HomeCharacterAmerica Chavez ရဲ့ အမေနှစ်ယောက်ဟာ ကောမစ်ထဲမှာ ဘာဖြစ်သွားလဲ?

America Chavez ရဲ့ အမေနှစ်ယောက်ဟာ ကောမစ်ထဲမှာ ဘာဖြစ်သွားလဲ?

*** Spoiler Alert ***

Doctor Strange in the Multiverse of Madness ရုပ်ရှင်ထဲမှာတော့ ဇာတ်ကောင်အသစ်ဖြစ်တဲ့ America Chavez ကို စတင်မြင်တွေ့ခဲ့ရပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ America ရဲ့နောက်ကြောင်းကို အနည်းငယ် ပြသသွားပါတယ်။ သူမဟာ ငယ်ဘဝတုန်းက သူမရဲ့ အမေနှစ်ယောက်နဲ့ အတူရှိနေချိန်မှာ မတော်တဆ ပေါ်တယ်လ် ဖွင့်မိသွားပြီး သူမဟာ သူမအမေတွေနဲ့ မတူညီတဲ့ Universe ကို ရောက်ရှိသွားပြီး လူချင်းကွဲသွားကြပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ကောမစ်ထဲမှာ သူမရဲ့အမေနှစ်ယောက်က ဘာဖြစ်သွားလည်းဆိုတာကို ဖော်ပြပေးချင်ပါတယ်။

photo via screenrant

ကောမစ်ထဲက ဇာတ်လမ်းနဲ့ ဒီရုပ်ရှင်ထဲက ဇာတ်လမ်းကတော့ အတော်လေးကို ကွာခြားနေပါတယ်။ America ရဲ့ အမေနှစ်ယောက်ကတော့ Amalia နဲ့ Elena တို့ပဲ ဖြစ်ပြီး သူတို့နှစ်ယောက်လုံးဟာ ဆေးဝါးဆိုင်ရာ သုတေသနပညာရှင်တွေ ဖြစ်ကြပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ America နေထိုင်တဲ့ နေရာဟာ Utopian Parallel ဆိုတဲ့ ဒိုင်မေးရှင်းလို့ ဖော်ပြခဲ့ပေမယ့်လည်း ကောမစ်ထဲမှာတော့ Utopian Parallel ဟာ ဘီလျံနာ Mr. Gales ပိုင်ဆိုင်တဲ့ ကိုယ်ပိုင်ကျွန်းတစ်ခုပဲ ဖြစ်ပါတယ်။

America ဟာ သူမရဲ့ စွမ်းအားတွေကို ရရှိလာရတဲ့ အကြောင်းရင်းကတော့ Utopian Parallel မှာ အစမ်းသပ်ခံခဲ့ရတာကြောင့်ပဲ ဖြစ်ပါတယ်။ အဲဒီကျွန်းပေါ်မှာတော့ Edges Syndrome လို့ခေါ်တဲ့ မျိူးရိုးဗီဇ ရောဂါတစ်ခုကို ခံစားနေရတဲ့ America အပါအဝင် တခြားကောင်မလေးတွေများစွာ ရှိနေပြီး Mr. Gale ရဲ့ စမ်းသပ်မှုမှာ ပါဝင်ခဲ့ကြရပါတယ်။ သူမရဲ့ အမေနှစ်ယောက်ကတော့ ဒီစမ်းသပ်မှုကို အစတုန်းက သဘောမတူခဲ့ပေမယ့်လည်း သူမအတွက် ဒီရောဂါကို ပျောက်ကင်းဖို့ တစ်နည်းပဲရှိတာကြောင့် နောက်ပိုင်းမှာတော့ စမ်းသပ်မှုပရိုဂရမ်ထဲကို ထည့်သွင်းခဲ့ပါတယ်။

photo via screenrant

America Chavez: Made in the USA #4 ကောမစ်ထဲမှာတော့ Amalia နဲ့ Elena တို့နှစ်ယောက်ဟာ အဲဒီကျွန်းပေါ်ကနေ ထွက်ပြေးဖို့ ဆုံးဖြတ်ခဲ့ပြီး America အပါအဝင် တခြားကောင်မလေးတွေကိုလည်း လွှတ်ပေးခဲ့ပါတယ်။ Amalia ကတော့ Elena နဲ့ တခြားသူတွေ ထွက်ပြေးဖို့ အခွင့်အရေးရအောင် စမ်းသပ်မှုတွေ ပြုလုပ်တဲ့ အဆောက်အအုံကြီးကို အသေခံပြီး ဖောက်ခွဲပစ်ခဲ့ပါတယ်။

Mr. Gales ကလည်း သူတို့တွေ သစ္စာဖောက်မှာကို ကြိုတွက်မိနေတာကြောင့် အဲဒီနေရာကို ရောက်လာပါတယ်။ အဲဒီနောက်မှာတော့ America နဲ့ တခြားကောင်မလေးတွေက ပြန်တိုက်ခိုက်နေကြတုန်းမှာ Elena ကတော့ Mr. Gales ရဲ့လက်ချက်နဲ့ သေနတ်ထိမှန်ပြီး သေဆုံးခဲ့ရပါတယ်။ ဒါကြောင့် Elena Chavez ဟာ America ရဲ့မျက်စိရှေ့မှာတင် သေဆုံးခဲ့တာဖြစ်ပြီး America ရဲ့မိခင်နှစ်ယောက်စလုံးဟာ သူမကိုကာကွယ်ရင်း သေဆုံးခဲ့ကြရတာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular