HomeCharacterတမူထူးခြားပြီး စိတ်ဝင်စားစရာ ဇာတ်ကောင်တွေ ပါဝင်လာမယ့် DCU ရဲ့ The Authority ရုပ်ရှင်

တမူထူးခြားပြီး စိတ်ဝင်စားစရာ ဇာတ်ကောင်တွေ ပါဝင်လာမယ့် DCU ရဲ့ The Authority ရုပ်ရှင်

DC စတူဒီယိုရဲ့ Co-CEO ဖြစ်တဲ့ James Gunn ကတော့ မကြာသေးခင်ကပဲ DCU ရဲ့ Chapter 1 မှာ ပါဝင်သွားမယ့် ပရောဂျက်အချို့ကို ကြေညာခဲ့ပါတယ်။ အဲဒီပရောဂျက်တွေထဲမှာတော့ ရုပ်ရှင်ပရိသတ်တွေနဲ့ မရင်းနှီးတဲ့ ဇာတ်ကောင်တွေလည်း ပါဝင်နေပါတယ်။ The Authority အဖွဲ့ဆိုရင်တော့ လူသိနည်းတဲ့ အဖွဲ့တစ်ခုလို့တောင် ပြောလို့ရပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ DCU ရဲ့ The Authority ရုပ်ရှင်ထဲမှာ ဘယ်လိုဇာတ်ကောင်တွေကို မြင်တွေ့ရမလည်းဆိုတာ ဖော်ပြပေးချင်ပါတယ်။

photo via screenrant

The Authority အဖွဲ့ကတော့ ကမ္ဘာကြီးကို ကယ်တင်ဖို့ဆိုရင် ဘာမဆိုလုပ်ဖို့ ဝန်မလေးတတ်ကြတဲ့ Anti-Hero တွေ စုစည်းထားတဲ့ အဖွဲ့တစ်ခု ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ Stormwatch ဆိုတဲ့ အဖွဲ့တစ်ခုကနေ ဆင့်ကဲဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ Stormwatch အဖွဲ့ကွဲသွားပြီး နောက်မှာတော့ ကျန်ရစ်တဲ့ အဖွဲ့ဝင်အချို့ ပူးပေါင်းပြီး The Authority အဖွဲ့ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ဒီအဖွဲ့ကတော့ Justice League လိုပဲ အဖွဲ့ဝင်(၇)ယောက်နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ အဖွဲ့ဝင်တွေကတော့ Immortal လည်း ဖြစ်သလို လျှပ်စစ်ကိုလည်း ထိန်းချုပ်နိုင်တဲ့ Jenny Spark ၊ မကြာခဏ Batman နဲ့ နှိုင်းယှဉ်ခံရတတ်တဲ့ Supersoldier ဖြစ်သူ Midnighter ၊ Justice Society ထဲက Hawkman လိုမျိူး အတောင်ပံတွေ ပိုင်ဆိုင်ထားတဲ့ Swift ၊ Doctor Fate လိုမျိူး မှော်ပညာအသုံးပြုတဲ့ The Doctor ၊ Terminator 2 ထဲက T-1000 လိုမျိူး Liquid Metal အဖြစ် ပြောင်းလဲနိုင်တဲ့ Cyborg ဖြစ်သူ The Engineer နဲ့ နောက်ဆုံးအဖွဲ့ဝင်ဖြစ်တဲ့ Jack Hawksmoor တို့ပဲ ဖြစ်ပါတယ်။

photo via screenrant

Jack Hawksmoor ရဲ့ စွမ်းအားကတော့ နားလည်ရ နည်းနည်းခက်ပါတယ်။ အဲဒါကတော့ သူဟာ ဘယ်မြို့ကိုပဲရောက်နေနေ အဲဒီမြို့နဲ့ ဖြစ်တည်မှုတစ်ခုတည်းလို ချိတ်ဆက်ထားနိုင်ပြီး ဒီစွမ်းအားကြောင့်ပဲ သူ့ရဲ့အာရုံခံနိုင်စွမ်းတွေဟာ ပိုပြီးအားကောင်းလာပါတယ်။ ဒါ့အပြင် သူဟာ Superhuman Strength နဲ့ Agility တို့ကိုလည်း ပိုင်ဆိုင်ထားပါတယ်။

The Authority အဖွဲ့မှာတော့ ကိုယ်ပိုင် Base တစ်ခုလည်းရှိပြီး Carrier လို့ ခေါ်ပါတယ်။ အဲဒီ Carrier ကတော့ Space နဲ့ Time ကို ဖြတ်သန်းသွားလာနိုင်တဲ့ Interdimensional ယာဉ်တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီယာဉ်ဟာ စကားလည်း ပြောနိုင်ပြီး The Authority အဖွဲ့အတွက်တော့ အခြေစိုက်စခန်း၊ Transporter နဲ့ အဖွဲ့ဝင်အဖြစ်ပါ အရေးကြီးတဲ့နေရာက ပါဝင်နေပါတယ်။ ဒီလိုမျိူး တမူထူးခြားနေတဲ့ ဇာတ်ကောင်တွေကို James Gunn တို့ ဘယ်လိုမျိူး ဖန်တီးသွားမလည်း ဆိုတာတော့ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular