HomeCelebs Update NewsInternationalဒါရိုက်တာ ပြုလုပ်တော့မယ့် Stranger Things သရုပ်ဆောင် Finn Wolfhard

ဒါရိုက်တာ ပြုလုပ်တော့မယ့် Stranger Things သရုပ်ဆောင် Finn Wolfhard

Stranger Things သရုပ်ဆောင် Finn Wolfhard ကတော့ ဒါရိုက်တာအဖြစ်ပါ ပွဲဦးထွက်တော့မှာ ဖြစ်ပါတယ်။ Finn ဟာ Hell of a Summer ဆိုတဲ့ ရုပ်ရှင်ကို ယခုလအတွင်းမှာပဲ စတင်ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။ သူကတော့ Stranger Things ဇာတ်လမ်းတွဲထဲမှာ Mike Wheeler အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး It နဲ့ It: Chapter Two တို့မှာလည်း Richie Tozier အနေနဲ့ ပါဝင်ထားပါတယ်။ ဒါ့အပြင် မကြာသေးခင်က ထွက်ရှိခဲ့တဲ့ Ghostbusters: After Life မှာလည်း Trevor ဆိုတဲ့ ဇာတ်ကောင်နေရာမှာ ပါဝင်ထားပါသေးတယ်။

photo via screenrant

Finn ဟာ ၂၀၂၀ ခုနှစ်တုန်းကလည်း Night Shifts ဆိုတဲ့ ဟာသဇာတ်လမ်းတိုလေးအတွက် ဇာတ်ညွှန်းနဲ့ ဒါရိုက်တာအဖြစ် တွဲဖက်ပါဝင်ခဲ့ပြီး 2020 Atlanta Shortsfest ပွဲမှာ အကောင်းဆုံး ဒါရိုက်တာဆု ရရှိခဲ့ပါတယ်။ ဒါ့အပြင် အဲဒီဟာသဇာတ်လမ်းတိုကလည်း အကောင်းဆုံး ကနေဒါဇာတ်လမ်းတိုအတွက် Silver Audience Award ကို ရရှိခဲ့ပါသေးတယ်။ ယခုဆိုရင်တော့ Finn Wolfhard ဟာ Hell of a Summer ဆိုတဲ့ ရုပ်ရှင်ကို ယခုလအတွင်းမှာပဲ ကနေဒါနိုင်ငံမှာ ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

The Hollywood Reporter သတင်းဌာနရဲ့ ဖော်ပြချက်အရ Hell of a Summer ရုပ်ရှင်ဟာ Horror ဟာသဇာတ်လမ်းအမျိူးအစား ဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်တော်ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကို တွဲဖက်ဒါရိုက်တာ အနေနဲ့ ပထမဆုံး ပါဝင်ရမယ့်အတွက် အရမ်းစိတ်လှုပ်ရှားနေပါတယ်။ အံ့ဩစရာကောင်းတဲ့ သရုပ်ဆောင်တွေ၊ ရုပ်ရှင်အဖွဲ့သားတွေနဲ့ အတူတွဲလုပ်ခွင့်ရတာပေါ့ဗျာ။ ပြီးတော့ 30West နဲ့ Aggregate တို့လို ကုမ္ပဏီတွေနဲ့ အလုပ်တွဲလုပ်ရဖို့က ကျွန်တော့်အိပ်မက်ပါပဲ …”

photo via screenrant

ဒီရုပ်ရှင်ကိုတော့ Finn Wolfhard တစ်ယောက်တည်းက ရိုက်ကူးသွားမှာ မဟုတ်ဘဲ ဒါရိုက်တာ Billy Bryk နဲ့အတူ တွဲဖက်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ လောလောဆယ်တော့ ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအကြောင်းအရာကို မသိရသေးသလို ထွက်ရှိလာမယ့် နေ့ရက်ကိုလည်း မသိရသေးပါဘူး။ ဒီရုပ်ရှင်ထဲမှာ Finn Wolfhard နဲ့ Billy Bryk တို့က ဒါရိုက်တာ  တာဝန်အပြင် သူတို့ကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပြီး Fred Hechinger ကလည်း ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular