HomeEntertainmentFilmပထမဆုံး ထွေလာ ထွက်ရှိလာတဲ့ Ant-Man & the Wasp: Quantumania

ပထမဆုံး ထွေလာ ထွက်ရှိလာတဲ့ Ant-Man & the Wasp: Quantumania

မကြာခင်ကပဲ Marvel စတူဒီယိုဟာ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ Ant-Man & the Wasp: Quantumania ရဲ့ ထွေလာကို ထုတ်ပေးခဲ့ပါတယ်။ ဒီရုပ်ရှင်ကတော့ MCU Phase 5 ရဲ့ အစပဲ ဖြစ်ပြီး Phase 4 ကတော့ မကြာခင်မှာ ထွက်ရှိလာတော့မယ့် Black Panther: Wakanda Forever နဲ့ အဆုံးသတ်သွားတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ဟာ Ant-Man ရဲ့ Trilogy ပြည့်သွားပြီ ဖြစ်ပြီး ပထမနှစ်ကားလို မဟုတ်ဘဲ ပိုမို Dark တဲ့ ပုံစံမျိူးနဲ့ မြင်တွေ့ရမယ်လို့ ဆိုပါတယ်။

photo via screenrant

ဒီရုပ်ရှင်ရဲ့ အဓိကဗီလိန်ကတော့ Kang the Conqueror ဖြစ်ပါတယ်လို့ ကြေညာပြီးသွားတဲ့ အချိန်မှာတော့ ပရိသတ်တွေဟာ ဒီရုပ်ရှင်ကို ပိုမို Hype လာကြပါတယ်။ Kang နေရာမှာ သရုပ်ဆောင်ထားတဲ့ Jonathan Major ကတော့ Loki ဇာတ်လမ်းတွဲထဲမှာ He Who Remains အနေနဲ့ စတင်ပါဝင်ခဲ့ပြီး ပရိသတ်တွေ ကြိုက်နှစ်သက်တဲ့ ဗီလိန်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

ယခုအချိန်မှာတော့ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ Ant-Man 3 အတွက် ပထမဆုံး ထွေလာ ထွက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီထွေလာထဲမှာတော့ Ant-Man တို့ အဖွဲ့ဟာ Quantum Realm ထဲကို ပြန်လည်သွားခဲ့ကြပြီး Kang the Conqueror နဲ့ ဆုံတွေ့ခဲ့ကြပါတယ်။ ဒါ့အပြင် Kang ရဲ့ ကြီးမားလွန်းတဲ့ စစ်တပ်ကြီးကိုလည်း Tease သွားပြီး Ant-Man တို့အဖွဲ့ဟာ Kang တို့ကို ဘယ်လိုရင်ဆိုင်ကြမလည်း ဆိုတာ ကြည့်ရှုရမှာပါ။

ဒီထွေလာထဲမှာ မြင်တွေ့ခဲ့ရသလိုဆိုရင် ဒီရုပ်ရှင်ထဲက Kang Variant ဟာ အလွန်အမင်း Evil ဖြစ်နေတာတော့ မဟုတ်လောက်ပါဘူး။ Kang ဟာ Ant-Man နဲ့ သူ့ရဲ့မိသားစုကို အိမ်ကို ပြန်ပို့ပေးဖို့ ကမ်းလှမ်းခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အပြန်အလှန်အနေနဲ့ ဘာကို လိုချင်တယ် ဆိုတာတော့ မသိရပါဘူး။ ဒီရုပ်ရှင်ဟာ Multiverse Saga အတွက် အရေးပါတဲ့ ရုပ်ရှင်တစ်ကား ဖြစ်လာမှာ ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ (၁၇)ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular