲမှာ မစင်စွန့်မိခဲ့ကြောင်း ဝန်ခံထားတယ်ဆိုတဲ့ Amber Heard

Johnny Depp ရဲ့အိပ်ရာထဲမှာ မစင်စွန့်မိခဲ့ကြောင်း ဝန်ခံထားတယ်ဆိုတဲ့ Amber Heard

Johnny Depp ရဲ့ သက်တော်စောင့်ဟောင်း ဖြစ်သူ Starling Jenkins III ရဲ့ ထွက်ဆိုချက်အရ Amber Heard ဟာ တချိန်က သူမအတူ အိပ်စက်ခဲ့ဖူးတဲ့ Johnny Depp ရဲ့အိပ်ရာပေါ်မှာ မစင်စွန့်ခဲ့တဲ့အကြောင်း ဝန်ခံထားတယ်လို့ သိရပါတယ်။

ဒီအကြောင်းကတော့ ဧပြီလ(၂၈)ရက်နေ့မှာ ဗာဂျီးနီးယားတရားရုံးမှာ ပြုလုပ်တဲ့ တရားခွင် စစ်ဆေးမှုမှာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ Depp ရဲ့ သက်တော်စောင့်ဟောင်း Starling Jenkins III ကိုတော့ live video call ကနေတဆင့် စစ်ဆေးပြီး တရားရုံးမှာ ထွက်ဆိုစေခဲ့တာ ဖြစ်ပါတယ်။

Photo: amberheard/ Instagram

Jenkins ရဲ့ ထွက်ဆိုချက်ထဲမှာ သိသာထင်ရှားတဲ့ ကိစ္စကတော့ Depp ရဲ့အိပ်ရာပေါ်မှာ မစင်စွန့်တဲ့ ဖြစ်ရပ်ပဲ ဖြစ်ပါတယ်။ Heard ဟာ Depp နဲ့ အကြီးအကျယ် ရန်ဖြစ်ပြီးနောက် အိပ်ရာပေါ်မှာ မစင်စွန့်ခဲ့တယ်ဆိုတဲ့ အကြောင်းကို အပြန်အလှန် ပြောကြား‌ခဲ့ကြကြောင်း သိရတယ်လို့ Jenkins က ထွက်ဆိုထားပါတယ်။

ဒါ့အပြင် Jenkins ဟာ မင်းသမီး Amber Heard ကို ၂၀၁၆ ခုနှစ်ရဲ့ တစ်ခုသော ညနေခင်းအချိန်မှာ ကယ်လီဖိုးနီးယားပြည်နယ်၊ အင်ဒီယိုမှာ ပြုလုပ်တဲ့ Coachella Music Festival ကို ကားမောင်းပို့ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီလမ်းခရီးမှာပဲ Heard ဟာ အိပ်ရာပေါ် မစင်စွန့်ခဲ့တဲ့ အကြောင်းကို ပြောပြခဲ့ပြီး သူမကတော့ ဒါဟာ စနောက်ခြင်း သပ်သပ်သာ ဖြစ်တယ်လို့ ဆိုပြီး မထင်မှတ်ဘဲ အခြေအနေတွေက ဆိုးရွားသွားတာသာ ဖြစ်တယ်လို့ Jenkins ကို ပြောခဲ့ကြောင်း ထွက်ဆိုထားပါတယ်။

Photo: amberheard/ Instagram

တကယ်တော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ တရားခွင် ကြားနာ စစ်ဆေးမှုမှာတော့ စိတ်မသက်သာစရာ အခိုက်အတန့်တွေနဲ့ ပြည့်နှက်နေခဲ့တာ ဖြစ်ပါတယ်။ သက်တော်စောင့်ဖြစ်သူ Malcom Connolly ဟာလည်း ၂၀၁၅ ခုနှစ်မှာ Depp တို့ဇနီးမောင်နှံ နေထိုင်ခဲ့တဲ့ ဩစတျေးလျက နေအိမ်မှာ Depp က ငယ်ပါကို လှစ်ဟကာ ကျင်ငယ်ရေနဲ့ ပန်းခဲ့တယ်ဆိုတဲ့ အကြောင်းကို သက်သေထွက်ဆိုခဲ့ရပါသေးတယ်။ Depp ဟာ အဲဒီကာလမှာတော့ Pirates of the Caribbean: Dead Men Tell No Tales ဇာတ်ကားကို ရိုက်ကူးဖို့ ဩစတျေးလျကို ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

Vancouver

Source: hollywoodlife

RELATED ARTICLES

Most Popular