HomeDramaကြည့်ရှုနှုန်း နံပါတ်(၁)ဖြစ်နေတဲ့ Lee Joon Gi ရဲ့ ဒရာမာအသစ် Again My Life

ကြည့်ရှုနှုန်း နံပါတ်(၁)ဖြစ်နေတဲ့ Lee Joon Gi ရဲ့ ဒရာမာအသစ် Again My Life

SBS ရုပ်သံလိုင်းက အသစ်ထုတ်လွှင့် ပြသလိုက်တဲ့ Again My Life ဒရာမာကတော့ ပွဲဦးထွက်မှာတင် လှပတဲ့ အောင်မြင်မှုတွေကို ယူဆောင်လာတာ တွေ့ရပါတယ်။ ဒီဒရာမာထဲမှာတော့ နာမည်ကျော်မင်းသား Lee Joon Gi က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ဒရာမာတစ်ခုလည်း ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ စိတ်ကူးယဉ်အမျိုးအစား ဖြစ်ပြီး စွမ်းအားကြီးမားတဲ့ လူတစ်ယောက်ကို အရေးယူနိုင်ဖို့ ကြိုးစားရင်း မအောင်မြင်ဘဲ သေဆုံးခဲ့ရတဲ့ အမှုလိုက်ရှေ့နေတစ်ယောက်ရဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ ထူးခြားချက်ကတော့ အဆိုပါ အမှုလိုက်ရှေ့နေဟာ ဘဝမှာ နောက်တစ်ခါ ပြန်လည် ရှင်သန်ခွင့် ရရှိခဲ့ပြီး သူ့ရဲ့သွေးကြွေးအတွက် လက်စားချေတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Photo via soompi

မင်းသား Lee Joon Gi ကတော့ Kim Hee Woo ဆိုတဲ့ ပါရမီထူးတဲ့ အမှုလိုက်ရှေ့နေအဖြစ် သရုပ်ဆောင်ထားပါတယ်။ Kim Hee Woo ဟာ သူ့ရဲ့အလုပ်အပေါ်မှာ အင်မတန် စိတ်အားထက်သန်သူ ဖြစ်ပြီး အကျင့်ပျက် ခြစားနေတဲ့ နိုင်ငံရေးသမားတစ်ယောက်ရဲ့ မတရား သတ်ဖြတ်မှုကို ခံလိုက်ရပါတယ်။ သို့သော်လည်း မမျှော်လင့်ဘဲ နောက်ထပ်တစ်ကြိမ် အသက်ရှင်ဖို့ အခွင့်အရေး ပြန်ရခဲ့ပါတယ်။

Again My Life ဒရာမာကိုတော့ ဧပြီလ(၈)ရက်နေ့မှာ ပထမဆုံး ထုတ်လွှင့် ပြသခဲ့တာ ဖြစ်ပြီး တာထွက်မှာတင် လှပတဲ့ အောင်မြင်မှုတွေ ရရှိနေပါတယ်။ Nielsen Korea ရဲ့ ဖော်ပြချက်အရ ပထမဆုံးအပိုင်းဟာ ကိုရီးယားတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်ရှုနှုန်း (၅.၈)ရာခိုင်နှုန်း ရှိခဲ့ပြီး သောကြာ-စနေညရဲ့ ဒရာမာတွေထဲမှာ ကြည့်ရှုသူအများဆုံး ဖြစ်နေပါတယ်။

Photo via soompi

ဒါ့အပြင် အဓိက ကြည့်ရှုသူတွေ ဖြစ်တဲ့ အသက်(၂၀)ကနေ (၄၉)အကြားမှာလည်း ရုပ်သံလိုင်းအားလုံးရဲ့ ပထမဆုံးနေရာမှာ ရောက်ရှိနေတယ်လို့ သိရပါတယ်။ တစ်ဖက်မှာတော့ ဒီဒရာမာနဲ့ တစ်ချိန်တည်း ထုတ်လွှင့်နေတဲ့ MBC ရဲ့ Tomorrow ဒရာမာဟာ သူ့ရဲ့ တတိယမြောက်အပိုင်းနဲ့ ကြည့်ရှုသူ (၅.၄)ရာခိုင်နှုန်း ရရှိထားပြီး အနောက်က ကပ်လိုက်နေတာ တွေ့ရပါတယ်။

Vancouver

Source: soompi

RELATED ARTICLES

Most Popular