HomeEntertainmentFilmApple TV က ရိုက်ကူးထားတဲ့ IMDb အများဆုံး ဇာတ်လမ်းတွဲများ

Apple TV က ရိုက်ကူးထားတဲ့ IMDb အများဆုံး ဇာတ်လမ်းတွဲများ

အခုနောက်ပိုင်းမှာတော့ Streaming Service တွေဟာ ရုပ်ရှင်လောကမှာ ပိုမိုအောင်မြင်လာပြီး သူတို့ရဲ့ ကိုယ်ပိုင်ရုပ်ရှင်တွေနဲ့ ဇာတ်လမ်းတွဲတွေကိုပါ ထုတ်လုပ်နေနိုင်ပြီ ဖြစ်ပါတယ်။ Apple TV ဟာလည်း Streaming Service တစ်ခုပဲ ဖြစ်ပြီး သူ့ဆီက ထုတ်လုပ်ထားတဲ့ ဇာတ်လမ်းတွဲ အများစုကလည်း IMDb rating ကောင်းတွေ ရရှိထားပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Apple TV က ရိုက်ကူးထားတဲ့ IMDb အများဆုံး ဇာတ်လမ်းတွဲတွေကို ဖော်ပြပေးလိုက်ပါတယ်။

(9) Home Before Dark
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၂၀ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.5) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကောင်မလေးတစ်ယောက်ဟာ တစ်ချိန်က သူ့အဖေ နေထိုင်ခဲ့ဖူးတဲ့ ရေကန်ဘေးက မြို့လေးကို ပြောင်းရွှေ့လာပါတယ်။ အဲဒီနောက်မှာတော့ သူမရဲ့ဖခင် အပါအဝင် လူတိုင်းက ဖုံးကွယ်ဖို့ ကြိုးစားနေတဲ့ အမှုတစ်ခုအကြောင်းကို သိရှိသွားပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Brooklyn Prince ၊ Jim Sturgess နဲ့ Kylie Rogers တို့ ပါဝင်ထားပါတယ်။

(8) Servant
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.5) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အတွဲတစ်တွဲဟာ ပြောမပြနိုင်လောက်တဲ့ အဖြစ်အပျက်ဆိုးတွေ ကြုံလာရပြီး သူတို့ရဲ့ အိမ်ထောင်ရေးကို ထိခိုက်လာပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့ဆီကို မမျှော်လင့်ထားတဲ့အရာတွေ ရောက်ရှိလာပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Rupert Grint ၊ Nell Tiger Free နဲ့ Lauren Ambrose တို့ ပါဝင်ထားပြီး Primetime Emmy ဆုတစ်ဆုအတွက် စံကာတင်ဝင်ထားပါတယ်။

(7) Dickinson
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.5) ရရှိထားပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ နာမည်ကျော် အမေရိကန်ကဗျာဆရာမ Emily Dickinson ရဲ့ဘဝအကြောင်းကို ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ စာရေးခြင်းမှာ ပါရမီထူးတဲ့ လူငယ်စာရေးဆရာမလေး Emily Dickinson ဟာ (၁၉)ရာစုရဲ့ မိသားစုတွေ၊ လူမှုအသိုင်းအဝိုင်းတွေနဲ့ လိင်သတ်မှတ်ချက်တွေကြားက တင်းကြပ်မှုတွေ၊ စံနှုန်းတွေအကြောင်းကို စည်းအပြင်ကလူတစ်ယောက်ရဲ့ အမြင်နဲ့ အသုံးပြုပြီး စာပေကဗျာတွေ ရေးသားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။  သရုပ်ဆောင်တွေကတော့ Hailee Steinfeld ၊ Adrian Blake Enscoe နဲ့ Ella Hunt တို့ ပါဝင်ထားပါတယ်။

(6) Calls
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၂၁ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.7) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လူစိမ်းတစ်စုရဲ့ အသက်တွေဟာ အလွန်အန္တရာယ်များတဲ့ အဖြစ်အပျက်တွေ ကြုံတွေ့နေရတဲ့အကြောင်းကို ဖုန်းထဲကစကားတွေကနေတဆင့် မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Nick Jonas ၊ Aubrey Plaza နဲ့ Lily Collins တို့ ပါဝင်ထားပြီး Primetime Emmy ဆု တစ်ဆု ရရှိထားပါတယ်။

(5) See
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.7) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ အနာဂတ်ကာလတစ်ခုမှာ ဖန်တီးထားတာ ဖြစ်ပြီး အဲ့ဒီအချိန်မှာတော့ လူသားတွေဟာ အမြင်အာရုံမရှိတော့ဘဲ တစ်ခြားနည်းလမ်းတွေနဲ့ ဆက်သွယ်နေရပါတယ်။ ဒါပေမယ့်လည်း ထူးခြားစွာနဲ့ပဲ အမြင်အာရုံ ရရှိထားတဲ့ အမွှာနှစ်ယောက် မွေးဖွားလာတဲ့ အချိန်မှာတော့…..။ သရုပ်ဆောင်တွေကတော့ Jason Momoa ၊ Dave Bautista နဲ့ Sylvia Hoeks တို့ ပါဝင်ထားပါတယ်။

(4) Trying
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၂၀ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.8) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Jason နဲ့ Nikki တို့ဟာ အသည်းအသန် ကလေးလိုချင်နေကြပါတယ်။ ဒါပေမယ့်လည်း သူတို့နှစ်ယောက်ဟာ ကလေး မရနိုင်တော့ဘူးလို့ ထင်ရတာကြောင့် မွေးစားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အဲ့ဒီအချိန်မှာတော့ သူတို့နှစ်ယောက်ဟာ မိဘဖြစ်လာဖို့ အဆင်သင့် ဖြစ်နေပြီလားဆိုတာကို မြင်တွေ့ရမှာပါ။ သရုပ်ဆောင်တွေကတော့ Esther Smith ၊ Rafe Spall နဲ့ Andy Wolton တို့ ပါဝင်ထားပါတယ်။

(3) Mythic Quest
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၂၀ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.8) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အောင်မြင်နေတဲ့ ဂိမ်းဒီဇိုင်းကုမ္ပဏီရဲ့ ပိုင်ရှင်နဲ့ ဝန်ထမ်းတွေဟာ သူတို့ရဲ့ ဂိမ်းကို အကောင်းဆုံး ဖြစ်နေအောင် ကြိုးစားကြတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Charlotte Nicdao ၊ Rob McElhenney နဲ့ Ashly Burch တို့ ပါဝင်ထားပြီး Primetime Emmy ဆု နှစ်ခုအတွက် စံကာတင်စာရင်း ဝင်ထားပါတယ်။

(2) For All Mankind
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.9) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၆၉ ခုနှစ်မှာ ဆိုဗီယက်ယူနီယမ်ဟာ အမေရိကန်ထက်အရင် လပေါ်ကို ရောက်ရှိသွားပါတယ်။ ဒါကြောင့်ပဲ အခုလို အာကာသနဲ့ ပတ်သက်ပြီး နိုင်ငံတွေရဲ့ ပြိုင်ဆိုင်မှုဟာ ဆက်လက်ဖြစ်ပေါ်နေရင် ဘာတွေဖြစ်လာနိုင်မလည်းဆိုတာကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Shantel VanSanten ၊ Sarah Jones နဲ့ Joel Kinnaman တို့ ပါဝင်ထားပြီး Primetime Emmy ဆုတစ်ဆု ရရှိထားပါတယ်။

(1) Ted Lasso
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၂၀ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.8) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန် ဘောလုံးနည်းပြဖြစ်သူ Ted Lasso ဟာ အတွေ့အကြုံ မရှိပေမယ့်လည်း အင်္ဂလန်နိုင်ငံက ဘောလုံးအသင်းဟာ သူ့ကို နည်းပြအဖြစ် ငှားရမ်းပြီးနောက် ဘာတွေဆက်ဖြစ်မလည်းဆိုတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Jason Sudeikis ၊ Hannah Waddingham နဲ့ Juno Temple တို့ ပါဝင်ထားပြီး Primetime Emmy (၇)ဆုတောင် ရရှိထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular