HomeCelebs Update NewsInternationalကိုဗစ်ကူးစက်ခံလိုက်ရတဲ့ Zorro မင်းသားကြီး Antonio Banderas 

ကိုဗစ်ကူးစက်ခံလိုက်ရတဲ့ Zorro မင်းသားကြီး Antonio Banderas 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Desperado ၊ The Mask of Zorro ၊ The Skin I Live In အစရှိတဲ့ ဇာတ်ကားတွေနဲ့ မြန်မာပရိသတ်တွေကြားမှာ ကျော်ကြားတဲ့ စပိန်မင်းသားကြီး Antonio Banderas ဟာ ကိုဗစ်အကူးခံလိုက်ရပြီလို့ သိရပါတယ်။

မင်းသားကြီးဟာ သူ့ရဲ့အသက်(၆၀)ပြည့်နှစ် မွေးနေ့ကို ကွာရန်တင်းလုပ်ရင်း တစ်ကိုယ်တည်း ဖြတ်သန်းခဲ့ရတဲ့အကြောင်း ဩဂုတ်လ(၁၀)ရက်နေ့က သူ့ရဲ့တွစ်တာစာမျက်နှာမှာ စပိန်ဘာသာနဲ့ ရေးသားထားတာ ဖြစ်ပါတယ်။

Photo: antoniobanderasoficial/ Instagram

“ဒီနေ့ ဩဂုတ်လ(၁၀)ရက်နေ့မှာ လူထုကို အသိပေးချင်တာ ရှိပါတယ်။ ကျွန်တော့်မှာ ကိုဗစ်ရောဂါ ကူးစက်ခံလိုက်ရတာကြောင့် ကျွန်တော့်ရဲ့အသက်(၆၀)ပြည့် မွေးနေ့ကို ကွာရန်တင်းလုပ်ရင်းနဲ့ပဲ ဖြတ်သန်းရတော့မှာပါ… ” လို့ ရေးသားထားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး Variety သတင်းဌာနက ဆက်သွယ်မေးမြန်းထားချက်အရ “ကျွန်တော် နေလို့ထိုင်လို့တော့ ကောင်းပါတယ်။ ခါတိုင်းထက် နည်းနည်းပိုမောနေတာလေး တစ်ခုပါပဲ။ အမြန်ဆုံး သက်သာပျောက်ကင်းမယ်လို့လည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါတယ်။ တစ်ကမ္ဘာလုံးက လူတွေလည်း ခံစားနေရပြီး၊ အခု ကျွန်တော်လည်း ကူးစက်ခံစားနေရတဲ့ ဒီရောဂါကြီးကို ဆရာဝန်တွေရဲ့ ဆေးညွှန်းအတိုင်း လိုက်နာရင်းနဲ့ အမြန်ဆုံး ပျောက်ကင်းသက်သာကြပါစေလို့လည်း ကျွန်တော် မျှော်လင့်မိပါတယ်… ” လို့ မင်းသားကြီးက ဖြေကြားထားပါတယ်။

Photo: antoniobanderasoficial/ Instagram

ဆက်လက်ပြီး “အခု တစ်ယောက်တည်း နေနေရတဲ့အချိန်ကို အသုံးချပြီး ကျွန်တော် စာရေးမယ်။ စာဖတ်မယ်။ အနားယူမယ်။ ကျွန်တော် နေထိုင်ခဲ့တဲ့ နှစ်ပေါင်း(၆၀)ကို အဓိပ္ပါယ်တစ်ခုခု ရှိစေဖို့ အစီအစဉ်တွေ ရေးဆွဲမယ်။ အားလုံးကိုလည်း နှုတ်ခွန်းဆက်သလိုက်ပါတယ်…  ” လို့ မင်းသားကြီး Antonio Banderas က အားအင်အပြည့်နဲ့ ဖြေကြားထားပါတယ်။

ကိုဗစ်ကပ်ရောဂါကာလမှာ သန်းနဲ့ချီတဲ့ သာမန်ပြည်သူပေါင်း မြောက်များစွာသာမက နာမည်ကျော်ပုဂ္ဂိုလ်တွေ၊ နိုင်ငံ့ခေါင်းဆောင်တွေမှာပါ ကူးစက်ခံစားနေရတာ ဖြစ်ပါတယ်။ ဒါကြောင့် စာဖတ်သူတို့လည်း မပေါ့ဆကြဘဲ ကျန်းမာရေးအတွက် လိုက်နာရမယ့်စည်းကမ်းတွေကို လိုက်နာရင်း ကျန်းမာနေကောင်းအောင် ဂရုစိုက် နေထိုင်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

Glasgow

Source: hollywood life

(Zawgyi Version)

Desperado ၊ The Mask of Zorro ၊ The Skin I Live In အစရွိတဲ့ ဇာတ္ကားေတြနဲ႔ ျမန္မာပရိသတ္ေတြၾကားမွာ ေက်ာ္ၾကားတဲ့ စပိန္မင္းသားႀကီး Antonio Banderas ဟာ ကိုဗစ္အကူးခံလိုက္ရၿပီလို႔ သိရပါတယ္။

မင္းသားႀကီးဟာ သူ႔ရဲ႕အသက္(၆၀)ျပည့္ႏွစ္ ေမြးေန႔ကို ကြာရန္တင္းလုပ္ရင္း တစ္ကိုယ္တည္း ျဖတ္သန္းခဲ့ရတဲ့အေၾကာင္း ဩဂုတ္လ(၁၀)ရက္ေန႔က သူ႔ရဲ႕တြစ္တာစာမ်က္ႏွာမွာ စပိန္ဘာသာနဲ႔ ေရးသားထားတာ ျဖစ္ပါတယ္။

Photo: antoniobanderasoficial/ Instagram

“ဒီေန႔ ဩဂုတ္လ(၁၀)ရက္ေန႔မွာ လူထုကို အသိေပးခ်င္တာ ရွိပါတယ္။ ကြၽန္ေတာ့္မွာ ကိုဗစ္ေရာဂါ ကူးစက္ခံလိုက္ရတာေၾကာင့္ ကြၽန္ေတာ့္ရဲ႕အသက္(၆၀)ျပည့္ ေမြးေန႔ကို ကြာရန္တင္းလုပ္ရင္းနဲ႔ပဲ ျဖတ္သန္းရေတာ့မွာပါ… ” လို႔ ေရးသားထားတာ ျဖစ္ပါတယ္။

ဒီသတင္းနဲ႔ ပတ္သက္ၿပီး Variety သတင္းဌာနက ဆက္သြယ္ေမးျမန္းထားခ်က္အရ “ကြၽန္ေတာ္ ေနလို႔ထိုင္လို႔ေတာ့ ေကာင္းပါတယ္။ ခါတိုင္းထက္ နည္းနည္းပိုေမာေနတာေလး တစ္ခုပါပဲ။ အျမန္ဆုံး သက္သာေပ်ာက္ကင္းမယ္လို႔လည္း ကိုယ့္ကိုယ္ကို ယုံၾကည္မႈရွိပါတယ္။ တစ္ကမာၻလုံးက လူေတြလည္း ခံစားေနရၿပီး၊ အခု ကြၽန္ေတာ္လည္း ကူးစက္ခံစားေနရတဲ့ ဒီေရာဂါႀကီးကို ဆရာဝန္ေတြရဲ႕ ေဆးၫႊန္းအတိုင္း လိုက္နာရင္းနဲ႔ အျမန္ဆုံး ေပ်ာက္ကင္းသက္သာၾကပါေစလို႔လည္း ကြၽန္ေတာ္ ေမွ်ာ္လင့္မိပါတယ္… ” လို႔ မင္းသားႀကီးက ေျဖၾကားထားပါတယ္။

Photo: antoniobanderasoficial/ Instagram

ဆက္လက္ၿပီး “အခု တစ္ေယာက္တည္း ေနေနရတဲ့အခ်ိန္ကို အသုံးခ်ၿပီး ကြၽန္ေတာ္ စာေရးမယ္။ စာဖတ္မယ္။ အနားယူမယ္။ ကြၽန္ေတာ္ ေနထိုင္ခဲ့တဲ့ ႏွစ္ေပါင္း(၆၀)ကို အဓိပၸါယ္တစ္ခုခု ရွိေစဖို႔ အစီအစဥ္ေတြ ေရးဆြဲမယ္။ အားလုံးကိုလည္း ႏႈတ္ခြန္းဆက္သလိုက္ပါတယ္…  ” လို႔ မင္းသားႀကီး Antonio Banderas က အားအင္အျပည့္နဲ႔ ေျဖၾကားထားပါတယ္။

ကိုဗစ္ကပ္ေရာဂါကာလမွာ သန္းနဲ႔ခ်ီတဲ့ သာမန္ျပည္သူေပါင္း ေျမာက္မ်ားစြာသာမက နာမည္ေက်ာ္ပုဂၢိဳလ္ေတြ၊ ႏိုင္ငံ့ေခါင္းေဆာင္ေတြမွာပါ ကူးစက္ခံစားေနရတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ စာဖတ္သူတို႔လည္း မေပါ့ဆၾကဘဲ က်န္းမာေရးအတြက္ လိုက္နာရမယ့္စည္းကမ္းေတြကို လိုက္နာရင္း က်န္းမာေနေကာင္းေအာင္ ဂ႐ုစိုက္ ေနထိုင္ၾကပါလို႔ တိုက္တြန္းလိုက္ပါတယ္။

Glasgow

Source: hollywood life

 

RELATED ARTICLES

Most Popular