HomeCharacterလူအများစု မသိလောက်သေးတဲ့ ကောမစ်ထဲက Moon Knight ရဲ့ အကြမ်းဆုံး စွမ်းအားများ

လူအများစု မသိလောက်သေးတဲ့ ကောမစ်ထဲက Moon Knight ရဲ့ အကြမ်းဆုံး စွမ်းအားများ

Moon Knight ဇာတ်လမ်းတွဲကတော့ Disney+ က ပြသနေပြီး လက်ရှိမှာတော့ အပိုင်းငါးပိုင်း ထွက်ရှိထားပြီ ဖြစ်ပါတယ်။ MCU ပရိသတ်တွေကတော့ Moon Knight ကို အခုမှ စတင်မြင်တွေ့ဖူးတာ ဖြစ်တာကြောင့် သူ့ရဲ့အကြောင်းတွေကို သိပ်မသိကြသေးပါဘူး။ ဒါကြောင့်ပဲ ဒီတစ်ခါမှာ‌တော့ Moon Knight အကြောင်း သိပ်မသိသေးတဲ့သူတွေအတွက် ကောမစ်ထဲက Moon Knight ရဲ့ အကြမ်းဆုံး စွမ်းအား(၁၀)ခုကို ဖော်ပြပေးလိုက်ပါတယ်။

(1) Master Martial Artist

photo via screenrant

Moon Knight ဖြစ်မလာခင်တုန်းက Marc Spector ဟာ ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံ ဖြစ်ခဲ့ဖူးသလို အမေရိကန်ရေတပ်သား အဖြစ်နဲ့လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့အပြင် ကြေးစားဘဝနဲ့လည်း နေထိုင်ခဲ့ဖူးပါတယ်။ Marc ဟာ ပြင်းထန်တဲ့ လေ့ကျင့်မှုတွေကို ပြုလုပ်ခဲ့ပြီး Boxing ၊ ကရာတေး၊ မွေ့ထိုင်း၊ ကွန်ဖူးနဲ့ ဂျူဒိုတို့အပြင် တခြားကိုယ်ခံပညာတွေကိုလည်း ကျွမ်းကျင်စွာ တတ်မြောက်ထားပါတယ်။ ဒါကြောင့်ပဲ Marc ဟာ Khonshu ရဲ့ အကူအညီကြောင့် Moon Knight ဖြစ်မလာခင်ကတည်းက သွားမရှုပ်မိသင့်တဲ့ လူတစ်ယောက် ဖြစ်ပါတယ်။

(2) Weapons Master

photo via screenrant

Marc ဟာ ရေတပ်သားဖြစ်ခဲ့ဖူးသလို၊ ကြေးစားတစ်ယောက်ပါ လုပ်ခဲ့ဖူးတာကြောင့် မတူညီတဲ့ လက်နက်တွေများစွာကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ပါတယ်။ သူဟာ ဓားတွေ၊ အဆစ်တုတ်တွေ၊ သံလက်သီးတို့အပြင် ပစ်စတို၊ ရိုင်ဖယ်နဲ့ လောင်ချာတွေအထိ ကျွမ်းကျင်စွာ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် သူဟာ ဘယ်လို လက်နက်မျိူးနဲ့ဖြစ်ဖြစ် ပစ်မှတ်ကို မလွဲအောင် ပစ်နိုင်တဲ့ လက်ဖြောင့်သမား တစ်ယောက်လည်း ဖြစ်ပါတယ်။

(3) Enhanced Brain Function

photo via screenrant

ကောမစ်ပရိသတ်တွေကတော့ ဒီအချက်ကို သိပြီးသား ဖြစ်ပေမယ့်လည်း ယခုမှ Moon Knight ကို စသိကြတဲ့ သူတွေအနေနဲ့တော့ ဒီအချက်ကို မသိလောက်သေးပါဘူး။ အဲ့ဒါကတော့ Khonshu ဟာ Marc ကို ပြန်လည်အသက်သွင်းတဲ့ အချိန်မှာတော့ သူတို့နှစ်ယောက်ရဲ့ စိတ်တွေဟာ ဆက်သွယ်မိသွားကြပါတယ်။

ဒါကြောင့်ပဲ Marc ရဲ့ ဦးနှောက်တည်ဆောက်ပုံကို ပြောင်းလဲသွားစေပြီး ကောမစ်ထဲမှာတော့ ဒီအချက်ကို “နတ်ဘုရားရဲ့ လက်နက်အဖြစ် ပြန်လည်တည်ဆောက်ခြင်း” လို့ ဖော်ပြထားပါတယ်။ ဒီအချက်ကြောင့်ပဲ သူဟာ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေကို ခံနိုင်ရည်ရှိပြီး သူ့ရဲ့ဦးနှောက်ထဲကို ကျူးကျော် ဝင်ရောက်လာရင်တောင်မှ ပြန်လည် တိုက်ထုတ်နိုင်စွမ်း ရှိပါတယ်။

(4) Healing Factor

photo via screenrant

Khonshu ဟာ Marc ကို Moon Knight အဖြစ် ပြောင်းလဲစေခဲ့တဲ့ အချိန်မှာတော့ Marc ဟာ သာမန်လူတွေထက် ပိုမိုမြန်ဆန်တဲ့ ဒဏ်ရာကုသနိုင်စွမ်းကိုလည်း ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီ Healing Factor ကတော့ လရောင်နဲ့ တိုက်ရိုက်ထိတွေ့နေတဲ့ အချိန်မှသာ အလုပ်လုပ်တာ ဖြစ်ပါတယ်။ Moon Knight ဇာတ်လမ်းတွဲထဲမှာတော့ သူ့ရဲ့ဝတ်စုံကို Healing Suit လို့ ခေါ်သွားတာ တွေ့ရပြီး အဲ့ဒီဝတ်စုံ ဝတ်ထားချိန်မှာတော့ သူ့ကိုဒဏ်ရာရအောင် လွယ်လွယ်နဲ့ မလုပ်နိုင်တာကို ပြသသွားပါတယ်။

(5) Moon’s Might

photo via screenrant

သူ့ရဲ့နာမည်အတိုင်းပဲ လရဲ့အခြေအနေတွေဟာလည်း Moon Knight အပေါ်မှာ သက်ရောက်မှု ရှိနေပါတယ်။ သူဟာ ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် စွမ်းအားကြီးသူတစ်ယောက် ဖြစ်ပေမယ့်လည်း လပြည့်ဖို့ နီးလာတာနဲ့အမျှ Moon Knight ကလည်း ပိုပြီးတော့ စွမ်းအားကြီးလာပါတယ်။ လပြည့်ညကတော့ သူ့ရဲ့စွမ်းအားအကြီးဆုံးအချိန် ဖြစ်ပြီး အဲဒီအချိန်မှာဆိုရင် ကမ္ဘာပေါ်က စွမ်းအားအကြီးဆုံး ဟီးရိုးတချို့ကိုတောင် တစ်ယောက်တည်း အနိုင်ယူနိုင်ပါတယ်။

(6) Immortality

photo via screenrant

Marc ဟာ Khonshu နဲ့ အပေးအယူ ပြုလုပ်ခဲ့တာကြောင့် ပြန်လည်ရှင်သန်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။ ဒီအပေးအယူကတော့ Marc ဟာ Khonshu ရဲ့ Avatar အနေနဲ့ ဆက်လက် ရှင်သန်ခွင့်ရမှာ ဖြစ်ပေမယ့်လည်း Khonshu ခိုင်းသမျှကို Marc က ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီအပေးအယူထဲမှာတော့ Khonshu ဘက်က ခိုင်းနေသရွေ့ Marc က လုပ်ပေးနေရမှာ ပါဝင်နေတာကြောင့် Marc ဟာ Immortality ကို ရရှိထားပါတယ်။ ကောမစ်ထဲမှာ ဆိုရင်တော့ Marc ဟာ Moon Knight ဖြစ်ပြီးမှ အနည်းဆုံး သုံးကြိမ်လောက် သေဆုံးခဲ့ဖူးကာ အကြိမ်တိုင်းမှာ ပြန်လည်ရှင်သန်ခဲ့ပါတယ်။

(7) Power Absorption

photo via screenrant

ဒီတစ်ခုကတော့ Moon Knight ရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ စွမ်းအားတွေထဲကတစ်ခု ဖြစ်ပြီး ပရိသတ်တွေကလည်း ဒီစွမ်းအားကို ဇာတ်လမ်းတွဲထဲမှာ မြင်တွေ့ချင်နေကြပါတယ်။ ကောမစ်ထဲမှာတော့ Moon Knight ဟာ တခြားသက်ရှိတွေရဲ့ စွမ်းအားတွေကို စုပ်ယူနိုင်ပြီး မကြာခဏလည်း ဒီစွမ်းအားကို အသုံးပြုတာ မြင်တွေ့ခဲ့ရပါတယ်။ သူဟာ Iron Fist ၊ Ghost Rider နဲ့ Doctor Strange တို့ရဲ့ စွမ်းအားတွေကို စုပ်ယူခဲ့ဖူးပါတယ်။

(8) Mummy Army

photo via screenrant

ကောမစ်ထဲမှာတော့ Moon Knight ဟာ Mummy တွေနဲ့ ဖွဲ့စည်းထားတဲ့ Army ကြီးတစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့ဖူးပါသေးတယ်။ MCU ဇာတ်လမ်းတွဲထဲမှာတော့ Arthur Harrow နဲ့ သူ့ရဲ့နောက်လိုက်တွေကို Marc က တစ်ယောက်တည်း ရင်ဆိုင်နေရတာ ဖြစ်ပြီး ဘေးကျပ်နံကျပ် ဖြစ်နေတဲ့ အခြေအနေမှာ ဒီစွမ်းအားကိုသာ ပြသသွားမယ် ဆိုရင်တော့ ပရိသတ်တွေအတွက် ဟာခနဲ ဟင်ခနဲ ဖြစ်စေမယ့် ဇာတ်ဝင်ခန်းတွေ ပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။

(9) Lunakinesis

photo via screenrant

MCU ပရိသတ်တွေအတွက်တော့ Endgame ထဲမှာ Captain America က Thor ရဲ့ Mjolnir ကို ကိုင်ဆောင်ပြီး တိုက်ခိုက်သွားတဲ့ ဇာတ်ဝင်ခန်းတွေဟာ မေ့မရနိုင်တဲ့ ဇာတ်ဝင်ခန်းတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Mjolnir ကို မ,နိုင်တဲ့သူဟာ Captain America တစ်ယောက်တည်း မဟုတ်ဘဲ ကောမစ်ထဲမှာဆိုရင် Moon Knight ဟာလည်း Mjolnir ကို ကိုင်ဆောင်နိုင်ခဲ့ပါသေးတယ်။

အကြောင်းကတော့ Moon Knight မှာ Lunakinesis လို့ ခေါ်တဲ့ Universe ထဲက လတွေကို ထိန်းချုပ်နိုင်စွမ်းရှိပြီး အဲ့ဒီလတွေကို အသုံးပြုကာ ပြုလုပ်ထားတဲ့ ပစ္စည်းတွေကိုပါ ထိန်းချုပ်နိုင်စွမ်း ရှိနေတာကြောင့် ဖြစ်ပါတယ်။ အကယ်၍ MCU ထဲမှာပါ ဒီစွမ်းအားကို ထည့်သွင်းခဲ့မယ် ဆိုရင်တော့ ပရိသတ်တွေအတွက် နောက်ထပ် Epic Scene တစ်ခု ထပ်မံမြင်တွေ့ရဦးမှာပါ။

ဒါကတော့ Moon Knight ရဲ့ ကောမစ်ထဲက အမိုက်ဆုံးနဲ့ အကြမ်းဆုံး စွမ်းအား(၁၀)ခုပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရှုရတာ နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ထားပေးပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular