HomeEntertainmentFilmMarvel စတူဒီယိုက ထုတ်လုပ်ထားတဲ့ IMDb အမြင့်ဆုံး animated movie များ

Marvel စတူဒီယိုက ထုတ်လုပ်ထားတဲ့ IMDb အမြင့်ဆုံး animated movie များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Marvel က ထုတ်လုပ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ဇာတ်ကောင်တွေဟာ ပရိသတ်တွေကြားထဲမှာ အလွန်ရေပန်းစားပြီး အခုနောက်ပိုင်းမှာဆို ပိုလို့တောင် အောင်မြင်လာကြပါတယ်။ ဒါတင်မကသေးဘဲ Marvel ဟာ သူတို့ရဲ့ဇာတ်ကောင်တွေကို animated movie တွေအဖြစ် ဖန်တီးထားတာတွေလည်း ရှိပါသေးတယ်။ လူအများစုဟာ Live Action ဇာတ်ကားတွေကို ကြည့်ဖူးကြပေမယ့် အခုလို animated movie တွေကိုတော့ သိပ်ပြီးကြည့်လေ့မရှိကြပါဘူး။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ Marvel ဇာတ်ကောင်တွေနဲ့ ဖန်တီးထားပြီး စူပါဟီးရိုး ပရိသတ်တွေတိုင်း ကြည့်သင့်တဲ့ animated movie တွေကို ဖော်ပြပေးချင်ပါတယ်။

(7) Next Avengers: Heroes of Tomorrow
photo via cbr

ဒီဇာတ်ကားကတော့ ၂၀၀၈ခုနှစ်တုန်းက ထွက်ရှိခဲ့ပြီး IMDb (6.3) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Avenger အဖွဲ့ဝင် အများစုဟာ Ultron နဲ့ တိုက်ခိုက်ကြရင်း အသက်ဆုံးရှုံးသွားခဲ့ကြပါတယ်။ အဲ့ဒါကြောင့် နောက်ပိုင်းမှာ သူတို့ရဲ့ သားသမီးတွေဟာ Ultron ကို တိုက်ခိုက်ပြီး သူတို့မိဘတွေရဲ့ သေဆုံးမှုအတွက် လက်စားချေဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။

(6) Thor: Tales of Asgard
photo via cbr

ဒီဇာတ်ကားကတော့ ၂၀၁၁ခုနှစ်မှာ ထွက်ရှိထားပြီးတော့ IMDb (6.3) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ဆယ်ကျော်သက်အရွယ်ပဲ ရှိသေးတဲ့ Thor နဲ့ Loki တို့ဟာ ပျောက်ဆုံးနေတဲ့ ဒဏ္ဍာရီဓားကို ရှာဖွေဖို့အတွက် အကြောင်းဖန်လာခဲ့ပါတယ်။ အဲ့ဒါကြောင့် သူတို့နှစ်ယောက်ဟာ အဲ့ဒီဓားကို ရှာဖွေဖို့အတွက် ခရီးထွက်ခဲ့ရပြီး မစ်ရှင်ကို အောင်မြင်ဖို့အတွက် အခက်အခဲမျိူးစုံကို ကြုံတွေ့ရပါတော့တယ်။

(5) Ultimate Avengers II: Rise of The Black Panther
photo via cbr

ဒီဇာတ်ကားကတော့ ၂၀၀၆ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (6.6) ရရှိထားပါတယ်။ Wakanda ကို ဂြိုဟ်သားတွေ ကျူးကျော်လာကြတဲ့အချိန်မှာ Captain America ၊ Hulk ၊ Iron Man နဲ့ တစ်ခြား Avengers အဖွဲ့ဝင်တွေ စုပေါင်းပြီးတော့ ဂြိုဟ်သားတွေရဲ့ အန္တရာယ်ကနေ လူသားမျိူးနွယ်ကို ကာကွယ်ဖို့အတွက် တိုက်ခိုက်ရတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။

(4) Ultimate Avengers
photo via cbr

ဒီဇာတ်ကားကတော့ ၂၀၀၆ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး IMDb (6.7) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Captain America ဟာ ရေခဲထဲမှာ နှစ်ပေါင်း(၆၀)လောက် အေးခဲပြီး နေခဲ့ရတဲ့နောက်မှာ Iron Man ၊ Thor ၊ Wasp ၊ Giant Man တို့နဲ့အတူ ပူးပေါင်းပြီး ကမ္ဘာကြီးကို ကယ်တင်ဖို့အတွက် ကြိုးစားရပါတော့တယ်။ ဒီဇာတ်လမ်းထဲမှာတော့ Avengers အဖွဲ့ ဘယ်လိုဖြစ်ပေါ်လာတာလည်းဆိုတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(3) Planet Hulk
photo via cbr

ဒီဇာတ်ကားကတော့ ၂၀၁၀ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (6.8) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Avengers အဖွဲ့ဝင် အများစုဟာ Hulk ကို အန္တရာယ်များတယ်လို့ သတ်မှတ်ပြီး အာကာသယာဉ်ထဲမှာ ထည့်ပြီးတော့ အေးချမ်းတဲ့ ဂြိုဟ်တစ်ခုကို လွှတ်လိုက်ကြပါတယ်။ ဒါပေမယ့်လည်း Hulk ဟာ အဲ့ဒီယာဉ်ကို ဖျက်ဆီးလိုက်တာကြောင့် ယာဉ်ဟာ တစ်ခြားဂြိုဟ်တစ်ခုပေါ်ကို ပျက်ကျသွားခဲ့ပါတယ်။ အဲ့ဒီဂြိုဟ်ကို အုပ်စိုးတဲ့သူနဲ့ တွေ့ပြီး Hulk ကို စွမ်းအားကြီးမားတဲ့ သတ္တဝါတွေနဲ့ တိုက်ခိုက်ဖို့ တွန်းအားပေးပါတော့တယ်။

(2) Hulk Vs.
photo via cbr

ဒီဇာတ်ကားကတော့ ၂၀၀၉ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.0) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Hulk ဟာ အထိန်းအချုပ်လွတ်သွားပြီး သောင်းကျန်းနေပါတယ်။ ဒီလိုမျိူး သောင်းကျန်းနေရင်းနဲ့ ကနေဒါနယ်စပ်နားကို ရောက်လာတဲ့အခါမှာတော့ Wolverine နဲ့တွေ့ဆုံပြီး သူတို့နှစ်ယောက် တိုက်ခိုက်ကြတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Hulk ရင်ဆိုင်ရမှာက Wolverine တစ်ယောက်တည်း မဟုတ်ဘဲ Thor လည်း ပါဝင်လာခဲ့ပါတယ်။

(1) Spider-Man: Into the Spider-Verse
photo via cbr

ဒီကားကတော့ ၂၀၁၈ခုနှစ်မှာ ထွက်ရှိထားတာဖြစ်ပြီး IMDb (8.4) ရရှိထားပါတယ်။ ဆယ်ကျော်သက် လူငယ်တစ်ယောက်ဖြစ်တဲ့ Miles Morales ဟာ ရေဒီယိုသတ္တိကြွနေတဲ့ပင့်ကူ အကိုက်ခံလိုက်ရပြီး Spider-Man ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ Brooklyn မြို့လေးကို Spider-Man အနေနဲ့ စောင့်ရှောက်နေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ပြဿနာတွေဟာ အရမ်းကြီး မရိုးရှင်းတော့ဘဲ တစ်ခြား ဒိုင်မေးရှင်းကလူတွေပါ ပါဝင်လာပြီးတော့ multiverse ကြီးတစ်ခုလုံးကို ကယ်တင်ဖို့အတွက် တစ်ခြားသူတွေနဲ့အတူ ကြိုးစားရပါတော့တယ်။

ဒါကတော့ Marvel စတူဒီယိုက ထုတ်လုပ်ထားတဲ့ animated movie ဇာတ်ကားကောင်းများ ဖြစ်ပါတယ်။ စာဖတ်သူတို့ ကြည့်ဖူးထားတဲ့ အခြားစူပါဟီးရိုး animated movie ကောင်းကောင်းလေးတွေ ရှိရင်လည်း ပြန်လည်ဝေမျှခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Marvel က ထုတ္လုပ္ခဲ့တဲ့ ႐ုပ္ရွင္ဇာတ္ကားေတြနဲ႔ ဇာတ္ေကာင္ေတြဟာ ပရိသတ္ေတြၾကားထဲမွာ အလြန္ေရပန္းစားၿပီး အခုေနာက္ပိုင္းမွာဆို ပိုလို႔ေတာင္ ေအာင္ျမင္လာၾကပါတယ္။ ဒါတင္မကေသးဘဲ Marvel ဟာ သူတို႔ရဲ႕ဇာတ္ေကာင္ေတြကို animated movie ေတြအျဖစ္ ဖန္တီးထားတာေတြလည္း ရွိပါေသးတယ္။ လူအမ်ားစုဟာ Live Action ဇာတ္ကားေတြကို ၾကည့္ဖူးၾကေပမယ့္ အခုလို animated movie ေတြကိုေတာ့ သိပ္ၿပီးၾကည့္ေလ့မရွိၾကပါဘူး။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ Marvel ဇာတ္ေကာင္ေတြနဲ႔ ဖန္တီးထားၿပီး စူပါဟီး႐ိုး ပရိသတ္ေတြတိုင္း ၾကည့္သင့္တဲ့ animated movie ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(7) Next Avengers: Heroes of Tomorrow
photo via cbr

ဒီဇာတ္ကားကေတာ့ ၂၀၀၈ခုႏွစ္တုန္းက ထြက္ရွိခဲ့ၿပီး IMDb (6.3) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Avenger အဖြဲ႕ဝင္ အမ်ားစုဟာ Ultron နဲ႔ တိုက္ခိုက္ၾကရင္း အသက္ဆုံးရႈံးသြားခဲ့ၾကပါတယ္။ အဲ့ဒါေၾကာင့္ ေနာက္ပိုင္းမွာ သူတို႔ရဲ႕ သားသမီးေတြဟာ Ultron ကို တိုက္ခိုက္ၿပီး သူတို႔မိဘေတြရဲ႕ ေသဆုံးမႈအတြက္ လက္စားေခ်ဖို႔ ဆုံးျဖတ္လိုက္ၾကပါေတာ့တယ္။

(6) Thor: Tales of Asgard
photo via cbr

ဒီဇာတ္ကားကေတာ့ ၂၀၁၁ခုႏွစ္မွာ ထြက္ရွိထားၿပီးေတာ့ IMDb (6.3) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ ဆယ္ေက်ာ္သက္အ႐ြယ္ပဲ ရွိေသးတဲ့ Thor နဲ႔ Loki တို႔ဟာ ေပ်ာက္ဆုံးေနတဲ့ ဒ႑ာရီဓားကို ရွာေဖြဖို႔အတြက္ အေၾကာင္းဖန္လာခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ သူတို႔ႏွစ္ေယာက္ဟာ အဲ့ဒီဓားကို ရွာေဖြဖို႔အတြက္ ခရီးထြက္ခဲ့ရၿပီး မစ္ရွင္ကို ေအာင္ျမင္ဖို႔အတြက္ အခက္အခဲမ်ိဴးစုံကို ႀကဳံေတြ႕ရပါေတာ့တယ္။

(5) Ultimate Avengers II: Rise of The Black Panther
photo via cbr

ဒီဇာတ္ကားကေတာ့ ၂၀၀၆ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီးေတာ့ IMDb (6.6) ရရွိထားပါတယ္။ Wakanda ကို ၿဂိဳဟ္သားေတြ က်ဴးေက်ာ္လာၾကတဲ့အခ်ိန္မွာ Captain America ၊ Hulk ၊ Iron Man နဲ႔ တစ္ျခား Avengers အဖြဲ႕ဝင္ေတြ စုေပါင္းၿပီးေတာ့ ၿဂိဳဟ္သားေတြရဲ႕ အႏၲရာယ္ကေန လူသားမ်ိဴးႏြယ္ကို ကာကြယ္ဖို႔အတြက္ တိုက္ခိုက္ရတဲ့ဇာတ္လမ္း ျဖစ္ပါတယ္။

(4) Ultimate Avengers
photo via cbr

ဒီဇာတ္ကားကေတာ့ ၂၀၀၆ခုႏွစ္မွာ ထြက္ရွိခဲ့တာျဖစ္ၿပီး IMDb (6.7) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Captain America ဟာ ေရခဲထဲမွာ ႏွစ္ေပါင္း(၆၀)ေလာက္ ေအးခဲၿပီး ေနခဲ့ရတဲ့ေနာက္မွာ Iron Man ၊ Thor ၊ Wasp ၊ Giant Man တို႔နဲ႔အတူ ပူးေပါင္းၿပီး ကမာၻႀကီးကို ကယ္တင္ဖို႔အတြက္ ႀကိဳးစားရပါေတာ့တယ္။ ဒီဇာတ္လမ္းထဲမွာေတာ့ Avengers အဖြဲ႕ ဘယ္လိုျဖစ္ေပၚလာတာလည္းဆိုတာကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

(3) Planet Hulk
photo via cbr

ဒီဇာတ္ကားကေတာ့ ၂၀၁၀ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီးေတာ့ IMDb (6.8) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Avengers အဖြဲ႕ဝင္ အမ်ားစုဟာ Hulk ကို အႏၲရာယ္မ်ားတယ္လို႔ သတ္မွတ္ၿပီး အာကာသယာဥ္ထဲမွာ ထည့္ၿပီးေတာ့ ေအးခ်မ္းတဲ့ ၿဂိဳဟ္တစ္ခုကို လႊတ္လိုက္ၾကပါတယ္။ ဒါေပမယ့္လည္း Hulk ဟာ အဲ့ဒီယာဥ္ကို ဖ်က္ဆီးလိုက္တာေၾကာင့္ ယာဥ္ဟာ တစ္ျခားၿဂိဳဟ္တစ္ခုေပၚကို ပ်က္က်သြားခဲ့ပါတယ္။ အဲ့ဒီၿဂိဳဟ္ကို အုပ္စိုးတဲ့သူနဲ႔ ေတြ႕ၿပီး Hulk ကို စြမ္းအားႀကီးမားတဲ့ သတၱဝါေတြနဲ႔ တိုက္ခိုက္ဖို႔ တြန္းအားေပးပါေတာ့တယ္။

(2) Hulk Vs.
photo via cbr

ဒီဇာတ္ကားကေတာ့ ၂၀၀၉ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.0) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Hulk ဟာ အထိန္းအခ်ဳပ္လြတ္သြားၿပီး ေသာင္းက်န္းေနပါတယ္။ ဒီလိုမ်ိဴး ေသာင္းက်န္းေနရင္းနဲ႔ ကေနဒါနယ္စပ္နားကို ေရာက္လာတဲ့အခါမွာေတာ့ Wolverine နဲ႔ေတြ႕ဆုံၿပီး သူတို႔ႏွစ္ေယာက္ တိုက္ခိုက္ၾကတာကို စိတ္ဝင္စားဖြယ္ ၾကည့္ရႈရမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Hulk ရင္ဆိုင္ရမွာက Wolverine တစ္ေယာက္တည္း မဟုတ္ဘဲ Thor လည္း ပါဝင္လာခဲ့ပါတယ္။

(1) Spider-Man: Into the Spider-Verse
photo via cbr

ဒီကားကေတာ့ ၂၀၁၈ခုႏွစ္မွာ ထြက္ရွိထားတာျဖစ္ၿပီး IMDb (8.4) ရရွိထားပါတယ္။ ဆယ္ေက်ာ္သက္ လူငယ္တစ္ေယာက္ျဖစ္တဲ့ Miles Morales ဟာ ေရဒီယိုသတၱိႂကြေနတဲ့ပင့္ကူ အကိုက္ခံလိုက္ရၿပီး Spider-Man ျဖစ္လာခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ Brooklyn ၿမိဳ႕ေလးကို Spider-Man အေနနဲ႔ ေစာင့္ေရွာက္ေနခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ ျပႆနာေတြဟာ အရမ္းႀကီး မ႐ိုးရွင္းေတာ့ဘဲ တစ္ျခား ဒိုင္ေမးရွင္းကလူေတြပါ ပါဝင္လာၿပီးေတာ့ multiverse ႀကီးတစ္ခုလုံးကို ကယ္တင္ဖို႔အတြက္ တစ္ျခားသူေတြနဲ႔အတူ ႀကိဳးစားရပါေတာ့တယ္။

ဒါကေတာ့ Marvel စတူဒီယိုက ထုတ္လုပ္ထားတဲ့ animated movie ဇာတ္ကားေကာင္းမ်ား ျဖစ္ပါတယ္။ စာဖတ္သူတို႔ ၾကည့္ဖူးထားတဲ့ အျခားစူပါဟီး႐ိုး animated movie ေကာင္းေကာင္းေလးေတြ ရွိရင္လည္း ျပန္လည္ေဝမွ်ခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular