HomeCelebs Update NewsBollywoodSushant Singhကို ဆုံးရှုံးလိုက်ရမှုအပေါ် ဝမ်းနည်းစကားဆိုခဲ့ကြတဲ့ ဘောလိဝုဒ်စတားများ 

Sushant Singhကို ဆုံးရှုံးလိုက်ရမှုအပေါ် ဝမ်းနည်းစကားဆိုခဲ့ကြတဲ့ ဘောလိဝုဒ်စတားများ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဘောလိဝုဒ်ရဲ့ နာမည်ကျော်စတားတွေဟာ မနေ့က ဇွန်လ(၁၄)ရက်နေ့မှာ မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့တဲ့ မင်းသား Sushant Singh Rajput ရဲ့ ကွယ်လွန်မှုအပေါ် ဝမ်းနည်းကြေကွဲကာ ယူကျုံးမရ ဖြစ်နေကြပါတယ်။

မင်းသားဟာ ကွယ်လွန်ချိန်မှာ အသက်(၃၄)နှစ်သာ ရှိသေးပြီး မွမ်ဘိုင်းမြို့က နေအိမ်မှာ မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့တာဖြစ်တယ်လို့ မွမ်ဘိုင်းမြို့ ရဲတပ်ဖွဲ့ရဲ့ အတည်ပြုပြောကြားချက်အရ သိရပါတယ်။ ငယ်ရွယ်ပြီး အောင်မြင်နေတဲ့အချိန်မှာမှ အခုလိုလုပ်ရပ်ကို ရွေးချယ်သွားရတဲ့ Sushant ရဲ့ စိတ်အခြေအနေကို တွေးဆပြီး ဘောလိဝုဒ်စတားတွေဟာ ဝမ်းနည်းတသ ဖြစ်နေကြတာ ဖြစ်ပါတယ်။

Photo: priyankachopra/ Instagram

“ဘာပြောရမှန်းမသိအောင်ကို ကြက်သေသွားတယ်။ နင် သိပ်ကိုနာကျင်ခံစားခဲ့ရမှာပဲ။ ဘယ်နေရာကိုပဲရောက်ရောက် ငြိမ်းချမ်းနေမယ်လို့ မျှော်လင့်ပါတယ် သူငယ်ချင်းရေ။ သွားတာ စောလွန်းတယ်ဟာ။ နေထွက်လာတာကို ကြည့်ပြီး နက္ခတ်တာရာတွေအကြောင်း ငါတို့ပြောခဲ့ကြတဲ့နေ့တွေကို ငါ ဘယ်တော့မှ မေ့နိုင်မယ် မထင်ဘူး။ ငြိမ်းချမ်းပါစေ Sushant ရေ။ မိသားစုနဲ့အတူ ဒီကြီးမားတဲ့ ဆုံးရှုံးမှုကြီးကို ခံစားနေရသူတိုင်းအတွက် စိတ်မကောင်းပါဘူး…” လို့ Priyanka Chopra က သူမရဲ့ အင်စတာဂရမ်မှာ ဝမ်းနည်းစကား ဆိုထားပါတယ်။

အိန္ဒိယဝန်ကြီးချုပ် Narendra Modi ကတော့ “ငယ်ရွယ်အောင်မြင်တဲ့အချိန်မှာ အကြွေစောခဲ့တဲ့ Sushant Singh Rajput … သူဟာ ဇာတ်လမ်းတွဲမှာရော၊ ရုပ်ရှင်မှာပါ ထူးချွန်သူတစ်ယောက်ပါ။ ဖျော်ဖြေရေးလောကမှာ နိုးထလာတဲ့ သူ့ရဲ့ဖျော်ဖြေမှုတွေဟာ လူပေါင်းများစွာအတွက် စိတ်တက်ကြွဖွယ်ရာဖြစ်ခဲ့ပြီး အမှတ်ရစရာ ဖျော်ဖြေမှုပေါင်းများစွာကိုလည်း ချန်ထားရစ်ခဲ့သူ ဖြစ်ပါတယ်။ ရုတ်တရက် ကွယ်လွန်သွားတာကို အံ့ဩမိပါတယ်။ သူ့ရဲ့မိသားစုတွေ၊ မိတ်ဆွေတွေနဲ့ ထပ်တူဝမ်းနည်းပါတယ်…” လို့ ပြောထားပါတယ်။

Photo: anushkasharma/ Instagram

အတူတွဲသရုပ်ဆောင်ဖူးတဲ့ မင်းသမီး Anushka Sharma ကလည်း ဝမ်းနည်းစကားဆိုထားပါသေးတယ်။ “Sushant ရေ … နင့်လို ငယ်ရွယ်ပြီး ထွန်းတောက်နေတဲ့ လူတစ်ယောက်က အခုလို ထွက်သွားဖို့ဆိုတာ နင့်အတွက်တော့ သိပ်ကိုစောလွန်းပါတယ်ဟာ။ နင်ရင်ဆိုင်ခံစားခဲ့ရတဲ့ ပြဿနာတွေကို ဘာတစ်ခုမှ မကူညီနိုင်တဲ့ ပတ်ဝန်းကျင်တစ်ခုမှာ နေထိုင်နေရမှန်း ငါ့ကိုယ်ငါ သိတော့ အရမ်းလည်းဝမ်းနည်းရတယ်။ စိတ်လည်းတိုရတယ် Sushant ရေ။ နင့်ဝိဉာဉ်လေး ကောင်းကင်ဘုံမှာ ငြိမ်းချမ်းပါစေ… ” လို့ ဆိုထားတာပါ။

“အမှန်အတိုင်းပြောရရင် ဒီသတင်းကြားပြီး အံ့ဩသလို ဆွံ့အသွားတယ်။ Sushant ကို Chiichhore မှာ ကြည့်ရပြီး ပီဒီဖြစ်တဲ့ ကျွန်တော့်သူငယ်ချင်း Sajid ကို အဲ့ဒီ့ရုပ်ရှင်ကို ကြိုက်တဲ့အကြောင်းနဲ့ ကျွန်တော်ကိုယ်တိုင်ပါ ဝင်သရုပ်ဆောင်ချင်စိတ် ပေါက်တဲ့အကြောင်း ပြောခဲ့ဖူးတာတွေ အမှတ်ရနေမိတယ်။ တကယ် ပါရမီရှိတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ ကျန်ရစ်သူမိသားစုတွေကိုလည်း ဘုရားသခင် ခွန်အားပေးသနားပါစေ…” လို့ မင်းသား Akshay Kumar ကလည်း ဝမ်းနည်းကြောင်း ဆိုထားပါတယ်။

Photo: anushkasharma/ Instagram

IMDb ရဲ့ ဖော်ပြချက်အရ Sushant ဟာ The Fault in Our Stars ကို ဘောလိဝုဒ်ဗားရှင်း ပြန်ရိုက်ထားတဲ့ ရုပ်ရှင်အသစ်မှာလည်း သရုပ်ဆောင်ထားပြီး အနေအထားကတော့ post production အဆင့်ကို ရောက်နေပြီလို့ သိရပါတယ်။ နောက်မကြာမီအချိန်မှာ ဒီဇာတ်ကား ထွက်ရှိလာရင်လည်း Sushant ကိုလွမ်းရင်း ကြည့်ရှုကြရဦးမှာပါလို့ တင်ပြရင်း …။

LaNina

Source: people

(Zawgyi Version)

ေဘာလိဝုဒ္ရဲ႕ နာမည္ေက်ာ္စတားေတြဟာ မေန႔က ဇြန္လ(၁၄)ရက္ေန႔မွာ မိမိကိုယ္ကို အဆုံးစီရင္သြားခဲ့တဲ့ မင္းသား Sushant Singh Rajput ရဲ႕ ကြယ္လြန္မႈအေပၚ ဝမ္းနည္းေၾကကြဲကာ ယူက်ဳံးမရ ျဖစ္ေနၾကပါတယ္။

မင္းသားဟာ ကြယ္လြန္ခ်ိန္မွာ အသက္(၃၄)ႏွစ္သာ ရွိေသးၿပီး မြမ္ဘိုင္းၿမိဳ႕က ေနအိမ္မွာ မိမိကိုယ္ကို အဆုံးစီရင္သြားခဲ့တာျဖစ္တယ္လို႔ မြမ္ဘိုင္းၿမိဳ႕ ရဲတပ္ဖြဲ႕ရဲ႕ အတည္ျပဳေျပာၾကားခ်က္အရ သိရပါတယ္။ ငယ္႐ြယ္ၿပီး ေအာင္ျမင္ေနတဲ့အခ်ိန္မွာမွ အခုလိုလုပ္ရပ္ကို ေ႐ြးခ်ယ္သြားရတဲ့ Sushant ရဲ႕ စိတ္အေျခအေနကို ေတြးဆၿပီး ေဘာလိဝုဒ္စတားေတြဟာ ဝမ္းနည္းတသ ျဖစ္ေနၾကတာ ျဖစ္ပါတယ္။

Photo: priyankachopra/ Instagram

“ဘာေျပာရမွန္းမသိေအာင္ကို ၾကက္ေသသြားတယ္။ နင္ သိပ္ကိုနာက်င္ခံစားခဲ့ရမွာပဲ။ ဘယ္ေနရာကိုပဲေရာက္ေရာက္ ၿငိမ္းခ်မ္းေနမယ္လို႔ ေမွ်ာ္လင့္ပါတယ္ သူငယ္ခ်င္းေရ။ သြားတာ ေစာလြန္းတယ္ဟာ။ ေနထြက္လာတာကို ၾကည့္ၿပီး နကၡတ္တာရာေတြအေၾကာင္း ငါတို႔ေျပာခဲ့ၾကတဲ့ေန႔ေတြကို ငါ ဘယ္ေတာ့မွ ေမ့ႏိုင္မယ္ မထင္ဘူး။ ၿငိမ္းခ်မ္းပါေစ Sushant ေရ။ မိသားစုနဲ႔အတူ ဒီႀကီးမားတဲ့ ဆုံးရႈံးမႈႀကီးကို ခံစားေနရသူတိုင္းအတြက္ စိတ္မေကာင္းပါဘူး…” လို႔ Priyanka Chopra က သူမရဲ႕ အင္စတာဂရမ္မွာ ဝမ္းနည္းစကား ဆိုထားပါတယ္။

အိႏၵိယဝန္ႀကီးခ်ဳပ္ Narendra Modi ကေတာ့ “ငယ္႐ြယ္ေအာင္ျမင္တဲ့အခ်ိန္မွာ အေႂကြေစာခဲ့တဲ့ Sushant Singh Rajput … သူဟာ ဇာတ္လမ္းတြဲမွာေရာ၊ ႐ုပ္ရွင္မွာပါ ထူးခြၽန္သူတစ္ေယာက္ပါ။ ေဖ်ာ္ေျဖေရးေလာကမွာ ႏိုးထလာတဲ့ သူ႔ရဲ႕ေဖ်ာ္ေျဖမႈေတြဟာ လူေပါင္းမ်ားစြာအတြက္ စိတ္တက္ႂကြဖြယ္ရာျဖစ္ခဲ့ၿပီး အမွတ္ရစရာ ေဖ်ာ္ေျဖမႈေပါင္းမ်ားစြာကိုလည္း ခ်န္ထားရစ္ခဲ့သူ ျဖစ္ပါတယ္။ ႐ုတ္တရက္ ကြယ္လြန္သြားတာကို အံ့ဩမိပါတယ္။ သူ႔ရဲ႕မိသားစုေတြ၊ မိတ္ေဆြေတြနဲ႔ ထပ္တူဝမ္းနည္းပါတယ္…” လို႔ ေျပာထားပါတယ္။

Photo: anushkasharma/ Instagram

အတူတြဲသ႐ုပ္ေဆာင္ဖူးတဲ့ မင္းသမီး Anushka Sharma ကလည္း ဝမ္းနည္းစကားဆိုထားပါေသးတယ္။ “Sushant ေရ … နင့္လို ငယ္႐ြယ္ၿပီး ထြန္းေတာက္ေနတဲ့ လူတစ္ေယာက္က အခုလို ထြက္သြားဖို႔ဆိုတာ နင့္အတြက္ေတာ့ သိပ္ကိုေစာလြန္းပါတယ္ဟာ။ နင္ရင္ဆိုင္ခံစားခဲ့ရတဲ့ ျပႆနာေတြကို ဘာတစ္ခုမွ မကူညီႏိုင္တဲ့ ပတ္ဝန္းက်င္တစ္ခုမွာ ေနထိုင္ေနရမွန္း ငါ့ကိုယ္ငါ သိေတာ့ အရမ္းလည္းဝမ္းနည္းရတယ္။ စိတ္လည္းတိုရတယ္ Sushant ေရ။ နင့္ဝိဉာဥ္ေလး ေကာင္းကင္ဘုံမွာ ၿငိမ္းခ်မ္းပါေစ… ” လို႔ ဆိုထားတာပါ။

“အမွန္အတိုင္းေျပာရရင္ ဒီသတင္းၾကားၿပီး အံ့ဩသလို ဆြံ႕အသြားတယ္။ Sushant ကို Chiichhore မွာ ၾကည့္ရၿပီး ပီဒီျဖစ္တဲ့ ကြၽန္ေတာ့္သူငယ္ခ်င္း Sajid ကို အဲ့ဒီ့႐ုပ္ရွင္ကို ႀကိဳက္တဲ့အေၾကာင္းနဲ႔ ကြၽန္ေတာ္ကိုယ္တိုင္ပါ ဝင္သ႐ုပ္ေဆာင္ခ်င္စိတ္ ေပါက္တဲ့အေၾကာင္း ေျပာခဲ့ဖူးတာေတြ အမွတ္ရေနမိတယ္။ တကယ္ ပါရမီရွိတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ပါ။ က်န္ရစ္သူမိသားစုေတြကိုလည္း ဘုရားသခင္ ခြန္အားေပးသနားပါေစ…” လို႔ မင္းသား Akshay Kumar ကလည္း ဝမ္းနည္းေၾကာင္း ဆိုထားပါတယ္။

Photo: anushkasharma/ Instagram

IMDb ရဲ႕ ေဖာ္ျပခ်က္အရ Sushant ဟာ The Fault in Our Stars ကို ေဘာလိဝုဒ္ဗားရွင္း ျပန္႐ိုက္ထားတဲ့ ႐ုပ္ရွင္အသစ္မွာလည္း သ႐ုပ္ေဆာင္ထားၿပီး အေနအထားကေတာ့ post production အဆင့္ကို ေရာက္ေနၿပီလို႔ သိရပါတယ္။ ေနာက္မၾကာမီအခ်ိန္မွာ ဒီဇာတ္ကား ထြက္ရွိလာရင္လည္း Sushant ကိုလြမ္းရင္း ၾကည့္ရႈၾကရဦးမွာပါလို႔ တင္ျပရင္း …။

LaNina

Source: people

 

RELATED ARTICLES

Most Popular