HomeDramaမိန်းမချောလေးတွေနဲ့အတူ ဒရာမာအသစ်မှာ ပါဝင်သရုပ်ဆောင်မယ့် Uhm Ki Joon

မိန်းမချောလေးတွေနဲ့အတူ ဒရာမာအသစ်မှာ ပါဝင်သရုပ်ဆောင်မယ့် Uhm Ki Joon

နာမည်ကျော် သရုပ်ဆောင် Uhm Ki Joon ကတော့ ပရိသတ်အချစ်တော် မင်းသမီးချောလေးတွေ ဖြစ်ကြတဲ့ Kim Go Eun ၊ Nam Ji Hyun ၊ Park Ji Hu တို့နဲ့အတူ ဒရာမာအသစ်တစ်ခုမှာ ပါဝင် သရုပ်ဆောင်ဖို့ အတည်ပြုလိုက်ပြီလို့ သိရပါတယ်။

tvN က အသစ်ရိုက်ကူးမယ့် Little Women လို့ အမည်ရတဲ့ ဒရာမာအသစ်ထဲမှာ Uhm Ki Joon ပါဝင် သရုပ်ဆောင်မယ့် အကြောင်းကိုတော့ ယနေ့ ဧပြီလ(၂၉)ရက်နေ့မှာ သူ့ရဲ့အေဂျင်စီ Your Entertainment က အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။ ဒီဒရာမာကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိထားပြီး Saoirse Ronan ၊ Florence Pugh ၊ Emma Watson နဲ့ Timothee Chalamet တို့ သရုပ်ဆောင်ထားတဲ့ Little Women ရုပ်ရှင်ကို ကိုရီးယားဗားရှင်းအဖြစ် ပြန်လည် ရိုက်ကူးမှာ ဖြစ်ပါတယ်။

Photo via allkpop

ဇာတ်လမ်းကတော့ ဆင်းဆင်းရဲရဲနဲ့ ကြီးပြင်းလာရပေမယ့် တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ကြတဲ့ ညီအစ်မသုံးယောက်အကြောင်းကို ရိုက်ကူးပြသမှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ညီအစ်မသုံးယောက်ဟာ တစ်နေ့မှာတော့ တိုင်းပြည်ရဲ့ အထင်ကရ လွှမ်းမိုးမှုအရှိဆုံး မိသားစုတစ်ခုနဲ့ ပတ်သက်မိပြီး အရှုပ်အထွေးတွေနဲ့ ရင်ဆိုင်ရပါတော့တယ်။

အဓိကဇာတ်ကောင် ဖြစ်တဲ့ ညီအစ်မသုံးယောက် နေရာမှာတော့ မင်းသမီးချောတွေ ဖြစ်ကြတဲ့ Kim Go Eun ၊ Nam Ji Hyun နဲ့ Park Ji Hu တို့က ပါဝင်သွားမယ့် အတည်ပြုပြီး ဖြစ်ပါတယ်။ Kim Go Eun ကတော့ ငွေကြေးအသုံးပြုပြီး မိသားစုကို ကာကွယ်ချင်တဲ့ အစ်မအကြီးဆုံးဖြစ်သူ Oh In Joo နေရာက သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

Photo via gluwee

Nam Ji Hyun ကတော့ ငွေကြေးအတွက် ဘယ်တော့မှ ဒူးထောက်မယ့်သူ မဟုတ်ဘဲ မှန်ကန်တဲ့အရာကိုသာ လုပ်ဖို့ ဆုံးဖြတ်ထားတဲ့ သတင်းထောက် တဖြစ်လည်း အစ်မအလတ်ဖြစ်သူ Oh In Kyung အဖြစ် သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ Park Ji Hu ကတော့ အငယ်ဆုံးညီမလေး Oh In Hye အဖြစ် သရုပ်ဆောင်မှာပါ။ Oh In Hye ကတော့ အလုပ်တွေ ကြိုးစားပြီး သူမကို ဝိုင်းချစ်ပေးကြတဲ့ အစ်မနှစ်ယောက်ကြောင့် အချစ်တွေနဲ့ မွန်းကြပ်နေသူ ဖြစ်ပါတယ်။

နာမည်ကျော်သရုပ်ဆောင် Uhm Ki Joon ကတော့ Park Jae Sang ဆိုတဲ့ ဇာတ်ရုပ်က ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ Park Jae Sang ကတော့ တက်သစ်စ နိုင်ငံရေးသမားတစ်ယောက် ဖြစ်ပြီး ညီအစ်မသုံးယောက် ပါဝင် ပတ်သက်မိသွားမယ့် အရှုပ်အထွေးထဲမှာ အရေးကြီး အခန်းကဏ္ဍက ပါဝင်နေသူ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ဒီဇာတ်လမ်းရဲ့ အဓိကအရေးကြီးတဲ့ ဇာတ်ကောင်နေရာမှာ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Photo via kdramastars

ဒါ့အပြင် ဒီဒရာမာထဲမှာ သရုပ်ဆောင် Wi Ha Joon လည်း ပါဝင်ဦးမှာ ဖြစ်ပါတယ်။ သူကတော့ ယူကေရဲ့ နာမည်ကြီးတက္ကသိုလ်ကနေ ကျောင်းပြီးလာတဲ့၊ အားကိုးရတဲ့ အတိုင်ပင်ခံ Choi Do Il အဖြစ် သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

Little Women ဒရာမာကိုတော့ Money Flower ၊ The Crowned Clown တို့ကို ရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာ Kim Hee Won က ရိုက်ကူးပေးမှာ ဖြစ်ပြီး Mother ရုပ်ရှင်အတွက် ဇာတ်ညွှန်း ရေးသားပေးခဲ့တဲ့ Jung Seo Kyung က ဇာတ်ညွှန်း ရေးသားပေးမှာ ဖြစ်ပါတယ်။ ဒီဒရာမာကိုတော့ ၂၀၂၂ ခုနှစ်ထဲမှာပဲ ထုတ်လွှင့်ပြသဖို့ လျာထားကြောင်း သိရပါတယ်။

Vancouver

Source: soompi

RELATED ARTICLES

Most Popular