HomeEntertainmentFilmကြောင်ချစ်သူတွေ ကြည့်သင့်တဲ့ Animation ဇာတ်ကားကောင်းများ

ကြောင်ချစ်သူတွေ ကြည့်သင့်တဲ့ Animation ဇာတ်ကားကောင်းများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

သင်ဟာ တစ်ယောက်တည်း အထီးကျန်နေသူ တစ်ယောက်ပါလား။ ဒါဆိုရင်တော့ သင့်ကို အဖော်ပြုပေးနိုင်မယ့် Pet လေး တစ်ကောင်လောက်တော့ လိုအပ်ပါလိမ့်မယ်။ Pet လို့ ပြောလိုက်ရင်တော့ လူအများစုဟာ ခွေးလေးတွေနဲ့ ကြောင်လေးတွေကို မွေးထားလေ့ ရှိပါတယ်။

ခွေးလေးတွေရဲ့ သဘော သဘာဝကတော့ ရိုးရှင်းပြီး သူတို့ရဲ့ သခင်ထားတဲ့အတိုင်း နေတတ်ကြပါတယ်။ ဒါပေမယ့်လည်း ကြောင်လေးတွေကတော့ စုပ်စုတတ်တဲ့ သတ္တဝါလေးတွေ ဖြစ်ပြီး နားလည်ရလည်းခက်တဲ့ သတ္တဝါလေးတွေ ဖြစ်ပါတယ်။ ဒီလိုနားလည်ရခက်တဲ့ အကျင့်စရိုက်ကြောင့်လည်း ကျွန်တော်တို့က ကြောင်လေးတွေကို ပိုမိုသံယောဇဉ်တွယ်နေရတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ကြောင်ချစ်သူတွေအတွက် ကြည့်ရှုသင့်တဲ့ Animation ကားကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(5) The Secret Life of Pets
photo via screenrant

ဒီ animation ကတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (6.5) ရရှိထားပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းဟာ တိရစ္ဆာန်လေးတွေကို ချစ်တတ်သူတွေအားလုံး ကြည့်ရှုသင့်တဲ့ ဇာတ်လမ်းတစ်ပုဒ်ဆိုလည်း မမှားပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ Max ဆိုတဲ့ ခွေးလေးရဲ့ ပိုင်ရှင်ဟာ နောက်ထပ် ခွေးတစ်ကောင်ကို မွေးစားလိုက်တဲ့အချိန်မှာတော့ Max ရဲ့တည်ငြိမ်နေတဲ့ ဘဝလေးက ဖရိုဖရဲ ဖြစ်ကုန်တာကို မြင်တွေ့ရမှာပါ။

အဓိကဇာတ်ကောင်ဟာ ခွေးလေး ဖြစ်ပေမယ့်လည်း ဒီ animation ထဲမှာတော့ Chloe လို့ခေါ်တဲ့ ကြောင်လေးကလည်း အဓိကကျတဲ့နေရာမှာ ပါဝင်ပါတယ်။ ဒီဇာတ်လမ်းထဲက ဟာသအများစုဟာလည်း သူမကြောင့် ဖြစ်ပေါ်လာတာပါ။ Kevin Hart ၊ Lake Bell နဲ့ Eric Stonestreet တို့က အသံသရုပ်ဆောင်အဖြစ် ပါဝင်ထားပါတယ်။

(4) Puss in Boots
photo via screenrant

ပရိသတ်တွေကြားမှာ အောင်မြင်ခဲ့တဲ့ Shrek ဇာတ်လမ်းထဲက Puss ဆိုတဲ့ ကြောင်လေးဟာ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တာကြောင့် Spin-Off အနေနဲ့ ဒီဇာတ်လမ်း ထွက်ရှိလာတာပါ။ ၂၀၁၁ ခုနှစ်တုန်းက ထွက်ရှိခဲ့ပြီး IMDb (6.6) ရရှိထားပါတယ်။

ဇာတ်လမ်းကတော့ Puss ဟာ အကြောင်းတစ်ခုကြောင့် ဝရမ်းပြေး ဖြစ်နေပါတယ်။ ဒါကြောင့်ပဲ Puss ဟာ သူ့အမေနဲ့ သူ့မြို့နေလူတွေရဲ့ ယုံကြည်မှုကို ပြန်လည်ရရှိနိုင်ဖို့အတွက် သူ့ရဲ့သူငယ်ချင်းတွေနဲ့ ပူးပေါင်းပြီး ရွှေငန်းဥကို ရှာ‌ဖွေပါတော့တယ်။ Antonio Banderas ၊ Salma Hayek နဲ့ Chris Miller တို့က အသံသရုပ်ဆောင်ထားပြီး အော်စကာဆုတစ်ဆုအတွက် စံကာတင်စာရင်း ဝင်ခဲ့ပါသေးတယ်။

(3) A Whisker Away
photo via screenrant

ဒီ anime ကတော့ ၂၀၂၀ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.7) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကောင်မလေးတစ်ယောက်ဟာ သူမ ချစ်ကြိုက်နေသူရဲ့ အနားမှာ နေထိုင်နိုင်ဖို့အတွက် သူမကိုယ်သူမ ကြောင်တစ်ကောင်အဖြစ် ပြောင်းလဲနိုင်ပါတယ်။ ဒါပေမယ့်လည်း တစ်ရက်မှာတော့ အခုလိုမျိူး သူမကိုယ်သူမ ကြောင်အဖြစ် ပြောင်းလဲလိုက်တာကြောင့် သူမအတွက် အန္တရာယ် ဖြစ်လာပါတော့တယ်။

(2) A Cat in Paris
photo via screenrant

ဒီ animation ကတော့ ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.9) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ နာမည်အတိုင်းပဲ ပါရီမြို့မှာ အခြေခံထားတာ ဖြစ်ပါတယ်။ Zoe လို့ခေါ်တဲ့ သူခိုးမလေးတစ်ယောက်ကတော့ ကြောင်လေးတစ်ကောင်ရဲ့ အကူအညီနဲ့ ခိုးဝှက်နေပါတယ်။ တစ်ရက်မှာတော့ Zoe ကို ဂိုဏ်းစတားအုပ်စုတစ်စုက ဖမ်းဆီးသွားတာကြောင့် အဲ့ဒီကြောင်လေးက သူမကို ကယ်တင်ဖို့ ကြိုးစားတာကို ပုံဖော်ထားတာ ဖြစ်ပါတယ်။ Dominique Blanc ၊ Bruno Salomone နဲ့ Jean Benguigui တို့က အသံသရုပ်ဆောင်ထားပြီး အော်စကာဆုတစ်ဆုအတွက် စံကာတင်စာရင်း ဝင်ခဲ့ပါတယ်။

(1) The Cat Returns
photo via screenrant

ဒီ anime ကတော့ ၂၀၀၂ ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (7.2) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကောင်မလေးတစ်ယောက်ဟာ ကြောင်တစ်ကောင်ကို ကူညီမိလိုက်တာကြောင့် မထင်မှတ်ထားတဲ့ ကြောင်တွေနေထိုင်တဲ့ မှော်လောကကြီးကို ရောက်ရှိသွားပါတယ်။ ဒါ့အပြင် သူမရဲ့ ဆန္ဒမပါဘဲ ကြောင်ဘုရင်ကြီးရဲ့ သားဖြစ်သူ ကြောင်မင်းသားကိုလည်း လက်ထပ်ရပါတော့မယ်။ အဲ့ဒီအချိန်မှာတော့ အရုပ်ကနေ အသက်ဝင်လာတဲ့ ကြောင်တစ်ကောင်ဟာ သူမအတွက် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်လာပါတော့တယ်။

ကြောင်ချစ်သူတွေ ဒီဇာတ်ကားလေးတွေ ကြည့်ပြီး ရသအမျိုးမျိုး ခံစားရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ စာဖတ်သူတို့ ကြည့်ဖူးတဲ့ အခြားဇာတ်ကားကောင်းလေးတွေ ရှိရင်လည်း ပြန်လည်မျှဝေပေးခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

သင္ဟာ တစ္ေယာက္တည္း အထီးက်န္ေနသူ တစ္ေယာက္ပါလား။ ဒါဆိုရင္ေတာ့ သင့္ကို အေဖာ္ျပဳေပးႏိုင္မယ့္ Pet ေလး တစ္ေကာင္ေလာက္ေတာ့ လိုအပ္ပါလိမ့္မယ္။ Pet လို႔ ေျပာလိုက္ရင္ေတာ့ လူအမ်ားစုဟာ ေခြးေလးေတြနဲ႔ ေၾကာင္ေလးေတြကို ေမြးထားေလ့ ရွိပါတယ္။

ေခြးေလးေတြရဲ႕ သေဘာ သဘာဝကေတာ့ ႐ိုးရွင္းၿပီး သူတို႔ရဲ႕ သခင္ထားတဲ့အတိုင္း ေနတတ္ၾကပါတယ္။ ဒါေပမယ့္လည္း ေၾကာင္ေလးေတြကေတာ့ စုပ္စုတတ္တဲ့ သတၱဝါေလးေတြ ျဖစ္ၿပီး နားလည္ရလည္းခက္တဲ့ သတၱဝါေလးေတြ ျဖစ္ပါတယ္။ ဒီလိုနားလည္ရခက္တဲ့ အက်င့္စ႐ိုက္ေၾကာင့္လည္း ကြၽန္ေတာ္တို႔က ေၾကာင္ေလးေတြကို ပိုမိုသံေယာဇဥ္တြယ္ေနရတာပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ ေၾကာင္ခ်စ္သူေတြအတြက္ ၾကည့္ရႈသင့္တဲ့ Animation ကားေကာင္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(5) The Secret Life of Pets
photo via screenrant

ဒီ animation ကေတာ့ ၂၀၁၆ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (6.5) ရရွိထားပါတယ္။ ဒါ့အျပင္ ဒီဇာတ္လမ္းဟာ တိရစာၦန္ေလးေတြကို ခ်စ္တတ္သူေတြအားလုံး ၾကည့္ရႈသင့္တဲ့ ဇာတ္လမ္းတစ္ပုဒ္ဆိုလည္း မမွားပါဘူး။ ဇာတ္လမ္းအက်ဥ္းကေတာ့ Max ဆိုတဲ့ ေခြးေလးရဲ႕ ပိုင္ရွင္ဟာ ေနာက္ထပ္ ေခြးတစ္ေကာင္ကို ေမြးစားလိုက္တဲ့အခ်ိန္မွာေတာ့ Max ရဲ႕တည္ၿငိမ္ေနတဲ့ ဘဝေလးက ဖ႐ိုဖရဲ ျဖစ္ကုန္တာကို ျမင္ေတြ႕ရမွာပါ။

အဓိကဇာတ္ေကာင္ဟာ ေခြးေလး ျဖစ္ေပမယ့္လည္း ဒီ animation ထဲမွာေတာ့ Chloe လို႔ေခၚတဲ့ ေၾကာင္ေလးကလည္း အဓိကက်တဲ့ေနရာမွာ ပါဝင္ပါတယ္။ ဒီဇာတ္လမ္းထဲက ဟာသအမ်ားစုဟာလည္း သူမေၾကာင့္ ျဖစ္ေပၚလာတာပါ။ Kevin Hart ၊ Lake Bell နဲ႔ Eric Stonestreet တို႔က အသံသ႐ုပ္ေဆာင္အျဖစ္ ပါဝင္ထားပါတယ္။

(4) Puss in Boots
photo via screenrant

ပရိသတ္ေတြၾကားမွာ ေအာင္ျမင္ခဲ့တဲ့ Shrek ဇာတ္လမ္းထဲက Puss ဆိုတဲ့ ေၾကာင္ေလးဟာ ပရိသတ္ေတြရဲ႕ အားေပးမႈကို ရရွိခဲ့တာေၾကာင့္ Spin-Off အေနနဲ႔ ဒီဇာတ္လမ္း ထြက္ရွိလာတာပါ။ ၂၀၁၁ ခုႏွစ္တုန္းက ထြက္ရွိခဲ့ၿပီး IMDb (6.6) ရရွိထားပါတယ္။

ဇာတ္လမ္းကေတာ့ Puss ဟာ အေၾကာင္းတစ္ခုေၾကာင့္ ဝရမ္းေျပး ျဖစ္ေနပါတယ္။ ဒါေၾကာင့္ပဲ Puss ဟာ သူ႔အေမနဲ႔ သူ႔ၿမိဳ႕ေနလူေတြရဲ႕ ယုံၾကည္မႈကို ျပန္လည္ရရွိႏိုင္ဖို႔အတြက္ သူ႔ရဲ႕သူငယ္ခ်င္းေတြနဲ႔ ပူးေပါင္းၿပီး ေ႐ႊငန္းဥကို ရွာ‌ေဖြပါေတာ့တယ္။ Antonio Banderas ၊ Salma Hayek နဲ႔ Chris Miller တို႔က အသံသ႐ုပ္ေဆာင္ထားၿပီး ေအာ္စကာဆုတစ္ဆုအတြက္ စံကာတင္စာရင္း ဝင္ခဲ့ပါေသးတယ္။

(3) A Whisker Away
photo via screenrant

ဒီ anime ကေတာ့ ၂၀၂၀ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (6.7) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ ေကာင္မေလးတစ္ေယာက္ဟာ သူမ ခ်စ္ႀကိဳက္ေနသူရဲ႕ အနားမွာ ေနထိုင္ႏိုင္ဖို႔အတြက္ သူမကိုယ္သူမ ေၾကာင္တစ္ေကာင္အျဖစ္ ေျပာင္းလဲႏိုင္ပါတယ္။ ဒါေပမယ့္လည္း တစ္ရက္မွာေတာ့ အခုလိုမ်ိဴး သူမကိုယ္သူမ ေၾကာင္အျဖစ္ ေျပာင္းလဲလိုက္တာေၾကာင့္ သူမအတြက္ အႏၲရာယ္ ျဖစ္လာပါေတာ့တယ္။

(2) A Cat in Paris
photo via screenrant

ဒီ animation ကေတာ့ ၂၀၁၀ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (6.9) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ နာမည္အတိုင္းပဲ ပါရီၿမိဳ႕မွာ အေျခခံထားတာ ျဖစ္ပါတယ္။ Zoe လို႔ေခၚတဲ့ သူခိုးမေလးတစ္ေယာက္ကေတာ့ ေၾကာင္ေလးတစ္ေကာင္ရဲ႕ အကူအညီနဲ႔ ခိုးဝွက္ေနပါတယ္။ တစ္ရက္မွာေတာ့ Zoe ကို ဂိုဏ္းစတားအုပ္စုတစ္စုက ဖမ္းဆီးသြားတာေၾကာင့္ အဲ့ဒီေၾကာင္ေလးက သူမကို ကယ္တင္ဖို႔ ႀကိဳးစားတာကို ပုံေဖာ္ထားတာ ျဖစ္ပါတယ္။ Dominique Blanc ၊ Bruno Salomone နဲ႔ Jean Benguigui တို႔က အသံသ႐ုပ္ေဆာင္ထားၿပီး ေအာ္စကာဆုတစ္ဆုအတြက္ စံကာတင္စာရင္း ဝင္ခဲ့ပါတယ္။

(1) The Cat Returns
photo via screenrant

ဒီ anime ကေတာ့ ၂၀၀၂ ခုႏွစ္မွာ ထြက္ရွိခဲ့တာ ျဖစ္ၿပီး IMDb (7.2) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ ေကာင္မေလးတစ္ေယာက္ဟာ ေၾကာင္တစ္ေကာင္ကို ကူညီမိလိုက္တာေၾကာင့္ မထင္မွတ္ထားတဲ့ ေၾကာင္ေတြေနထိုင္တဲ့ ေမွာ္ေလာကႀကီးကို ေရာက္ရွိသြားပါတယ္။ ဒါ့အျပင္ သူမရဲ႕ ဆႏၵမပါဘဲ ေၾကာင္ဘုရင္ႀကီးရဲ႕ သားျဖစ္သူ ေၾကာင္မင္းသားကိုလည္း လက္ထပ္ရပါေတာ့မယ္။ အဲ့ဒီအခ်ိန္မွာေတာ့ အ႐ုပ္ကေန အသက္ဝင္လာတဲ့ ေၾကာင္တစ္ေကာင္ဟာ သူမအတြက္ တစ္ခုတည္းေသာ ေမွ်ာ္လင့္ခ်က္ ျဖစ္လာပါေတာ့တယ္။

ေၾကာင္ခ်စ္သူေတြ ဒီဇာတ္ကားေလးေတြ ၾကည့္ၿပီး ရသအမ်ိဳးမ်ိဳး ခံစားရလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ စာဖတ္သူတို႔ ၾကည့္ဖူးတဲ့ အျခားဇာတ္ကားေကာင္းေလးေတြ ရွိရင္လည္း ျပန္လည္မွ်ေဝေပးခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular