HomeCelebs Update NewsInternationalသရုပ္ေဆာင္ဘက္ကို လုံး၀စိတ္မ၀င္စားၾကဘူးဆိုတဲ့ Angelina Jolie ရဲ႕ ကေလးမ်ား

သရုပ္ေဆာင္ဘက္ကို လုံး၀စိတ္မ၀င္စားၾကဘူးဆိုတဲ့ Angelina Jolie ရဲ႕ ကေလးမ်ား

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Angelina Jolie နဲ့ Brad Pitt တို့ရဲ့ ကလေးခြောက်ယောက်ဟာ ကမ္ဘာကျော်သရုပ်ဆောင် နှစ်ယောက်ရဲ့ မျိုးဆက်တွေဖြစ်ပေမယ့် သရုပ်ဆောင်ဘက်မှာ လုံးဝစိတ်မဝင်စားကြဘူးလို့ Jolie ရဲ့ အဆိုအရ သိရပါတယ်။

အသက်(၄၄)နှစ်အရွယ်ရှိပြီဖြစ်တဲ့ မင်းသမီး Jolie မှာ ခင်ပွန်းဟောင်း Brad Pitt နဲ့ ရတဲ့ ကလေးသုံးယောက်နဲ့ မွေးစားထားတဲ့ ကလေးသုံးယောက်၊ စုစုပေါင်း ကလေးခြောက်ယောက် ရှိပါတယ်။ People မဂ္ဂဇင်းနဲ့ အင်တာဗျူးပြုလုပ်ခဲ့တဲ့ Jolie ရဲ့ ပြောကြားချက်အရ သူမရဲ့ ကလေးတွေကို သရုပ်ဆောင်အလုပ် လုပ်ဖို့ တိုက်တွန်းပေမယ့် တစ်ယောက်မှ စိတ်မဝင်စားကြဘူးလို့ ဆိုပါတယ်။

Photo: angelinajolie_official/ Instagram

“ကျွန်မ သူတို့ကိုပြောကြည့်ဖူးတယ်။ Vivienne ဆိုရင် သူ့ကို မင်းသမီးလေးအဖြစ် သရုပ်ဆောင်ခိုင်းခဲ့တာကို အခုထိ မယုံနိုင်သေးဘူး ဖြစ်နေတာ။ ကလေးတွေက တစ်ယောက်မှ သရုပ်ဆောင် မဖြစ်ချင်ကြဘူး။ သူတို့က စီးပွားရေးတို့၊ လူသားချင်းစာနာမှု ပရဟိတလုပ်ငန်းတွေဘက်မှာ စိတ်ဝင်စားကြတယ်။ သရုပ်ဆောင်အလုပ်ဆို ဘယ်သူမှ စိတ်မဝင်စားဘူး” လို့ Jolie က People ကို ဖြေထားပါတယ်။

Photo: angelinajolie_official/ Instagram

ယခု အသက်(၁၁)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Jolie ရဲ့ သမီးလေး Vivienne ဟာ ၂၀၁၄ခုနှစ်က ထွက်ရှိခဲ့တဲ့ Maleficent ရုပ်ရှင်ဇာတ်ကားထဲမှာ လက်ရှိ မင်းသမီး Elle Fanning သရုပ်ဆောင်ထားတဲ့ မင်းသမီးလေး Aurora ငယ်ဘဝမှာ ပါဝင်သရုပ်ဆောင်ထားဖူးပါတယ်။ သို့ပေမယ့်လည်း အခုအချိန်မှာတော့ သရုပ်ဆောင်ဘက်ကို လုံးဝစိတ်မပါဘူးလို့ ဆိုပါတယ်။

Photo: angelinajolie_official/ Instagram

အဖေ၊ အမေတွေက ဒီလောက် အရှိန်အဝါ သြဇာကြီးမားတဲ့ နာမည်ကျော် သရုပ်ဆောင်တွေ ဖြစ်ကြပေမယ့် သားသမီးတွေက မိဘလောင်းရိပ်အောက်မှာ မနေဘဲ ကိုယ်ပိုင်စိတ်အားထက်သန်ရာ လမ်းကြောင်းကို လျှောက်လှမ်းနေတာဟာ တကယ်ကို ချီးကျူးဖွယ်ရာလည်း ကောင်းလှပါတယ်။

LaNina

Source: indianexpress

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

Angelina Jolie နဲ႔ Brad Pitt တို႔ရဲ႕ ကေလးေျခာက္ေယာက္ဟာ ကမာၻေက်ာ္သရုပ္ေဆာင္ ႏွစ္ေယာက္ရဲ႕ မ်ိဳးဆက္ေတြျဖစ္ေပမယ့္ သရုပ္ေဆာင္ဘက္မွာ လုံး၀စိတ္မ၀င္စားၾကဘူးလို႔ Jolie ရဲ႕ အဆိုအရ သိရပါတယ္။

အသက္(၄၄)ႏွစ္အရြယ္ရိွၿပီျဖစ္တဲ့ မငး္သမီး Jolie မွာ ခင္ပြန္းေဟာင္း Brad Pitt နဲ႔ ရတဲ့ ကေလးသုံးေယာက္နဲ႔ ေမြးစားထားတဲ့ ကေလးသုံးေယာက္၊ စုစုေပါင္း ကေလးေျခာက္ေယာက္ ရိွပါတယ္။ People မဂၢဇင္းနဲ႔ အင္တာဗ်ဴးျပဳလုပ္ခဲ့တဲ့ Jolie ရဲ႕ ေျပာၾကားခ်က္အရ သူမရဲ႕ ကေလးေတြကို သရုပ္ေဆာင္အလုပ္ လုပ္ဖို႔ တိုက္တြန္းေပမယ့္ တစ္ေယာက္မွ စိတ္မ၀င္စားၾကဘူးလို႔ ဆိုပါတယ္။

Photo: angelinajolie_official/ Instagram

“ကၽြန္မ သူတို႔ကိုေျပာၾကည့္ဖူးတယ္။ Vivienne ဆိုရင္ သူ႔ကို မင္းသမီးေလးအျဖစ္ သရုပ္ေဆာင္ခိုင္းခဲ့တာကို အခုထိ မယုံႏိုင္ေသးဘူး ျဖစ္ေနတာ။ ကေလးေတြက တစ္ေယာက္မွ သရုပ္ေဆာင္ မျဖစ္ခ်င္ၾကဘူး။ သူတို႔က စီးပြားေရးတို႔၊ လူသားခ်င္းစာနာမႈ ပရဟိတလုပ္ငန္းေတြဘက္မွာ စိတ္၀င္စားၾကတယ္။ သရုပ္ေဆာင္အလုပ္ဆို ဘယ္သူမွ စိတ္မ၀င္စားဘူး” လို႔ Jolie က People ကို ေျဖထားပါတယ္။

Photo: angelinajolie_official/ Instagram

ယခု အသက္(၁၁)ႏွစ္အရြယ္ ရိွၿပီျဖစ္တဲ့ Jolie ရဲ႕ သမီးေလး Vivienne ဟာ ၂၀၁၄ခုႏွစ္က ထြက္ရိွခဲ့တဲ့ Maleficent ရုပ္ရွင္ဇာတ္ကားထဲမွာ လက္ရိွ မင္းသမီး Elle Fanning သရုပ္ေဆာင္ထားတဲ့ မင္းသမီးေလး Aurora ငယ္ဘ၀မွာ ပါ၀င္သရုပ္ေဆာင္ထားဖူးပါတယ္။ သို႔ေပမယ့္လည္း အခုအခ်ိန္မွာေတာ့ သရုပ္ေဆာင္ဘက္ကို လုံး၀စိတ္မပါဘူးလို႔ ဆိုပါတယ္။

Photo: angelinajolie_official/ Instagram

အေဖ၊ အေမေတြက ဒီေလာက္ အရိွန္အ၀ါ ၾသဇာႀကီးမားတဲ့ နာမည္ေက်ာ္ သရုပ္ေဆာင္ေတြ ျဖစ္ၾကေပမယ့္ သားသမီးေတြက မိဘေလာင္းရိပ္ေအာက္မွာ မေနဘဲ ကိုယ္ပိုင္စိတ္အားထက္သန္ရာ လမ္းေၾကာင္းကို ေလွ်ာက္လွမ္းေနတာဟာ တကယ္ကို ခ်ီးက်ဴးဖြယ္ရာလည္း ေကာင္းလွပါတယ္။

LaNina

Source: indianexpress

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular