HomeEntertainmentFilmThunderbolts ရုပ်ရှင်ထဲမှာ ပါဝင်သွားမယ့် The Walking Dead သရုပ်ဆောင် Steven Yeun

Thunderbolts ရုပ်ရှင်ထဲမှာ ပါဝင်သွားမယ့် The Walking Dead သရုပ်ဆောင် Steven Yeun

The Walking Dead ဇာတ်လမ်းတွဲထဲမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင် Steven Yeun ကတော့ MCU ရဲ့ Thunderbolts ရုပ်ရှင်ရဲ့ အဓိကနေရာမှာ ပါဝင်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် အနာဂတ်မှာ ထွက်ရှိလာမယ့် ပရောဂျက်တွေမှာလည်း အဓိကနေရာက ပါဝင်လာဦးမယ်လို့ ဆိုပါတယ်။ MCU ကတော့ ပြီးခဲ့တဲ့နှစ်တုန်းက ပြုလုပ်ခဲ့တဲ့ Comic-Con ပွဲမှာ Thunderbolts ရုပ်ရှင် ထွက်လာမယ်လို့ ကြေညာခဲ့ပြီး ဒီအဖွဲ့ရဲ့ Lineup ကိုလည်း ကြေညာသွားခဲ့ပါတယ်။

photo credit Universal Pictures

Steven Yeun ကတော့ The Walking Dead ဇာတ်လမ်းတွဲရဲ့ အဓိကဇာတ်ကောင် တစ်ယောက် ဖြစ်ခဲ့ပြီး ဒါရိုက်တာ Jordan Peele ရဲ့ Nope ရုပ်ရှင်ထဲမှာလည်း ပါဝင်ခဲ့ပါတယ်။ Steven ကတော့ Minari ရုပ်ရှင်ထဲက သူ့ရဲ့ဇာတ်ကောင်အတွက် အော်စကာ စံကာတင်စာရင်းလည်း ဝင်ခဲ့ပါသေးတယ်။ Thunderbolts ရုပ်ရှင်ကတော့ Steven အတွက် ပထမဆုံး စူပါဟီးရိုးဇာတ်လမ်း မဟုတ်ဘဲ သူဟာ Invincle ဇာတ်လမ်းတွဲထဲမှာလည်း Mark Grayson နေရာမှာ အသံသရုပ်ဆောင်ထားပါသေးတယ်။

မကြာခင်ကပဲ Steven ဟာ Thunderbolts ရုပ်ရှင်ရဲ့ အရေးပါတဲ့ ဇာတ်ကောင်နေရာက ပါဝင်လာမယ်လို့ Deadline သတင်းဌာနက ဖော်ပြထားပါတယ်။ ဒါ့အပြင် Steven ဟာ ဒီရုပ်ရှင်တစ်ကားတည်းမှာပဲ ပါဝင်လာမှာ မဟုတ်ဘဲ အသစ်ထွက်လာမယ့် MCU ပရောဂျက်တွေမှာလည်း အဓိကကျတဲ့နေရာက ပါဝင်သွားဦးမယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း Steven က ဘယ်ဇာတ်ကောင်အနေနဲ့ သရုပ်ဆောင်သွားမယ် ဆိုတာကိုတော့ သေချာမသိရသေးပါဘူး။

photo credit AMC Networks

လောလောဆယ်မှာတော့ Thunderbolts ရုပ်ရှင်ရဲ့ အဓိကဗီလိန်က Sentry ဖြစ်သွားမယ် ဆိုတဲ့ ကောလာဟလတွေ ရှိနေပြီး ဒီဇာတ်ကောင်အတွက် သရုပ်ဆောင်ကိုလည်း မရွေးချယ်ရသေးပါဘူး။ ဒါကြောင့်ပဲ Steven ကတော့ Sentry အဖြစ်နဲ့ သရုပ်ဆောင်သွားမှာလည်း ဖြစ်နိုင်ပါတယ်။ နောက်ထပ်ဖြစ်နိုင်ချေ တစ်ခုကတော့ ကောမစ်ထဲက ကိုရီးယားလူမျိူး တစ်ယောက်ဖြစ်တဲ့ Amadeus Cho a.k.a. Totally Awesome Hulk အဖြစ်လည်း သရုပ်ဆောင်သွားနိုင်ပါတယ်။ သေချာတာကတော့ မကြာခင်မှာ Steven Yeun ကို MCU ထဲမှာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular