HomeAnimeKaguya-Sama: Love is War ကို ကြိုက်နှစ်သက်ရင် ကြည့်ရှုသင့်တဲ့ Anime ဇာတ်လမ်းတွဲ(၇)ခု

Kaguya-Sama: Love is War ကို ကြိုက်နှစ်သက်ရင် ကြည့်ရှုသင့်တဲ့ Anime ဇာတ်လမ်းတွဲ(၇)ခု

Kaguya-Sama: Love is War ဇာတ်လမ်းတွဲဟာ ၂၀၁၉ ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပြီး IMDb (8.5) ရရှိထားပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ Romance ၊ Comedy ဇာတ်လမ်းအမျိူးအစား ဖြစ်ပြီး Anime ပရိသတ်တွေကြားမှာ အလွန်ရေပန်းစားတဲ့ ဇာတ်လမ်းတွဲတစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Kaguya-Sama: Love is War ကို ကြိုက်နှစ်သက်ရင် ကြည့်ရှုသင့်တဲ့ အလားတူ Anime ဇာတ်လမ်းတွဲတွေကို ဖော်ပြပေးချင်ပါတယ်။

(7) Tsurezure Children

photo via screenrant

ဒီ Anime ကတော့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (7.3) ရရှိထားပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ သာမန်အထက်တန်း ကျောင်းသားကျောင်းသူတွေရဲ့ ဘဝကို မြင်တွေ့ရမှာ ဖြစ်ပြီး ဇာတ်ကောင်တွေဟာ သူတို့ရဲ့ ခံစားချက်တွေကို ဝန်ခံဖို့အတွက် အခက်အခဲတွေများစွာ ကြုံတွေ့ရတာကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(6) Rent-a-Girlfriend

photo via screenrant

ဒီ Anime ကတော့ ၂၀၂၀ ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (7.3) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ကောလိပ်ကျောင်းသား တစ်ယောက်ဟာ ရည်းစားနဲ့ ပြတ်သွားပြီး ရည်းစားကို အချိန်နဲ့ငှားလို့ရတဲ့ Service တစ်ခုကို အသုံးပြုခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူ ငှားရမ်းလိုက်တဲ့ ကောင်မလေးဟာ သူ့ရဲ့အိမ်နီးနားချင်း ဖြစ်နေပြီး သူနဲ့ ကောလိပ်တစ်ခုတည်းမှာ တက်နေတဲ့သူ ဖြစ်နေတယ်ဆိုတာ သိလိုက်ရပါတယ်။

(5) Toradora

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲဟာ ၂၀၀၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.1) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Ryuji ဆိုတဲ့ ကောင်လေးနဲ့ Taiga ဆိုတဲ့ ကောင်မလေးတို့အကြောင်း ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ လုံးဝဆန့်ကျင်ဘက်တွေ ဖြစ်ကြပြီးတော့ နှစ်ယောက်လုံးမှာ တစ်ဖက်သက် ကြိတ်ကြိုက်နေရတဲ့သူတွေ ရှိပါတယ်။ ဒီလိုနဲ့ သူတို့ရဲ့ crush တွေကို ဖွင့်ပြောနိုင်ဖို့ အပြန်အလှန် ကူညီရင်း အချစ်ဇာတ်လမ်းတွေ ဖြစ်ပေါ်လာပါတော့တယ်။

(4) Kamisama Kiss

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.1) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Nanami ဆိုတဲ့ ကောင်မလေးရဲ့ အဖေဖြစ်သူဟာ အကြွေးတွေ ပတ်လည်ဝိုင်းနေတာကြောင့် ထွက်ပြေးသွားတဲ့နောက် ကောင်မလေးဟာလည်း ခြေသလုံးအိမ်တိုင် ဖြစ်သွားရပါတယ်။ အဲဒီနောက်မှာတော့ သူမဟာ လူတစ်ယောက်ကို ကယ်တင်ခဲ့မိပြီး မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေ ဖြစ်လာပါတော့တယ်။

(3) Horimiya

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၂၁ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.1) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ပေါ်ပြူလာဖြစ်တဲ့ ကျောင်းသူလေးတစ်ယောက်နဲ့ ကျောင်းမှာ အနေအေးပြီး သူငယ်ချင်းလည်း သိပ်မရှိတဲ့ ကျောင်းသားလေးတစ်ယောက်တို့ဟာ အကြောင်းတစ်ခုကြောင့် ဆုံတွေ့မိခဲ့ကြပြီး တဖြည်းဖြည်း နီးစပ်သွားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ခုပဲ ဖြစ်ပါတယ်။

(2) Ouran High School Host Club

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၀၆ ခုနှစ်က ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (8.2) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စာတော်တဲ့ ကောင်မလေးတစ်ယောက်ဟာ ကျောင်းပြောင်းလာတဲ့နောက် လူမရှိဘူးလို့ ယူဆရတဲ့ အခန်းတစ်ခုထဲမှာ စာလုပ်ဖို့ ဝင်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီအခန်းဟာ ကျောင်းက ပျိုတိုင်းကြိုက် နှင်းဆီခိုင် ယောက်ျားလေးတွေ ဖွဲ့စည်းထားတဲ့ Club တစ်ခုရဲ့အခန်း ဖြစ်နေပါတော့တယ်။

(1) My Dress-Up Darling

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၂၂ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.2) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ဂျပန်အရုပ်တွေ ပြုလုပ်တဲ့ Wakana Gojo ဟာ ငယ်ဘဝတုန်းက အဖြစ်အပျက်တစ်ခုကြောင့် စိတ်ဒဏ်ရာရပြီး တစ်ကိုယ်တည်းသမား ဖြစ်နေပါတယ်။ အဲဒီနောက်မှာတော့ သူဟာ မမျှော်လင့်ထားဘဲ မိန်းကလေးတစ်ယောက်နဲ့ တွေ့ဆုံမိသွားတဲ့ အချိန်မှာတော့…။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular