HomeEntertainmentFilmAquaman 2 ထဲမှာ Batman တစ်ယောက်ထက်ပိုပြီး ပါဝင်လာနိုင်တယ်ဆိုတဲ့ Jason Momoa

Aquaman 2 ထဲမှာ Batman တစ်ယောက်ထက်ပိုပြီး ပါဝင်လာနိုင်တယ်ဆိုတဲ့ Jason Momoa

Aquaman and the Lost Kingdom ထဲမှာတော့ Batman တစ်ယောက်ထက်ပိုပြီး ပါဝင်လာနိုင်တယ်လို့ သရုပ်ဆောင် Jason Momoa က အရိပ်အမြွက် ပြောသွားပါတယ်။ ပထမ Aquaman ရုပ်ရှင်ကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ပရိသတ်တွေကြားမှာ အောင်မြင်မှုတွေ ရရှိခဲ့သလို DCEU ရဲ့ box-office မှာ ဝင်ငွေ ဒေါ်လာ(၁)ဘီလျံကျော် ရရှိခဲ့တဲ့ ပထမဆုံးရုပ်ရှင် ဖြစ်ခဲ့ပါတယ်။

ပရိသတ်တွေကတော့ Aquaman 2 ကို စောင့်မျှော်နေတဲ့အချိန်မှာပဲ သရုပ်ဆောင် Jason Momoa ကတော့ ဒီရုပ်ရှင်ထဲမှာ Ben Affleck ပါဝင်လာမယ်လို့ ပြောခဲ့ပါတယ်။ ဒီအချက်ကြောင့်ပဲ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုဟာ ပိုမိုမြင့်တက်လာပေမယ့် မကြာသေးခင်ကပဲ ဒီရုပ်ရှင်ရဲ့ Post-Production အတွက် အချိန်ထပ်လိုသေးတာကြောင့် ရုံတင်ရက်ကို ၂၀၂၃ ခုနှစ် မတ်လကနေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကို နောက်ဆုတ်လိုက်ပါတယ်။

photo via screenrant

Jason Momoa ဟာ See ဇာတ်လမ်းတွဲရဲ့ နောက်ဆုံး Season အတွက် ကော်ဇောနီပွဲမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ Aquaman 2 ထဲမှာ Batman တစ်ယောက်ထက်ပိုပြီး ပါဝင်လာနိုင်တယ်လို့ ပြောသွားတာ ဖြစ်ပါတယ်။

“ကျွန်တော်နဲ့ Ben Affleck ရဲ့ ပြန်ဆုံတွေ့မှုအကြောင်းကိုတော့ ပြောလို့မရပါဘူး။ သူက ပါရင်လည်း ပါမယ်။ မပါရင်လည်း မပါဘူးပေါ့ဗျာ။ ပြီးတော့ နောက်ထပ် Batman တွေလည်း ပါလာနိုင်တယ်လေ။ ခင်ဗျားတို့က နည်းနည်းပဲ သိထားတာပါ …”

photo via screenrant

Aquaman 2 ထဲမှာ Ben Affleck ပါဝင်ထားတယ် ဆိုတာကို မသိရခင်ကတည်းက Michael Keaton ရဲ့ Batman ပါဝင်ထားတယ်ဆိုပြီး သတင်းထွက်ခဲ့ပါတယ်။ Test Screening ပြုလုပ်တဲ့အချိန်မှာ Michael Keaton ရဲ့ Batman ကို တွေ့ခဲ့ရတယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့်ပဲ ယခုအချိန်မှာတော့ Ben Affleck နဲ့ Michael Keaton တို့ရဲ့ Batman နှစ်ယောက်လုံးကို မြင်ရမှာလား၊ ဒါမှမဟုတ် Michael Keaton ရဲ့ နေရာကို Ben Affleck က အစားထိုးသွားမှာလား ဆိုတာတော့ သေချာမသိရသေးပါဘူး။

Legos

Source: Screenrant

RELATED ARTICLES

Most Popular