HomeCelebs Update NewsInternationalဇာတ်ရှိန်မြင့်လာပြီဖြစ်တဲ့ Angelina Jolie နဲ့ Brad Pitt တို့ရဲ့ လေးနှစ်ကြာပဋိပက္ခ

ဇာတ်ရှိန်မြင့်လာပြီဖြစ်တဲ့ Angelina Jolie နဲ့ Brad Pitt တို့ရဲ့ လေးနှစ်ကြာပဋိပက္ခ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဟောလိဝုဒ်ရဲ့နာမည်ကျော် စုံတွဲတစ်တွဲ ဖြစ်ခဲ့ဖူးတဲ့ Angelina Jolie နဲ့ Brad Pitt တို့ဟာ လေးနှစ်ခန့် ကြာမြင့်လာပြီဖြစ်တဲ့ ကွာရှင်းပြတ်စဲမှု အမှုတွဲမှာ နောက်ထပ် စိန်ခေါ်မှုတွေကို တွေ့ကြုံလာရပြီ ဖြစ်ပါတယ်။ ယခုဖြစ်ပွားနေတဲ့ ကိစ္စကတော့ Jolie နဲ့ Pitt တို့ရဲ့ ကွာရှင်းမှုကို တာဝန်ယူထားရတဲ့ ပုဂ္ဂလိက တရားသူကြီးနဲ့ ပတ်သက်ပြီး အချင်းများနေကြတာ ဖြစ်ပါတယ်။

People မဂ္ဂဇင်းက စုံစမ်းရရှိထားတဲ့ တရားရေးဆိုင်ရာ စာရွက်စာတမ်းတွေအရ အသက်(၄၅)နှစ်အရွယ် ရှိပြီဖြစ်တဲ့ မင်းသမီး Angelina Jolie ဟာ သူမရဲ့ခင်ပွန်းဟောင်း Brad Pitt နဲ့ ကွာရှင်းတဲ့အမှုမှာ တာဝန်ယူထားတဲ့ တရားသူကြီး John W. Ouderkirk ကို အမှုကနေ ဖယ်ရှားပေးဖို့ ဩဂုတ်လ(၇)ရက်နေ့က တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ အဆိုပါတရားသူကြီးဟာ Jolie တို့မောင်နှံကို ၂၀၁၄ခုနှစ်တုန်းက လက်ထပ်ပေးခဲ့တဲ့ တရားသူကြီးဖြစ်ပြီး ၂၀၁၇ခုနှစ်မှာ ကွာရှင်းမယ်ဆိုတော့လည်း နှစ်ဦးလုံးက သဘောတူညီပြီး ငှားရမ်းခဲ့တဲ့ တရားသူကြီး ဖြစ်ပါတယ်။

Photo: brad_pitt_angelina_jolie/ Instagram

မင်းသမီး Jolie ရဲ့ စွပ်စွဲချက်ကတော့ တရားသူကြီး Ouderkirk ဟာ သူကိုယ်တိုင်နဲ့ Brad Pitt ရဲ့ရှေ့နေတွေကြားက လက်ရှိ ရှိနေဆဲအလုပ်ကိစ္စတွေနဲ့ ပတ်သက်မှုတွေအကြောင်းကို မင်းသမီးဆီ မဖြစ်မနေ အသိပေးဖို့ လိုအပ်ပေမယ့် အချိန်မီ အသိမပေးခဲ့ဘူးလို့ ဆိုထားတာ ဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး Brad Pitt ဘက်က ရှေ့နေတွေကတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ပြန်လည်ချေပတဲ့ ထုချေလွှာတစ်ခုကို တင်ထားပါသေးတယ်။ Pitt ရဲ့ရှေ့နေတွေကတော့ ဒါဟာ အချိန်ကာလကြာမြင့်စွာ အမှုရင်ဆိုင်လာခဲ့တဲ့ ကလေးတွေရဲ့ အုပ်ထိန်းခွင့်နဲ့ ပတ်သက်ပြီး စီရင်ချက်ချကာနီးမှာ Jolie ဘက်က ပါးနပ်စွာနဲ့ အကွက်ရွှေ့တာသာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

Photo: brad_pitt_angelina_jolie/ Instagram

Jolie ရဲ့ စွဲဆိုချက်မှာတော့ တရားသူကြီး Ouderkirk ဟာ Brad Pitt ဘက်က ရှေ့နေတွေလည်း ပါဝင်ခဲ့တဲ့ အခြားသော ကွာရှင်းပြတ်စဲမှုတွေမှာလည်း အသေးစိတ် ရှင်းလင်းချက်တွေ မပေးခဲ့ဘူးလို့ အခိုင်အမာဆိုထားပြီး တရားသူကြီးက ဘက်လိုက်တယ်လို့ ပြောဆိုထားပါတယ်။

သို့ပေမယ့်လည်း Brad Pitt ဘက်ကတော့ တရားသူကြီး Ouderkirk ဟာ ရှင်းလင်းချက်ပေးဖို့လိုသမျှကို Jolie နဲ့ သူမရဲ့တရားရေးအဖွဲ့တစ်ဖွဲ့လုံးကို သုံးကြိမ်တိတိ ရှင်းလင်းပြီး ဖြစ်တယ်လို့ ဆိုထားပြန်ပါတယ်။ ဒါ့အပြင် Jolie ရဲ့ ထင်သာမြင်သာရှိလွန်းလှတဲ့ အကွက်ကျကျ စီမံမှုမှာ တကယ် နာကျင်ထိခိုက်ရမှာဟာ ကလေးတွေသာ ဖြစ်တယ်လို့လည်း Pitt ရဲ့ရှေ့နေအဖွဲ့က ချေပတဲ့ စာရွက်စာတမ်းထဲမှာ ရေးသားထားတယ်လို့ သိရပါတယ်။

Photo Credit: Vogue

နှစ်ဘက်စလုံးက အပြိုင်အဆိုင် ထုချေလွှာတွေ တင်ပြီးတဲ့ အချိန်မှာလည်း ပဋိပက္ခက ဆက်လက်ကြီးထွားလာလျက် ရှိနေပါတယ်။ Jolie ရဲ့ရှေ့နေဖြစ်တဲ့ Samantha Bley DeJean ကတော့ သူတို့ဘက်က သဘောထားကို People မဂ္ဂဇင်းကနေတစ်ဆင့် ကြေညာထားပါတယ်။

“မစ္စတာ Pitt ဘက်က ရှေ့နေအဖွဲ့ဟာ တရားသူကြီး Ouderkirk ရဲ့ တုံ့ပြန်မှုကို မစောင့်နိုင်ဘဲ ကြားဝင်ဖြေရှင်းနေတာကို စိတ်မကောင်းစွာ တွေ့ရှိရပါတယ်။ ဒါဟာ တရားသူကြီး Ouderkirk ရဲ့အဖြေကို လွှမ်းမိုးချင်လို့ ပြုလုပ်လိုက်တဲ့ အားထုတ်မှုဖြစ်ကြောင်း ဘယ်သူမဆို ကောက်ချက်ချနိုင်ပါလိမ့်မယ်။ အမှုရှေ့ဆက်သွားဖို့ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်လာခဲ့ရင် ဒါဟာ သူတို့အမှုသည်ရဲ့ အကျိုးအတွက် အသိအမှတ်မပြုထားတဲ့ အထူးခံစားခွင့်တွေ ဖန်တီးပေးဖို့ သူတို့ လုပ်လိုက်တဲ့ အားကျိုးမာန်တက် ကြိုးစားမှုကြောင့်ပဲ ဖြစ်ပါလိမ့်မယ် … ” လို့ Jolie ရဲ့ရှေ့နေက ကြေညာချက်မှာ ပြောကြားထားပါတယ်။

Photo Credit: Vogue

Pitt နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက People မဂ္ဂဇင်းကို ပြောကြားထားချက်ကတော့ “ဒီတရားသူကြီးက သူတို့နှစ်ယောက်ကို လက်ထပ်ပေးခဲ့တဲ့ တရားသူကြီးပါပဲ။ အဲ့ဒီ့တရားသူကြီးဟာ Jolie ရဲ့ရှေ့နေအဖွဲ့က ကောင်းကောင်းသိတဲ့ လူတစ်ယောက်ဖြစ်ပြီး သူတို့ကပဲ Jolie နဲ့ Pitt တို့ကို ဒီတရားသူကြီးနဲ့ မိတ်ဆက်ပေးလိုက်တာပါ။ သူမရဲ့ရှေ့နေအဖွဲ့ဟာ ဒီတရားသူကြီးနဲ့တွဲပြီး အလုပ်တွေလည်း အတူတူလုပ်ဖူးပါတယ်။ ဒါကြောင့် တစ်ခုတည်းသော အကြောင်းပြချက်ဟာ သူမရဲ့ရှေ့နေအဖွဲ့က သူတို့ရှုံးတော့မယ်ဆိုတာ သိနေလို့ တမင်အကွက်ဆင်ပြီး တရားသူကြီး အစားထိုးဖို့ ကြိုးစားတာပါ… ” လို့ သိရပါတယ်။

အဆိုပါ တရားသူကြီးဟာ ၂၀၁၄ခုနှစ်က ပြုလုပ်ခဲ့တဲ့ Jolie နဲ့ Pitt တို့ရဲ့ လက်ထပ်ပွဲကို တက်ရောက်ခဲ့တဲ့ အယောက်နှစ်ဆယ်တည်းသော ဧည့်သည်ထဲမှာ ပါဝင်ခဲ့ပြီး သူတို့ကို လက်ထပ်ပေးခဲ့တဲ့ တရားသူကြီး ဖြစ်ပါတယ်။

Photo: brangelinakids/ Instagram

ဟောလိဝုဒ်ရဲ့ နာမည်ကျော်စုံတွဲတစ်တွဲ ဖြစ်ခဲ့ပေမယ့် Jolie ဟာ ၂၀၁၆ခုနှစ်မှာ ကွာရှင်းခွင့် လျှောက်ထားခဲ့ပြီး မနှစ်ကစလို့ နှစ်ယောက်လုံးက လူလွတ် ဆင်ဂယ်လ်တွေဖြစ်ကြောင်း ကြေညာခဲ့ကြပါတယ်။ အခုဖြစ်ပွားနေတာကတော့ ကလေးတွေရဲ့ အုပ်ထိန်းခွင့်ရရှိဖို့ အမှုရင်ဆိုင်နေတာ ဖြစ်လို့ ကွာရှင်းပြတ်စဲတဲ့အမှုရဲ့ အပြီးသတ် ဆုံးဖြတ်ချက် မထွက်လာခင် တစ်ဖက်နဲ့တစ်ဖက် အသာစီးရဖို့ ကြိုးစားနေကြတာလည်း ဖြစ်ပါတယ်။

Jolie နဲ့ Pitt တို့မှာ စုစုပေါင်း ကလေးခြောက်ယောက် ရှိပါတယ်။ အကြီးဆုံးသား Maddox ကတော့ အသက်(၁၈)နှစ်ရှိပြီဖြစ်ပြီး သူ့အောက်မှာတော့ (၁၆)နှစ်အရွယ် Pax ၊ (၁၅)နှစ်အရွယ် Zahara ၊ (၁၄)နှစ်အရွယ် Shiloh နဲ့ အမွှာလေးနှစ်ယောက်ဖြစ်တဲ့ (၁၂)နှစ်အရွယ် Vivienne နဲ့ Knox တို့ ဖြစ်ပါတယ်။ အကြီးဆုံး သုံးယောက်ဖြစ်တဲ့ Maddox ၊ Pax နဲ့ Zahara တို့ဟာ တရားဝင် မွေးစားထားတဲ့ အမွေစားအမွေခံ သားသမီးတွေဖြစ်ပြီး အငယ်သုံးယောက်ဖြစ်တဲ့ Shiloh ၊ Vivenne နဲ့ Knox တို့ကတော့ Jolie နဲ့ Pitt တို့ရဲ့ သွေးသားရင်း သားသမီးတွေ ဖြစ်ပါတယ်။

Glasgow

Source: people

(Zawgyi Version)

ေဟာလိဝုဒ္ရဲ႕နာမည္ေက်ာ္ စုံတြဲတစ္တြဲ ျဖစ္ခဲ့ဖူးတဲ့ Angelina Jolie နဲ႔ Brad Pitt တို႔ဟာ ေလးႏွစ္ခန႔္ ၾကာျမင့္လာၿပီျဖစ္တဲ့ ကြာရွင္းျပတ္စဲမႈ အမႈတြဲမွာ ေနာက္ထပ္ စိန္ေခၚမႈေတြကို ေတြ႕ႀကဳံလာရၿပီ ျဖစ္ပါတယ္။ ယခုျဖစ္ပြားေနတဲ့ ကိစၥကေတာ့ Jolie နဲ႔ Pitt တို႔ရဲ႕ ကြာရွင္းမႈကို တာဝန္ယူထားရတဲ့ ပုဂၢလိက တရားသူႀကီးနဲ႔ ပတ္သက္ၿပီး အခ်င္းမ်ားေနၾကတာ ျဖစ္ပါတယ္။

People မဂၢဇင္းက စုံစမ္းရရွိထားတဲ့ တရားေရးဆိုင္ရာ စာ႐ြက္စာတမ္းေတြအရ အသက္(၄၅)ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ မင္းသမီး Angelina Jolie ဟာ သူမရဲ႕ခင္ပြန္းေဟာင္း Brad Pitt နဲ႔ ကြာရွင္းတဲ့အမႈမွာ တာဝန္ယူထားတဲ့ တရားသူႀကီး John W. Ouderkirk ကို အမႈကေန ဖယ္ရွားေပးဖို႔ ဩဂုတ္လ(၇)ရက္ေန႔က ေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။ အဆိုပါတရားသူႀကီးဟာ Jolie တို႔ေမာင္ႏွံကို ၂၀၁၄ခုႏွစ္တုန္းက လက္ထပ္ေပးခဲ့တဲ့ တရားသူႀကီးျဖစ္ၿပီး ၂၀၁၇ခုႏွစ္မွာ ကြာရွင္းမယ္ဆိုေတာ့လည္း ႏွစ္ဦးလုံးက သေဘာတူညီၿပီး ငွားရမ္းခဲ့တဲ့ တရားသူႀကီး ျဖစ္ပါတယ္။

Photo: brad_pitt_angelina_jolie/ Instagram

မင္းသမီး Jolie ရဲ႕ စြပ္စြဲခ်က္ကေတာ့ တရားသူႀကီး Ouderkirk ဟာ သူကိုယ္တိုင္နဲ႔ Brad Pitt ရဲ႕ေရွ႕ေနေတြၾကားက လက္ရွိ ရွိေနဆဲအလုပ္ကိစၥေတြနဲ႔ ပတ္သက္မႈေတြအေၾကာင္းကို မင္းသမီးဆီ မျဖစ္မေန အသိေပးဖို႔ လိုအပ္ေပမယ့္ အခ်ိန္မီ အသိမေပးခဲ့ဘူးလို႔ ဆိုထားတာ ျဖစ္ပါတယ္။

ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး Brad Pitt ဘက္က ေရွ႕ေနေတြကေတာ့ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔မွာ ျပန္လည္ေခ်ပတဲ့ ထုေခ်လႊာတစ္ခုကို တင္ထားပါေသးတယ္။ Pitt ရဲ႕ေရွ႕ေနေတြကေတာ့ ဒါဟာ အခ်ိန္ကာလၾကာျမင့္စြာ အမႈရင္ဆိုင္လာခဲ့တဲ့ ကေလးေတြရဲ႕ အုပ္ထိန္းခြင့္နဲ႔ ပတ္သက္ၿပီး စီရင္ခ်က္ခ်ကာနီးမွာ Jolie ဘက္က ပါးနပ္စြာနဲ႔ အကြက္ေ႐ႊ႕တာသာ ျဖစ္တယ္လို႔ ဆိုထားပါတယ္။

Photo: brad_pitt_angelina_jolie/ Instagram

Jolie ရဲ႕ စြဲဆိုခ်က္မွာေတာ့ တရားသူႀကီး Ouderkirk ဟာ Brad Pitt ဘက္က ေရွ႕ေနေတြလည္း ပါဝင္ခဲ့တဲ့ အျခားေသာ ကြာရွင္းျပတ္စဲမႈေတြမွာလည္း အေသးစိတ္ ရွင္းလင္းခ်က္ေတြ မေပးခဲ့ဘူးလို႔ အခိုင္အမာဆိုထားၿပီး တရားသူႀကီးက ဘက္လိုက္တယ္လို႔ ေျပာဆိုထားပါတယ္။

သို႔ေပမယ့္လည္း Brad Pitt ဘက္ကေတာ့ တရားသူႀကီး Ouderkirk ဟာ ရွင္းလင္းခ်က္ေပးဖို႔လိုသမွ်ကို Jolie နဲ႔ သူမရဲ႕တရားေရးအဖြဲ႕တစ္ဖြဲ႕လုံးကို သုံးႀကိမ္တိတိ ရွင္းလင္းၿပီး ျဖစ္တယ္လို႔ ဆိုထားျပန္ပါတယ္။ ဒါ့အျပင္ Jolie ရဲ႕ ထင္သာျမင္သာရွိလြန္းလွတဲ့ အကြက္က်က် စီမံမႈမွာ တကယ္ နာက်င္ထိခိုက္ရမွာဟာ ကေလးေတြသာ ျဖစ္တယ္လို႔လည္း Pitt ရဲ႕ေရွ႕ေနအဖြဲ႕က ေခ်ပတဲ့ စာ႐ြက္စာတမ္းထဲမွာ ေရးသားထားတယ္လို႔ သိရပါတယ္။

Photo Credit: Vogue

ႏွစ္ဘက္စလုံးက အၿပိဳင္အဆိုင္ ထုေခ်လႊာေတြ တင္ၿပီးတဲ့ အခ်ိန္မွာလည္း ပဋိပကၡက ဆက္လက္ႀကီးထြားလာလ်က္ ရွိေနပါတယ္။ Jolie ရဲ႕ေရွ႕ေနျဖစ္တဲ့ Samantha Bley DeJean ကေတာ့ သူတို႔ဘက္က သေဘာထားကို People မဂၢဇင္းကေနတစ္ဆင့္ ေၾကညာထားပါတယ္။

“မစၥတာ Pitt ဘက္က ေရွ႕ေနအဖြဲ႕ဟာ တရားသူႀကီး Ouderkirk ရဲ႕ တုံ႔ျပန္မႈကို မေစာင့္ႏိုင္ဘဲ ၾကားဝင္ေျဖရွင္းေနတာကို စိတ္မေကာင္းစြာ ေတြ႕ရွိရပါတယ္။ ဒါဟာ တရားသူႀကီး Ouderkirk ရဲ႕အေျဖကို လႊမ္းမိုးခ်င္လို႔ ျပဳလုပ္လိုက္တဲ့ အားထုတ္မႈျဖစ္ေၾကာင္း ဘယ္သူမဆို ေကာက္ခ်က္ခ်ႏိုင္ပါလိမ့္မယ္။ အမႈေရွ႕ဆက္သြားဖို႔ ေႏွာင့္ေႏွးၾကန႔္ၾကာမႈေတြ ျဖစ္လာခဲ့ရင္ ဒါဟာ သူတို႔အမႈသည္ရဲ႕ အက်ိဳးအတြက္ အသိအမွတ္မျပဳထားတဲ့ အထူးခံစားခြင့္ေတြ ဖန္တီးေပးဖို႔ သူတို႔ လုပ္လိုက္တဲ့ အားက်ိဳးမာန္တက္ ႀကိဳးစားမႈေၾကာင့္ပဲ ျဖစ္ပါလိမ့္မယ္ … ” လို႔ Jolie ရဲ႕ေရွ႕ေနက ေၾကညာခ်က္မွာ ေျပာၾကားထားပါတယ္။

Photo Credit: Vogue

Pitt နဲ႔ နီးစပ္တဲ့ အသိုင္းအဝိုင္းက People မဂၢဇင္းကို ေျပာၾကားထားခ်က္ကေတာ့ “ဒီတရားသူႀကီးက သူတို႔ႏွစ္ေယာက္ကို လက္ထပ္ေပးခဲ့တဲ့ တရားသူႀကီးပါပဲ။ အဲ့ဒီ့တရားသူႀကီးဟာ Jolie ရဲ႕ေရွ႕ေနအဖြဲ႕က ေကာင္းေကာင္းသိတဲ့ လူတစ္ေယာက္ျဖစ္ၿပီး သူတို႔ကပဲ Jolie နဲ႔ Pitt တို႔ကို ဒီတရားသူႀကီးနဲ႔ မိတ္ဆက္ေပးလိုက္တာပါ။ သူမရဲ႕ေရွ႕ေနအဖြဲ႕ဟာ ဒီတရားသူႀကီးနဲ႔တြဲၿပီး အလုပ္ေတြလည္း အတူတူလုပ္ဖူးပါတယ္။ ဒါေၾကာင့္ တစ္ခုတည္းေသာ အေၾကာင္းျပခ်က္ဟာ သူမရဲ႕ေရွ႕ေနအဖြဲ႕က သူတို႔ရႈံးေတာ့မယ္ဆိုတာ သိေနလို႔ တမင္အကြက္ဆင္ၿပီး တရားသူႀကီး အစားထိုးဖို႔ ႀကိဳးစားတာပါ… ” လို႔ သိရပါတယ္။

အဆိုပါ တရားသူႀကီးဟာ ၂၀၁၄ခုႏွစ္က ျပဳလုပ္ခဲ့တဲ့ Jolie နဲ႔ Pitt တို႔ရဲ႕ လက္ထပ္ပြဲကို တက္ေရာက္ခဲ့တဲ့ အေယာက္ႏွစ္ဆယ္တည္းေသာ ဧည့္သည္ထဲမွာ ပါဝင္ခဲ့ၿပီး သူတို႔ကို လက္ထပ္ေပးခဲ့တဲ့ တရားသူႀကီး ျဖစ္ပါတယ္။

Photo: brangelinakids/ Instagram

ေဟာလိဝုဒ္ရဲ႕ နာမည္ေက်ာ္စုံတြဲတစ္တြဲ ျဖစ္ခဲ့ေပမယ့္ Jolie ဟာ ၂၀၁၆ခုႏွစ္မွာ ကြာရွင္းခြင့္ ေလွ်ာက္ထားခဲ့ၿပီး မႏွစ္ကစလို႔ ႏွစ္ေယာက္လုံးက လူလြတ္ ဆင္ဂယ္လ္ေတြျဖစ္ေၾကာင္း ေၾကညာခဲ့ၾကပါတယ္။ အခုျဖစ္ပြားေနတာကေတာ့ ကေလးေတြရဲ႕ အုပ္ထိန္းခြင့္ရရွိဖို႔ အမႈရင္ဆိုင္ေနတာ ျဖစ္လို႔ ကြာရွင္းျပတ္စဲတဲ့အမႈရဲ႕ အၿပီးသတ္ ဆုံးျဖတ္ခ်က္ မထြက္လာခင္ တစ္ဖက္နဲ႔တစ္ဖက္ အသာစီးရဖို႔ ႀကိဳးစားေနၾကတာလည္း ျဖစ္ပါတယ္။

Jolie နဲ႔ Pitt တို႔မွာ စုစုေပါင္း ကေလးေျခာက္ေယာက္ ရွိပါတယ္။ အႀကီးဆုံးသား Maddox ကေတာ့ အသက္(၁၈)ႏွစ္ရွိၿပီျဖစ္ၿပီး သူ႔ေအာက္မွာေတာ့ (၁၆)ႏွစ္အ႐ြယ္ Pax ၊ (၁၅)ႏွစ္အ႐ြယ္ Zahara ၊ (၁၄)ႏွစ္အ႐ြယ္ Shiloh နဲ႔ အမႊာေလးႏွစ္ေယာက္ျဖစ္တဲ့ (၁၂)ႏွစ္အ႐ြယ္ Vivienne နဲ႔ Knox တို႔ ျဖစ္ပါတယ္။ အႀကီးဆုံး သုံးေယာက္ျဖစ္တဲ့ Maddox ၊ Pax နဲ႔ Zahara တို႔ဟာ တရားဝင္ ေမြးစားထားတဲ့ အေမြစားအေမြခံ သားသမီးေတြျဖစ္ၿပီး အငယ္သုံးေယာက္ျဖစ္တဲ့ Shiloh ၊ Vivenne နဲ႔ Knox တို႔ကေတာ့ Jolie နဲ႔ Pitt တို႔ရဲ႕ ေသြးသားရင္း သားသမီးေတြ ျဖစ္ပါတယ္။

Glasgow

Source: people

 

RELATED ARTICLES

Most Popular