HomeCelebs Update NewsKoreaဆင်းရဲချို့တဲ့တဲ့မိသားစုတွေအတွက် ဝမ်သန်း(၅၀) လှူဒါန်းခဲ့တဲ့ Yoo Jae Suk

ဆင်းရဲချို့တဲ့တဲ့မိသားစုတွေအတွက် ဝမ်သန်း(၅၀) လှူဒါန်းခဲ့တဲ့ Yoo Jae Suk

Yoo Jae Suk ကတော့ ကိုယ်တိုင်က အောင်မြင်ကျော်ကြားပြီး ပေါများကြွယ်ဝနေသလို သူတပါးကိုလည်း မျှဝေလှူဒါန်းတတ်သူ ဖြစ်ပါတယ်။ အခုလည်း ဆင်းရဲချို့တဲ့ပြီး အတိဒုက္ခရောက်နေတဲ့ မိသားစုတွေအတွက် ဝမ်သန်း(၅၀) လှူဒါန်းလိုက်တယ်လို့ သိရပါတယ်။

NGO အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေးကော်ပိုရေး GFoundation ရဲ့ ကိုယ်စားလှယ်က မေလ(၁၂)ရက်နေ့မှာ ပြောကြားချက်အရ Yoo Jae Suk ဟာ ယမန်နေ့ကပဲ ဆင်းရဲချို့တဲ့တဲ့ မိသားစုတွေအတွက် ဝမ်သန်း(၅၀) လှူဒါန်းသွားတယ်လို့ ဆိုပါတယ်။ အဆိုပါ လှူဒါန်းငွေကိုတော့ ဝင်ငွေနည်းပါးတဲ့ မိသားစုတွေက အမျိုးသမီးတွေရဲ့ ပညာရေးနဲ့ ကလေးငယ်တွေရဲ့ ကျန်းမာရေးအတွက် လိုအပ်တဲ့နေရာတွေမှာ သုံးစွဲသွားမယ်လို့ သိရပါတယ်။

Photo via straitstimes

အခုလို လှူဒါန်းရတဲ့ ရည်ရွယ်ချက်ကတော့ အမျိုးသမီးတွေနဲ့ ကလေးငယ်များအနေနဲ့ သူတို့စိတ်ကူးအိပ်မက်တဲ့ ရည်မှန်းချက်တွေကို ရယူနိုင်ပြီး ကျန်းမာတဲ့ဘဝမှာ နေထိုင်နိုင်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။ GFoundation ရဲ့စီအီးအိုကတော့ Yoo Jae Suk ရဲ့ လှူဒါန်းမှုအတွက် အခုလို ကျေးဇူးတင်စကား ဆိုထားပါတယ်။

“အခွင့်အရေး နည်းပါးပြီး ဆင်းရဲချို့တဲ့တဲ့ ကျွန်တော်တို့ရဲ့အိမ်နီးချင်းတွေအတွက် အမြဲတမ်း နွေးထွေးစွာနဲ့ ထောက်ပံ့ပေးတဲ့ Yoo Jae Suk ကို ကျေးဇူးတင်ရပြန်ပါတယ်။ အခြေအနေ နိမ့်ပါးတဲ့ လူမှုဘဝတွေအတွက် ရည်ရွယ်လှူဒါန်းထားတဲ့ ဒီအလှူငွေတွေကို ကျွန်တော်တို့ ပွင့်လင်းမြင်သာမှုရှိစွာနဲ့ တန်ဖိုးထားပြီး သုံးစွဲသွားပါ့မယ် …” လို့ ဖောင်ဒေးရှင်းရဲ့ စီအီးအိုက ကျေးဇူးတင်စကား ဆိုထားပါတယ်။

Photo via soompi

Yoo Jae Suk ဟာ ၂၀၂၀ ခုနှစ်တည်းက စတင်ပြီး GFoundation ကို လှူဒါန်းလာတာ အခုဆိုရင် သုံးနှစ်တိုင်တိုင် ရှိခဲ့ပါပြီ။ သူ စုစုပေါင်း လှူဒါန်းထားတဲ့ ငွေကြေးပမာဏကတော့ ဝမ်သန်း(၂၀၀)ခန့် ရှိပြီလို့ သိရပါတယ်။ အဆိုပါ GFoundation ကတော့ ကလေးသူငယ်တွေ၊ လူငယ်တွေရဲ့ ပညာရေးဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာတွေကို ထောက်ပံ့လုပ်ကိုင်ပေးနေတဲ့အဖွဲ့ ဖြစ်ပြီး တစ်ဦးတည်းနေထိုင်ရတဲ့ သက်ကြီးရွယ်အိုတွေအတွက်လည်း ကူညီထောက်ပံ့မှုတွေ ပေးနေတာ ဖြစ်ပါတယ်။

Vancovuer

Source: soompi

RELATED ARTICLES

Most Popular