HomeEntertainmentFilmAnt-Man ရုပ်ရှင်တွေရဲ့ နောက်ကွယ်က စိတ်ဝင်စားဖို့ကောင်းတဲ့အချက်များ

Ant-Man ရုပ်ရှင်တွေရဲ့ နောက်ကွယ်က စိတ်ဝင်စားဖို့ကောင်းတဲ့အချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Ant-Man ရုပ်ရှင်တွေဟာ MCU ရဲ့ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်တွေထဲမှာ မပါဝင်ခဲ့ပေမယ့်လည်း Paul Rudd နဲ့ တခြားသရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ကောင်းမှုကြောင့် ပေါ့ပေါ့ပါးပါး ကြည့်ရှုနိုင်တဲ့ ရုပ်ရှင်တွေ ဖြစ်ခဲ့ပါတယ်။ ပထမဆုံး Ant-Man ရုပ်ရှင်ကတော့ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး Ant-Man and the Wasp ကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။

ဒါတင်မကသေးဘဲ တတိယမြောက် ရုပ်ရှင်ဖြစ်တဲ့ Ant-Man and the Wasp: Quantumania ကတော့ ၂၀၂၂ ခုနှစ်မှာ ထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ လောလောဆယ်မှာတော့ ရုပ်ရှင်အသစ်တွေ ထွက်လာဖို့ စောင့်နေရင်း ယခင်က ထွက်ရှိထားတဲ့ Ant-Man ရုပ်ရှင်နှစ်ကားရဲ့  ရိုက်ကွင်းနောက်ကွယ်က စိတ်ဝင်စားစရာ အကြောင်းအရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

(1) Ant-Man 2 ထဲမှာ အမှန်ပြောဆေးရည်ကို ထည့်သွင်းခဲ့ရတဲ့အကြောင်းရင်း
photo via screenrant

Ant-Man ရုပ်ရှင်တွေထဲမှာ‌ မလိုအပ်တဲ့ အသေးစိတ် အကြောင်းအရာတွေကိုပါ ပြောပြတတ်တဲ့ Luis ဆိုတဲ့ ဇာတ်ကောင်ကို မှတ်မိကြဦးမယ် ထင်ပါတယ်။ Ant-Man ရဲ့ ပထမဇာတ်ကားမှာတည်းက အဲ့ဒီဇာတ်ကောင်နဲ့ သူ့ရဲ့ရှည်လျားလှတဲ့ ဒိုင်ယာလော့ခ်တွေဟာ ပရိသတ်အကြိုက် ဖြစ်ခဲ့တာကြောင့် ဒုတိယကားမှာလည်း အလားတူ ဖန်တီးဖို့ ရည်ရွယ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဇာတ်ညွှန်းရေးဆရာတွေ စဉ်းစားကြတဲ့အခါ Luis ကို ဒီအတိုင်းကြီး ဒိုင်ယာလော့ခ် အရှည်ကြီးတွေ ပြောခိုင်းလိုက်ရင် ဇာတ်လမ်းနဲ့လည်း မသက်ဆိုင်သလို ဖြစ်သွားမှာ စိုးရိမ်သလို ဟာသတစ်ခုတည်းကို ထပ်မံဖန်တီးသလို ဖြစ်သွားမှာကိုလည်း မလိုချင်ခဲ့ကြပါဘူး။ ဒါကြောင့်ပဲ Ant-Man 2 ထဲမှာတော့ Luis ကို အမှန်ပြောဆေးရည် ထိုးသွင်းစေခဲ့ပြီး ပရိသတ်တွေ ကြိုက်နှစ်သက်တဲ့ ဒိုင်ယာလော့ခ် အရှည်ကြီးကို ပြောစေခဲ့တာ ဖြစ်ပါတယ်။

(2) Ant-Man ရုပ်ရှင်ဟာ ကြောင်တောင်တောင် ဖြစ်လိမ့်မယ်လို့ ထင်ခဲ့တဲ့ Paul Rudd ရဲ့ သား
photo via screenrant

မင်းသား Paul Rudd ဟာ Scott Lang အနေနဲ့ ပါဝင်သရုပ်ဆောင်ဖို့ လက်မှတ်ထိုးပြီးတဲ့အချိန်မှာပဲ Ant-Man လို့ခေါ်တဲ့ စူပါဟီးရိုးရုပ်ရှင်ထဲမှာ သရုပ်ဆောင်ရတော့မယ့်အကြောင်း သူ့ရဲ့ ကိုးနှစ်အရွယ်သားလေးကို ပြောပြခဲ့ပါတယ်။ ဒီအခါမှာ Paul ရဲ့ သားကတော့ ” Wow! အဲ့ဒါက ဘယ်လောက်တောင် ကြောင်တောင်တောင်နိုင်တဲ့ ရုပ်ရှင် ဖြစ်မလည်းဆိုတာ ကြည့်ချင်နေပြီ … ” လို့ ပြန်လည် ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း Paul ကတော့ Scott Lang အနေနဲ့ သရုပ်ဆောင်ဖို့အတွက် အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ ဒါ့အပြင် Michael Douglas ရဲ့ ပြောစကားအရ Paul ဟာ သူ့ရဲ့လေ့ကျင့်မှုတွေ ပြီးဆုံးသွားတဲ့အချိန်မှာ မူလစီစဉ်ထားတဲ့ Ant-Man ဝတ်စုံနဲ့ မတော်တော့တာကြောင့် ပိုကြီးတဲ့ ဝတ်စုံကို ဖန်တီးခဲ့ရတယ်လို့လည်း သိရပါတယ်။

(3) Quantum Tunnel ဟာ MCU ရုပ်ရှင်တွေမှာ တည်ဆောက်ဖူးခဲ့သမျှ အကြီးမားဆုံး ဆက်တင် ဖြစ်ပါတယ်။
photo via screenrant

MCU ရုပ်ရှင်တွေထဲက နောက်ခံပတ်ဝန်းကျင်တွေ၊ တချို့ဇာတ်ကောင်တွေနဲ့ ဇာတ်ကောင်တွေရဲ့ ဝတ်စုံအချို့ကို CGI နဲ့ ဖန်တီးထားတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ဒါ့အပြင် စူပါဟီးရိုးရုပ်ရှင်တွေ ဖြစ်တာကြောင့် တိုက်ခိုက်တဲ့ ဇာတ်ဝင်ခန်းတွေ ဆိုရင်လည်း CGI ကို အသုံးပြုပါတယ်။

ဒါပေမယ့်လည်း တချို့အရာတွေကိုတော့ CGI အသုံးမပြုဘဲ အပြင်မှာ တကယ် ဖန်တီးခဲ့တာတွေလည်း ရှိပါတယ်။ Ant-Man 2 ထဲမှာ ပါဝင်ခဲ့တဲ့ Quantum Tunnel ကတော့ CGI နဲ့ ဖန်တီးထားတာ မဟုတ်ဘဲ အပြင်မှာ လူကိုယ်တိုင်ဖန်တီးထားတဲ့ handmade လက်ရာတစ်ခု ဖြစ်ပါတယ်။ ဒီထက် ပိုထူးခြားတာကတော့ MCU ရုပ်ရှင်တွေထဲက လူကိုယ်တိုင် ဖန်တီးထားတဲ့ ဆက်တင်တွေထဲမှာ Quantum Tunnel ဟာ အကြီးမားဆုံးပဲ ဖြစ်ပါတယ်။

(4) ဒီရုပ်ရှင်ထဲက ပုရွက်ဆိတ်တွေဟာ အပြင်က ပုရွက်ဆိတ်တွေထက် ပိုပြီးအန္တရာယ်ကင်းတဲ့ပုံစံ ဖန်တီးထားတာပါ။
photo via screenrant

ဒီရုပ်ရှင်ကားရဲ့ နာမည်ဟာ Ant-Man ဖြစ်တာကြောင့် ဇာတ်လမ်းထဲမှာ ပုရွက်ဆိတ်တွေလည်း ပါဝင်ပါတယ်။ အဲ့ဒီပုရွက်ဆိတ်တွေကိုတော့ CGI နဲ့ ဖန်တီးထားတာ ဖြစ်ပြီး အပြင်က ပုရွက်ဆိတ်တွေထက် ပိုပြီးအန္တရာယ်ကင်းတဲ့ပုံစံ ဖြစ်အောင် ဖန်တီးထားပါတယ်။ Visual Effect တွေကို ဖန်တီးတဲ့ အဖွဲ့ကတော့ အပြင်မှာ တကယ်ရှိတဲ့ Saharan Silver Ant လို့ခေါ်တဲ့ ပုရွက်ဆိတ်မျိူးစိတ်ကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ အဲ့ဒီမျိူးစိတ်ကတော့ ဒီရုပ်ရှင်ထဲမှာ မြင်ခဲ့ရသလိုပဲ သူတို့ရဲ့ ခြေထောက်တွေဟာ သာမန်ပုရွက်ဆိတ်တွေထက် ပိုမိုရှည်လျားပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ရှေ့ဆုံးက ခြေထောက်နှစ်ဘက်ကိုလည်း လူလက်လိုပဲ အသုံးချနိုင်ပါသေးတယ်။

(5) Marvel ဟာ Janet Van Dyne နေရာမှာ Michelle Pfeiffer ကိုပဲ ပါဝင်စေချင်ခဲ့ပါတယ်။
photo via screenrant

Janet Van Dyne ဇာတ်ကောင်ရဲ့ မျက်နှာကိုတော့ Ant-Man 2 ထဲမှာမှ သေချာမြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ Janet ဟာ ပထမရုပ်ရှင်မှာတည်းက ပါဝင်ခဲ့ပေမယ့်လည်း Wasp ဝတ်စုံရဲ့ မျက်နှာဖုံးကြောင့် မျက်နှာကို သေချာမမြင်တွေ့ခဲ့ရပါဘူး။ Marvel ကတော့ Janet နေရာမှာ Michelle ကိုပဲ ပါဝင်စေချင်ခဲ့တာကြောင့် အဲ့ဒီအချိန်တည်းက Janet ရဲ့ မျက်လုံးကို Michelle ရဲ့ မျက်လုံးအတိုင်းပဲ ဖန်တီးဖို့ Visual Team ကို ပြောထားခဲ့ပါတယ်။ ဒုတိယရုပ်ရှင် ရောက်မှသာ Michelle က တကယ်ပါဝင်လာတာ ဖြစ်ပေမယ့် ဒီဇာတ်ကောင်ဟာ အစကတည်းက သူမရဲ့ဇာတ်ကောင်ပါလို့ ဒါရိုက်တာကိုယ်တိုင်ကလည်း ပြောခဲ့ဖူးပါတယ်။

(6) Michael Douglas ဟာ သူ့ရဲ့ကလေးတွေကို အထင်ကြီးစေချင်တာကြောင့် ဒီရုပ်ရှင်ထဲမှာ ပါဝင်ခဲ့တာပါ။
photo via screenrant

Ant-Man ရုပ်ရှင်ထဲက Hank Pym ဇာတ်ကောင်နေရာမှာ ပါဝင်ခဲ့တဲ့ မင်းသားကြီး Michael Douglas ဟာ သူ့ရဲ့ကလေးတွေ အထင်ကြီးစေဖို့အတွက် ဒီရုပ်ရှင်ထဲမှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

“အရေးကြီးဆုံးကတော့ ကျွန်တော့်ရဲ့ ကလေးတွေကြောင့် ဒီရုပ်ရှင်ထဲမှာ ပါဝင်ဖို့ သဘောတူခဲ့တာပါ။ နောက်ဆုံးတော့ ကျွန်တော့်ကလေးတွေ စိတ်ဝင်စားတဲ့ ရုပ်ရှင်မျိူးကို ရိုက်ကူးခဲ့ပြီလေ။ ကျွန်တော့်ရဲ့ သရုပ်ဆောင် သက်တမ်းတလျှောက်လုံးမှာ R-rated ရုပ်ရှင်အများစုပဲ သရုပ်ဆောင်ခဲ့ဖူးတာလေ။ အဲ့တော့ ကျွန်တော့်ရဲ့ ရုပ်ရှင်တွေကို သူတို့တွေ ဘယ်တော့မှ ကြည့်ဖူးမှာ မဟုတ်ဘူး … ” လို့ မင်းသားကြီးက ပြောဖူးပါတယ်။

(7) Paul Rudd ဟာ Ant-Man 2 အတွက် မျက်လှည့်ပြကွက်တွေကို တကယ် သင်ယူခဲ့ပါတယ်။
photo via screenrant

Ant-Man and the Wasp ထဲက ဇာတ်ဝင်ခန်းအချို့အတွက် Paul Rudd ဟာ တကယ်ပဲ မျက်လှည့်ပြကွက်အချို့ကို သင်ယူခဲ့တယ်လို့ အင်တာဗျူးတစ်ခုထဲမှာ ပြောပြခဲ့ပါတယ်။

“ကျွန်တော် တကယ်ပဲ မျက်လှည့်ပြကွက်အချို့ကို သင်ယူခဲ့ပါတယ်။ အဲ့ဒီမျက်လှည့်ပြကွက်တွေကို အချိန်တိုလေးအတွင်းမှာ သင်ယူရတာက ရက်တို တယောထိုးသင်တန်း တက်ရသလိုပါပဲ။ ကျွန်တော့်အတွက် အခက်အခဲတွေ ရှိခဲ့တာပေါ့ဗျာ … ” လို့ Paul က ဆိုပါတယ်။

အဲ့ဒီအင်တာဗျူးအကြောင်းကို သိပြီးသွားတဲ့အချိန်မှာတော့ MCU ပရိသတ်အများစုဟာ Ant-Man ကို တခြားမှော်ပညာရှင်ဟီးရိုးတွေနဲ့ ပူးပေါင်းပေးပါလို့ နောက်ပြောင်ခဲ့ကြပါတယ်။ အကြောင်းကတော့ Doctor Strange နဲ့ Scarlet Witch တို့လို ဇာတ်ကောင်တွေကို ဘေးနားထားပြီး မျက်လှည့်ပြနေတဲ့ Scott ကို မြင်တွေ့ရမှာဟာ အတော်လေး ရယ်စရာကောင်းမှာကြောင့်ပါပဲ။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Ant-Man ႐ုပ္ရွင္ေတြဟာ MCU ရဲ႕ ဝင္ေငြအေကာင္းဆုံး ႐ုပ္ရွင္ေတြထဲမွာ မပါဝင္ခဲ့ေပမယ့္လည္း Paul Rudd နဲ႔ တျခားသ႐ုပ္ေဆာင္ေတြရဲ႕ သ႐ုပ္ေဆာင္ေကာင္းမႈေၾကာင့္ ေပါ့ေပါ့ပါးပါး ၾကည့္ရႈႏိုင္တဲ့ ႐ုပ္ရွင္ေတြ ျဖစ္ခဲ့ပါတယ္။ ပထမဆုံး Ant-Man ႐ုပ္ရွင္ကေတာ့ ၂၀၁၅ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး Ant-Man and the Wasp ကေတာ့ ၂၀၁၈ ခုႏွစ္မွာ ထြက္ရွိခဲ့ပါတယ္။

ဒါတင္မကေသးဘဲ တတိယေျမာက္ ႐ုပ္ရွင္ျဖစ္တဲ့ Ant-Man and the Wasp: Quantumania ကေတာ့ ၂၀၂၂ ခုႏွစ္မွာ ထြက္ရွိလာဦးမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ ေလာေလာဆယ္မွာေတာ့ ႐ုပ္ရွင္အသစ္ေတြ ထြက္လာဖို႔ ေစာင့္ေနရင္း ယခင္က ထြက္ရွိထားတဲ့ Ant-Man ႐ုပ္ရွင္ႏွစ္ကားရဲ႕  ႐ိုက္ကြင္းေနာက္ကြယ္က စိတ္ဝင္စားစရာ အေၾကာင္းအရာေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(1) Ant-Man 2 ထဲမွာ အမွန္ေျပာေဆးရည္ကို ထည့္သြင္းခဲ့ရတဲ့အေၾကာင္းရင္း
photo via screenrant

Ant-Man ႐ုပ္ရွင္ေတြထဲမွာ‌ မလိုအပ္တဲ့ အေသးစိတ္ အေၾကာင္းအရာေတြကိုပါ ေျပာျပတတ္တဲ့ Luis ဆိုတဲ့ ဇာတ္ေကာင္ကို မွတ္မိၾကဦးမယ္ ထင္ပါတယ္။ Ant-Man ရဲ႕ ပထမဇာတ္ကားမွာတည္းက အဲ့ဒီဇာတ္ေကာင္နဲ႔ သူ႔ရဲ႕ရွည္လ်ားလွတဲ့ ဒိုင္ယာေလာ့ခ္ေတြဟာ ပရိသတ္အႀကိဳက္ ျဖစ္ခဲ့တာေၾကာင့္ ဒုတိယကားမွာလည္း အလားတူ ဖန္တီးဖို႔ ရည္႐ြယ္ခဲ့ပါတယ္။

ဒါေပမယ့္လည္း ဇာတ္ၫႊန္းေရးဆရာေတြ စဥ္းစားၾကတဲ့အခါ Luis ကို ဒီအတိုင္းႀကီး ဒိုင္ယာေလာ့ခ္ အရွည္ႀကီးေတြ ေျပာခိုင္းလိုက္ရင္ ဇာတ္လမ္းနဲ႔လည္း မသက္ဆိုင္သလို ျဖစ္သြားမွာ စိုးရိမ္သလို ဟာသတစ္ခုတည္းကို ထပ္မံဖန္တီးသလို ျဖစ္သြားမွာကိုလည္း မလိုခ်င္ခဲ့ၾကပါဘူး။ ဒါေၾကာင့္ပဲ Ant-Man 2 ထဲမွာေတာ့ Luis ကို အမွန္ေျပာေဆးရည္ ထိုးသြင္းေစခဲ့ၿပီး ပရိသတ္ေတြ ႀကိဳက္ႏွစ္သက္တဲ့ ဒိုင္ယာေလာ့ခ္ အရွည္ႀကီးကို ေျပာေစခဲ့တာ ျဖစ္ပါတယ္။

(2) Ant-Man ႐ုပ္ရွင္က ေၾကာင္ေတာင္ေတာင္ ျဖစ္လိမ့္မယ္လို႔ ထင္ခဲ့တဲ့ Paul Rudd ရဲ႕ သား
photo via screenrant

မင္းသား Paul Rudd ဟာ Scott Lang အေနနဲ႔ ပါဝင္သ႐ုပ္ေဆာင္ဖို႔ လက္မွတ္ထိုးၿပီးတဲ့အခ်ိန္မွာပဲ Ant-Man လို႔ေခၚတဲ့ စူပါဟီး႐ိုး႐ုပ္ရွင္ထဲမွာ သ႐ုပ္ေဆာင္ရေတာ့မယ့္အေၾကာင္း သူ႔ရဲ႕ ကိုးႏွစ္အ႐ြယ္သားေလးကို ေျပာျပခဲ့ပါတယ္။ ဒီအခါမွာ Paul ရဲ႕ သားကေတာ့ ” Wow! အဲ့ဒါက ဘယ္ေလာက္ေတာင္ ေၾကာင္ေတာင္ေတာင္ႏိုင္တဲ့ ႐ုပ္ရွင္ ျဖစ္မလည္းဆိုတာ ၾကည့္ခ်င္ေနၿပီ … ” လို႔ ျပန္လည္ ေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္လည္း Paul ကေတာ့ Scott Lang အေနနဲ႔ သ႐ုပ္ေဆာင္ဖို႔အတြက္ အေကာင္းဆုံး ႀကိဳးစားခဲ့ပါတယ္။ ဒါ့အျပင္ Michael Douglas ရဲ႕ ေျပာစကားအရ Paul ဟာ သူ႔ရဲ႕ေလ့က်င့္မႈေတြ ၿပီးဆုံးသြားတဲ့အခ်ိန္မွာ မူလစီစဥ္ထားတဲ့ Ant-Man ဝတ္စုံနဲ႔ မေတာ္ေတာ့တာေၾကာင့္ ပိုႀကီးတဲ့ ဝတ္စုံကို ဖန္တီးခဲ့ရတယ္လို႔လည္း သိရပါတယ္။

(3) Quantum Tunnel ဟာ MCU ႐ုပ္ရွင္ေတြမွာ တည္ေဆာက္ဖူးခဲ့သမွ် အႀကီးမားဆုံး ဆက္တင္ ျဖစ္ပါတယ္။
photo via screenrant

MCU ႐ုပ္ရွင္ေတြထဲက ေနာက္ခံပတ္ဝန္းက်င္ေတြ၊ တခ်ိဳ႕ဇာတ္ေကာင္ေတြနဲ႔ ဇာတ္ေကာင္ေတြရဲ႕ ဝတ္စုံအခ်ိဳ႕ကို CGI နဲ႔ ဖန္တီးထားတယ္ဆိုတာ လူတိုင္းသိၾကပါတယ္။ ဒါ့အျပင္ စူပါဟီး႐ိုး႐ုပ္ရွင္ေတြ ျဖစ္တာေၾကာင့္ တိုက္ခိုက္တဲ့ ဇာတ္ဝင္ခန္းေတြ ဆိုရင္လည္း CGI ကို အသုံးျပဳပါတယ္။

ဒါေပမယ့္လည္း တခ်ိဳ႕အရာေတြကိုေတာ့ CGI အသုံးမျပဳဘဲ အျပင္မွာ တကယ္ ဖန္တီးခဲ့တာေတြလည္း ရွိပါတယ္။ Ant-Man 2 ထဲမွာ ပါဝင္ခဲ့တဲ့ Quantum Tunnel ကေတာ့ CGI နဲ႔ ဖန္တီးထားတာ မဟုတ္ဘဲ အျပင္မွာ လူကိုယ္တိုင္ဖန္တီးထားတဲ့ handmade လက္ရာတစ္ခု ျဖစ္ပါတယ္။ ဒီထက္ ပိုထူးျခားတာကေတာ့ MCU ႐ုပ္ရွင္ေတြထဲက လူကိုယ္တိုင္ ဖန္တီးထားတဲ့ ဆက္တင္ေတြထဲမွာ Quantum Tunnel ဟာ အႀကီးမားဆုံးပဲ ျဖစ္ပါတယ္။

(4) ဒီ႐ုပ္ရွင္ထဲက ပု႐ြက္ဆိတ္ေတြဟာ အျပင္က ပု႐ြက္ဆိတ္ေတြထက္ ပိုၿပီးအႏၲရာယ္ကင္းတဲ့ပုံစံ ဖန္တီးထားတာပါ။
photo via screenrant

ဒီ႐ုပ္ရွင္ကားရဲ႕ နာမည္ဟာ Ant-Man ျဖစ္တာေၾကာင့္ ဇာတ္လမ္းထဲမွာ ပု႐ြက္ဆိတ္ေတြလည္း ပါဝင္ပါတယ္။ အဲ့ဒီပု႐ြက္ဆိတ္ေတြကိုေတာ့ CGI နဲ႔ ဖန္တီးထားတာ ျဖစ္ၿပီး အျပင္က ပု႐ြက္ဆိတ္ေတြထက္ ပိုၿပီးအႏၲရာယ္ကင္းတဲ့ပုံစံ ျဖစ္ေအာင္ ဖန္တီးထားပါတယ္။ Visual Effect ေတြကို ဖန္တီးတဲ့ အဖြဲ႕ကေတာ့ အျပင္မွာ တကယ္ရွိတဲ့ Saharan Silver Ant လို႔ေခၚတဲ့ ပု႐ြက္ဆိတ္မ်ိဴးစိတ္ကို အေျခခံၿပီး ဖန္တီးထားတာ ျဖစ္ပါတယ္။ အဲ့ဒီမ်ိဴးစိတ္ကေတာ့ ဒီ႐ုပ္ရွင္ထဲမွာ ျမင္ခဲ့ရသလိုပဲ သူတို႔ရဲ႕ ေျခေထာက္ေတြဟာ သာမန္ပု႐ြက္ဆိတ္ေတြထက္ ပိုမိုရွည္လ်ားပါတယ္။ ဒါ့အျပင္ သူတို႔ရဲ႕ ေရွ႕ဆုံးက ေျခေထာက္ႏွစ္ဘက္ကိုလည္း လူလက္လိုပဲ အသုံးခ်ႏိုင္ပါေသးတယ္။

(5) Marvel ဟာ Janet Van Dyne ေနရာမွာ Michelle Pfeiffer ကိုပဲ ပါဝင္ေစခ်င္ခဲ့ပါတယ္။
photo via screenrant

Janet Van Dyne ဇာတ္ေကာင္ရဲ႕ မ်က္ႏွာကိုေတာ့ Ant-Man 2 ထဲမွာမွ ေသခ်ာျမင္ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။ Janet ဟာ ပထမ႐ုပ္ရွင္မွာတည္းက ပါဝင္ခဲ့ေပမယ့္လည္း Wasp ဝတ္စုံရဲ႕ မ်က္ႏွာဖုံးေၾကာင့္ မ်က္ႏွာကို ေသခ်ာမျမင္ေတြ႕ခဲ့ရပါဘူး။ Marvel ကေတာ့ Janet ေနရာမွာ Michelle ကိုပဲ ပါဝင္ေစခ်င္ခဲ့တာေၾကာင့္ အဲ့ဒီအခ်ိန္တည္းက Janet ရဲ႕ မ်က္လုံးကို Michelle ရဲ႕ မ်က္လုံးအတိုင္းပဲ ဖန္တီးဖို႔ Visual Team ကို ေျပာထားခဲ့ပါတယ္။ ဒုတိယ႐ုပ္ရွင္ ေရာက္မွသာ Michelle က တကယ္ပါဝင္လာတာ ျဖစ္ေပမယ့္ ဒီဇာတ္ေကာင္ဟာ အစကတည္းက သူမရဲ႕ဇာတ္ေကာင္ပါလို႔ ဒါ႐ိုက္တာကိုယ္တိုင္ကလည္း ေျပာခဲ့ဖူးပါတယ္။

(6) Michael Douglas ဟာ သူ႔ရဲ႕ကေလးေတြကို အထင္ႀကီးေစခ်င္တာေၾကာင့္ ဒီ႐ုပ္ရွင္ထဲမွာ ပါဝင္ခဲ့တာပါ။
photo via screenrant

Ant-Man ႐ုပ္ရွင္ထဲက Hank Pym ဇာတ္ေကာင္ေနရာမွာ ပါဝင္ခဲ့တဲ့ မင္းသားႀကီး Michael Douglas ဟာ သူ႔ရဲ႕ကေလးေတြ အထင္ႀကီးေစဖို႔အတြက္ ဒီ႐ုပ္ရွင္ထဲမွာ ပါဝင္ခဲ့တယ္လို႔ သိရပါတယ္။

“အေရးႀကီးဆုံးကေတာ့ ကြၽန္ေတာ့္ရဲ႕ ကေလးေတြေၾကာင့္ ဒီ႐ုပ္ရွင္ထဲမွာ ပါဝင္ဖို႔ သေဘာတူခဲ့တာပါ။ ေနာက္ဆုံးေတာ့ ကြၽန္ေတာ့္ကေလးေတြ စိတ္ဝင္စားတဲ့ ႐ုပ္ရွင္မ်ိဴးကို ႐ိုက္ကူးခဲ့ၿပီေလ။ ကြၽန္ေတာ့္ရဲ႕ သ႐ုပ္ေဆာင္ သက္တမ္းတေလွ်ာက္လုံးမွာ R-rated ႐ုပ္ရွင္အမ်ားစုပဲ သ႐ုပ္ေဆာင္ခဲ့ဖူးတာေလ။ အဲ့ေတာ့ ကြၽန္ေတာ့္ရဲ႕ ႐ုပ္ရွင္ေတြကို သူတို႔ေတြ ဘယ္ေတာ့မွ ၾကည့္ဖူးမွာ မဟုတ္ဘူး … ” လို႔ မင္းသားႀကီးက ေျပာဖူးပါတယ္။

(7) Paul Rudd ဟာ Ant-Man 2 အတြက္ မ်က္လွည့္ျပကြက္ေတြကို တကယ္ သင္ယူခဲ့ပါတယ္။
photo via screenrant

Ant-Man and the Wasp ထဲက ဇာတ္ဝင္ခန္းအခ်ိဳ႕အတြက္ Paul Rudd ဟာ တကယ္ပဲ မ်က္လွည့္ျပကြက္အခ်ိဳ႕ကို သင္ယူခဲ့တယ္လို႔ အင္တာဗ်ဴးတစ္ခုထဲမွာ ေျပာျပခဲ့ပါတယ္။

“ကြၽန္ေတာ္ တကယ္ပဲ မ်က္လွည့္ျပကြက္အခ်ိဳ႕ကို သင္ယူခဲ့ပါတယ္။ အဲ့ဒီမ်က္လွည့္ျပကြက္ေတြကို အခ်ိန္တိုေလးအတြင္းမွာ သင္ယူရတာက ရက္တို တေယာထိုးသင္တန္း တက္ရသလိုပါပဲ။ ကြၽန္ေတာ့္အတြက္ အခက္အခဲေတြ ရွိခဲ့တာေပါ့ဗ်ာ … ” လို႔ Paul က ဆိုပါတယ္။

အဲ့ဒီအင္တာဗ်ဴးအေၾကာင္းကို သိၿပီးသြားတဲ့အခ်ိန္မွာေတာ့ MCU ပရိသတ္အမ်ားစုဟာ Ant-Man ကို တျခားေမွာ္ပညာရွင္ဟီး႐ိုးေတြနဲ႔ ပူးေပါင္းေပးပါလို႔ ေနာက္ေျပာင္ခဲ့ၾကပါတယ္။ အေၾကာင္းကေတာ့ Doctor Strange နဲ႔ Scarlet Witch တို႔လို ဇာတ္ေကာင္ေတြကို ေဘးနားထားၿပီး မ်က္လွည့္ျပေနတဲ့ Scott ကို ျမင္ေတြ႕ရမွာဟာ အေတာ္ေလး ရယ္စရာေကာင္းမွာေၾကာင့္ပါပဲ။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular