HomeEntertainmentFilmAnt-Man 3 ထဲက မတူညီတဲ့ Hank Pym ရဲ့ကံကြမ္မာ

Ant-Man 3 ထဲက မတူညီတဲ့ Hank Pym ရဲ့ကံကြမ္မာ

Ant-Man and the Wasp: Quantumania ရုပ်ရှင်ကတော့ ယခုနှစ်အတွင်းမှာပဲ ရုံတင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Scott Lang တို့မိသားစုဟာ Quantum Realm ထဲကို မတော်တဆ ရောက်ရှိသွားကြပြီး Kang the Conqueror နဲ့ ရင်ဆိုင်တိုက်ခိုက်ကာ Quantum Realm ထဲက ပြန်ထွက်နိုင်ဖို့ ကြိုးစားကြရပါတော့တယ်။ အစတုန်းကတော့ Hank Pym ဇာတ်ကောင်အတွက် မတူညီတဲ့ ဇာတ်ညွှန်းကိုလည်း ဖန်တီးခဲ့ကြပါသေးတယ်။

ဒီရုပ်ရှင်ထဲမှာတော့ Kang နဲ့ MODOK တို့ပဲ သေဆုံးသွားတယ်လို့ ယူဆရပေမယ့် မူလဇာတ်ညွှန်းထဲမှာတော့ Hank Pym ကိုလည်း သေဆုံးသွားဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာ သူ့ကိုပြန်အသက်သွင်းပြီး ကြောင်တောင်တောင်နိုင်တဲ့ နည်းလမ်းတစ်မျိူးနဲ့ ပြန်အသက်ရှင်လာဦးမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ ဇာတ်ညွှန်းရေးဆရာ Jeff Loveness က Backstory Magazine နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးထဲမှာ ပြောပြခဲ့တာ ဖြစ်ပါတယ်။

photo credit Marvel Studios

“အစတုန်းကတော့ Hank ကို သတ်ပစ်ဖို့ လုပ်ခဲ့တာပါ။ ပြီးတော့မှ သူ့ကို ပြန်အသက်သွင်းမယ်ပေါ့။ သူ့ရဲ့အသိစိတ်က သူ့ရဲ့ပုရွက်ဆိတ်တွေထဲမှာ ဆက်လက်ရှင်သန်နေဦးမယ်။ အဲ့တော့ သူက အဲဒီပုရွက်ဆိတ်တွေကို ထိန်းချုပ်နေမှာပေါ့။ ပြောရရင်တော့ သူက ပုရွက်ဆိတ်တွေရဲ့ Hive mind ဖြစ်သွားတယ်ပေါ့ဗျာ …”

Hank Pym ကတော့ Avengers: Infinity War ထဲမှာလည်း Thanos ရဲ့ Snap ကြောင့် တည်ရှိမှုကနေ ပျောက်ကွယ်သွားခဲ့ပြီး Ant-Man 3 ထဲမှာလည်း သေလုနီးပါး ဖြစ်ခဲ့ပါသေးတယ်။ ယခုဖော်ပြသွားတဲ့ မူလဇာတ်ညွှန်းအတိုင်း ဆိုရင်လည်း သူဟာ သေဆုံးသွားမှာ ဖြစ်ပေမယ့် အကြောင်းအမျိူးမျိူးနဲ့ ဇာတ်ညွှန်းပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။

photo credit Marvel Studios

ဒါကြောင့်ပဲ Hank Pym ဟာ သူပါဝင်ရမယ့် ပရောဂျက်အသစ်ထဲမှာ သေဆုံးသွားဖို့ ရာခိုင်နှုန်းများနေပါတယ်။ ဒါ့အပြင် Hank Pym အဖြစ် သရုပ်ဆောင်ထားတဲ့ Michael Douglas ကလည်း Ant-Man 4 ထဲမှာ သေဆုံးသွားချင်တယ်လို့ ပြောထားပါသေးတယ်။ ဒါကြောင့်ပဲ သိပ်မကြာတော့တဲ့ အနာဂတ်မှာတော့ Hank Pym ကို နှုတ်ဆက်ရတော့မယ်လို့ ယူဆရပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular