HomeCelebs Update NewsInternationalCaptain America အနေနဲ့ အချိန်အကြာကြီး သရုပ်ဆောင်သွားမှာ မဟုတ်ဘူးဆိုတဲ့ Anthony Mackie

Captain America အနေနဲ့ အချိန်အကြာကြီး သရုပ်ဆောင်သွားမှာ မဟုတ်ဘူးဆိုတဲ့ Anthony Mackie

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

The Falcon and the Winter Soldier ဇာတ်လမ်းတွဲထဲမှာ ပါဝင်ထားတဲ့ Anthony Mackie ဟာ သူ အသက်မကြီးသွားခင် Captain America အနေနဲ့ သရုပ်ဆောင်ဖို့ နှစ်အနည်းငယ်ပဲ ကျန်ရှိတော့တယ်လို့ ပြောလာပါတယ်။

Anthony ရဲ့ ဇာတ်ကောင် Sam Wilson ကတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Captain America: Winter Soldier ထဲမှာ စတင်ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီရုပ်ရှင်ထဲမှာတော့ လေတပ်သားဟောင်း ဖြစ်သူ Sam Wilson ဟာ Steve Rogers နဲ့ ရင်းနှီးသွားပြီး Hydra ကို အတူတူ တိုက်ခိုက်ခဲ့ကြပါတယ်။ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Avengers: Endgame ရဲ့ အဆုံးမှာတော့ Steve ဟာ Sam ဆီမှာ သူ့ရဲ့ဒိုင်းကို ပေးအပ်သွားပါတယ်။

photo via screenrant

မကြာသေးခင်တုန်းကပဲ Anthony Mackie နဲ့ Sebastian Stan တို့ ပါဝင်ထားတဲ့ The Falcon and the Winter Soldier ဇာတ်လမ်းတွဲကို Disney+ က ထုတ်လွှင့်ပြသခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Endgame ထဲက အဖြစ်အပျက်တွေ ပြီးတဲ့နောက်မှာ ကမ္ဘာကြီးက ရင်ဆိုင်နေရတဲ့ နိုင်ငံရေးတွေနဲ့ စီးပွားရေး အခြေအနေတွေကို မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် လူဖြူ၊လူမည်း ပြဿနာတွေကိုလည်း မြင်တွေ့ခဲ့ရပြီး ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုဆိုလည်း မမှားပါဘူး။

Variety သတင်းဌာနနဲ့ ပြုလုပ်သွားတဲ့ အင်တာဗျူးမှာတော့ Anthony ဟာ Captain America အနေနဲ့ ဘယ်လောက်ကြာအောင် သရုပ်ဆောင်သွားမလည်းဆိုတာကို ပြောပြခဲ့ပါတယ်။ ဒါ့အပြင် သူဟာ Captain America အနေနဲ့ အချိန်အကြာကြီး သရုပ်ဆောင်သွားမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

photo via screenrant

“သေချာတာကတော့ အသက် (၅၅) နှစ်နဲ့ Captain America မဖြစ်ချင်ပါဘူး။ အဲ့တော့ ကျွန်တော့်အနေနဲ့ ဒီဇာတ်ကောင်နေရာမှာ နောက်ထပ် (၆)နှစ်ကနေ (၈)နှစ်လောက်အထိပဲ သရုပ်ဆောင်သွားမှာပါ … “

Anthony Mackie ဟာ အခုချိန်မှာ အသက် (၄၂)နှစ် ရှိနေပြီ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် The Falcon and the Winter Soldier ကလည်း The Captain America and the Winter Soldier ဆိုပြီး နောက်ထပ် season တွေ ထပ်မံထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ် (၆)နှစ်ကနေ (၈)နှစ်အတွင်းဆိုရင် အနည်းဆုံး MCU ရုပ်ရှင် (၄)ကားလောက်မှာ ပါဝင်လာနိုင်ပါသေးတယ်။

Legos

Source: Screenrant

(Zawgyi Version)

The Falcon and the Winter Soldier ဇာတ္လမ္းတြဲထဲမွာ ပါဝင္ထားတဲ့ Anthony Mackie ဟာ သူ အသက္မႀကီးသြားခင္ Captain America အေနနဲ႔ သ႐ုပ္ေဆာင္ဖို႔ ႏွစ္အနည္းငယ္ပဲ က်န္ရွိေတာ့တယ္လို႔ ေျပာလာပါတယ္။

Anthony ရဲ႕ ဇာတ္ေကာင္ Sam Wilson ကေတာ့ ၂၀၁၄ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Captain America: Winter Soldier ထဲမွာ စတင္ပါဝင္လာခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီ႐ုပ္ရွင္ထဲမွာေတာ့ ေလတပ္သားေဟာင္း ျဖစ္သူ Sam Wilson ဟာ Steve Rogers နဲ႔ ရင္းႏွီးသြားၿပီး Hydra ကို အတူတူ တိုက္ခိုက္ခဲ့ၾကပါတယ္။ ၂၀၁၉ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Avengers: Endgame ရဲ႕ အဆုံးမွာေတာ့ Steve ဟာ Sam ဆီမွာ သူ႔ရဲ႕ဒိုင္းကို ေပးအပ္သြားပါတယ္။

photo via screenrant

မၾကာေသးခင္တုန္းကပဲ Anthony Mackie နဲ႔ Sebastian Stan တို႔ ပါဝင္ထားတဲ့ The Falcon and the Winter Soldier ဇာတ္လမ္းတြဲကို Disney+ က ထုတ္လႊင့္ျပသခဲ့ပါတယ္။ ဒီဇာတ္လမ္းတြဲထဲမွာေတာ့ Endgame ထဲက အျဖစ္အပ်က္ေတြ ၿပီးတဲ့ေနာက္မွာ ကမာၻႀကီးက ရင္ဆိုင္ေနရတဲ့ ႏိုင္ငံေရးေတြနဲ႔ စီးပြားေရး အေျခအေနေတြကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါ့အျပင္ လူျဖဴ၊လူမည္း ျပႆနာေတြကိုလည္း ျမင္ေတြ႕ခဲ့ရၿပီး ပရိသတ္ေတြၾကားမွာ ေရပန္းစားခဲ့တဲ့ ဇာတ္လမ္းတြဲတစ္ခုဆိုလည္း မမွားပါဘူး။

Variety သတင္းဌာနနဲ႔ ျပဳလုပ္သြားတဲ့ အင္တာဗ်ဴးမွာေတာ့ Anthony ဟာ Captain America အေနနဲ႔ ဘယ္ေလာက္ၾကာေအာင္ သ႐ုပ္ေဆာင္သြားမလည္းဆိုတာကို ေျပာျပခဲ့ပါတယ္။ ဒါ့အျပင္ သူဟာ Captain America အေနနဲ႔ အခ်ိန္အၾကာႀကီး သ႐ုပ္ေဆာင္သြားမွာ မဟုတ္ဘူးလို႔လည္း ဆိုပါတယ္။

photo via screenrant

“ေသခ်ာတာကေတာ့ အသက္ (၅၅) ႏွစ္နဲ႔ Captain America မျဖစ္ခ်င္ပါဘူး။ အဲ့ေတာ့ ကြၽန္ေတာ့္အေနနဲ႔ ဒီဇာတ္ေကာင္ေနရာမွာ ေနာက္ထပ္ (၆)ႏွစ္ကေန (၈)ႏွစ္ေလာက္အထိပဲ သ႐ုပ္ေဆာင္သြားမွာပါ … “

Anthony Mackie ဟာ အခုခ်ိန္မွာ အသက္ (၄၂)ႏွစ္ ရွိေနၿပီ ျဖစ္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ The Falcon and the Winter Soldier ကလည္း The Captain America and the Winter Soldier ဆိုၿပီး ေနာက္ထပ္ season ေတြ ထပ္မံထြက္ရွိလာဦးမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ေနာက္ထပ္ (၆)ႏွစ္ကေန (၈)ႏွစ္အတြင္းဆိုရင္ အနည္းဆုံး MCU ႐ုပ္ရွင္ (၄)ကားေလာက္မွာ ပါဝင္လာႏိုင္ပါေသးတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular