HomeCelebs Update NewsInternationalAmber Heard မှာ personality disorder စိတ်ရောဂါရှိနေတယ်လို့ ဆိုလာတဲ့ စိတ်ပညာရှင်

Amber Heard မှာ personality disorder စိတ်ရောဂါရှိနေတယ်လို့ ဆိုလာတဲ့ စိတ်ပညာရှင်

ခင်ပွန်းဟောင်းဖြစ်သူ Johnny Depp က ဇနီးဟောင်းဖြစ်သူ Amber Heard ကို အသရေဖျက်မှုနဲ့ စွဲဆိုထားတဲ့ အမှုကိုတော့ လက်ရှိမှာ တရားရုံးမှာ ကြားနာစစ်ဆေးနေဆဲ ဖြစ်ပါတယ်။ ယခုနောက်ဆုံး ထွက်ရှိလာတဲ့ ထွက်ဆိုချက်တွေအရ Amber Heard ဟာ personality disorder လို့ခေါ်တဲ့ စိတ်ရောဂါကို ခံစားနေရတယ်လို့ စိတ်ပညာရှင်တစ်ယောက်က တရားရုံးမှာ ထွက်ဆိုသွားပါတယ်။

ဒီထွက်ဆိုချက်ကိုတော့ Johnny Depp ရဲ့ တရားရေးအဖွဲ့က ငှားရမ်းထားတဲ့ စိတ်ပညာရှင် Shannon Curry က တရားရုံးမှာ ထွက်ဆိုလိုက်တာ ဖြစ်ပါတယ်။ Shannon ရဲ့အဆိုအရ သူမဟာ Amber ရဲ့ စိတ်ကျန်းမာရေးဆိုင်ရာ မှတ်တမ်းတွေကို လေ့လာ ကြည့်ရှုခဲ့ရုံသာမက ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ နှစ်ရက်တာအတွင်း အချိန်(၁၂)နာရီခန့် မင်းသမီးကို စောင့်ကြည့် လေ့လာခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ စောင့်ကြည့် လေ့လာမှုတွေအရ မင်းသမီးဟာ borderline personality disorder နဲ့ histrionic personality disorder တွေကို ခံစားနေရတယ်လို့ ကောက်ချက်ချကြောင်း ထွက်ဆိုသွားပါတယ်။

Photo: amberheard/ Instagram

အဆိုပါ စိတ်ပညာရှင်ရဲ့ ထွက်ဆိုချက်နဲ့ ပတ်သက်ပြီး မင်းသမီး Amber Heard ကတော့ စိတ်အနှောင့်အယှက် ဖြစ်နေပုံရတာကို တရားခွင် စစ်ဆေးမှုအကြောင်း ထုတ်လွှင့်နေတဲ့ ဗွီဒီယိုထဲမှာ မြင်တွေ့ရပါတယ်။

“ဒီရောဂါနဲ့ သက်ဆိုင်နေတဲ့ အချက်တွေ သူမဆီမှာ ဆက်တိုက် တွေ့နေရပါတယ် …” လို့ စိတ်ပညာရှင် Shannon Curry က ထွက်ဆိုထားပြီး borderline personality disorder ရဲ့ အဓိကအင်္ဂါရပ်တွေ ဖြစ်တဲ့ အတွင်းစိတ်ထဲမှာ ဒေါသတွေများစွာ ကိန်းအောင်းနေခြင်း၊ ရန်လိုခြင်း၊ မိမိသာလျှင် မှန်တယ်ဆိုတဲ့ အတ္တတရား ကြီးမားနေခြင်း၊ စိတ်အပြောင်းအလဲ မြန်ဆန်ခြင်းတွေလည်း ပါဝင်တယ်လို့ ထွက်ဆိုထားပါတယ်။

ဒါ့အပြင် “သူတို့ဟာ ကြမ်းတမ်းစွာနဲ့ တုံ့ပြန်တတ်ကြပါတယ်။ ကိုယ်ထိလက်ရောက်လည်း တုံ့ပြန်တတ်ကြပါတယ်။ တချို့အချိန်တွေမှာ သူတို့ရဲ့ ပါတနာတွေကိုပါ အကြမ်းဖက်တတ်ကြပါတယ် …” လို့ စိတ်ပညာရှင် Shannon Curry က ထွက်ဆိုထားပါသေးတယ်။

Shannon Curry ဟာ ယူအက်စ် စစ်ပြန်တွေကို ကုသပေးခဲ့ဖူးတဲ့ အတွေ့အကြုံ ရှိထားသူဖြစ်ပြီး သူမရဲ့အမြင်မှာတော့ Amber Heard ဟာ post-traumatic stress disorder (PTSD)ကို ခံစားနေရခြင်း မရှိဘူးလို့ ဆိုပါတယ်။ သူမကို ဒီစိတ်အခြေအနေ ခံစားနေရခြင်း ရှိမရှိ စစ်ဆေးတဲ့ စစ်ဆေးမှုမှာတော့ Amber Heard ဟာ လိုတာထက်ပိုပြီး လုပ်ပြထားတယ်လို့လည်း အဆိုပါ စိတ်ပညာရှင်က စွပ်စွဲထားပါသေးတယ်။

Vancouver

Source: hollywoodlife

RELATED ARTICLES

Most Popular