HomeCelebs Update NewsInternationalBen Affleck နဲ့လမ်းခွဲပြီးနောက် LA မြို့ကို ကျောခိုင်းခဲ့တယ်ဆိုတဲ့ Ana de Armas

Ben Affleck နဲ့လမ်းခွဲပြီးနောက် LA မြို့ကို ကျောခိုင်းခဲ့တယ်ဆိုတဲ့ Ana de Armas

မင်းသမီးချော Ana de Armas ကတော့ နာမည်ကျော်ပုဂ္ဂိုလ်တွေ နေထိုင်တဲ့ လော့စ်အိန်ဂျလိစ်မြို့ကို ကျောခိုင်းပြီး နယူးယော့ခ်မြို့ကို ပြောင်းရွှေ့ နေထိုင်နေပြီ ဖြစ်ပါတယ်။ သူမဟာ အယ်လ်အေလို့ အတိုကောက်ခေါ်ကြတဲ့ လော့စ်အိန်ဂျလိစ်မြို့မှာ ခုနှစ်နှစ်တာခန့် နေထိုင်ခဲ့ပေမယ့် နာမည်ကြီးမင်းသား Ben Affleck နဲ့ လမ်းခွဲပြီးနောက်မှာတော့ သူမအတွက် ဒီမြို့ဟာ အဆင်မပြေစရာ စိတ်အနှောင့်အယှက် ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

အသက်(၃၄)နှစ် ရှိပြီဖြစ်တဲ့ Ana de Armas ဟာ လက်ရှိမှာတော့ နယူးယော့ခ်မြို့မှာ အေးချမ်းပျော်ရွှင်စွာ နေထိုင်နေတာ ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ ဩဂုတ်လထွက် ELLE မဂ္ဂဇင်းမှာ မျက်နှာဖုံးရှင်အဖြစ် ပြုလုပ်ပေးထားရင်း အင်တာဗျူးမှာ ဖြေဆိုထားတာ ဖြစ်ပါတယ်။

Photo: ana_d_armas/ Instagram

“ကျွန်မ L.A က ပြောင်းလာတာ အဲဒါကြောင့်လည်း ပါတယ်။ ဒီအဖြစ်အပျက်ကြီးကို ကျော်ဖြတ်ရတဲ့အခါ ကိုယ့်ဘာသာ တွေးမိလာတာ ရှိတယ်။ ဒီနေရာကတော့ ငါ့အတွက် မဟုတ်တော့ဘူးပေါ့။ ပြောရရင် ဒီမြို့က နည်းနည်း တရားလွန်လာတာပေါ့။ လွတ်လမ်းမရှိဘူးကွာ။ ထွက်ပေါက်လည်း မရှိဘူး။ ဒီမှာနေရတာ တစ်ချိန်လုံး ကိုယ့်ဆီမှာ တစ်ခုခု ပျောက်ဆုံးနေသလို၊ လိုအပ်နေသလို ခံစားနေရတယ်။ ဒီမြို့က လူတစ်ယောက်ကို စိတ်တွေ ထွေပြားစေတဲ့မြို့ပါပဲ … ” လို့ Ana က ပြောထားပါတယ်။

Ana ကတော့ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားနေချိန် ၂၀၂၀ ခုနှစ်မှာ မင်းသား Ben Affleck နဲ့ တွဲခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ Deep Water ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးရင်း တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ စတင်တွေ့ဆုံပြီး သိပ်မကြာခင်မှာပဲ ချစ်သူတွေ ဖြစ်သွားကြပြီး သူတို့ရဲ့ချစ်သူသက်တမ်းကတော့ တစ်နှစ်ကျော်ခန့် ကြာမြင့်ခဲ့ပါတယ်။

Photo: ana_d_armas/ Instagram

ကိုဗစ်ရောဂါ ပြင်းထန်နေတဲ့ကာလမှာတော့ Ana နဲ့ Ben တို့ဟာ အယ်လ်အေမှာ အတူတူ ကွာရန်တင်း နေထိုင်ခဲ့ကြပါတယ်။ တခါတရံမှာလည်း ကော်ဖီထွက်သောက်တာ၊ ခွေးထွက်ကျောင်းတာမျိုးတွေနဲ့ လူကြားထဲမှာ သူတို့နှစ်ယောက်ကို အတူတွေ့ရပါသေးတယ်။

ဆိုးရွားတာကတော့ မီဒီယာတွေဟာ သူတို့ရဲ့လှုပ်ရှားမှု မှန်သမျှကို လိုက်လံ စောင့်ကြည့်နေခဲ့ကြတာပါပဲ။ ဒါဟာ သူတို့မတွဲခင် သတင်းထွက်နေတဲ့ အချိန်မှာရော၊ တွဲနေတာ အချိန်မှာပါ ဖြစ်သလို ပြတ်သွားတဲ့အချိန်မှာလည်း အလွတ်မပေးခဲ့ကြပါဘူး။ ဒါကြောင့်ပဲ ချစ်သူနဲ့ ပြတ်ထားတဲ့ Ana ဟာ ပါပါရာဇီတွေများတဲ့ အယ်လ်အေကို စိတ်ကုန်လာပုံ ရပါတယ်။

Photo: ana_d_armas/ Instagram

ယခုလက်ရှိမှာတော့ Ana ဟာ နယူးယော့ခ်မြို့မှာ ချစ်သူအသစ် Paul Boukadakis နဲ့အတူ နေထိုင်နေပါတယ်။ သူမရဲ့ချစ်သူကတော့ Tinder ရဲ့ Executive အရာရှိတစ်ယောက် ဖြစ်ပါတယ်။ နယူးယော့ခ်မြို့မှာတော့ အယ်လ်အေနဲ့ ယှဉ်လိုက်ရင် မီဒီယာတွေရဲ့ ရန်က နည်းနည်းကင်းဝေးပြီး ယခင်ကထက် စိတ်အေးလက်အေး နေထိုင်နိုင်မှာ ဖြစ်ပါတယ်။

Vancouver

Source: hollywoodlife

RELATED ARTICLES

Most Popular