HomeCelebs Update NewsInternationalမိခင်နဲ့အတူ ရိုက်ကူးရေးအပိုင်းမှာ ကူညီပေးနေတဲ့ Angelina Jolie ရဲ့သားနှစ်ယောက်

မိခင်နဲ့အတူ ရိုက်ကူးရေးအပိုင်းမှာ ကူညီပေးနေတဲ့ Angelina Jolie ရဲ့သားနှစ်ယောက်

မင်းသမီး Angelina Jolie ရဲ့သားနှစ်ယောက် ဖြစ်တဲ့ Maddox နဲ့ Pax တို့ဟာ မိခင်ဖြစ်သူ လက်ရှိ ရိုက်ကူးနေတဲ့ ရုပ်ရှင်မှာ ကိုယ်စီအလုပ်ဝင်လုပ်နေကြပြီလို့ သိရပါတယ်။ အော်စကာဆုရ မင်းသမီး Jolie ကတော့ ယခုနောက်ပိုင်းမှာ သရုပ်ဆောင်အလုပ်အပြင် ဒါရိုက်တာအဖြစ်ပါ လုပ်ကိုင်နေတာ ဖြစ်ပြီး လက်ရှိမှာတော့ Without Blood ဆိုတဲ့ ရုပ်ရှင်ကားကို ရိုက်ကူးနေပါတယ်။

Jolie ရဲ့ သားတွေဖြစ်တဲ့ အသက်(၂၁)နှစ်အရွယ် Maddox နဲ့ အသက်(၁၈)နှစ်အရွယ် Pax တို့ဟာ Without Blood ရုပ်ရှင်ရိုက်ကွင်းမှာ ကိုယ်စီတာဝန်ယူပြီး အလုပ်လုပ်နေကြတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးကတော့ assistant director department မှာ လုပ်ကိုင်နေကြတာ ဖြစ်ပြီး ရုပ်ရှင်ဒါရိုက်တာနဲ့ ရိုက်ကွင်းပေါ်က အခြားဌာနတွေကြားမှာ ပေါင်းကူးဆက်ဆံရေး တာဝန်ကို ယူထားတယ်လို့ သိရပါတယ်။

Photo: angelinajolie_offiicial/ Instagram

“ကျွန်မတို့ အတူတူ ကောင်းကောင်းကြီး အလုပ်လုပ်နိုင်ကြပါတယ်။ crew တစ်ယောက်က အကောင်းဆုံး လုပ်နိုင်ပြီဆိုရင် ရိုက်ကွင်းပေါ်မှာ မိသားစုလိုပဲ ခံစားရတယ်လေ။ အဲဒီတော့ အားလုံးက အတင်းလုပ်ယူနေစရာ မလိုတော့ဘူးပေါ့ …”လို့ Jolie က People မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။

Pax ကတော့ ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့ပြီး Jolie ကိုယ်တိုင် ရိုက်ကူးခဲ့တဲ့ First They Kill My Father ရုပ်ရှင်မှာလည်း မိခင်နဲ့အတူ တွဲဖက်အလုပ်လုပ်ခဲ့ပြီး အဲဒီရုပ်ရှင်အတွက် ရုပ်ငြိမ်ဓာတ်ပုံတွေ ရိုက်ကူးပေးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ယခုလက်ရှိ ရိုက်ကူးနေတဲ့ Without Blood ရုပ်ရှင်မှာလည်း behind-the-scene က ပုံရိပ်တွေကို မှတ်တမ်းတင် ရိုက်ကူးပေးနေတယ်လို့ သိရပါတယ်။

Photo: paxjolie/ Instagram

Without Blood ရုပ်ရှင်ထဲမှာတော့ နာမည်ကျော်မင်းသမီး Salma Hayek နဲ့ Demian Bichir တို့ အဓိကပါဝင်ထားပြီး စစ်ပွဲတစ်ခုရဲ့အပြီးမှာ ကျန်နေရစ်ခဲ့တဲ့ စိတ်ဒဏ်ရာတွေ၊ အမှတ်တရတွေနဲ့ အဲဒီစိတ်ဒဏ်ရာတွေကို ပြန်လည်ကုစားတဲ့အကြောင်းတွေ ပါဝင်တဲ့ ဇာတ်ကားတစ်ကားလို့ သိရပါတယ်။ ဒီရုပ်ရှင်ကတော့ မင်းသမီး Angelina Jolie ရဲ့ ဒါရိုက်တာအဖြစ် ရိုက်ကူးပေးထားတဲ့ ငါးကားမြောက်ရုပ်ရှင် ဖြစ်ပါတယ်။

Vancouver

Source: people

 

RELATED ARTICLES

Most Popular