HomeEntertainmentFilmPeacemaker အပိုင်း(၅)ထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာအချက်များ

Peacemaker အပိုင်း(၅)ထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာအချက်များ

***Spoiler Alert***

မကြာသေးခင်ကပဲ Peacemaker ဇာတ်လမ်းတွဲရဲ့ အပိုင်း(၅) ထွက်ရှိလာပါတယ်။ ဒီအပိုင်းထဲမှာတော့ Task Force X ဟာ Butterfly တွေရဲ့ အစာလို့ ယူဆရတဲ့အရာတွေကို ထုတ်လုပ်နေတဲ့နေရာဆီ သွားရောက်ခဲ့ကြပြီး အဲ့ဒီစက်ရုံထဲမှာ ရှိနေတဲ့ Butterfly တွေကို ရင်ဆိုင်ခဲ့ပါတယ်။ ဒီအပိုင်းရဲ့ နောက်ဆုံးဇာတ်ဝင်ခန်းမှာလည်း Murn က Butterfly ဖြစ်နေတယ်ဆိုတာ Adebayo က သိသွားပါပြီ။ ဒီတစ်ခါမှာတော့ Peacemaker ဇာတ်လမ်းတွဲရဲ့ အပိုင်း(၅)ထဲက Easter Egg တွေနဲ့ စိတ်ဝင်စားစရာအချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) Peacemaker ပြောပြတဲ့ Superman အကြောင်း
photo via screenrant

ဒီအပိုင်းရဲ့ အစမှာတော့ ပရောဂျက် Butterfly နဲ့ ပတ်သက်ပြီး slide show နဲ့ ရှင်းပြတဲ့အခန်းမှာ ဒီဂြိုဟ်သားတွေဟာ စအိုပေါက် အပါအဝင် လူတွေရဲ့  ဒွါရအပေါက်တွေကနေတဆင့် ဝင်ရောက်နိုင်တယ်လို့ မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာတော့ Vigilante ဟာ ဂြိုဟ်သားတွေအားလုံးက ရွံစရာမကောင်းပါဘူးလို့ ပြန်ပြောလိုက်ပါတယ်။

ဒါ့အပြင် Peacemaker ကလည်း Superman ဟာ မစင်တွေကို မြင်ရင် လိင်စိတ်တက်ကြွလာတတ်တယ်လို့ ဝင်ပြောလိုက်ပါသေးတယ်။ ဒါကြောင့်လည်း တစ်ဖွဲ့လုံးဟာ ဒီအချက်က မှန်၊မမှန် မေးမြန်းတဲ့အချိန်မှာတော့ Peacemaker ဟာ အဲ့ဒီသတင်းကို Google မှာ ဖတ်ခဲ့တာလို့ ပြောပြခဲ့ပါတယ်။ ဒီအချက်ကတော့ Peacemaker ရဲ့ ဖြူစင်တဲ့ စရိုက်နဲ့ အယုံလွယ်တတ်တဲ့ စရိုက်ကို ပြသရုံလောက်ပဲ ဖြစ်ပြီး DCEU ထဲက Superman ကတော့ သူ ပြောသလို မဖြစ်နိုင်လောက်ပါဘူး။

(2) Riverdale & Archie ကောမစ်
photo via screenrant

အစပိုင်း ဇာတ်ဝင်ခန်းထဲမှာပဲ Peacemaker ဟာ John Economos နဲ့ စကားများခဲ့ပြီး သူ့အဖေကို တရားခံအဖြစ် ဇာတ်လမ်းဆင်မယ့်အစား အဲဒီနေရာမှာ တခြားလူတွေ ထည့်လို့ရတဲ့အကြောင်း ခုခံချေပခဲ့ပါတယ်။ ဒီနေရာမှာတော့ Peacemaker ဟာ ဆယ်လီတွေနဲ့ အခြား အထင်ကရ အောင်မြင်ကျော်ကြားသူတွေရဲ့ အမည်ပေါင်းများစွာကို ရွတ်ပြခဲ့ပြီး သူ့အဖေနေရာမှာ အစားထိုးနိုင်ကြောင်း ရွတ်ပြခဲ့ပါတယ်။

သူ ပြောသွားတဲ့ နာမည်တွေထဲမှာ Jughead ၊ Betty နဲ့ Veronica တို့လည်း ပါဝင်ပြီး သူတို့ကတော့ Archie ကောမစ်က ထုတ်လုပ်ခဲ့တဲ့ Riverdale ဇာတ်လမ်းထဲက ဇာတ်ကောင်တွေပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကောင်တွေကိုတော့ DC စူပါဟီးရိုးတွေနဲ့ တစ်ခါမှ Crossover မပြုလုပ်ခဲ့ဖူးပေမယ့်လည်း Archie ကောမစ်ကတော့ DC ရဲ့ တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ပါတယ်။

(3) Redemption
photo via screenrant

ဇာတ်ဝင်ခန်းတစ်ခုမှာတော့ DC ကောမစ်ထဲက နေရာတစ်ခု ဖြစ်တဲ့ Nysair ကို Reference ပြုလုပ်သွားတာ တွေ့ရပါတယ်။ Nysair ကတော့ အာဖရိကတိုက် အရှေ့မြောက်ပိုင်းမှာ တည်ရှိတဲ့ စိတ်ကူးယဉ်နိုင်ငံတစ်ခု ဖြစ်ပါတယ်။ Murn ဟာ Nysair တောအုပ်ထဲမှာ Locke နဲ့အတူ တိုက်ခိုက်ခဲ့ဖူးကြောင်း ပြောပြသွားတာကြောင့် Nysair ရဲ့ ကာကွယ်သူ ဖြစ်တဲ့ Jarod Dale တဖြစ်လည်း Redemption ဟာလည်း DCEU ထဲမှာ တည်ရှိနေနိုင်ပါတယ်။

Redemption ကတော့ DC ကောမစ်ထဲက ဇာတ်ပို့အဆင့်ရှိတဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်ပြီး စွမ်းအားကတော့ Superman နဲ့ တန်းတူလောက် ရှိပါတယ်။ ဒါ့အပြင် သူဟာ Superman နဲ့ပါ တိုက်ခိုက်ခဲ့ဖူးပါသေးတယ်။

(4) DCEU ထဲမှာ Grodd လည်း တည်ရှိနေနိုင်ပါတယ်။
photo via screenrant

အပိုင်း(၄)ထဲမှာတော့ Peacemaker ဟာ သူ့အဖေရဲ့ အိမ်ကို သွားပြီး ခေါင်းစွပ်သွားယူပါတယ်။ အဲဒီအချိန်မှာတော့ တီဗွီကနေ မျောက်ဝံတစ်ကောင် ပျောက်ဆုံးသွားကြောင်း ကြေညာနေပါတယ်။ မူလတုန်းကတော့ ပရိသတ်တွေဟာ အဲ့ဒီမျောက်ဝံကနေ Flash ရဲ့ ဗီလိန်ဖြစ်တဲ့ Grodd ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။

သို့ပေမယ့် အပိုင်း(၅)ထဲမှာတော့ အဲ့ဒီမျောက်ဝံဟာ Grodd မဟုတ်ကြောင်း မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း DC ကောမစ်ထဲမှာတော့ Grodd လိုမျိူး ဉာဏ်ကောင်းလွန်းတဲ့ မျောက်ဝံတွေများစွာ တည်ရှိနေပါတယ်။ Peacemaker ကလည်း လွန်ခဲ့တဲ့ လေးနှစ်တုန်းက အလားတူ မျောက်ဝံတစ်ကောင်နဲ့ တိုက်ခိုက်ခဲ့ဖူးတယ်လို့ ပြောထားတာကြောင့် DCEU ထဲမှာ Grodd လည်း တည်ရှိနေနိုင်ပါတယ်။

(5) Henenlotter
photo via screenrant

ဒီတစ်ခုကတော့ DC နဲ့ရော DCEU နဲ့ရော မသက်ဆိုင်တဲ့ Easter Egg တစ်ခုပဲ ဖြစ်ပါတယ်။ ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Task Force X ရဲ့ စခန်းကို အပြင်ကနေ ရိုက်ပြခဲ့ပြီး ဆိုင်းဘုတ်မှာတော့ Henenlotter Video လို့ ရေးထားတာ မြင်တွေ့ခဲ့ရပါတယ်။

ဒါကတော့ Horror Comedy ဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ နာမည်ကြီး ဒါရိုက်တာ Frank Henenlotter ကို ရည်ညွှန်းထားတာပဲ ဖြစ်ပါတယ်။ Peacemaker ဇာတ်လမ်းတွဲရဲ့ ဒါရိုက်တာဖြစ်သူ James Gunn ကတော့ Frank ကို လေးစားရကြောင်း ပြောခဲ့ဖူးပြီး ဒီအချက်ကတော့ သူ လေးစားရသူကို ဂုဏ်ပြုတဲ့အနေနဲ့ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

(6) Kite-Man
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ DC ကောမစ်ထဲက ဇာတ်ကောင်တွေအများစုဟာ DCEU ထဲမှာ တည်ရှိနေကြောင်း ပြသဖို့ ဇာတ်ကောင်တွေရဲ့ နာမည်အများအပြားကို ဖော်ပြထားတာ တွေ့ရပါတယ်။ ဒီအပိုင်းထဲမှာလည်း Batman ရဲ့ ဗီလိန်ဖြစ်တဲ့ Kite-Man ကို ဖော်ပြသွားခဲ့ပါသေးတယ်။ ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Peacemaker ဟာ Kite-Man ကို အနိုင်ယူခဲ့တယ်ဆိုတဲ့ သတင်းစာထဲက သတင်း အပိုင်းအစတစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။

ကောမစ်ထဲမှာတော့ Kite-Man ရဲ့ သားဖြစ်သူရဲ့ စွန်ကြိုးကို Riddler က အဆိပ်လူးခဲ့ပြီး Kite-Man ကတော့ ပြန်လည်ကလဲ့စားချေဖို့ ကြိုးစားရင်း ဗီလိန် ဖြစ်လာတာပါ။ Kite-Man ကတော့ သူ့ရဲ့သားကို အမှတ်ရနေစေဖို့အတွက် စွန်ပုံစံရှိတဲ့ ဝတ်စုံကို ဝတ်ဆင်ထားပြီး အဲ့ဒီဝတ်စုံကြောင့်ပဲ လေပေါ်ပျံသန်းနိုင်ပါတယ်။ ယခုအချိန်မှာတော့ ဒီဇာတ်ဝင်ခန်းကြောင့် သူဟာလည်း DCEU ထဲမှာ တည်ရှိနေတယ်ဆိုတာ သိလိုက်ရပါတယ်။

(7) စူပါဟီးရိုး ဖြစ်ခဲ့ဖူးတဲ့ Peacemaker
photo via screenrant

အပေါ်မှာ ဖော်ပြထားတဲ့ Easter Egg ကြောင့်ပဲ တစ်ချိန်တုန်းကတော့ Peacemaker ဟာ စူပါဟီးရိုး ဖြစ်ခဲ့ဖူးတယ်ဆိုတာ မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီသတင်းစာထဲမှာ ဖော်ပြထားတာကတော့ Peacemaker ကို ဟီးရိုးတစ်ယောက်လို့ ဖော်ပြထားပြီး Peacemaker ကလည်း Kite-Man ကို မသတ်ပစ်ခဲ့ဘဲ ရဲလက်အပ်ခဲ့တယ်လို့ သိရပါတယ်။ နောက်ပိုင်းကျမှသာ သူဟာ ဘယ်လိုအကြောင်းပြချက်ကြောင့် သူ ရင်ဆိုင်ရတဲ့သူတွေ အားလုံးကို သတ်ပစ်တာလည်း ဆိုတာတော့ သေချာမသိရသေးပါဘူး။

ဒါတွေကတော့ Peacemaker ဇာတ်လမ်းတွဲ အပိုင်း(၅)ထဲက Easter Egg တွေနဲ့ စိတ်ဝင်စားစရာ အချက်တချို့ ဖြစ်ပြီး နောက်ထပ် အသစ်ထွက်ရှိလာမယ့် အပိုင်းတွေအတွက်လည်း ပုံမှန်ဆက်လက် ဖော်ပြပေးသွားပါဦးမယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular