HomeCelebs Update NewsInternationalChris Evans ကို ပရိသတ်တွေ ချစ်ခင်ကြရတဲ့ အကြောင်းရင်းများ

Chris Evans ကို ပရိသတ်တွေ ချစ်ခင်ကြရတဲ့ အကြောင်းရင်းများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဟောလိဝုဒ်ရဲ့ နာမည်ကျော်မင်းသား Chris Evans ဟာ ပရိသတ်တွေ ချစ်ခင်အားပေးကြတဲ့ နာမည်ကျော် မင်းသားတစ်လက် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ(၁၃)ရက်နေ့မှာပဲ အသက်(၄၀)နှစ် တင်းတင်း ပြည့်သွားတဲ့ Chris ဟာ သူ့ရဲ့ချောမောပြီး ဆွဲဆောင်မှုရှိတဲ့ ရုပ်ရည်၊ တောင့်တင်းသန်မာတဲ့ ဗလတွေ၊ ပွင့်လင်းပြီး လွတ်လပ်စွာ နေထိုင်တတ်တာအပြင် လူကြီးလူကောင်းပီသတဲ့ လေးစားစရာ စိတ်ဓာတ်ကိုပါ ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့ ပရိသတ်တွေကို သူ့ကို သည်းသည်းလှုပ် ချစ်ခင်ကြတာပါ။ Chris Evans ကို သူ့ပရိသတ်တွေ ဘာကြောင့် ချစ်ကြရတာလည်းဆိုတဲ့ အကြောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

မွေးနေ့မှာ ပရိသတ်တွေကို လက်ဆောင်ပြန်ပေးတဲ့ မင်းသား
Photo: chrisevans/ twitter

ဒါကတော့ ၂၀၁၉ခုနှစ်တုန်းက သူ့ရဲ့ (၃၈)နှစ်မြောက်မွေးနေ့မှာ မွေးနေ့လက်ဆောင်အနေနဲ့ Twitter မှာ ပရိသတ်တွေကို ရူပဒါန လုပ်ခဲ့တုန်းကပုံ ဖြစ်ပါတယ်။ ရူပါဖြောင့်လွန်းတဲ့ မင်းသားတစ်ယောက်အတွက် ပရိသတ်ကိုပေးတဲ့ လက်ဆောင်ဟာ ဓာတ်ပုံထက်ကောင်းတာ မရှိပါဘူး။

အများအကျိုး စဉ်းစားပေးတတ်သူ
Photo: teamcevans/ Instagram

၂၀၂၀ခုနှစ်တုန်းက အမေရိကန်မှာ ရွေးကောက်ပွဲ မဲကိစ္စနဲ့ ပြဿနာတွေ တက်နေတဲ့အချိန်မှာ Chris ဟာ ပြိုင်ဘက်ပါတီနှစ်ခုစလုံးရဲ့ တူညီတဲ့ခံယူချက်တွေကို စုပေါင်းပြီး A Starting Point လို့ခေါ်တဲ့ ဝက်ဘ်ဆိုဒ်တစ်ခုကို ထူထောင်ခဲ့ပါတယ်။ ဒီဝက်ဘ်ဆိုဒ်ရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံအတွင်း ကျန်းမာရေး၊ လူမှုရေး၊ စွမ်းအင်ထိန်းသိမ်း ခြွေတာရေး၊ ရာသီဥတုပြောင်းလဲမှု ထိန်းသိမ်းကာကွယ်ရေးစတဲ့ အရေးကိစ္စတွေမှာ တာဝန်ရှိ ပုဂ္ဂိုလ်တွေ ညှိနှိုင်းဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်။

“သရုပ်ဆောင်တစ်ယောက်အနေနဲ့ ကိုယ့်နာမည်ကို အသုံးပြုပြီး လုပ်လို့ရတာတွေ အများကြီး ရှိပါတယ်။ ကျွန်တော်ကတော့ လူတွေ အားတက်ရမယ့်ကိစ္စတွေပဲ လုပ်ချင်ပါတယ်။ တခြား ကျွန်တော့်လို လုပ်ချင်တဲ့လူတိုင်းကိုလည်း အားပေးပါတယ်။ သို့သော်လည်း ကျွန်တော့်အနေနဲ့ တချို့ကာရိုက်တာတွေမှာ သရုပ်ဆောင်ခဲ့ဖူးတာကိုတော့ ငြင်းလို့မရပါဘူး။ ပြီးတော့ နိုင်ငံရေးမှာ ပါဝင်နေတဲ့ လူတစ်ယောက်အနေနဲ့ရော၊ ဒီတိုင်းပြည်အတွင်းက လူတွေရဲ့ နေကောင်းကျန်းမာရှိကိုပါ ဂရုစိုက်တဲ့ လူတစ်ယောက်အနေနဲ့ရော ကျွန်တော် တစ်ထောင့်တစ်နေရာက ပါဝင်ဖြစ်သွားပါတယ်။ ကိုယ့်မှာ ပလက်ဖောင်းတစ်ခု ရှိနေပြီဆိုရင် Retweet လုပ်တာထက် ပိုပြီးအရေးကြီးတဲ့အရာတွေကို လုပ်ဆောင်သင့်ပါတယ် …  ” လို့ People မဂ္ဂဇင်းနဲ့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ဖူးပါတယ်။

အမျိုးသမီးတွေအပေါ် ညှာတာထောက်ထားတတ်သူ
Photo via people

၂၀၁၉ခုနှစ် အော်စကာဆုပေးပွဲမှာ မင်းသမီး Regina King ကို အပြေးလေး သွားကူညီလိုက်တုန်းကဆိုရင် အင်တာနက်တစ်ခုလုံး Chris ကို ကောင်းချီးဩဘာပေးသံတွေနဲ့ သောသောညံသွားခဲ့ပါသေးတယ်။ ဖြစ်ပုံကတော့ မင်းသမီး Regina King ဟာ If Beale Street Could Talk ရုပ်ရှင်နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိသွားချိန်မှာ ဆုလက်ခံဖို့ စင်မြင့်ကို တက်လှမ်းစဉ်မှာပဲ သူမရဲ့ ဒေါက်ဖိနပ်နဲ့ ဂါဝန်ရှည်ကြီးက ငြိနေခဲ့ပါတယ်။

လူတွေအားလုံးရဲ့ရှေ့မှာ ရုပ်ပျက်ဆင်းပျက် လဲမကျသွားခင်မှာပဲ ရှေ့ဆုံးနားမှာ ထိုင်နေတဲ့ Chris ဟာ အပြေးလေး ရောက်လာပြီး gentleman ဆန်ဆန် လက်တွဲပေးပြီး စင်မြင့်ပေါ်ကို အရောက်ပို့ပေးခဲ့ပါတယ်။ ဒီလို ကူညီပေးတဲ့အချိန်မှာ မျက်နှာအမူအရာကလည်း ပြုံးရွှင်ပြီး တကယ် ကြင်နာတတ်တဲ့ လူတစ်ယောက်ဖြစ်ကြောင်း ပရိသတ်တွေရဲ့ ရင်ကို ထိစေခဲ့ပါတယ်။

အပြာရောင် Suit တွေကို နှစ်သက်တဲ့ Chris
Photo via people

Chris ဟာ သူ့ရဲ့ ရုပ်ရည်ရူပကာနဲ့ မြင်သူတိုင်း ကြွေသွားလောက်အောင် ဝတ်စားဆင်ယင်နိုင်သူ ဖြစ်ပါတယ်။ ဒီထဲကမှ ပွဲတွေတက်တိုင်း သူ အများဆုံး ရွေးချယ်လေ့ရှိတာကတော့ အပြာရောင် Suit တွေပါပဲ။ ခန့်ငြားတဲ့ ရုပ်သွင်မှာ ဒီဇိုင်နာ brand အပြာရောင် Suit နဲ့ တည်ကြည်သွားတဲ့ Chris ကတော့ ကောင်မလေးတွေ မရူးဘဲ မနေနိုင်လောက်သူ ဖြစ်ပါတယ်။

မိသားစုကို ချစ်ခင်ဂရုစိုက်သူ
Photo via people

ပရိသတ်တွေ Chris ကို ချစ်ကြရတဲ့အကြောင်းတစ်ချက်ကတော့ သူ့ရဲ့မိသားစုအပေါ် ဂရုစိုက် ကြင်နာတတ်တာကြောင့်ပါပဲ။ Chris ဟာ မိသားစုနဲ့ တကယ် နီးနီးကပ်ကပ် နေထိုင်လေ့ရှိပြီး မိသားစုဝင်တွေနဲ့လည်း အတော်လေး ရင်းနှီးချစ်ခင်သူပါ။ သူ့ရဲ့ ရုပ်ရှင်အထူးပွဲတွေ၊ အရေးကြီးတဲ့ ပွဲလမ်းသဘင်တွေမှာလည်း မိသားစုဝင်တွေကို ခေါ်ပြီး မကြာခဏ ပွဲတက်လေ့ ရှိပါတယ်။

ဒါတင်မက National Sibling Day မှာတော့ ညီကိုမောင်နှမတွေနဲ့ ပတ်သက်တဲ့ သူ့ခံစားချက်ကို တွစ်တာမှာ မျှဝေခဲ့ပါသေးတယ်။ “ညီကိုမောင်နှတွေနဲ့ ပတ်သက်ရင် ယုံကြည်မှု၊ သစ္စာရှိမှု၊ ဂရုစိုက်နားလည်မှု၊ ဖန်တီးတီထွင်နိုင်မှုနဲ့ ချစ်ခြင်းမေတ္တာတွေကို ကျွန်တော်တို့ ကျင့်သုံးရမှာ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ကျွန်တော့်ညီကိုမောင်နှမတွေနဲ့ ဘယ်တော့မှ မေ့မရမယ့် အဖိုးတန် အမှတ်တရတွေကို သတိရတိုင်း ဖန်တီးဖြစ်ပါတယ်။ ပျော်ရွှင်စရာ မောင်နှမများနေ့ပါ … ကျွန်တော့်ရဲ့ ပထမဆုံးသော အချစ်ဆုံးသူငယ်ချင်းများ … ” လို့ ရေးသားခဲ့ဖူးပါတယ်။

ပရိသတ်တွေဆီ အလွယ်တကူ ကူးစက်ပျံ့နှံ့စေခဲ့တဲ့ Chris ရဲ့ရယ်မောဟန်
Credit: NBC/ Movie Maniacs/ YouTube

Chris ရဲ့ အမာခံပရိသတ်တွေဆိုရင် သူ့ရဲ့ အားရပါးရ ရယ်မောပုံတွေကို ရင်ထဲမှာ ဗိုင်းရပ်စ်တစ်ခုလို စွဲငြိကပ်ကျန်ခဲ့ကြမှာပါ။ တချို့ရှာရှာကြံကြံ ရှာဖွေတတ်တဲ့ ပရိသတ်တွေဆိုရင် Chris တစ်ယောက် ရယ်မောလိုက်တိုင်း ခေါင်းက ဘယ်ဘက်ကို ဘယ်နှဒီဂရီလောက် စောင်းသွားတယ်၊ ကိုယ်က ဘယ်လိုကိုင်းသွားတယ်၊ လက်ကို ရင်ဘတ်ပေါ် ဘယ်လိုဖိတယ် စသဖြင့် အသေးစိတ်တောင် ဖော်ပြထားကြပါသေးတယ်။

ဒါကတော့ Chris Evans ကို ပရိသတ်တွေ ဘာကြောင့် သဘောကျ ချစ်ခင်အားပေးကြတာလည်းဆိုတဲ့ အချို့သော အချက်လေးတွေ ဖြစ်ပါတယ်။ စာဖတ်သူကရော Chris ရဲ့ ပရိသတ်တစ်ယောက်ပါလား။ Chris ရဲ့ ဘယ်အချက်လေးတွေကို သဘောကျလည်း ပြောပြပေးသွားပါဦး။

Linda December
(Zawgyi Version)

ေဟာလိဝုဒ္ရဲ႕ နာမည္ေက်ာ္မင္းသား Chris Evans ဟာ ပရိသတ္ေတြ ခ်စ္ခင္အားေပးၾကတဲ့ နာမည္ေက်ာ္ မင္းသားတစ္လက္ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ဇြန္လ(၁၃)ရက္ေန႔မွာပဲ အသက္(၄၀)ႏွစ္ တင္းတင္း ျပည့္သြားတဲ့ Chris ဟာ သူ႔ရဲ႕ေခ်ာေမာၿပီး ဆြဲေဆာင္မႈရွိတဲ့ ႐ုပ္ရည္၊ ေတာင့္တင္းသန္မာတဲ့ ဗလေတြ၊ ပြင့္လင္းၿပီး လြတ္လပ္စြာ ေနထိုင္တတ္တာအျပင္ လူႀကီးလူေကာင္းပီသတဲ့ ေလးစားစရာ စိတ္ဓာတ္ကိုပါ ပိုင္ဆိုင္ထားသူ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း သူ႔ရဲ႕ ပရိသတ္ေတြကို သူ႔ကို သည္းသည္းလႈပ္ ခ်စ္ခင္ၾကတာပါ။ Chris Evans ကို သူ႔ပရိသတ္ေတြ ဘာေၾကာင့္ ခ်စ္ၾကရတာလည္းဆိုတဲ့ အေၾကာင္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

ေမြးေန႔မွာ ပရိသတ္ေတြကို လက္ေဆာင္ျပန္ေပးတဲ့ မင္းသား
Photo: chrisevans/ twitter

ဒါကေတာ့ ၂၀၁၉ခုႏွစ္တုန္းက သူ႔ရဲ႕ (၃၈)ႏွစ္ေျမာက္ေမြးေန႔မွာ ေမြးေန႔လက္ေဆာင္အေနနဲ႔ Twitter မွာ ပရိသတ္ေတြကို ႐ူပဒါန လုပ္ခဲ့တုန္းကပုံ ျဖစ္ပါတယ္။ ႐ူပါေျဖာင့္လြန္းတဲ့ မင္းသားတစ္ေယာက္အတြက္ ပရိသတ္ကိုေပးတဲ့ လက္ေဆာင္ဟာ ဓာတ္ပုံထက္ေကာင္းတာ မရွိပါဘူး။

အမ်ားအက်ိဳး စဥ္းစားေပးတတ္သူ
Photo: teamcevans/ Instagram

၂၀၂၀ခုႏွစ္တုန္းက အေမရိကန္မွာ ေ႐ြးေကာက္ပြဲ မဲကိစၥနဲ႔ ျပႆနာေတြ တက္ေနတဲ့အခ်ိန္မွာ Chris ဟာ ၿပိဳင္ဘက္ပါတီႏွစ္ခုစလုံးရဲ႕ တူညီတဲ့ခံယူခ်က္ေတြကို စုေပါင္းၿပီး A Starting Point လို႔ေခၚတဲ့ ဝက္ဘ္ဆိုဒ္တစ္ခုကို ထူေထာင္ခဲ့ပါတယ္။ ဒီဝက္ဘ္ဆိုဒ္ရဲ႕ ရည္႐ြယ္ခ်က္ကေတာ့ ႏိုင္ငံအတြင္း က်န္းမာေရး၊ လူမႈေရး၊ စြမ္းအင္ထိန္းသိမ္း ေႁခြတာေရး၊ ရာသီဥတုေျပာင္းလဲမႈ ထိန္းသိမ္းကာကြယ္ေရးစတဲ့ အေရးကိစၥေတြမွာ တာဝန္ရွိ ပုဂၢိဳလ္ေတြ ညႇိႏႈိင္းေဆာင္႐ြက္ၾကဖို႔ ျဖစ္ပါတယ္။

“သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔ ကိုယ့္နာမည္ကို အသုံးျပဳၿပီး လုပ္လို႔ရတာေတြ အမ်ားႀကီး ရွိပါတယ္။ ကြၽန္ေတာ္ကေတာ့ လူေတြ အားတက္ရမယ့္ကိစၥေတြပဲ လုပ္ခ်င္ပါတယ္။ တျခား ကြၽန္ေတာ့္လို လုပ္ခ်င္တဲ့လူတိုင္းကိုလည္း အားေပးပါတယ္။ သို႔ေသာ္လည္း ကြၽန္ေတာ့္အေနနဲ႔ တခ်ိဳ႕ကာ႐ိုက္တာေတြမွာ သ႐ုပ္ေဆာင္ခဲ့ဖူးတာကိုေတာ့ ျငင္းလို႔မရပါဘူး။ ၿပီးေတာ့ ႏိုင္ငံေရးမွာ ပါဝင္ေနတဲ့ လူတစ္ေယာက္အေနနဲ႔ေရာ၊ ဒီတိုင္းျပည္အတြင္းက လူေတြရဲ႕ ေနေကာင္းက်န္းမာရွိကိုပါ ဂ႐ုစိုက္တဲ့ လူတစ္ေယာက္အေနနဲ႔ေရာ ကြၽန္ေတာ္ တစ္ေထာင့္တစ္ေနရာက ပါဝင္ျဖစ္သြားပါတယ္။ ကိုယ့္မွာ ပလက္ေဖာင္းတစ္ခု ရွိေနၿပီဆိုရင္ Retweet လုပ္တာထက္ ပိုၿပီးအေရးႀကီးတဲ့အရာေတြကို လုပ္ေဆာင္သင့္ပါတယ္ …  ” လို႔ People မဂၢဇင္းနဲ႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာခဲ့ဖူးပါတယ္။

အမ်ိဳးသမီးေတြအေပၚ ညႇာတာေထာက္ထားတတ္သူ
Photo via people

၂၀၁၉ခုႏွစ္ ေအာ္စကာဆုေပးပြဲမွာ မင္းသမီး Regina King ကို အေျပးေလး သြားကူညီလိုက္တုန္းကဆိုရင္ အင္တာနက္တစ္ခုလုံး Chris ကို ေကာင္းခ်ီးဩဘာေပးသံေတြနဲ႔ ေသာေသာညံသြားခဲ့ပါေသးတယ္။ ျဖစ္ပုံကေတာ့ မင္းသမီး Regina King ဟာ If Beale Street Could Talk ႐ုပ္ရွင္နဲ႔ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ပို႔ဆုကို ရရွိသြားခ်ိန္မွာ ဆုလက္ခံဖို႔ စင္ျမင့္ကို တက္လွမ္းစဥ္မွာပဲ သူမရဲ႕ ေဒါက္ဖိနပ္နဲ႔ ဂါဝန္ရွည္ႀကီးက ၿငိေနခဲ့ပါတယ္။

လူေတြအားလုံးရဲ႕ေရွ႕မွာ ႐ုပ္ပ်က္ဆင္းပ်က္ လဲမက်သြားခင္မွာပဲ ေရွ႕ဆုံးနားမွာ ထိုင္ေနတဲ့ Chris ဟာ အေျပးေလး ေရာက္လာၿပီး gentleman ဆန္ဆန္ လက္တြဲေပးၿပီး စင္ျမင့္ေပၚကို အေရာက္ပို႔ေပးခဲ့ပါတယ္။ ဒီလို ကူညီေပးတဲ့အခ်ိန္မွာ မ်က္ႏွာအမူအရာကလည္း ၿပဳံး႐ႊင္ၿပီး တကယ္ ၾကင္နာတတ္တဲ့ လူတစ္ေယာက္ျဖစ္ေၾကာင္း ပရိသတ္ေတြရဲ႕ ရင္ကို ထိေစခဲ့ပါတယ္။

အျပာေရာင္ Suit ေတြကို ႏွစ္သက္တဲ့ Chris
Photo via people

Chris ဟာ သူ႔ရဲ႕ ႐ုပ္ရည္႐ူပကာနဲ႔ ျမင္သူတိုင္း ေႂကြသြားေလာက္ေအာင္ ဝတ္စားဆင္ယင္ႏိုင္သူ ျဖစ္ပါတယ္။ ဒီထဲကမွ ပြဲေတြတက္တိုင္း သူ အမ်ားဆုံး ေ႐ြးခ်ယ္ေလ့ရွိတာကေတာ့ အျပာေရာင္ Suit ေတြပါပဲ။ ခန႔္ျငားတဲ့ ႐ုပ္သြင္မွာ ဒီဇိုင္နာ brand အျပာေရာင္ Suit နဲ႔ တည္ၾကည္သြားတဲ့ Chris ကေတာ့ ေကာင္မေလးေတြ မ႐ူးဘဲ မေနႏိုင္ေလာက္သူ ျဖစ္ပါတယ္။

မိသားစုကို ခ်စ္ခင္ဂ႐ုစိုက္သူ
Photo via people

ပရိသတ္ေတြ Chris ကို ခ်စ္ၾကရတဲ့အေၾကာင္းတစ္ခ်က္ကေတာ့ သူ႔ရဲ႕မိသားစုအေပၚ ဂ႐ုစိုက္ ၾကင္နာတတ္တာေၾကာင့္ပါပဲ။ Chris ဟာ မိသားစုနဲ႔ တကယ္ နီးနီးကပ္ကပ္ ေနထိုင္ေလ့ရွိၿပီး မိသားစုဝင္ေတြနဲ႔လည္း အေတာ္ေလး ရင္းႏွီးခ်စ္ခင္သူပါ။ သူ႔ရဲ႕ ႐ုပ္ရွင္အထူးပြဲေတြ၊ အေရးႀကီးတဲ့ ပြဲလမ္းသဘင္ေတြမွာလည္း မိသားစုဝင္ေတြကို ေခၚၿပီး မၾကာခဏ ပြဲတက္ေလ့ ရွိပါတယ္။

ဒါတင္မက National Sibling Day မွာေတာ့ ညီကိုေမာင္ႏွမေတြနဲ႔ ပတ္သက္တဲ့ သူ႔ခံစားခ်က္ကို တြစ္တာမွာ မွ်ေဝခဲ့ပါေသးတယ္။ “ညီကိုေမာင္ႏွေတြနဲ႔ ပတ္သက္ရင္ ယုံၾကည္မႈ၊ သစၥာရွိမႈ၊ ဂ႐ုစိုက္နားလည္မႈ၊ ဖန္တီးတီထြင္ႏိုင္မႈနဲ႔ ခ်စ္ျခင္းေမတၱာေတြကို ကြၽန္ေတာ္တို႔ က်င့္သုံးရမွာ ျဖစ္ပါတယ္။ ကြၽန္ေတာ္ကေတာ့ ကြၽန္ေတာ့္ညီကိုေမာင္ႏွမေတြနဲ႔ ဘယ္ေတာ့မွ ေမ့မရမယ့္ အဖိုးတန္ အမွတ္တရေတြကို သတိရတိုင္း ဖန္တီးျဖစ္ပါတယ္။ ေပ်ာ္႐ႊင္စရာ ေမာင္ႏွမမ်ားေန႔ပါ … ကြၽန္ေတာ့္ရဲ႕ ပထမဆုံးေသာ အခ်စ္ဆုံးသူငယ္ခ်င္းမ်ား … ” လို႔ ေရးသားခဲ့ဖူးပါတယ္။

ပရိသတ္ေတြဆီ အလြယ္တကူ ကူးစက္ပ်ံ႕ႏွံ႔ေစခဲ့တဲ့ Chris ရဲ႕ရယ္ေမာဟန္
Credit: NBC/ Movie Maniacs/ YouTube

Chris ရဲ႕ အမာခံပရိသတ္ေတြဆိုရင္ သူ႔ရဲ႕ အားရပါးရ ရယ္ေမာပုံေတြကို ရင္ထဲမွာ ဗိုင္းရပ္စ္တစ္ခုလို စြဲၿငိကပ္က်န္ခဲ့ၾကမွာပါ။ တခ်ိဳ႕ရွာရွာႀကံႀကံ ရွာေဖြတတ္တဲ့ ပရိသတ္ေတြဆိုရင္ Chris တစ္ေယာက္ ရယ္ေမာလိုက္တိုင္း ေခါင္းက ဘယ္ဘက္ကို ဘယ္ႏွဒီဂရီေလာက္ ေစာင္းသြားတယ္၊ ကိုယ္က ဘယ္လိုကိုင္းသြားတယ္၊ လက္ကို ရင္ဘတ္ေပၚ ဘယ္လိုဖိတယ္ စသျဖင့္ အေသးစိတ္ေတာင္ ေဖာ္ျပထားၾကပါေသးတယ္။

ဒါကေတာ့ Chris Evans ကို ပရိသတ္ေတြ ဘာေၾကာင့္ သေဘာက် ခ်စ္ခင္အားေပးၾကတာလည္းဆိုတဲ့ အခ်ိဳ႕ေသာ အခ်က္ေလးေတြ ျဖစ္ပါတယ္။ စာဖတ္သူကေရာ Chris ရဲ႕ ပရိသတ္တစ္ေယာက္ပါလား။ Chris ရဲ႕ ဘယ္အခ်က္ေလးေတြကို သေဘာက်လည္း ေျပာျပေပးသြားပါဦး။

Linda December

 

RELATED ARTICLES

Most Popular