HomeCelebs Update NewsInternationalသရုပ်ဆောင်လောကကနေ ခေတ္တ အနားယူမယ်ဆိုတဲ့ Andrew Garfield

သရုပ်ဆောင်လောကကနေ ခေတ္တ အနားယူမယ်ဆိုတဲ့ Andrew Garfield

Andrew Garfield ကတော့ Under the Banner of Heaven ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ပြီးရင် ခဏတာ အနားယူသွားမယ်လို့ ဆိုပါတယ်။ Andrew ကတော့ ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Social Network ရုပ်ရှင်နဲ့ စတင်အောင်မြင်လာခဲ့ပြီး Spider-Man အဖြစ်နဲ့လည်း လူသိများကြပါတယ်။ ဒါ့အပြင် မကြာသေးခင်ကပဲ Spider-Man: No Way Home ရုပ်ရှင်မှာ Spider-Man အနေနဲ့လည်း ပြန်လည် ပါဝင်ခဲ့ပါသေးတယ်။

photo via screenrant

Andrew ရဲ့ နောက်ဆုံးအသစ် ထွက်ရှိထားတဲ့ ပရောဂျက်ကတော့ Under the Banner of Heaven ဆိုတဲ့ မီနီစီးရီးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘာသာရေး ကိုင်းရှိုင်းတဲ့ စုံထောက်တစ်ယောက်ဟာ လူသတ်မှုတစ်ခုကို စုံစမ်းနေရင်းနဲ့ သူ့ရဲ့ယုံကြည်မှုတွေကို တဖြည်းဖြည်းနဲ့ စမ်းသပ်ခံရသလို ဖြစ်လာပါတယ်။ အကြောင်းကတော့ ဒီရာဇဝတ်မှုကို Church of Jesus Christ of Latter-Day Saints ရဲ့ နောက်လိုက်တွေက ကျူးလွန်ထားပုံ ရတာကြောင့်ပဲ ဖြစ်ပါတယ်။

Variety သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ Andrew Garfield ဟာ သရုပ်ဆောင်ဘဝကနေ ခဏတာ အနားယူမယ် ဆိုတဲ့ အကြောင်းကို ပြောပြခဲ့ပါတယ်။

“ခဏလောက်တော့ နားဦးမယ်ဗျ။ နောက်ထပ် ဘာတွေလုပ်ချင်လည်း ဆိုတာနဲ့ ကျွန်တော် ဘယ်လိုလူမျိုး ဖြစ်ချင်တယ် ဆိုတာကို သေချာပြန်စဉ်းစားဖို့ လိုတယ်လေ။ အခုချိန်က ဆုပေးပွဲတွေနဲ့ အရမ်းအလုပ်များခဲ့လို့ ခဏလောက်တော့ ပုံမှန်လူလိုပဲ နေချင်ပါသေးတယ် …”

photo via screenrant

Andrew ကတော့ အော်စကာဆုအတွက် စံကာတင်စာရင်းဝင်ခဲ့တဲ့ Tick,Tick…Boom! အတွက် အလွန်ပင်ပန်းခဲ့ပြီး No Way Home ထဲမှာလည်း ပါဝင်ခဲ့ပါတယ်။ ဒီအချက်တွေကြောင့်ပဲ သူဟာ သရုပ်ဆောင်ဘဝက ခဏတာ အနားယူမယ်လို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ Andrew ရဲ့ Amazing Spider-Man 3 ကို ထပ်မံ မြင်တွေ့ချင်နေကြပေမယ့်လည်း တကယ်မြင်တွေ့ရမယ် ဆိုရင်တောင် အချိန်တစ်ခုတော့ စောင့်မျှော်ရဦးမယ်လို့ ယူဆရပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular