HomeEntertainmentFilmဇူလိုင်လမှာ ရိုက်ကူးရေး စတင်သွားမယ့် Ant-Man: Quantumania

ဇူလိုင်လမှာ ရိုက်ကူးရေး စတင်သွားမယ့် Ant-Man: Quantumania

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Dr. Pym နေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Michael Douglas ဟာ အင်တာဗျူးတစ်ခုမှာတော့ Ant-Man: Quantumania ရဲ့ ရိုက်ကူးရေးဟာ ဇူလိုင်လမှာ စတင်သွားမယ်လို့ အတည်ပြုပေးလိုက်ပါတယ်။ Ant-Man franchise ဟာ လောလောဆယ်မှာတော့ နှစ်ကား ထွက်ရှိထားပြီး နှစ်ကားလုံးဟာ ပရိသတ်တွေအတွက်သာမက ရုပ်ရှင်ဝေဖန်ရေးတွေအတွက်ပါ ကြိုက်နှစ်သက်စရာ ဖြစ်ခဲ့ပါတယ်။

photo via screenrant

ဒါတင်မကသေးဘဲ Marvel ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း box office မှာလည်း ဝင်ငွေအရ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ Marvel ဟာ Ant-Man Trilogy ကို ဖန်တီးသွားမှာ ဖြစ်ပါတယ်။ Ant-Man 1 ကတော့ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး box office မှာလည်း ဝင်ငွေ ဒေါ်လာ သန်းငါးရာကျော် ရရှိခဲ့သလို ပရိသတ်တွေကြားမှာလည်း ရေပန်းစားခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ Ant-Man and the Wasp ဆက်လက်ထွက်ရှိခဲ့ပြီး အောင်မြင်မှုတွေ ဆက်လက်ရရှိခဲ့ပါတယ်။

Deadline သတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာတော့ Michael Douglas ဟာ Ant-Man 3 ရဲ့ ရိုက်ကူးရေးအတွက် လန်ဒန်မြို့ကို သွားရတော့မယ်လို့ ပြောသွားပါတယ်။ ဒါ့အပြင် Michael ဟာ ဒီဇာတ်လမ်းထဲက လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ တွဲသရုပ်ဆောင်ရတာလည်း အဆင်ပြေတယ်လို့ ဆိုပြီး ဒီလိုမျိူး အထူးပြုလုပ်ချက်တွေနဲ့ ရိုက်ကူးတဲ့ ရုပ်ရှင်မျိူးကို အရင်က မရိုက်ဖူးပါဘူးလို့ ပြောခဲ့ပါသေးတယ်။

photo via screenrant

အင်တာဗျူးမှာထဲမှာတော့ Michael မှာ ” Ant-Man ရုပ်ရှင်တွေထဲမှာ ကျွန်တော်က အစိတ်အပိုင်းလေးတစ်ခုပါပဲ။ ဒါပေမယ့်လည်း ဒီဇာတ်လမ်းတွေထဲမှာတော့ အံ့ဩဖို့ကောင်းလောက်တဲ့ အထူးပြုလုပ်ချက်တွေနဲ့ Green Screen တွေနဲ့ ရိုက်ကူးရပါတယ်။ ဒါတင်မကသေးဘဲ ကျွန်တော့်ရဲ့ အချိန်တစ်ဝက်လောက်ကို မျက်နှာပေါ်မှာ အစက်တွေ တပ်ဆင်ဖို့ ပြင်ဆင်ရပါတယ်။ ဒါတွေက လုံးဝမတူညီတဲ့ ရုပ်ရှင်ရိုက်ကူးနည်းပါပဲ။ အရင်တုန်းကတော့ ဒီလိုမျိူး အထူးပြုလုပ်ချက်တွေနဲ့ Green Screen တွေ ပါဝင်တဲ့ ရုပ်ရှင်တွေမှာ တစ်ခါမှ သရုပ်မဆောင်ခဲ့ဖူးပါဘူး။ အခုတော့ ကျွန်တော်တို့က တတိယမြောက် ဇာတ်ကားကို စတင်ရိုက်ကူးတော့မှာပါ။ အဲ့ဒါကြောင့် Ant-Man 3 အတွက် ဇူလိုင်လမှာ လန်ဒန်မြို့ကို သွားရတော့မယ် …” လို့ ပြောပြခဲ့ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

Dr. Pym ေနရာမွာ သ႐ုပ္ေဆာင္ထားတဲ့ မင္းသားႀကီး Michael Douglas ဟာ အင္တာဗ်ဴးတစ္ခုမွာေတာ့ Ant-Man: Quantumania ရဲ႕ ႐ိုက္ကူးေရးဟာ ဇူလိုင္လမွာ စတင္သြားမယ္လို႔ အတည္ျပဳေပးလိုက္ပါတယ္။ Ant-Man franchise ဟာ ေလာေလာဆယ္မွာေတာ့ ႏွစ္ကား ထြက္ရွိထားၿပီး ႏွစ္ကားလုံးဟာ ပရိသတ္ေတြအတြက္သာမက ႐ုပ္ရွင္ေဝဖန္ေရးေတြအတြက္ပါ ႀကိဳက္ႏွစ္သက္စရာ ျဖစ္ခဲ့ပါတယ္။

photo via screenrant

ဒါတင္မကေသးဘဲ Marvel ႐ုပ္ရွင္ေတြရဲ႕ ထုံးစံအတိုင္း box office မွာလည္း ဝင္ေငြအရ ေအာင္ျမင္မႈေတြ ရရွိခဲ့ပါတယ္။ ဒါေၾကာင့္ပဲ Marvel ဟာ Ant-Man Trilogy ကို ဖန္တီးသြားမွာ ျဖစ္ပါတယ္။ Ant-Man 1 ကေတာ့ ၂၀၁၅ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး box office မွာလည္း ဝင္ေငြ ေဒၚလာ သန္းငါးရာေက်ာ္ ရရွိခဲ့သလို ပရိသတ္ေတြၾကားမွာလည္း ေရပန္းစားခဲ့ပါတယ္။ ၂၀၁၈ ခုႏွစ္မွာေတာ့ Ant-Man and the Wasp ဆက္လက္ထြက္ရွိခဲ့ၿပီး ေအာင္ျမင္မႈေတြ ဆက္လက္ရရွိခဲ့ပါတယ္။

Deadline သတင္းဌာနနဲ႔ အင္တာဗ်ဴးတစ္ခုမွာေတာ့ Michael Douglas ဟာ Ant-Man 3 ရဲ႕ ႐ိုက္ကူးေရးအတြက္ လန္ဒန္ၿမိဳ႕ကို သြားရေတာ့မယ္လို႔ ေျပာသြားပါတယ္။ ဒါ့အျပင္ Michael ဟာ ဒီဇာတ္လမ္းထဲက လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔အတူ တြဲသ႐ုပ္ေဆာင္ရတာလည္း အဆင္ေျပတယ္လို႔ ဆိုၿပီး ဒီလိုမ်ိဴး အထူးျပဳလုပ္ခ်က္ေတြနဲ႔ ႐ိုက္ကူးတဲ့ ႐ုပ္ရွင္မ်ိဴးကို အရင္က မ႐ိုက္ဖူးပါဘူးလို႔ ေျပာခဲ့ပါေသးတယ္။

photo via screenrantအင္တာဗ်ဴးမွာထဲမွာေတာ့ Michael မွာ ” Ant-Man ႐ုပ္ရွင္ေတြထဲမွာ ကြၽန္ေတာ္က အစိတ္အပိုင္းေလးတစ္ခုပါပဲ။ ဒါေပမယ့္လည္း ဒီဇာတ္လမ္းေတြထဲမွာေတာ့ အံ့ဩဖို႔ေကာင္းေလာက္တဲ့ အထူးျပဳလုပ္ခ်က္ေတြနဲ႔ Green Screen ေတြနဲ႔ ႐ိုက္ကူးရပါတယ္။ ဒါတင္မကေသးဘဲ ကြၽန္ေတာ့္ရဲ႕ အခ်ိန္တစ္ဝက္ေလာက္ကို မ်က္ႏွာေပၚမွာ အစက္ေတြ တပ္ဆင္ဖို႔ ျပင္ဆင္ရပါတယ္။ ဒါေတြက လုံးဝမတူညီတဲ့ ႐ုပ္ရွင္႐ိုက္ကူးနည္းပါပဲ။ အရင္တုန္းကေတာ့ ဒီလိုမ်ိဴး အထူးျပဳလုပ္ခ်က္ေတြနဲ႔ Green Screen ေတြ ပါဝင္တဲ့ ႐ုပ္ရွင္ေတြမွာ တစ္ခါမွ သ႐ုပ္မေဆာင္ခဲ့ဖူးပါဘူး။ အခုေတာ့ ကြၽန္ေတာ္တို႔က တတိယေျမာက္ ဇာတ္ကားကို စတင္႐ိုက္ကူးေတာ့မွာပါ။ အဲ့ဒါေၾကာင့္ Ant-Man 3 အတြက္ ဇူလိုင္လမွာ လန္ဒန္ၿမိဳ႕ကို သြားရေတာ့မယ္ …” လို႔ ေျပာျပခဲ့ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular