HomeEntertainmentFilmAquaman 2 ထဲမှာ ပါဝင်ခွင့် ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့တဲ့ Amber Heard

Aquaman 2 ထဲမှာ ပါဝင်ခွင့် ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့တဲ့ Amber Heard

သတင်းဌာနတစ်ခုရဲ့ ဖော်ပြချက်အရ သရုပ်ဆောင် Amber Heard ဟာ Jason Momoa နဲ့ ဆက်ဆံရေးကြောင့် Aquaman and Lost Kingdom ထဲမှာ ပါဝင်ခွင့် မရလုနီးပါး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ Amber ကတော့ Justice League ရုပ်ရှင်ထဲမှာ DCEU ရဲ့ Mera အဖြစ် စတင်ပါဝင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Aquaman ရုပ်ရှင်နဲ့ Zack Snyder’s Justice League တို့မှာ ဆက်လက် ပါဝင်ခဲ့ပါတယ်။

photo via screenrant

Aquaman and Lost Kingdom ထဲမှာတော့ Jason Momoa နဲ့ Amber Heard တို့အပြင် Willem Dafoe ၊ Patrick Wilson ၊ Dolph Lundgren ၊ Yahya Abdul-Mateen II တို့လည်း ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာလည်း ကိုဗစ်ကြောင့် နှောင့်နှေးမှုတွေများစွာနဲ့ ကြုံတွေ့ခဲ့ရပြီး ယခုနှစ်ထဲမှာပဲ ရုံတင်ပြသဖို့ စီစဉ်ထားပေမယ့်လည်း နောက်ထပ်တစ်ကြိမ် ရုံတင်ရက် ထပ်မံရွှေ့ဆိုင်းခဲ့ရပါတယ်။

ComicBook.com ရဲ့ ဖော်ပြချက်အရ Amber ဟာ Aquaman and Lost Kingdom မှာ ပါဝင်ခွင့် မရလုနီးပါး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ Warner Bros. ဟာ Amber နဲ့ Jason Momoa တို့ရဲ့ ဆက်ဆံရေးကြောင့် Amber ကို ထုတ်ပစ်ဖို့ စဉ်းစားခဲ့တယ်လို့ ဆိုပါတယ်။ ဒီကိစ္စတစ်ခုတည်းကြောင့် မဟုတ်ဘဲ အားလုံးသိကြတဲ့အတိုင်း သူမနဲ့ Johnny Depp တို့ရဲ့ အမှုကိစ္စတွေကြောင့်လည်း ယခုလိုစဉ်းစားခဲ့တာလို့ သိရပါတယ်။

photo via screenrant

နောက်ပိုင်းမှာတော့ အကြောင်းအမျိူးမျိူးကြောင့် Warner Bros. ဟာ Amber ကို မထုတ်ပစ်ခဲ့ပါဘူး။ ဒါပေမယ့်လည်း Amber အနေနဲ့ ဒီရုပ်ရှင်ထဲမှာ ပါဝင်မယ်ဆိုရင်တော့ သရုပ်ဆောင်ကြေးကို မြှင့်ပေးဖို့ ညိှနှိုင်းတာမျိူး လုပ်ခွင့်မရှိဘူးလို့လည်း ဒီသတင်းက ဖော်ပြထားပါတယ်။ ဒါ့အပြင် သူမဟာ တခြားရုပ်ရှင်တွေရဲ့ အဓိကဇာတ်ကောင်တွေမှာ ပါဝင်ဖို့ သဘောတူထားတာတွေ မရှိသလို ကြော်ငြာတွေလည်း မရရှိတာ လနဲ့ချီပြီလို့ သိရပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular