HomeCharacterGOTG 3 ထဲမှာ ပါဝင်လာမယ့် Adam Warlock ဟာ Thanos ထက် ပိုစွမ်းအားကြီးသလား?

GOTG 3 ထဲမှာ ပါဝင်လာမယ့် Adam Warlock ဟာ Thanos ထက် ပိုစွမ်းအားကြီးသလား?

Guardians of the Galaxy Vol.3 ကတော့ လာမယ့် မေလ (၅)ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ GOTG အဖွဲ့သားအားလုံးကို နောက်ဆုံးအတူ မြင်တွေ့ရမယ့် ရုပ်ရှင်ဖြစ်သလို ဇာတ်ကောင်အသစ်တွေလည်း ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ သရုပ်ဆောင် Will Poulter ကတော့ ဒီရုပ်ရှင်ထဲမှာ Adam Warlock အနေနဲ့ ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ယခုဖော်ပြပေးချင်တာကတော့ Adam Warlock ဟာ Thanos နဲ့ ယှဉ်လိုက်ရင် ဘယ်လောက်အထိ စွမ်းအားကြီးလည်းဆိုတဲ့အကြောင်း ဖြစ်ပါတယ်။

Adam Warlock ဟာ ၁၉၆၇ ခုနှစ်မှာ Marvel Comics ထဲမှာ စတင်ပါဝင်လာခဲ့ပြီး ပြီးပြည့်စုံတဲ့ Being တစ်ခု ဖြစ်လာအောင် ဖန်တီးထားတာလည်း ဖြစ်ပါတယ်။ Thanos ဟာ Galaxy တစ်ခုလုံးထဲက စွမ်းအားအကြီးဆုံး Entity တွေထဲမှာ ပါဝင်ပြီး အနိုင်ယူဖို့ အလွန်ခက်ခဲသူလည်း ဖြစ်ပါတယ်။

photo credit Marvel Studios

သူ့ရဲ့ထူးခြားတဲ့ မျိူးရိုးဗီဇကြောင့် Cosmic Entity တိုင်းမှာ ရှိကြတဲ့ Speed ၊ Strength ၊ Durability ၊ Stamina တို့ကို ပိုင်ဆိုင်ထားပြီး နှစ်ပေါင်းများစွာ အသက်ရှည်နေနိုင်ပါတယ်။ သူဟာ Telekinetic နဲ့ Telepathic စွမ်းအားတွေအပြင် Cosmic Energy တွေကိုလည်း ထိန်းချုပ်နိုင်ပါတယ်။ ဒါကြောင့်ပဲ ကမ္ဘာပေါ်က ဟီးရိုးအများစုဟာ Thanos နဲ့ ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း Adam Warlock ကတော့ ကမ္ဘာပေါ်က ဟီးရိုးတစ်ယောက် မဟုတ်ပါဘူး။

Thanos ဟာ အချိန်အကြာကြီး အသက်ရှင်သန်နိုင်ပေမယ့် Immortal တစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါကြောင့်ပဲ သူ့ကို သေအောင်သတ်ပစ်နိုင်ပါတယ်။ ဒါပေမယ့် Adam Warlock ကိုတော့ ထာဝရသေဆုံးသွားအောင် မသတ်ပစ်နိုင်ပါဘူး။ အကြောင်းကတော့ သူဟာ သေဆုံးသွားပြီးတိုင်းမှာ ပြန်လည်ရှင်သန်နိုင်စွမ်း ရှိလို့ပါပဲ။

သို့ပေမယ့်လည်း သူဟာ တစ်ကြိမ်သေဆုံးသွားပြီးတိုင်းမှာ ပြန်လည်ရှင်သန်လာဖို့ အချိန်ကတော့ ပိုပိုကြာသွားပါတယ်။ ဒီလိုပြန်လည်ရှင်သန်နိုင်ရတဲ့ အကြောင်းကတော့ သူ့ရဲ့ Soul ဟာ အလွန်သန်မာလွန်းတာကြောင့် Death ကိုယ်တိုင်ကတောင် သူ့ရဲ့ Soul ကို မထိန်းသိမ်းနိုင်လို့ပါပဲ။

photo credit Marvel Studios

ဒါ့အပြင် Adam Warlock ဟာ Mystical Energy တွေနဲ့ Cosmic Energy တွေကိုပါ ထိန်းချုပ်နိုင်တာကြောင့် ဘာမှမရှိတဲ့ အခြေအနေကနေ အရာဝတ္ထုတွေကို ဖန်တီးလိုက်နိုင်ပါတယ်။ ဒါတင်မကသေးဘဲ သူဟာ Quantum Energy ကိုပါ အသုံးပြုနိုင်တာကြောင့် Portal တွေ ဖန်တီးခြင်း၊ Teleport ပြုလုပ်ခြင်းနဲ့ အလင်းရဲ့ အမြန်နှုန်းထက် ပိုမိုမြန်ဆန်တဲ့ Speed ကိုပါ ပိုင်ဆိုင်ထားပါသေးတယ်။

Adam Warlock ဟာ သူ့ကိုယ်သူ ပြန်လည်ရှင်သန်လာအောင် လုပ်နိုင်ရုံတင်မဟုတ်ဘဲ အခြား Being တွေကိုပါ ပြန်အသက်သွင်းနိုင်ပါသေးတယ်။ Adam Warlock ရဲ့ Cosmic Power တွေနဲ့ Energy Projection တွေကလည်း Captain Marvel ထက်တောင်မှ ပိုပြီးစွမ်းအားကြီးနေပါသေးတယ်။

photo credit Marvel Comics

ဒီအချက်တွေကြောင့် Thanos နဲ့ Adam Warlock တို့ ယှဉ်လိုက်ရင်တော့ Thanos ဟာ ရုပ်ပိုင်းဆိုင်ရာမှာ အလေးသာပေမယ့်လည်း Adam Warlock ရဲ့ အခြားသော စွမ်းအားတွေကတော့ Thanos ကို အတော်လေး ဒုက္ခတွေ့စေမှာပါ။ ဒါ့အပြင် Thanos မှာသာ Infinity Stone တွေ မရှိဘူးဆိုရင် သူတို့နှစ်ယောက်ရဲ့ Power Level က အတော်လေး ကွာဟနေမှာ ဖြစ်ပါတယ်။

ဒီလိုစွမ်းအားကြီးလွန်းတဲ့ ဇာတ်ကောင်မျိူးကိုတော့ MCU ထဲမှာ မြင်တွေ့ရတော့မှာ ဖြစ်ပြီး MCU ကတော့ ဇာတ်ကောင်တွေကို အမြဲလိုလို Nerf ပြုလုပ်လေ့ ရှိတာကြောင့် MCU ရဲ့ Adam Warlock ကတော့ ဘယ်လောက်အတိုင်းအတာအထိ စွမ်းအားကြီးမလည်းဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular