HomeEntertainmentMusic2022 MTV VMAs ဆုပေးပွဲရဲ့ အကောင်းဆုံး အခိုက်အတန့်များ

2022 MTV VMAs ဆုပေးပွဲရဲ့ အကောင်းဆုံး အခိုက်အတန့်များ

၂၀၂၂ ခုနှစ်အတွက် MTV VMAs ဆုပေးပွဲကိုတော့ ဩဂုတ်လ(၂၉)ရက်နေ့က Prudential Center မှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။ ယခုနှစ်ရဲ့ VMAs ဆုပေးပွဲမှာတော့ နာမည်ကျော် artist တွေဟာ category အသီးသီးမှာ ဆွတ်ခူးခဲ့ကြပြီး ဆုပေးပွဲတစ်ခုလုံးရဲ့ အကောင်းဆုံး အခိုက်အတန့်လေးတွေလည်း ပါဝင်ခဲ့ပါတယ်။

Surprise Guest

Photo: mtv/ Instagram

VMAs ရဲ့ စိတ်လှုပ်ရှားစရာ ညချမ်းကိုတော့ Jack Harlow ရဲ့ဖျော်ဖြေမှုနဲ့ စဖွင့်ခဲ့ပြီး surprise guest တစ်ယောက်လည်း ပါဝင်ခဲ့ပါတယ်။ အဲဒါကတော့ နာမည်ကျော်အဆိုတော် Fergie ဖြစ်ပြီး “First Class” သီချင်းကို Jack Harlow နဲ့အတူတူ သီဆိုဖျော်ဖြေခဲ့ကြပါတယ်။

Cosmic Cameo

Photo: MTV

VMAs ရဲ့ ဆုပေးပွဲမှာလည်း မင်းသားကြီး Johnny Depp ကလည်း cameo အနေနဲ့ ပါဝင်ခဲ့ပါသေးတယ်။ အဲဒါကတော့ VMAs ဆုတံဆိပ်ဖြစ်တဲ့ လကမ္ဘာပေါ်ရောက် အာကာသယာဉ်မှူးနေရာမှာ Depp ဟာ သူ့ရဲ့မျက်နှာကို ထည့်သွင်းပြီး စတိတ်စင်ပေါ်ကို virtually ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဟာသတစ်ခုနဲ့ ပရိသတ်တွေကို အရွှန်းဖောက်ခဲ့ပါတယ်။ “ခင်ဗျားတို့ သိကြလား။ ကျုပ်တော့ အလုပ်တွေ လိုချင်နေပြီ…”လို့ Depp က ပြောသွားပါတယ်။

Return of Taylor Swift

Photo: mtv/ Instagram

Taylor Swift ကတော့ ၂၀၁၉ ခုနှစ်တည်းက VMAs ပွဲနဲ့ ကင်းကွာနေခဲ့ရာက ယခုနှစ်မှာတော့ ပြန်လည်ပြီး ပွဲတက်ရောက်လာပါတယ်။ ယခုနှစ် VMAs မှာတော့ Taylor ဟာ သူမရဲ့စတိုင်လ်ဖြစ်တဲ့ အနီရောင်နှုတ်ခမ်းနီ အပြုံးလေးနဲ့အတူ “All Too Well (Taylor’s Version)” music video နဲ့ Direction ဆုကို ရရှိခဲ့သလို All Too Well: The Short Film နဲ့လည်း Long-Form Video Award ကို ရရှိသွားပါတယ်။ ဒါ့အပြင် Video of the Year ဆုကိုလည်း ထပ်မံဆွတ်ခူးသွားပြီး ဝမ်းသာစရာသတင်းအနေနဲ့ Midnights ဆိုတဲ့ အယ်လ်ဘမ်သစ်ကို အောက်တိုဘာလ (၂၁)ရက်နေ့မှာ ထွက်ရှိမယ့်အကြောင်းကိုပါ တပါတည်း အသိပေးသွားပါတယ်။

The Moment of Nicki

Photo: mtv/ Instagram

Nicki Minaj ကတော့ ယခုနှစ်အတွက် Video Vanguard Award ကို ရရှိသွားပြီး သူမရဲ့ဂီတသက်တမ်းတလျှောက်က ဟစ်သီချင်းတွေကို medley အဖြစ် သီဆိုဖျော်ဖြေသွားပါတယ်။ ဒါ့အပြင် Vanguard Award ကို ဆုလက်ခံရယူစဉ်မှာတော့ သူမရဲ့အရှေ့က လမ်းခင်းပေးခဲ့ကြတဲ့ Vanguard ဆုရှင်တွေဖြစ်တဲ့ Rihanna ၊ Kanye West နဲ့ Madonna တို့ကိုလည်း ကျေးဇူးတင်ကြောင်း ပြောသွားပါတယ်။

Worldwide Winners

Photo: MTV

နာမည်ကျော် Rock Band ဖြစ်တဲ့ Red Hot Chili Peppers ကတော့ Global Icon Award ကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် သူတို့အဖွဲ့ရဲ့ classic performance ဖြစ်တဲ့ “Can’t Stop” နဲ့ မကြာသေးခင်ကမှ ထွက်ရှိထားပြီး ဟစ်ဖြစ်နေတဲ့ “Black Summer” သီချင်းတွေနဲ့ VMAs စင်မြင့်ပေါ်မှာ ဖျော်ဖြေသွားပါတယ်။ ဒါတင်မက ဆုပေးပွဲရဲ့ နောက်ပိုင်းမှာတော့ “Black Summer” ဟာလည်း Best Rock Video Award ကို ထပ်မံရရှိသွားပါသေးတယ်။

Representing Brazil

Photo: anitta/ Instagram

ယခုနှစ်ရဲ့ VMAs မှာ စံချိန်သစ်တစ်ခု တင်သွားသူကတော့ Anitta ပဲ ဖြစ်ပါတယ်။ သူမဟာ ဂီတသမိုင်းတလျှောက် VMAs မှာ ပထမဆုံး ဆုရရှိဖူးတဲ့ ဘရာဇီးလ်နိုင်ငံသားအဖြစ် စံချိန်တင်သွားတာ ဖြစ်ပါတယ်။ Best Latin Video ဆုကို ရရှိသွားတဲ့ သူမကတော့ “ကျွန်မတို့နိုင်ငံမှာ နှစ်ပေါင်းများစွာ ပြစ်မှုတစ်ခုလို့ သတ်မှတ်ထားတဲ့ rhythm တွေကို ကျွန်မဒီနေ့ည ဖျော်ဖြေခဲ့ရပါတယ်။ အဲဒီလိုနိုင်ငံမျိုးမှာ မွေးဖွားလာရသူတွေအနေနဲ့ အခုလိုဆွတ်ခူးနိုင်ဖို့ဆိုတာဟာ ဘယ်တော့မှ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ရတာပါ …” လို့ ဆုလက်ခံရယူရင်း ပြောသွားပါတယ်။

Another History

Photo: badbunnyofficiials/ heyimjomar/ Instagram

နောက်ထပ် သမိုင်းစံချိန်တင်သွားသူကတော့ Bad Bunny ဖြစ်ပါတယ်။ Bad Bunny ဟာ ယခုနှစ်ရဲ့ VMAs မှာတော့ Artist of the Year ဆုကို ရရှိသွားပါတယ်။ ပူအာတိုရီကိုနိုင်ငံသား ဖြစ်တဲ့ Bad Bunny ဟာ ဒီ category မှာ အင်္ဂလိပ်ဘာသာမဟုတ်တဲ့ တေးသီချင်းတွေနဲ့ ပထမဆုံး ဆွတ်ခူးသွားတာလည်း ဖြစ်ပါတယ်။

ဒါကတော့ ၂၀၂၂ ခုနှစ်ရဲ့ VMAs ဆုပေးပွဲက အကောင်းဆုံး အခိုက်အတန့်လေးတွေကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အခြားသော အလားတူ အခိုက်အတန့်လေးတွေ ရှိရင်လည်း ကောမန့်မှာ ပြောပြခဲ့ပါဦး။

Vancouver

Source: people

 

RELATED ARTICLES

Most Popular