HomeCelebs Update NewsInternationalBrad Pitt နဲ႔ လမ္းခြဲခဲ့ရျခင္းေၾကာင့္ နက္နက္ရိႈင္းရိႈင္း ၀မ္းနည္းခဲ့ရတယ္လို႔ ေျပာလာတဲ့ Jolie

Brad Pitt နဲ႔ လမ္းခြဲခဲ့ရျခင္းေၾကာင့္ နက္နက္ရိႈင္းရိႈင္း ၀မ္းနည္းခဲ့ရတယ္လို႔ ေျပာလာတဲ့ Jolie

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Angelina Jolie ဟာ Brad Pitt နဲ့ လမ်းခွဲခဲ့ရခြင်းက သူမဘဝအတွက် နာကျင်စရာတွေ ဖြစ်ခဲ့ကြောင်းကို ထုတ်ပြောလာပါတယ်။ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ပြင်သစ်မဂ္ဂဇင်း ‘Madame Figaro’  နဲ့ အင်တာဗျူးမှာ သူမ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံနဲ့ ခံစားချက်တွေအကြောင်းကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

“ကျွန်မရဲ့ကံကြမ္မာက ဘယ်လိုဖြစ်လာမလည်းတော့ မသိဘူး။ ဒါပေမယ့် ကျွန်မသိတာတစ်ခုကတော့ ကျွန်မရဲ့မူလဇာစ်မြစ်၊ နဂိုပုံစံကို ပြန်ပြောင်းလဲလာတယ်ဆိုတာကိုတော့ နားလည်လိုက်တယ်။ ကျွန်မဘာသာ ကိုယ့်ဘာသာ ပျောက်ဆုံးနေသလို ခံစားခဲ့ရတယ်” လို့ အသက်(၄၄)နှစ်ရှိပြီဖြစ်တဲ့ မင်းသမီး Angelina Jolie က ရင်ဖွင့်ပြောပြလာတာ ဖြစ်ပါတယ်။

Photo: angelinajolieofficial/ Instagram

မကြာခင်မှာ ရုံတင်ပြသတော့မယ့် The Maleficent 2 ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အဓိကဇာတ်ဆောင်တစ်ယောက်ဖြစ်တဲ့ Jolie ဟာ ၂၀၁၆ခုနှစ်က Brad Pitt နဲ့ ကွာရှင်းပြတ်စဲခဲ့ရတဲ့ကိစ္စဟာ သူမအတွက် ကြီးလေးတဲ့ သက်ရောက်မှုတွေ ဖြစ်စေခဲ့တယ်လို့လည်း ဆိုပါတယ်။ “တကယ်နက်ရှိုင်းတဲ့ ဝမ်းနည်းမှုမျိုးကို ခံစားခဲ့ရပါတယ်။ နာကျင်ခဲ့ရတယ်။ တစ်ဖက်ကကြည့်ရင်တော့လည်း ကိုယ်မကောင်းခဲ့တာတွေကို ပြန်စဉ်းစားမိပြီး ဆင်ခြင်သွားနိုင်တာက စိတ်ဝင်စားစရာ ကောင်းပါတယ်။ လူတွေအားလုံး နောက်ဆုံးကျရင်တော့ အဲ့လိုပဲ ခံစားကြရတယ် ထင်ပါတယ်။”

Jolie ဟာ သူမရဲ့ပုဂ္ဂလိကအကြောင်းအရာဖြစ်ပေမယ့် ကမ္ဘာကျော်မင်းသမီးတစ်လက် ဖြစ်လေတော့ ကွာရှင်းတဲ့ကိစ္စမှာလည်း လူထုရဲ့ထင်မြင်ချက်တွေ၊ ဝေဖန်ကဲ့ရဲ့တာတွေ၊ ချီးကျူးတာတွေ ပေါင်းစုံနဲ့ ဖြတ်သန်းခဲ့ရသူ ဖြစ်ပါတယ်။ “နာကျင်မှုအားလုံးထက် ကျန်းမာရေးကလည်း ချို့တဲ့ခဲ့ပါတယ်” လို့ သူမ ဖြတ်သန်းခဲ့ရတဲ့ ခရီးကြမ်းကို ပြန်ပြောင်းပြောပြခဲ့ပါတယ်။

Photo: angelinajolieofficial/ Instagram

“ဖြစ်ပြီးသမျှ ကိစ္စတွေအကုန်လုံးနဲ့ ကိုယ်က အနည်ထိုင်သွားတဲ့အချိန်ကျတော့ အသက်ရှင်နေသေးတာကိုက ကိုယ်ဘယ်လောက် ကံကောင်းနေတယ်ဆိုတာကို သတိရသွားမိတယ်။ ဒါက ကျွန်မကလေးတွေကို ကျွန်မ ပြန်သင်ပေးဖြစ်တဲ့ သင်ခန်းစာတစ်ခုလည်း ဖြစ်တယ်။ အားလုံးကို ဖြတ်ကျော်ပြီးမှ အသစ်ကပြန်စရတဲ့ကိစ္စ၊ ပြီးတော့ ပျော်ရွှင်မှုကို ပြန်ရှာဖွေရတဲ့ကိစ္စတွေပေါ့။ ကျွန်မအနေနဲ့လည်း ပျော်ရွှင်မှုကို ပြန်ပြီးရှာဖွေခဲ့ရတယ်” လို့ သူမရဲ့ ဖြတ်သန်းမှုတွေကို ပြောပြခဲ့ပါတယ်။

နာကျင်စရာတွေ အပြည့်နဲ့ ခရီးကြမ်းကို ဖြတ်သန်းပြီးနောက်မှာတော့ Angelina Jolie ဆိုတဲ့ ပန်းပွင့်လေးတစ်ပွင့်ဟာ ပျော်ရွှင်ချမ်းမြေ့မှုတွေနဲ့ ပြန်လည်လန်းဆန်း၊ ပွင့်ဖူးနေနိုင်ပြီ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ ကျရှုံးသွားသွား၊ ပြန်ထပြီး ကိုယ့်ဘဝကို အလှပဆုံး နေထိုင်နိုင်တာကလည်း လူသားတစ်ယောက်အနေနဲ့ မင်္ဂလာတစ်ပါးပဲ မဟုတ်ပါလား။

LaNina

Ref: hollywoodlife

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

Angelina Jolie ဟာ Brad Pitt နဲ႔ လမ္းခြဲခဲ့ရျခင္းက သူမဘ၀အတြက္ နာက်င္စရာေတြ ျဖစ္ခဲ့ေၾကာင္းကို ထုတ္ေျပာလာပါတယ္။ မၾကာေသးခင္က ျပဳလုပ္ခဲ့တဲ့ ျပင္သစ္မဂၢဇင္း ‘Madame Figaro’  နဲ႔ အင္တာဗ်ဴးမွာ သူမ ႀကံဳေတြ႕ခဲ့ရတဲ့ အေတြ႕အႀကံဳနဲ႔ ခံစားခ်က္ေတြအေၾကာင္းကို ေျပာျပခဲ့တာ ျဖစ္ပါတယ္။

“ကၽြန္မရဲ႕ကံၾကမၼာက ဘယ္လိုျဖစ္လာမလည္းေတာ့ မသိဘူး။ ဒါေပမယ့္ ကၽြန္မသိတာတစ္ခုကေတာ့ ကၽြန္မရဲ႕မူလဇာစ္ျမစ္၊ နဂိုပုံစံကို ျပန္ေျပာင္းလဲလာတယ္ဆိုတာကိုေတာ့ နားလည္လိုက္တယ္။ ကၽြန္မဘာသာ ကိုယ့္ဘာသာ ေပ်ာက္ဆုံးေနသလို ခံစားခဲ့ရတယ္” လို႔ အသက္(၄၄)ႏွစ္ရိွၿပီျဖစ္တဲ့ မင္းသမီး Angelina Jolie က ရင္ဖြင့္ေျပာျပလာတာ ျဖစ္ပါတယ္။

Photo: angelinajolieofficial/ Instagram

မၾကာခင္မွာ ရုံတင္ျပသေတာ့မယ့္ The Maleficent 2 ရုပ္ရွင္ဇာတ္ကားႀကီးရဲ႕ အဓိကဇာတ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ Jolie ဟာ ၂၀၁၆ခုႏွစ္က Brad Pitt နဲ႔ ကြာရွင္းျပတ္စဲခဲ့ရတဲ့ကိစၥဟာ သူမအတြက္ ႀကီးေလးတဲ့ သက္ေရာက္မႈေတြ ျဖစ္ေစခဲ့တယ္လို႔လည္း ဆိုပါတယ္။ “တကယ္နက္ရိႈင္းတဲ့ ၀မ္းနည္းမႈမ်ိဳးကို ခံစားခဲ့ရပါတယ္။ နာက်င္ခဲ့ရတယ္။ တစ္ဖက္ကၾကည့္ရင္ေတာ့လည္း ကိုယ္မေကာင္းခဲ့တာေတြကို ျပန္စဥ္းစားမိၿပီး ဆင္ျခင္သြားႏိုင္တာက စိတ္၀င္စားစရာ ေကာင္းပါတယ္။ လူေတြအားလုံး ေနာက္ဆုံးက်ရင္ေတာ့ အဲ့လိုပဲ ခံစားၾကရတယ္ ထင္ပါတယ္။”

Jolie ဟာ သူမရဲ႕ပုဂၢလိကအေၾကာင္းအရာျဖစ္ေပမယ့္ ကမာၻေက်ာ္မင္းသမီးတစ္လက္ ျဖစ္ေလေတာ့ ကြာရွင္းတဲ့ကိစၥမွာလည္း လူထုရဲ႕ထင္ျမင္ခ်က္ေတြ၊ ေ၀ဖန္ကဲ့ရဲ႕တာေတြ၊ ခ်ီးက်ဴးတာေတြ ေပါင္းစုံနဲ႔ ျဖတ္သန္းခဲ့ရသူ ျဖစ္ပါတယ္။ “နာက်င္မႈအားလုံးထက္ က်န္းမာေရးကလည္း ခ်ိဳ႕တဲ့ခဲ့ပါတယ္” လို႔ သူမ ျဖတ္သန္းခဲ့ရတဲ့ ခရီးၾကမ္းကို ျပန္ေျပာင္းေျပာျပခဲ့ပါတယ္။

Photo: angelinajolieofficial/ Instagram

“ျဖစ္ၿပီးသမွ် ကိစၥေတြအကုန္လုံးနဲ႔ ကိုယ္က အနည္ထိုင္သြားတဲ့အခ်ိန္က်ေတာ့ အသက္ရွင္ေနေသးတာကိုက ကိုယ္ဘယ္ေလာက္ ကံေကာင္းေနတယ္ဆိုတာကို သတိရသြားမိတယ္။ ဒါက ကၽြန္မကေလးေတြကို ကၽြန္မ ျပန္သင္ေပးျဖစ္တဲ့ သင္ခန္းစာတစ္ခုလည္း ျဖစ္တယ္။ အားလုံးကို ျဖတ္ေက်ာ္ၿပီးမွ အသစ္ကျပန္စရတဲ့ကိစၥ၊ ၿပီးေတာ့ ေပ်ာ္ရႊင္မႈကို ျပန္ရွာေဖြရတဲ့ကိစၥေတြေပါ့။ ကၽြန္မအေနနဲ႔လည္း ေပ်ာ္ရႊင္မႈကို ျပန္ၿပီးရွာေဖြခဲ့ရတယ္” လို႔ သူမရဲ႕ ျဖတ္သန္းမႈေတြကို ေျပာျပခဲ့ပါတယ္။

နာက်င္စရာေတြ အျပည့္နဲ႔ ခရီးၾကမ္းကို ျဖတ္သန္းၿပီးေနာက္မွာေတာ့ Angelina Jolie ဆိုတဲ့ ပန္းပြင့္ေလးတစ္ပြင့္ဟာ ေပ်ာ္ရႊင္ခ်မ္းေျမ႕မႈေတြနဲ႔ ျပန္လည္လန္းဆန္း၊ ပြင့္ဖူးေနႏိုင္ၿပီ ျဖစ္ပါတယ္။ ဘယ္ေလာက္ပဲ က်ရႈံးသြားသြား၊ ျပန္ထၿပီး ကိုယ့္ဘ၀ကို အလွပဆုံး ေနထိုင္ႏိုင္တာကလည္း လူသားတစ္ေယာက္အေနနဲ႔ မဂၤလာတစ္ပါးပဲ မဟုတ္ပါလား။

LaNina

Ref: hollywoodlife

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular